|
Written by မင်းကိုဥာဏ်
|
|
Tuesday, 11 December 2012 23:59 |
ဦးနု တာတေ စနေသား ဦးနုဆိုတာ လွတ်လပ်ပြီး မြန်မာ နိုင်ငံရဲ့ပထမဆုံး ၀န်ကြီးချုပ် ဖြစ်ပါတယ်။ ထို့အတူ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရတဲ့ နောက်ဆုံး ၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။
argaiv1756
သူဟာ နိုင်ငံရေး သမား တစ်ယောက် အဖြစ် သာမက ပါဘူး။ စာရေး ဆရာ၊ ပြဇာတ်ရေး ဆရာတစ် ယောက်လည်း ဖြစ်ခဲ့ပါ သေးတယ်။ စာအုပ် အများအပြား ရေးသား ခဲ့ရာမှာ ရက်စက်ပါ ပေ့ကွယ်၊ ကာမ တဏှာ၊ ငရဲဆို ချိုနဲ့လား၊ ငါးနှစ်ရာသီ ဗမာပြည် စတဲ့ စာအုပ်တွေဟာ ကျော်ကြား ပါတယ်။ သူ့ရဲ့ နဂိုမူလ ရည်ရွယ်ချက်က ပြဇာတ်ရေး ဆရာ ဖြစ်ဖို့ပါ။ တက္ကသိုလ် ရောက်လို့ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း၊ ကိုအုန်း၊ ကိုရာရှစ်၊ ကိုအောင်ဆန်း တို့နဲ့ ပေါင်းမိတဲ့ အခါ ကျောင်းသား ခေါင်းဆောင် ဖြစ်လာ တယ်။ သခင်ဘသောင်း တို့နဲ့ တွဲမိတော့ တို့ဗမာ အစည်းအရုံးဝင် သခင် ဖြစ်လာပြီး နိုင်ငံရေး သမား ဘ၀ကို ကူးပြောင်းခဲ့ ရတယ်။ သူဟာ နိုင်ငံရေးက နုတ်ထွက်ပြီး စာရေး ဆရာ၊ ပြဇာတ်ရေးဆရာ လုပ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။
ဒါပေမဲ့ အထ မမြောက် ခဲ့ဘူး။ သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေ ကလည်း ခွင့်မပြုဘူး။ ဖက်ဆစ် တော်လှန် ရေးပြီး ကာစမှာ ဦးနုဟာ သူ့ရပ်ရွာကို ပြန်ပြီး ခပ်အေးအေး နေရင်း စာရေးဖို့ ကြိုးစားနေတယ်။ နောက်တော့ ဗိုလ်ချုပ် အောင်ဆန်းက လှမ်းခေါ်လို့ ရန်ကုန်ကို တက်လာခဲ့ ရတယ်။ ဗိုလ်ချုပ်က ဦးနုကို ဖဆပလ အဖွဲ့ကြီးရဲ့ ဒုဥက္ကဋ္ဌ တာဝန် ယူဖို့ ပြောတယ်။ ဦးနုက ငြင်းတယ်။ သူ နိုင်ငံရေး မလုပ်ဘဲ အေးအေး နေချင်ကြောင်း ပြော တယ်။ ဒီအခါမှာ ဗိုလ်ချုပ်က- “ကျုပ်တို့ တစ်တွေ လွတ်လပ်ရေး အတွက် ပင်ပင်ပန်းပန်း လုပ်နေ ချိန်မှာ ကိုကြီးနုက ဘေး ထွက်ပြီး ဇိမ်နဲ့ နေချင်လို့လား။ ဒါဆိုရင်တော့ ခင်ဗျားကြီးဟာ အချောင်သမား၊ တစ်ကိုယ်ကောင်း သမားကြီးပဲ”လို့ ဒေါသတကြီး ဆူပူ စွပ် စွဲတော့ တာပဲ။ ဗိုလ်ချုပ် စိတ်ဆိုး သွားမှန်း သိတော့ မှ ဦးနုက“ဒါဆိုလည်း ဗိုလ်ချုပ် ခိုင်းတာ လုပ်ပါ့ မယ်။ ဒါပေမဲ့ လွတ်လပ်ရေး ရပြီးရင်တော့ ငါ့ကို နုတ်ထွက်ခွင့် ပေးရမယ်”လို့ ပြောတော့မှ ဗိုလ် ချုပ်လည်း ကျေနပ်ပြီး ပြုံးပြုံး ရွှင်ရွှင်ဖြစ် သွားတော့ သတဲ့။
ဒီတစ်ခါလည်း သူရဲ့ စိတ်ကူးက အကောင် အထည် မပေါ်ပြန်ဘူး။ လွတ်လပ်ရေး ရဖို့ လက်တစ်ကမ်း အလိုအလောက် ကျမှ ဗိုလ်ချုပ် အောင်ဆန်းတို့ ကျဆုံးခဲ့ ရပြန်တယ်။ ဒီလိုနဲ့ပဲ သူဟာ ဖဆပလ အဖွဲ့ကြီးကို ခေါင်းဆောင်ပြီး လွတ်လပ် ရေးယူဖို့ ကြိုးပမ်း ပြီးတော့ အစိုးရ အဖွဲ့ အကြီး အကဲ ဖြစ်လာရ ပါတော့တယ်။ သူ့အနေနဲ့ ၀န်ကြီးချုပ် ဖြစ်ကို ဖြစ်ရမယ် ဆိုတာ ကံတရားက ကြိုတင် ပြဋ္ဌာန်းပြီးသား ဆိုတာကိုလည်း စာအုပ်ထဲ မှာထည့် ရေးထား ပါတယ်။ ဒီနောက် မှာလည်း ပြည်တွင်း စစ်မီး တောက်လောင် လာတာက တစ်ဖက်၊ ဒုတိယ ကမ္ဘာ စစ်ဒဏ်ကြောင့် ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်ဖို့ ကြိုးစားရတာ တစ်ဖက်နဲ့ အနားယူဖို့ အခွင့်မရခဲ့ ပြန်ပါဘူး။ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ အဖွဲ့အစည်း ပေါင်းစုံကို ထိန်းနိုင်တာ ကလည်း သူ တစ်ယောက်ပဲ ရှိတာကိုး။
(လူအများရဲ့ ယုံကြည် ကိုးစားခြင်း ခံရတာ က တစ်ကြောင်း၊ သူ့လူတွေကို စိတ်မချ တာက တစ်ကြောင်း၊ ငါလုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ကြောင့် တစ်ကြောင်း လုပ်ရင်း ကိုင်ရင်းနဲ့ နိုင်ငံရေးမှာ စူးစူးနင့်နင့် ဖြစ်လာတာက တစ်ကြောင်း၊ ဒါ့အပြင် သူကိုယ်တိုင်က ဒီလို ဘ၀မျိုးကို သာယာ မိတာ ကလည်းတစ်ကြောင်း ဖြစ်ကောင်း ဖြစ်နိုင်ပါ တယ်။ ဒီလိုနဲ့သူဟာ ၁၉၆၂ မှာ တော်လှန်ရေး ကောင်စီက အာဏာ သိမ်းပြီး ဖြုတ်ချခံ ရတဲ့ အချိန်ထိ တိုင်းပြည်ကို ဦးဆောင်ခဲ့ပါတယ်။)
ဘာပဲဖြစ်ဖြစ် နိုင်ငံရေး အလုပ်တွေ များပြား နေတဲ့ ကြားကပဲ အချိန်လုပြီး စာတွေ ရေးခဲ့ပါတယ်။ အထူးသဖြင့် သူ့ဝါသနာ ပါတဲ့ ပြဇာတ်တွေ ကို ရေးပါတယ်။ ဒီထဲမှာ အအောင်မြင်ဆုံး၊ အကျော်ကြား ဆုံးကတော့ လူထု အောင်သံ ပြဇာတ်ပါပဲ။ ဒီပြဇာတ်ကို စာအုပ် အဖြစ် ထုတ်ဝေခဲ့ သလို ကောမစ် ရုပ်ပြအဖြစ် လည်း ရေးဆွဲခဲ့ပါ တယ်။ ရုပ်ရှင် ရိုက်ကူးပြီး တစ်နိုင်ငံလုံး အနှံ့ အခမဲ့ ပြသပေး ခဲ့ပါတယ်။
ဒီဇာတ်ကားကို ဦးနုက ၀ါဒဖြန့်ချိရေး လက်နက် အဖြစ် အသုံးပြု လိုက်တာပါ။ တကယ် လည်း အကြီးအကျယ် အောင် မြင်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက် အုပ်စုဖြစ်တဲ့ ကွန်မြူနစ် တွေကို ထိုးနှက်ရာမှာ အလွန် ထိရောက် သွားပါတယ်။ ဆတ်ဆတ်ခါ နာကုန်ကြပါတယ်။ ဒီရုပ်ရှင် ကြောင့် ဦးနုတို့ အုပ်စုနဲ့ ကွန်မြူနစ် သူပုန်တွေ ကြားမှာ စေ့စပ်လို့ မရနိုင်တော့ လောက်အောင် အာဃာတတွေ ကြီးမား ကုန်ကြတယ် လို့တောင် ဆိုနိုင်မယ် ထင်ပါတယ်။ အဲဒီ ဂယက်ဟာနှစ်ပေါင်းများ စွာကြာအောင် ရိုက်ခတ်နေခဲ့ ပါသေးတယ်။ ဦးနုဟာ ရုပ်ရှင် ၀ါသနာအိုး တစ်ယောက် လည်းဖြစ်ခဲ့ ပါတယ်။ ကျောင်းသားဘ၀ ကတည်းက ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ခဲ့ သူဖြစ်ပါတယ်။ ဒုတိယ ကျောင်းသား သပိတ်ကြီး အပြီး နောက်တစ်နှစ် ၁၉၃၇ မှာ ဦးနုဟာ ဘွိုင်ကော့တာ ဆိုတဲ့ ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့ ပါသေးတယ်။
သပိတ်မှောက် ကျောင်းသားများ နောက်ခံဇာတ် လမ်းဖြစ်တဲ့ အတွက် ကိုနု(ဦးနု)အပါအ၀င် သပိတ် မှောက် ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုရာရှစ်၊ ကိုထွန်းအုံ၊ ကိုအောင်ဆန်း စသူတို့က ဧည့်သည် သရုပ်ဆောင်များ အဖြစ် ၀င်ရောက် ကူညီ ပေးခဲ့ကြ တယ်လို့ ဆရာပြည့်စုံရဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖတ်ဖူး ပါတယ်။
ဒီစာအုပ်ထဲမှာ ကလေးဘ၀ စပြီး လူငယ် ဘ၀၊ သပိတ်မှောက် တက္ကသိုလ် ကျောင်းသား ဘ၀၊ တို့ဗမာ အစည်း အရုံးဝင် သခင်ဘ၀၊ ဖဆပလ ခေါင်းဆောင် ဘ၀၊ ၀န်ကြီးချုပ် ဘ၀ ကနေ စစ်တပ်က အာဏာ သိမ်းပြီး အဖမ်းခံ ရတဲ့ ဘ၀အထိ ရေးထား ပါတယ်။ အတ္ထုပ္ပတ္တိ စာအုပ် တွေထဲမှာတော့ အပွင့် လင်းဆုံးနဲ့ ယထာဘူတ အကျဆုံး စာအုပ်တွေ ထဲမှာ အပါအ၀င် ဖြစ်ပါတယ်။ ဦးနုဟာ သူ့ရဲ့ အပြစ် အနာအဆာ တွေကို လည်း မခြွင်းမချန် ဖွင့်ဟ ၀န်ခံထား ပါတယ်။ ငယ် စဉ်က ဆိုးခဲ့၊ ပေခဲ့ပုံတွေ ရေးထား တာဟာ နောင် တစ်ချိန်မှာ ဆဋ္ဌ သင်္ဂါယနာတင် သာသနာပြု ၀န်ကြီးချုပ် တစ်ဦးဖြစ်လာ လိမ့်မယ် ဆိုတဲ့ အချက်နဲ့ ဘယ်လိုမှ ဆက်စပ် မရနိုင် အောင်ပါပဲ။ တကယ် တော့ ဒီအားနည်းချက် တွေကို ထည့်မရေးဘဲ အသာလေး မြှုပ်ထားခဲ့ရင် ရရက်သားနဲ့ ခုလိုပွင့် ပွင့်လင်းလင်း ချပြလိုက် တာဟာ သူ့ရဲ့ရိုးသားမှု ကို ပြချင် ဟန်တူပါတယ်။ အတ္ထုပ္ပတ္တိ စာပေရေး ချင်တဲ့သူ တွေအတွက် စဉ်းစား ဆင်ခြင်စ ရာပါပဲ။ သူဟာ နိုင်ငံ ခေါင်းဆောင် အဖြစ် ဆယ့်လေးနှစ်ခန့် ဆောင်ရွက်ခဲ့တဲ့ အတွက် နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာ ပုဂ္ဂိုလ် အများအပြားနဲ့ ထိတွေ့ဆက်ဆံခဲ့ ရပါတယ်။ ဒါကြောင့် တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို မိမိအကြောင်း ရေးရင်းနဲ့ အဲဒီလူတွေ အကြောင်း ကလည်း ပါဝင်လာရ တော့တာပါပဲ။ ဒီထဲမှာသူ့ အပေါ်ကောင်း တဲ့သူတွေ၊ သစ္စာရှိတဲ့ သူတွေ အပြင် သူ့အပေါ် မကောင်းကြံတဲ့ သူ၊ နင်းခြေ အသုံးချ သွားတဲ့သူ၊ သစ္စာဖောက်ပြီး နောက်ကျော ကိုဓားနဲ့ ထိုးသွားတဲ့ သူတွေလည်း ပါပါတယ်။ ဒီစာအုပ်ကို ရေးတဲ့အခါ မှာ အာဃာတတွေ တတ်နိုင် သလောက် ကင်းစင် အောင်ကြိုး စားပြီး အရှိတရား အတိုင်း တည့်တည့် မတ်မတ်ရေး သွားတာ ဟာလည်း ချီးကျူးဖို့ကောင်း ပါတယ်။ ဦးနုက စာရေး အလွန် ကောင်းပါတယ်။ ဒီစာအုပ် ရဲ့ရှေ့ဆုံးက အမှာစာနဲ့ နောက်ဆုံးက ပေးစာလေး တွေကို ဖတ်ကြည့်ရင် ခုခေတ် မော်ဒန်၊ ပို့စ်မော်ဒန် သမားတွေ တောင် ဖြုံသွား လောက်ပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးရင် သူ့ဘက်တော်သား လုံးလုံး ဖြစ်သွားနိုင် ပါတယ်။ ဆန္ဒမစော လိုက်ပါ နဲ့ဦး။ ဆန့်ကျင်သူတွေ သူ့အကြောင်း ရေးထားတဲ့ စာအုပ်တွေလည်း ဖတ်ကြည့်ပါ။ ဒီနေရာ မှာပဲဖတ် ပြီး နားမယောင် လိုက်ပါနဲ့ဦး။ ရှုထောင့် စုံလင် အောင်လေ့လာပြီးမှ ကိုယ်ပိုင ဉာဏ်နဲ့ ဆင်ခြင်သုံး သပ်ကြည့် စေလိုပါတယ်။
၁၉၃၆ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ပြီး ကာစမှာပဲ ဆရာ သိန်းဖေမြင့်က အဲဒီ အကြောင်းကို အခြေခံပြီး သပိတ်မှောက် ကျောင်းသားဆိုတဲ့ ၀တ္ထုကြီးကို ရေးခဲ့ပါတယ်။ ၀တ္ထုထဲမှာ သပိတ်ကြီး အပြည့်အ၀ မအောင်မြင်ဘဲ ပြိုကွဲရတာ ဟာ အဲဒီအချိန်က တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးနုရဲ့ ခေါင်းဆောင်မှု အားနည်း ချက်ကြောင့်လည်း ပါတယ် ဆိုတဲ့ သဘောမျိုးထည့် ရေးထားပါ တယ်။ ဒီအချက်ကို ဦးနုက သိပ်ဘ၀င် မကျပေမဲ့ နယ်ချဲ ဆန့်ကျင်ရေး အတွက် ဒီလို စာအုပ်မျိုး လိုအပ်တယ် ဆိုပြီး ကိုယ်တိုင်ပဲ အမှာစာ ရေး၊ တည်းဖြတ်၊ သူ အစုရှယ်ယာပါတဲ့ နဂါးနီ စာအုပ်တိုက် ကနေ ထုတ်ဝေ ပေးခဲ့ ပါတယ်။
သူတို့ နှစ်ဦးဟာ ကျောင်းသား ဘ၀ ကတည်း က သူငယ်ချင်း လို၊ ညီအစ်ကို လို၊ ဆရာတပည့် လို ပေါင်းခဲ့ ကြပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး တွေမှာလည်း လုပ်ဖော် ကိုယ်ဖက် ရဲဘော် ရဲဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ နောက်ပိုင်း မှာတော့ နိုင်ငံရေး အယူအဆ မတူတာကြောင့် အစိုင် အခဲတွေ ဖြစ်ခဲ့ ကြပေမဲ့ ပုဂ္ဂိုလ်ရေး သံယော ဇဉ် တွယ်တာမှု ကတော့ မပျောက်ပျက် ခဲ့ပါဘူး။ ဆရာ သိန်းဖေမြင့်က ဦးနုကို- “ကိုကြီးနုလို စိတ်မျိုးနဲ့ နိုင်ငံရေး မလုပ်သင့် ဘူး။ စာရေး ဆရာပဲ လုပ်ပါ”လို့ တိုက်တွန်းဖူး သလို ဦးနုကလည်း- “နိုင်ငံရေးထဲမှာ ၀င်မရှုပ် ချင်စမ်းပါနဲ့ သိန်း ဖေရာ။ စာပဲရေး၊ မင်း အောင်မြင် ကျော်ကြားနိုင် တယ်”လို့ ပြန်ပြောခဲ့ ဖူးပါတယ်။ သူတို့ဟာ နိုင်ငံရေး ၀ဲသြဃ ထဲမှာ စုန်ချည် ဆန်ချည်၊ နိမ့်ချည်မြင့် ချည်၊ မြှုပ်ချည် ပေါ်ချည် နဲ့ ခုခါမှာတော့ နိုင်ငံရေး ဘ၀ကိုရော၊ လူ့ဘ၀ကို ပါပြည်ဖုံးကား ချသွား ခဲ့ကြပါပြီ။ ဒါပေမဲ့ အပြန်အလှန် နိမိတ် ဖတ်ခဲ့ သလို သူတို့ရဲ့စာပေတွေ ကတော့ ခုချိန်ထိ အကြိမ် ကြိမ် ပြန်လည် ရိုက်နှိပ် ထုတ်ဝေ နေရ ဆဲပါပဲ။ စာပေ သမိုင်းမှာလည်း ဂန္ထ၀င် စာရင်းဝင် သွားခဲ့ ကြပါပြီ။ နှစ်ဦးစလုံးရဲ့ ဆန္ဒတေ ပြည့်ဝခဲ့ တယ်လို့ ဆိုရမှာပါပဲ။
မင်းကိုဉာဏ် (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|