(Dec_12)ခံစားသူတို့အမြင် PDF Print E-mail
Written by မေစုလှိုင်   
Tuesday, 11 December 2012 23:43
Share |

ယခုလရဲ့ ခံစားသူတို့ အမြင် ကဏ္ဍလေးကို ဖော်ပြပေးဖို့ ရောက်လာခဲ့ ပြန်ပါပြီ။ ခံစားသူတို့ အမြင် ကဏ္ဍလေးက မိမိတို့ နှစ်သက်တဲ့ သီချင်းလေးတွေ အပေါ်မှာ ဝေဖန် အကြံပြုရင်း အဆိုရှင်နဲ့ သီချင်း ခံစားသူတို့ ကြားက ခံစားချက်တွေ၊ မေတ္တာတရားတွေ ကို ရင်ဖွင့်ပြ နိုင်တဲ့ ကဏ္ဍလေး တစ်ခု ဖြစ်စေဖို့ ရည်ရွယ် ပါတယ်။

cialis 20mgcanadian pharmacy generic viagra without a perscription buy cheap cialis online
argaiv1535

ယခုလ ခံစားသူတို့ အမြင် ကဏ္ဍလေးမှာ အဆိုရှင် စနီ်္ဒမြင့်လွင် သီဆိုထား ပြီး တေးရေး လွှမ်းပိုင် ရေးသား ထားတဲ့ ပျော်ပါစေ သီချင်းလေးကို ရွေးချယ် ထားပါတယ်။ ဒီပျော်ပါစေ သီချင်းလေးက စနီ်္ဒမြင့်လွင်ရဲ့ ရှော့ခ် တစ်ကိုယ်တော် စီးရီးထဲက သီချင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး စနီ်္ဒမြင့်လွင်က ဒီသီချင်းလေးကို မိန်းကလေး ပရိသတ် တော်တော် များများက ကြိုက်ကြပြီး သူတို့ ဘ၀နဲ့ တူလို့ ကြိုက်ကြတယ် ဆိုတော့ ဘယ်လို ပုံစံမျိုး နဲ့ပဲ ကြိုက်ကြိုက် ပရိသတ်တွေ အတွက် ဖန်တီးရ ကျိုးနပ်ပါတယ်”လို့ဆိုပါတယ်။ တေးရေးသူ လွှမ်းပိုင်ကလည်း ပရိသတ် တွေကို “ကျွန်တော်ရေးတဲ့၊ ဆိုတဲ့၊ ဖန်တီးထားတဲ့ သီချင်း တွေကို အားပေးတဲ့ ပရိသတ် တွေကို ကျေးဇူးတင်ပါတယ်”လို့ဆိုပါတယ်။ သီချင်းချစ်သူ ပရိသတ်တို့ လည်း ပျော်ပါစေ ဆိုတဲ့ သီချင်းလေးရဲ့ သဘော တရားနဲ့ ခံစားသူ တို့ရဲ့ အမြင်လေး တွေကို ခံစားပေး ပါဦး။


ပိုပို
စနီ်္ဒမြင့်လွင်ရဲ့ ရှော့ခ် တစ်ကိုယ်တော် စီးရီးမှာ ပါဝင်တဲ့ သီချင်း အားလုံးကို နားထောင်ပြီး ကြိုက်ပါတယ်။ ဒီ ပျော်ပါစေ ဆိုတဲ့ သီချင်းလေး ကလည်း ကောင်းပါတယ်။ အချစ်သီချင်း အေးအေးလေး ဖြစ်တယ် လို့လည်း ထင်ပါတယ်။ မစနီ်္ဒမြင့်လွင် လည်း လျှောက်လှမ်း ရမယ့် အနုပညာ ခရီးတစ်လျှောက် အောင် မြင်မှုများစွာ ရနိုင်ပါစေ”လို့ ဆုတောင်း ပါတယ်။

ချောစု
စနီ်္ဒမြင့်လွင်ရဲ့ ပျော်ပါစေ ဆိုတဲ့ သီချင်လေးကို နားထောင် ရတာ ကြိုက်ပါတယ်။ ရှော့ခ် စီးရီး တစ်ခွေလုံး ကိုလည်း နားထောင်ခဲ့ ပြီးပါပြီ။ တေးရေး လွှမ်းပိုင်ရေးတဲ့ ပျော်ပါစေ နဲ့ မင်းကုသ သီချင်း နှစ်ပုဒ်လုံးကို ကြိုက်ပါတယ်။ စနီ်္ဒမြင့်လွင်နဲ့ ရဲလေး သရုပ်ဆောင် ထားတဲ့ သီချင်းမှာလည်း အစ်မက အရမ်း ချောတယ်။ ဒီသီချင်လေးက ခံစားချက်နဲ့ လည်း ထပ်တူကျ တော့ ကြိုက်ပါတယ်။ မစနီ်္ဒမြင့်လွင်နဲ့ ကိုလွှမ်းပိုင် တို့လည်း ဒီထက်မက အောင်မြင်တဲ့ အနုပညာ ဘ၀များကို ပိုင်ဆိုင် နိုင် ပါစေ။

နွယ်နွယ်မိုး

အဓိကတော့ မစနီ်္ဒမြင့်လွင်ရဲ့သီချင်း တွေကို ကြိုက်ပါ တယ်။ ဒီသီချင်းလေးက မိန်းကလေး တစ်ယောက်ရဲ့ အသည်းကွဲ သီချင်းလေး တစ်ပုဒ် အဖြစ် သီဆို ထားတယ်လို့ မြင်ပါတယ်။ စနီ်္ဒမြင့်လွင် သီဆို နေကျ သီချင်းတေ ထက် ရှောခ့် တေးစီးရီး ထဲက သီချင်း သုံးလေးပုဒ်က အေးအေး လေးတွေ သီဆို ထားတယ်လို့ မြင်ပါတယ်။ ဒီသီချင်းလေး တွေကို ကြည့်လို့တော့ အစ်မက အနှေး သီချင်းရော အမြန် သီချင်းရော နှစ်မျိုး စလုံးကို ပိုင်နိုင်တာ တွေ့ရပါတယ်။ မစနီ်္ဒ မြင့်လွင်ကို အမြဲတမ်း အားပေး နေပါတယ် လို့ ပြောချင် ပါတယ်။


မေစုလှိုင်
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


Last Updated on Wednesday, 12 December 2012 23:21