ယမကာ ရန်ပွဲများနဲ့ ချစ်မေတ္တာ PDF Print E-mail
Written by ဇာနည်ညိမ်း   
Wednesday, 05 December 2012 22:40
Share |

ဟောလိဝုဒ် ရုပ်ရှင် လောကမှာ နာမည် အကြီးဆုံး ရုပ်ရှင် မင်းသမီး တစ်ဦး ဖြစ်တဲ့ အဲလစ်ဇဘတ် တေလာဟာ အမျိုးသား ၇ ဦးနဲ့ ၈ ကြိမ် လက်ထပ်ခဲ့ သူအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

discount generic cialiscialis viagra black discount cialis online
argaiv1656

လက်ထပ် ခဲ့တဲ့ ၈ ကြိမ်မှာ ရုပ်ရှင် မင်းသားကြီး ရစ်ချတ် ဘာတန် နဲ့က ပထမ အကြိမ် လက်ထပ်ပြီးနောက် ကွာရှင်း ပြတ်စဲကာ ဒုတိယ အကြိမ် ပြန်လည် လက်ထပ်ခဲ့ ကြပြီး နောက်ဆုံးမှာ ပြန်လည် လမ်းခွဲ ခဲ့ကြပါတယ်။ လစ်ဇ်ရဲ့ ခင်ပွန်းသည် များထဲမှာ ရစ်ချတ် ဘာတန်ကို သူအချစ်ဆုံး လို့လည်း ဟောလိဝုဒ်မှ မှတ်တမ်း တင်ထား ကြပါတယ်။ မကြာသေးမီက ကွယ်လွန်သူ ရုပ်ရှင် မင်းသားကြီး ရစ်ချတ် ဘာတန်ရဲ့ ပွင့်ပွင့်လင်းလင်း မှတ်တမ်းတင် ထားတဲ့ နေ့စဉ် မှတ်တမ်းများကို လေ့လာ ကြည့်ရာမှာ ဘာတန်က လစ်ဇ်နဲ့ ပတ်သက်ပြီး သူ့ခံစားချက် များကို ရေးဖွဲ့ထား တာတွေ့ကြရပါတယ်။

သူတို့ နှစ်ဦးဟာ ၁၉၆၂ ခုနှစ်က ရိုက်ကူးတဲ့ ကလီယို ပါထရာ ရုပ်ရှင် ဇာတ်ကား ရိုက်ကူး ရာမှာ စတင် ဆုံစည်းခဲ့ ကြတာဖြစ်ပြီး နှစ်ဦးစ လုံးက အိမ်ထောင်ရှင်များ ဖြစ်ကြ တာကြောင့် သာသနာပိုင် ပုပ်ရဟန်း မင်းကြီးက သူတို့ နှစ်ဦးကို ရမ္မက်ဇော ပြင်းထန်လွန်း သူများအဖြစ် ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

သူတို့နှစ်ယောက် ပေါင်းသင်း နေထိုင်ကြတဲ့ ၁၄ နှစ်တာ ကာလ အတွင်းမှာ လစ်ဇ်နဲ့ ဘာတန် တို့ဟာ ချစ်သူများ အဖြစ် နေထိုင်ခဲ့ ကြပြီး ကွာရှင်း ပြတ်စဲခြင်း၊ ပြန်လည် လက်ထပ်ခြင်း၊ အပြီးအပိုင် ပြတ်စဲခြင်း သံသရာမှာ လည်ခဲ့ ကြပါတယ်။ သူတို့ နှစ်ယောက် အတူတကွ ပါဝင် သရုပ်ဆောင် ခဲ့ကြတဲ့ ရုပ်ရှင်ကား ၁၁ ကားရှိပြီး အဲဒီ ရုပ်ရှင်ကား များထက် အပြင်က အဖြစ် အပျက်များက ပရိသတ်များကို စိတ်ဝင်စားစေ ပါတယ်။ အတင်းအဖျင်း ရေးသားတဲ့ စာနယ်ဇင်း များရဲ့ သည်းခြေကြိုက်မောင်နှံလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ အတူတကွ ပါဝင် သရုပ်ဆောင် ခဲ့ကြတဲ့ Who’s Afraid of Virginia Woolf? ၊ ဇာတ်ကား ထဲက ဇာတ်ကောင် များလို အမြဲတစေ မူးယစ်နေ ကြပြီး တစ်ယောက်ပေါ် တစ်ယောက် လိမ်ညာ လှည့်စားမှု တွေလည်း ရှိခဲ့ ကြပါတယ်။ ဒါပေမဲ့ ဘာတန်ရဲ့နေ့စဉ် မှတ်တမ်းများ ထဲမှာတော့ သူတို့ နှစ်ယောက်ဟာ တစ်ယောက်အပေါ် တစ်ယောက် သစ္စာစောင့် သိခဲ့ကြပြီး လက်ပါတဲ့ ရန်ပွဲတွေ ဆင်နွှဲခဲ့ ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အချစ်ကြီး ချစ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဖြစ်ရပ်မှန် အဖြစ်အပျက် များကို ပုံပြင်များ သဖွယ် အပြောကောင်း လှတဲ့ သူတစ်ဦးက ဖြစ်ပျက် ခဲ့တဲ့ နေ့စွဲများကို အတိ အကျ ဖော်ပြပြီး ၂၀ ရာစုရဲ့ မေတ္တာ ပုံပြင်လို့ တင်စားကြတဲ့ လစ်ဇ်နဲ့ ဒစ်ခ်တို့ရဲ့ မေတ္တာ ဇာတ်လမ်း ထဲက အဖြစ် အပျက် တချို့ကို People မဂ္ဂဇင်းမှာ တင်ပြ ခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်များ ထဲက သူ တင်ပြခဲ့တဲ့ ရက်စွဲတွေ ကတော့...

၁၉၆၅ ခုနှစ် မေလ ၂၂ ရက်
အိပ်ရာက နိုးလာ ကတည်းက စိတ်ထဲမှာ မကြည်လင်။ လစ်ဇ်နဲ့ အတူ  ညစာစားဖို့ သွားခေါ်ခဲ့။ အိမ်မှာတင် ကြက်ဆင်သားနဲ့ ညစာစား။ ပြီးတော့ မျက်ရည်ကျ ရတဲ့အထိ ရန်ဖြစ်ခဲ့ကြ။ တစ်ယောက်တည်း အိပ်ရတဲ့ည။ အရူးတွေ လိုပါပဲ။
၁၉၆၅ ခုနှစ် မေလ ၂၉ ရက် (လစ်ဇ် ရေးသားချက်)

အိပ်ရာက နှစ်ယောက် အတူ နိုးလာ ခဲ့ကြတယ်။ တိတ်ဆိတ် ညင်သာတဲ့ သူ့ယုယမှု များကြောင့် သွေးလည်ပတ် မှုတွေ မြန်လာခဲ့ရ။ ဘုရားသခင် သူ့ကို ကျွန်မ အချစ်ကြီး ချစ်မိပါတယ်။ မယားကောင်း တစ်ယောက်ဖြစ်အောင် ကောင်းချီးပေး တော်မူပါ။

(နောက် ၁၀ လ ကြာတဲ့ အခါမှာတော့ သူတို့နှစ်ယောက် ကိုယ်ထိ လက်ရောက် ရန်ပွဲဖြစ် ခဲ့ကြပြီး လစ်ဇ်ခမျာ  သွေးထွက်တဲ့ အထိ ဒဏ်ရာ ရခဲ့ပါတယ်။)

၁၉၆၆ ခုနှစ် ဧပြီလ ၁၂ ရက်
လစ်ဇ်က ကိုယ်နဲ့အတူ နေ့လယ်စာ လာစားပေမယ့် ကိုယ် စိတ်ထဲမှာ မကောင်းဘူး။ အိမ်ရောက်တဲ့ အခါ သူ သွေးထွက်တဲ့ အထိ ကိုယ် ဒေါသ ထွက်ခဲ့ရ။ သနားစရာ။ ဒေါသကို မထိန်းနိုင်လို့ စည်းကမ်း မဲ့တဲ့ လစ်ဇ်ကို ကြမ်းပြင်ပေါ်မှာ ဆွဲဆောင့် ခဲ့ရတယ်။ သောက်ပြီး ဆိုရင် မထိန်းနိုင်တဲ့ လစ်ဇ်ပါလား။ မူးလာရင် ကိုယ်က သူ့ကို ကြောက်ရတာပဲ။

(ဒါနဲ့ပတ်သက်လို့ လစ်ဇ်က ဒီလို ရေးခဲ့ပြန်ပါတယ်။)
ချစ်တယ် ကိုရယ်။

၁၉၆၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်
အသက် ၄၃ နှစ်သာ ရှိသေးတဲ့ ကိုယ့်ညီမ အဲဒစ်သ် ကွယ်လွန် သွားရှာတယ်။ ညီမ အငယ်ဆုံး ဖြစ်ပြီး ပျော်ပျော်နေ တတ်တဲ့သူပါ။ ကိုယ် ငိုခဲ့ရတယ်။ အဲလစ်ဇဘတ် ကတော့ နတ်သမီး တစ်ပါးပါပဲ။ ဒီလိုအချိန်မျိုး မှာတောင် သူကတော့ လှနေပါတယ်။

၁၉၆၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်
အိမ်မှာတင် လစ်ဇ်က အသားကင် လုပ်ပေးတယ်။ အံ့သြစရာ ကောင်းလောက် အောင် ကိုယ့်ပါးစပ်က အရက်ကို အရသာခံ လို့မရ ဖြစ်နေတယ်။ ညစာ မစားခင်တော့ ကင်ပါရီ၊ ဆိုဒါနဲ့ ဗော့တကာ သောက်ရ ဦးမယ်။ လစ်ဇ်ကင်ပေးတဲ့ အသားကင်က အရသာ ရှိလိုက်တာ။ သူ့မှာ သဘာဝက ပေးတဲ့ လက်ဆောင် အဖြစ် ချက်ရေးပြုတ် ရေးမှာ လက်ဆိပ်ရှိတယ် ထင်တယ်။

၁၉၆၇ ခုနှစ်
စက်တင်ဘာလ ၃၀ ရက်
လစ်ဇ် အတွက် ဂျက်လေယာဉ် တစ်စီး ၀ယ်ပေးပြီး ကိုယ်တို့ နှစ်ယောက် မနေ့က စီးခဲ့ကြတယ်။ အသစ်စက်စက် မို့ ဒေါ်လာ ၉၆၀,၀၀၀ ပေးရတယ်။ သူမကတော့ မကျေမနပ် မဖြစ်ပါဘူး။

၁၉၆၈ ခုနှစ်
အောက်တိုဘာလ ၂၀ ရက်
ဒီည ကိုယ်တို့ မာရီယာကား လပ်စ်၊ ၀ါရင် ဘီတီတို့နဲ့ အပြင်ထွက် ကြ မယ်။ သူတို့က ကိုယ်တို့နဲ့ ထွက်ရင် လူ တွေ ပိုစိတ်ဝင်စား မှာကို လိုလားဟန် တူတယ်။ ကိုယ် သတိထား မိတာက တော့ သောကြာနေ့ည အပြင်ထွက်စဉ် မှာ စာနယ်ဇင်း တွေက လစ်ဇ်ကို ပိုပြီး အာရုံထား ကြတာ တွေ့ရတယ်။ ကိုယ့် မိန်းကလေးက Dior ၀တ်စုံ အဖြူ ၀တ်ဆင်ထားပြီး လွန်ခဲ့တဲ့ သုံးလေးနှစ် လောက်က ကိုယ် လက်ဆောင် ပေးခဲ့တဲ့  မြလည်ဆွဲနဲ့ နားဆွဲ ၀တ်ဆင်ခဲ့တယ်။  ဘုရား...ဘုရား...လှလိုက်တဲ့ မိန်းက လေး။ လက်ထပ်ခဲ့ ကြတာ ၈ နှစ်ရှိပြီ ဖြစ်ပေမယ့် မနက် အရုဏ်ဦးမှာ အလင်း ရောင်ဖျော့ဖျော့နဲ့ သူ အိပ်နေတဲ့ ပုံကို  ကိုယ် ခုထက်ထိ ကြည့်လို့ မ၀သေးဘူး။

၁၉၆၈ ခုနှစ်
နိုဝင်ဘာလ ၁၀ ရက်
ကိုယ် အခု ၄၃ နှစ်ရှိပြီ။ မနေ့က  တစ်နေ့လုံး ပျော်ခဲ့ကြတယ်။ ဗော့တကာ အရက်သောက် ခဲ့ပေမယ့် သိပ်အများ ကြီးတော့ မဟုတ်ဘူး။ သူငယ်ချင်းတွေ ပြန်တော့ ကိုယ်တို့ နှစ်ယောက်တည်း Gin Rummy ကစားကြတယ်။ တစ်ပွိုင့် ကို ဒေါ်လာ တစ်ထောင်ကြေး။ ကိုယ် ဒေါ်လာ ၆၄၈,၀၀၀ နိုင်ခဲ့တယ်။ လစ်ဇ် ပေးတဲ့ ချက်ကို လက်မခံ ခဲ့ပါဘူး။ အချစ်ကိုသာ တောင်းခံခဲ့တယ်။

၁၉၆၈ ခုနှစ်
နိုဝင်ဘာလ ၁၉ ရက်
ကိုယ့်ဘ၀မှာ ကံကောင်းတဲ့ အချိန် က များခဲ့တယ်။ ကံအကောင်းဆုံးက တော့ လစ်ဇ်ကို ရခဲ့ခြင်း ပါပဲ။ သူနဲ့ကျ မှ စည်းစနစ်နဲ့ နေတတ်တဲ့သူ ဖြစ်လာခဲ့ တယ်။ ပြီးတော့ လစ်ဇ်ဟာ အချစ်ရေးမှာ ကျွမ်းကျင်လှ သူပါ။ ကိုယ့်မိန်းကလေး ဟာ ဘယ်သူ့ ကိုမှ လှည့်ဖျား တတ်သူ မဟုတ်ပါဘူး။ သူနဲ့ဝေး နေရင် ကိုယ် မနေတတ် သလို သူလည်း မခံမရပ်နိုင် အောင် လွမ်းနေ ပါသတဲ့။ ကိုယ် သူ့ကို နောက်ဆုံး ထွက်သက်အထိ ချစ်သွား မှာပါ။

၁၉၆၈ ခုနှစ်
နိုဝင်ဘာလ ၂၀ ရက်
ကိုယ် ညက လစ်ဇ်ကို ၀ါရင် ဘီတီ နဲ့ မသင်္ကာဘူးလို့ စွပ်စွဲခဲ့ မိတယ်။ ၀ါရင် ဘီတီက လူလတ် အရွယ်ပဲ ရှိသေး တယ်။ လစ်ဇ်ကတော့ ၀ါရင်ကို တွဲတာ အတင်းအဖျင်း အမှားတွေ အတွက် တမင် တွဲတာပါလို့ ဆိုတယ်။ အချစ်ရယ် ကိုယ်ကတော့ ဘာကိစ္စ အတွက်ပဲဖြစ်ဖြစ် သူများနဲ့ တွဲတာကို မကြည့်ရက် နိုင်ပါ ဘူး။ ဒါကို ကြည့်ရတာ အနာပေါ်မှာ ဆားဖြူးခံ ရသလို ခံရခက် လှပါတယ်။

၁၉၆၉ ခုနှစ်
ဇန်န၀ါရီလ ၁၃ ရက်
ကိုယ် ၀ဋ်ကြွေးတွေ ခံရပြီလား။တစ်လလောက် ရှိပြီ လစ်ဇ်က ကိုယ့် အပေါ်မှာ အေးစက် နေခဲ့ပြီ။ လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်နိုင်ဘဲ ပါးစပ်ကလည်း ကလေး တစ်ယောက်လို ပြောချင်ရာတွေ လျှောက်ပြောနေတယ်။ ဒါတွေကို မြင်ရပါ လျက်နဲ့ ကိုယ်က အရက် မဖြတ် နိုင်သေးဘူး။ ကိုယ် မဟုတ်ဘဲ တခြား တစ်ယောက်သာ ဆိုရင်တော့ ဒါတွေကို မြင်တာနဲ့ အထုပ် အပိုးပြင်၊ ဘုန်းကြီးကျောင်းကို သွားပြီး တရားထိုင် မိလိမ့်မယ် ထင်တယ်။ ဒါပေမဲ့ ဒီမိန်းမက ကိုယ့်ဘ၀ ဖြစ်နေတယ်။

၁၉၆၉ ခုနှစ်
နိုဝင်ဘာလ ၁ ရက်
လစ်ဇ် အတွက် ကိုယ် စိန်လက်စွပ် တစ်ကွင်း ၀ယ်ခဲ့တယ်။ (စိန် ၆၉.၄၂ ကာရက် ရှိပြီး နောင်မှာ ဒီစိန်ကြီးက လစ်ဇ်ဘာတန်စိန် လို့ နာမည်တွင် သွားပါတယ်။) လက်စွပ် တန်ဖိုးက ဒေါ်လာတစ်သန်း သတ်မှတ်ထားတာ ဖြစ်ပေမယ့် ကာတီယား စိန်တိုက်က ကိုယ့်ကို ဒေါ်လာ ၅ သိန်းနဲ့ ရောင်းပေးတယ်။  ဒီလက်စွပ်ကို ရေနံ သူဌေးကြီး အိုနာစစ် က ဒေါ်လာ ၇ သိန်းပေး တာတောင် ကာတီယားက မရောင်း ခဲ့ပါဘူး။ ကိုယ် နဲ့ထိုက်လို့ ရတယ်လို့ပဲ ယူဆ ပါတယ်။ လက်စွပ်က ဘယ်လက်စွပ်နဲ့မှ မယှဉ် နိုင်အောင် လှတယ်။ ဒါကြောင့် ကမ္ဘာမှာ အလှဆုံး မိန်းမသာ ဒီလက်စွပ်ကို ၀တ်သင့် တာပေါ့။
(ဒီရက် နောက်ပိုင်းမှာ ဒိုင်ယာရီက ရပ်သွားပြီး ၁၉၇၂ ခုနှစ် မတ်လမှ ၁၉၇၅ ခုနှစ် ဧပြီလအထိ ကွင်းဆက် ပြတ်ခဲ့ ပါတယ်။ အဲဒီကာလ အတွင်းမှာ  ဘာတန်နဲ့ လစ်ဇ်တို့ ကွာရှင်း ပြတ်စဲ ခဲ့ကြ တဲ့ အချိန်ပါ။ နောက်တစ်ခါ ဘော့ဆွာ နာနိုင်ငံမှာ ပြန်လက်ထပ် ခဲ့ကြပါတယ်။ ဒီတစ်ကြိမ် အိမ်ထောင် သက်က ၉ လ သာ ကြာမြင့် ခဲ့ပါတယ်။

၁၉၇၅ ခုနှစ်
စက်တင်ဘာလ ၂၉ ရက်
မြက်ခင်းများ ပေါများတဲ့ နိုင်ငံ၊ ဆင်တွေ၊ မျောက်တွေ၊ ကျွဲတွေကို တွေ့ ရတယ်။ လစ်ဇ်နဲ့  ဇူလူး ဖက်ရှင်အတိုင်း လက်ထပ် ဖြစ်ခဲ့တယ်။

၁၉၇၅ ခုနှစ်
အောက်တိုဘာ ၁၀ ရက်
ဘ၀မှာ ကလေးငယ် လေးတွေလို  မရှက်မကြောက် ပျော်ခဲ့မိတယ်။ တစ် ယောက်ကို တစ်ယောက် ကြည့်ရင်း အသက်ရှူဖို့ မေ့နေသလား အောက်မေ့ ရတယ်။ လစ်ဇ်က “ကျွန်မတို့ တကယ် လက်ထပ် ဖြစ်ကြ ပြီနော်”လို့ ဆိုတယ်။ ပထမ တစ်ကြိမ် လက်ထပ်စဉ် ကထက်  ကိုယ့်ကို ပိုပြီး ဂရုစိုက်တယ်။

အချစ်ကြီးသူ တစ်ယောက်ရဲ့ ဒိုင် ယာရီတစ်ပိုင်း တစ်စ ဖြစ်ပါတယ်။ ၂၀ ရာစုရဲ့ မေတ္တာ ဇာတ်လမ်းတွေ ထဲမှာ အထင်ရှားဆုံး ဇာတ်လမ်းလည်း ဖြစ်ခဲ့ ပြီး ဒီနေ့ ထက်ထိ ရေးကြ ပြောကြဆဲ ဖြစ်ပါတယ်။


ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)