(Dec_ 2012)သူတို့အရေး PDF Print E-mail
Written by အောင်သန်းထွန်း   
Wednesday, 05 December 2012 22:22
Share |

Fashion Week ကျင်းပပြီးစီး
မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် အဖြစ် ဂျွန်လွင် ဦးဆောင်ပြီး Junction Square ရှေ့မှာ ဖက်ရှင် ရက်သတ္တပတ် ကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ပြသ ခဲ့ပါတယ်။

cialis cialiscialis online buy sildenafil online generic cialis no prescription
argaiv1939

ထူးခြားတဲ့ ပွဲတစ်ခု အဖြစ် မှတ်တမ်း တင်ကြ ပါတယ်။

မင်္ဂလာပွဲ ဆင်နွဲတဲ့ ချောရတနာ
သရုပ်ဆောင် ချောရတနာက သူ့ချစ်သူ ကျော်လင်းနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေး ထိုးပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှာ မှော်ဘီမြို့ အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဓူတ စေတ၀န် တောရ ဆေကိန္တရာမ ကျောင်းတိုက်မှာ မင်္ဂလာဦး ဆွမ်းကျွေးပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်း ဧည့်ခံပွဲနဲ့ ညပိုင်း မင်္ဂလာညစာ စားပွဲတို့ကို ဆီဒိုးနား ဟိုတယ် မှာပဲ ကျင်းပသွားဖို့ စီစဉ် ထားပါတယ်။

စာရေး ဆရာ အမီတာ့ဗ်ဂို့ရှ် မြန်မာနိုင်ငံသို့ ရောက်ရှိ
ရွှေအမြုတေ မဂ္ဂဇင်းမှာ စာရေးဆရာ နေ၀င်းမြင့် ရေကန်သာ ကြာတိုင်း အေး အမည်နဲ့ ဘာသာပြန်ဆို ဖော်ပြခဲ့တဲ့ Glass Palace ၀တ္ထုကြီး ကိုရေးသားခဲ့ သူ စာရေးဆရာ အမီတာ့ဗ်ဂို့ရှ် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့ပြီး ရန်ကုန်မြို့ အင်းစိန် မြို့နယ်ရှိ အမေရိကန် ကော်နာ စာကြည့်တိုက်မှာ လူငယ် စာဖတ် ပရိသတ် များ၊ စာရေး ဆရာများ၊ စိတ်ဝင်စားတဲ့ အယ်ဒီတာ များနဲ့ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့ ကြောင်း သိရပါတယ်။

သရုပ်ဆောင်လုပ်တဲ့ ညိုမင်းလွင်
အနုပညာ လောကနဲ့ တစ်နှစ်ခွဲ နီးပါး အဆက်ပြတ် သွားခဲ့တဲ့ သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင်က ၂၀၁၂ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းက စတင်ပြီး ဒါရိုက်တာ ကိုမျိုး(ဆဋ္ဌမအာရုံ)ရိုက်ကူးတဲ့ တမလွန်ရွာ ဗီဒီယို ကားမှာ သရုပ်ဆောင် အဖြစ် စတင် ရိုက်ကူးခဲ့ ကြောင်း သိရပါတယ်။

ကိုလူချောတို့အတွက် စိုးညီအစ်မများ ဆန်လှူ
ကိုလူချော တို့အဖွဲ့ကို လစဉ် ဆန်အိတ် ၁၀၀ အလှည့်ကျ လှူဒါန်းနေ ကြရာ နိုဝင်ဘာလ အတွက် အလှူကို စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင် ညီအစ်မ လေးဦးတို့က တာဝန်ယူ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ထောင်တွင်း တရားပတ် များအတွက်
ဒါရိုက်တာ ၀င်းထွန်းထွန်း ဇနီးမောင်နှံ လှူဒါန်း
တေးသံရှင် သျှီ၊ တေးရေးဆရာ ၀င်းမင်းထွေးတို့ ဦးဆောင်ပြီး ထောင်တွင်း တရားပတ်များ ကျင်းပပေး နေရာ မွေးနေ့နဲ့ တိုက်ဆိုင် နေတဲ့ ဒါရိုက်တာ ၀င်းထွန်းထွန်း နဲ့ ဇနီး သစ်သစ်မြင့်ဆိုင် တို့က အလှူငွေကျပ် ၇ သိန်း တေးသံရှင် သျှီလက် သို့ နိုဝင်ဘာလ ၄ ရက်နေ့က လှူဒါန်းခဲ့ ကြပါတယ်။

ကလေးများနှင့် ကဗျာအကြောင်း ဟောပြော
Ocean စူပါမားကက်က ရန်ကုန်မြို့ အမျိုးသမီးများ သင်တန်း ကျောင်းမှာ စာရေး ဆရာမ နုနုရည်(အင်းဝ) ဟောပြောဖို့ စီစဉ်ပေး ခဲ့ပါတယ်။ စိတ်ဓာတ်ခွန် အား တိုးတက် ဖွယ်ရာ စာပေ ဟောပြောပွဲနဲ့ ဒါနပြုခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်က ရန်ကုန်မြို့ မလိခလမ်းရှိ အမျိုးသမီး ကလေးများ သင်တန်း ကျောင်းမှာ ကျင်းပခဲ့ ခြင်းဖြစ်ပြီး ဆရာမ နုနုရည်(အင်းဝ)က ကလေးများ နှင့်ကဗျာ ခေါင်းစဉ်နဲ့ ဟောပြော ခဲ့ပါတယ်။

နေရဲမာန်ရဲ့ လူငယ်ခြေကျ MTV ရိုက်ကူး
နေရဲမာန် ၁၀ ခွေမြောက် အဖြစ် ထုတ်လုပ်မယ့် တေးစီး ရီးဖြစ်တဲ့ လူငယ် ခြေကျ ကို Live Show အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ ရိုက်ကူး ခဲ့ပါတယ်။

ဒေါ်ချိုပြုံး မွေးနေ့ ကျင်းပ
နိုဝင်ဘာလ ၁၈ ရက်နေ့က သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီ များရှင် ဒေါ်ချိုပြုံးရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အမှတ်တရ ပွဲကို လက်ရှိ နေထိုင်နေတဲ့ ရန်ကုန်မြို့ ဘောက်ထော်၊ ပြည်သာယာ လမ်းနေအိမ်မှာ ကျင်းပ ခဲ့ပါတယ်။ မိတ်ဆွေ အနုပညာ ရှင်များ၊ ဆွေမျိုးများ၊ သားသမီး၊ မြေးများ တက်ရောက် ခဲ့ကြပါတယ်။

ကလေးများ ရုပ်ရှင်ပွဲတော်သို့ မြန်မာအဖွဲ့ တက်ရောက်

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အာရှနိုင်ငံ တကာ ကလေးများ ရုပ်ရှင် ပွဲတော်သို့ မြန်မာနိုင်ငံ မှလည်း တက်ရောက်ဖို့ စုဝင့်မွန်၊ သူ့သွယ်ဟန်၊ ယွန်းသဒ္ဓါအောင် တို့ကို ရွေးချယ် ခဲ့ပြီး အုပ်ချုပ်သူ အဖြစ် ဒါရိုက်တာ ကြည်ဖြူသျှင် လိုက်ပါကာ သွားရောက်ပြီး ဖြစ်ပါတယ်။ ပွဲတော်က နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာကလေး ၃ ဦးက Built up your Life with Affection, Life For You, Daughter of UNICEF ဇာတ်ကား များနဲ့ ယှဉ်ပြိုင် ခဲ့ကြ တာ ဖြစ်ပါတယ်။

သဘင်ပညာရှင် သုံးယောက်ပေါင်းရဲ့ မွေးနေ့ပွဲ

ပွဲကြိုက် ခင်များရဲ့ အသည်းစွဲ သဘင် ပညာရှင်များ ဖြစ်တဲ့ မိုးမင်း၊ တင်ဇာ မိုးဝင်း၊ ပုလဲ ကေခိုင် တို့ရဲ့သုံးယောက်ပေါင်း မွေးနေ့ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M-3 စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါ တယ်။ မိုးမင်းက နိုဝင်ဘာ ၇ ရက်၊ တင်ဇာ မိုးဝင်းက နိုဝင်ဘာ ၈ ရက်၊ ပုလဲကေခိုင်က နိုဝင်ဘာ ၆ ရက်နေ့များမှာ မွေးဖွားခဲ့ ကြသူများ ဖြစ်ပါတယ်။

 


အောင်သန်းထွန်း
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


Last Updated on Tuesday, 11 December 2012 00:13