ဒယ်နီယယ် ခရက်ဂ် PDF Print E-mail
Written by ရီတာအောင်   
Wednesday, 05 December 2012 21:50
Share |

၂၃ ကားမြောက် James Bond ရုပ်ရှင် Skyfall ရုံတင် လာပါပြီ။ လန်ဒန်မြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့က အထူး ပွဲပြသပြီး ဥရောပ တိုင်းပြည် တွေမှာ ၂၆ ရက်အတွင်း စတင် ရုံတင် ပါတယ်။ အမေရိကန် ပြည်ထောင်စု မှာတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ရုံတင် ပြသ ပါတယ်။

buy cialis Canadabuy cialis jelly generic sildenafil generic tadalafil
argaiv1960

မင်းသား ဒယ်နီယယ် ခရက်ဂ်က ၂၀၀၆ ခုနှစ်မှာ Casino Royale, ၂၀၀၈ ခုနှစ်မှာ Quantum of Solace နှင့် ယခု ၂၀၁၂ မှာ Skyfall စုစုပေါင်း ၃ ကား ရိုက်ကူး ပြီးသွား ပါပြီ။ ဒါရိုက်တာက (မင်းသမီး ကိတ်ဝင်း စလက်ရဲ့ခင်ပွန်းဟောင်း) Sam Mendes ဖြစ်ပြီး တွဲဖက် သရုပ်ဆောင် သူတွေက စပိန် မင်းသား Javier Bardem (မင်းသမီး ပီနယ်လို ပီခရုဇ်၏ လက်ရှိ ခင်ပွန်း)၊ မင်းသမီးကြီး (Dame ဘွဲ့ရ) Judi Dench, အင်္ဂလိပ် ပြဇာတ်နှင့် ရုပ်ရှင် သရုပ်ဆောင် Ralph Fiennes, အင်္ဂလိပ် လူမျိုး လူမည်း မင်းသမီး Naomie Harris, ပြင်သစ်သူ မင်းသမီး Berenice Marlohe နှင့် မင်းသား Albert Finney တို့ဖြစ် ကြတယ်။

ဒယ်နီယယ် ခရက်ဂ်ကို အင်္ဂလန် နိုင်ငံ Cheshire မြို့က Countess of Chester ဆေးရုံမှာ မွေးဖွား ခဲ့ပါတယ်။ တည်းခိုခန်းနှင့် ကလပ် ပိုင်ရှင် ဖခင်နှင့် ကျောင်း ဆရာမ မိခင်တို့က မွေးဖွားတဲ့ ရင်သွေး နှစ်ဦး အနက် ဒယ်နီယယ်က သားငယ်ဖြစ်ကာ အစ်မ တစ်ယောက် ရှိပါတယ်။ အသက် ၆ နှစ် အရွယ်က စတင်ပြီး ကျောင်းကပွဲ တွေမှာ ပါဝင်က ပြလာ ခဲ့တယ်။ ငယ်စဉ် ကတည်းက အနုပညာ ၀ါသနာ ကြီးခဲ့သူမို့ Liverpool မြို့အနီးက Everyman ပြဇာတ်ရုံသို့
မိခင် ကိုယ်တိုင် ခေါ်သွား အပ်နှံ ပေးခဲ့ ရတယ်။ အသက် ၁၆ နှစ်မှာ National Youth ပြဇာတ်ရုံမှာ ပါဝင်ခွင့် ရဖို့ လန်ဒန်မြို့ကို ပြောင်းရွှေ့ အခြေချ ခဲ့ရတယ်။

ဂီတနှင့် ပြဇာတ်ကျောင်း Guildhall မှာ ၃ နှစ် ပညာသင် ယူခဲ့ သေးတယ်။ ၁၉၉၂ ခုနှစ်မှာ ပြဇာတ် မင်းသား  ဖြစ်လာကာ၊ ၁၉၉၃ တွင် ရုပ်သံ ဇာတ်လမ်းမှာ သရုပ်ဆောင် ခွင့်ရခဲ့တယ်။ ရုပ်ရှင် မင်းသမီး Angelina Jolie ရဲ့ နာမည်ကျော် ရုပ်ရှင် Lara Croft:Tomb Raider (2011) မှာလည်း ပါဝင် ခဲ့တယ်။ ပရိသတ်တွေ အသေအချာ သတိထား မိသွားတဲ့ ရုပ်ရှင်မှာ ဒါရိုက်တာ Steven Spielberg ရိုက်ကူး ခဲ့တဲ့ Munich ဖြစ်တယ်။

Eon ရုပ်ရှင် ထုတ်လုပ်ရေးက ဒယ်နီယယ်ကို ဘွန်းမင်း သားအဖြစ် ၂၀၀၅ ခုနှစ်မှာ ကမ်းလှမ်း စာချုပ်ချုပ် ဆိုခဲ့တယ်။ ၎င်းက “စက်အကြီး ကြီးကနေ ပိုက်ဆံ တွေ အများကြီး ထွက်ကျလာ နိုင်တဲ့ စီးပွားရေး” အရောင်း အ၀ယ် စိန်ခေါ်မှုကို သတိပြု မိတယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့တယ်။ ဘွန်းမင်းသားအဖြစ် ၎င်းင်းအား ရွေးချယ် မှုကို အလွှာ အသီးသီးမှ ပရိသတ် အများစုက မနှစ်သက် ကြပါ။ ထုတ်လုပ်သူမှ ရွေးချယ်မှု မှားယွင်းပြီလို့ ဝေဖန် ပြောဆို ခဲ့ကြတယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ၌ ဒယ်နီယယ်၏ ပထမဦးဆုံး ဘွန်းရုပ်ရှင် Casino Royale ရုံတင်နိုင် ခဲ့ပြီး တစ်ကမ္ဘာလုံးမှ ၀င်ငွေ ၅၉၄ သန်း ရခဲ့တယ်။ ဘွန်းရုပ်ရှင် တွေထဲမှာ ၀င်ငွေ စံချိန် ချိုးခဲ့တဲ့ ပမာဏ ဖြစ်ခဲ့ပါတယ်။ ဒုတိယ ဘွန်းရုပ်ရှင် Quantum of Solace ရိုက်ကူးစဉ် ကတော့ ဒယ်နီယယ့် လက်ချောင်း တစ်ခု ကွဲထွက် ဒဏ်ရာရ ခဲ့သလို Pinewood စတူဒီယိုမှာ ရိုက်ကူး နေတုန်း မီးလောင်ခဲ့ ပါသေး တယ်။ ကားမတော် တဆ တိုက်မှုကြောင့် စတန့် မင်းသား တစ်ယောက် အတော် အထိနာ သွားခဲ့တယ်။ အီတလီ နိုင်ငံ ရိုက်ကွင်းဆီ သယ်ဆောင် သွားတဲ့ Aston Martin ကားကလေးမှာလည်း အီတလီ မြောက်ပိုင်းရှိ Garda ရေအိုင်ထဲ ထိုးကျ ပျက်စီးခဲ့ ရတယ်။

ဂျိမ်းစ်ဘွန်း ကာရိုက်တာဟာ သူရဲ ကောင်း တစ်ယောက် မဟုတ်ဘူးလို့ ဒယ်နီယယ်က ဆိုပါတယ်။ “ကျွန်တော် သရုပ်ဆောင် နေရင်း ကိုယ့်ကိုယ်ကို မေးနေမိ တဲ့မေးခွန်းက ကောင်းတဲ့ဘက် ကရပ်တည် ပေးနေတဲ့ ငါက လူကောင်း လား၊ လူဆိုးလား”ဆိုတာပဲ။ ကျွန်တော့် အနေနဲ့ အကြိုက်ဆုံး ဘွန်းမင်းသားက Sean Connery ပါလို့ ပြောခဲ့တယ်။ အကြိုက်ဆုံး ဘွန်းရုပ်ရှင်က “From Russia with Love” ဖြစ်ပါ သတဲ့။ ရုပ် ရှင်ကားသစ် Skyfall ကို ၂၀၁၀ ခုနှစ် ကတည်းက ရုံတင် နိုင်ဖို့ ရည်ရွယ်မျှော် လင့်ခဲ့ ကြပေမဲ့ ဘတ်ဂျက် အခက်အခဲ ကြောင့် နောက်ကျခဲ့ ရတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ နောက်ထပ် ဘွန်းရုပ်ရှင် နှစ်ကားဆက် လက်ခံ ရိုက်ကူးဖို့ သဘောတူ စာချုပ်ချုပ် လိုက်ပြီ ဖြစ်ပါတယ်။

ဒယ်နီယယ်၏ ပထမ အိမ်ထောင်မှာ Fiona Loudon ဖြစ်ပြီး ၁၉၉၄ တွင် ကွာရှင်း သဖြင့် အိမ်ထောင်သက် ၂ နှစ် သာရှိခဲ့တယ်။ သမီးလေး Ella ကို ထွန်း ကားခဲ့တယ်။ The Mummy ရုပ်ရှင် ကားတွေနဲ့ နာမည်ကြီး ခဲ့တဲ့ မင်းသမီး Rachel Weisz နှင့် နှစ်အတော်ကြာ မိတ်ဆွေတွေ ဖြစ်ခဲ့ ကြတယ်။ ၎င်းတို့ နှစ်ယောက်တွဲ ၍ Dream House ရုပ်ရှင် တစ်ကားပင် ရိုက်ကူး ဖြစ်ခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇွန်လ မှာ တရားဝင်လက် ထပ်ခဲ့ကြတယ်။ သူတို့ရဲ့ လက်ထပ်ပွဲ မှာက ဒယ်နီယယ့် သမီး ၁၈ နှစ်အရွယ် အဲလာ၊ ရေချယ်ဝီးစ် ၏သား ၄ နှစ် အရွယ် ဟင်နရီ အပါအ၀င် ဧည့်ပရိသတ် ၄ ဦးသာ ရှိခဲ့တယ်။

အင်တာဗျူးသူ Ariel Coen နှင့် ဒယ်နီယယ်တို့ တွေ့ဆုံ မေးမြန်းခန်းကို ဖော်ပြလိုက် ပါတယ်။

ဒယ်နီယယ်၊ မင်းဘွန်းကို ပထမဦးဆုံး ရှာဖွေ တွေ့ရှိခဲ့ ချိန်အကြောင်းလေး ပြောပြ ပါလား
အိုး ကျွန်တော် ဘယ်မှတ်မိ တော့ မှာလဲ။ ကျွန်တော် ထင်တာတော့ ဂျိန်းစ်ဘွန်းကို သိနေ ခဲ့တာ ကြာလှ ပြီဗျ။ သူပေါ်လာ တာလည်း ကြာပြီ မဟုတ် လား။ ကျွန်တော့် တစ်ဘ၀စာ ထက် တောင် ပိုသေးတယ်။ ရုပ်ရှင်ရုံ ထဲမှာ ကြည့်ခဲ့ရ တာတော့ ကျွန်တော် ၅ နှစ် သို့မဟုတ် ၆ နှစ်သား လောက်ဖြစ်မယ်။

အခုတော့ အဲဒီ မင်းသား အဖြစ် မင်းကိုယ်တိုင် ၀င်သရုပ်ဆောင် နေပြီ။ မင်းရဲ့ မိသားစု ထဲမှာ ဘွန်းကို အစွဲလမ်းဆုံး ပရိသတ်က ဘယ်သူ ဖြစ်မလဲ။
သူတို့က မုန်းတယ်တဲ့။ (ရယ်မော လိုက်ရင်း) အလကား နောက်တာပါ။ သူတို့ အားလုံး အရမ်းကြိုက် ကြတာ။ ကျွန်တော် ဆိုလို တာက သူတို့ အားလုံး ဘွန်းရုပ်ရှင် တွေကို သဘောကျ ခဲ့ကြတယ်။ ကျွန်တော် ခုလို ဘွန်းမင်းသား ဖြစ်လာတဲ့ အတွက် ၀မ်းသာ နေကြတယ်။ ဂုဏ်ယူ နေကြတယ်။ ဘွန်းမင်းသား ဖြစ်လာတယ် ဆိုတာထက် ကျွန်တော် မြတ်နိုးတဲ့ အနုပညာ သမား အဖြစ် လုပ်ကိုင်ခွင့် ရနေတာ ကို ကျေနပ်နေ ကြတာ မျိုးပါ။

ဒီရုပ်ရှင်ကား သစ်မှာ သုံးထားတဲ့ သံစဉ် တစ်ခုက တော်တော် လေးဟောင်း နေပြီ။ အဲဒီဟာ အတွက် မင်းစိတ်ပူ သလား။
ဟင့်အင်း မပူပါဘူး။ လူတိုင်းလိုပဲ ဒါကို ခံစား ကျော်ဖြတ် နိုင်ရမယ်။ ဘ၀မှာ အသက်ရှင် နေထိုင် နေရင်းနဲ့ တစ်လက်စတည်း ကျေနပ်နိုင် ရမယ် ဆိုတာ မျိုးပေါ့။ ကျွန်တော် နောက်ထပ် ဘွန်းရုပ်ရှင် နှစ်ကားတောင် စာချုပ် ပြီးသွားပြီ။ ဒါပေမဲ့ ကျွန်တော့် စိတ်ပူပူ ပင်ပင်နဲ့ အသက် မအောင့် ထားဘူး။ ဒီတစ်ခု ဘယ်လို များနေမလဲ လို့ ကြည့်ရ ဦးမှာပဲ။

ပြီးတော့ ဒီရုပ်ရှင်ထဲက ဘွန်းက ရော အိုမင်းစ ပြုလာ တယ်လို့ ခံစားမိလား။
ကျွန်တော့် အထင် ဟုတ်တယ်ဗျ။ ရုပ်ရှင်ကား အစပိုင်းမှာ ဘွန်းက သေနတ် နဲ့အပစ်ခံ ထားရ တာလည်း အကြောင်း အရာ တစ်ခုပေါ့။ အဲဒီမှာ Ralph ရဲ့ ကာရိုက်တာ ကပြောလိုက်တဲ့ “အရမ်း ကြီး နောက်မကျ သေးပါဘူး။ မင်း အဝေးကို ထွက်သွားလို့ ရတယ်နော်၊ ဘာကြောင့် ထွက်မသွား တာလဲ” ဆိုတဲ့ စကားကို ကျွန်တော် ကြိုက်တယ်။ ဒါပေမဲ့ ဘွန်းက ထွက်မသွား နိုင်ခဲ့ပါ ဘူး။ သူ့တာဝန်ကို ဆက်လက်ထမ်း ဆောင်ရဦး မယ်လေ။ သူက တာဝန်၊ ၀တ္တရား အပေါ်မှာ အရမ်း သစ္စာ ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော် နောက်ထပ် ဘွန်း ရုပ်ရှင်တွေ ထပ်ရိုက် ရဦးမှာပေါ့။

အဲဒီတော့ ဘွန်းက အသက် အရွယ် ကြီးလာလေ၊ ဉာဏ်ပညာ ကြီးမြင့်လာ လေပေါ့။ ဒါပေမဲ့ စက်မှု နည်းပညာ တွေ နဲ့ကျတော့ သူက သိပ်မကျွမ်း ကျင်ဘူး။ ဘွန်းက ငယ်ရွယ်တဲ့ ပရိသတ် တွေကို ဆွဲ ဆောင် ဖမ်းစား ထားနိုင် တုန်းလို့ မင်း ထင်သလား
စက်မှုနည်းပညာတွေကို သူ မထိ တွေ့တော့ဘူးလို့ ကျွန်တော် ကတော့ မထင်ပါဘူး။ သူဟာ ရှေ့တန်းက ထွက် တိုက် နေတဲ့သူ ဖြစ်နေ ဆဲလို့ ကျွန်တော် ယူဆ ပါတယ်။ သူ့အဖို့ ကတော့ ကွန်ပျူ တာပေါ်မှာ တိုက်နေတဲ့ စစ်ပွဲ ဆိုတာ အဓိပ္ပာယ်မဲ့၊ သက်မဲ့ ဖြစ်နေတာ နေမှာပါ။ ဒါပေမဲ့ ကျွန်တော်က တီထွင် ဖန်တီးမှု တွေနဲ့ ကာရိုက်တာ “Q” ကို နှစ်သက် မိတယ်။ အဲဒီမှာ မတူညီတဲ့ အပြိုင်လေး ဖြစ်လာ တယ်။ သူတို့ ၂ ယောက် ပေါင်း ပြီး အလုပ်လုပ်လို့ ဖြစ်လာ တယ်ပေါ့။ ဘွန်းက နည်းပညာ တွေနဲ့ ပတ်သက်ပြီး သိပ်မသိ ချင်ပါဘူး။ သူက လူတွေကို စကား ပြောချင်တာ။ လူတွေရဲ့ မျက်လုံး ထဲ စိုက်ကြည့်ပြီး မေးခွန်းထုတ် ချင်တာ။ အဲဒါကို ကျွန်တော် သဘော ကျတာ။

တခြား ဘွန်းရုပ်ရှင် တွေနဲ့ မတူဘဲ ဒီ Skyfall မှာ ဘွန်းရဲ့ အတိတ်နဲ့ ဘယ်လို ကြီးပြင်းခဲ့ တယ်ဆိုတာကို ပြထားခဲ့ တယ်။ ဘာလို့ အတိတ်ကို ပြန်သွားချင် ခဲ့တာလဲ။
သတိ ထားပြီး လုပ်ခဲ့တဲ့ ဆုံးဖြတ် ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘွန်း ရုပ်ရှင်နှစ် ၅၀ ပြည့် နှစ်ပတ်လည် နေ့နဲ့ သွားတိုက် ဆိုင်သလို ဖြစ်နေတယ်။ ဘွန်းနဲ့ ပတ်သက်လို့ ကျွန်တော် သဘော ကျတာ သူက ငယ်ငယ်လေး ကတည်း က မိဘမဲ့ ဖြစ်ခဲ့တယ်။ ဒီတော့ မိဘ အပေါ် ထားတဲ့ သူ့ရဲ့ ချစ်ခြင်း မေတ္တာဆိုတာ အတိတ် မှာပဲ ရှိခဲ့၊ ကျန်ခဲ့တယ်။ သူကတော့ ရှေ့ဆက်လျှောက် နေတယ်။ သူဟာ သူ့ဘ၀ကို ကျေနပ် နေတဲ့ သူဆို ပါတော့။

မင်းသမီး Judy Dench ရဲ့ကာ ရိုက်တာ “M” ကိုလည်း အတိတ်ကို ရင်ဆိုင် ခိုင်းခဲ့တယ်။ ဒီရုပ်ရှင်မှာ သူ့ကာ ရိုက်တာက မိခင် တစ်ယောက်လို နေရာ ပိုရောက် နေတယ်လို့ မင်းပြော မလား။
အိုး သေချာ တာပေါ့။ ဘာသံသ ယမှကို မရှိ လောက်တဲ့ အထိပါပဲ။ ဒါပေမဲ့ ပရော် ဖက်ရှင်နယ် တွေသွား တဲ့လမ်း အတိုင်း၊ Jovier ရဲ့ကာရိုက်တာ Silva ကို သူက ပြောခဲ့ တယ်လေ။ “မင်းကို ငါ စွန့်လွှတ် ရမယ်။ ပိုကောင်း လာမယ့် အရာ တစ်ခု အတွက် ငါလုပ်ရမှာ”လို့။ ဘွန်းကလည်း M ရဲ့ဆုံးဖြတ်ချက် ကို နားလည် တယ်လို့ ကျွန်တော် ယူဆ ပါတယ်။ သူက “သွားရမယ် ဆိုရင် သွားရမှာပဲ။ အဲဒီလို လုပ်ရ လို့လည်း ကျွန်တော် ကျေနပ် နေမှာပါ။ ဒါဟာ မင်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်တယ် ဆိုတာ ကျွန်တော် နား လည်ပေးမှာပါ”လို့ ပြောခဲ့တယ်။ ကာရိုက်တာ ၂ ယောက် ကြားမှာ အဲဒီ ဆုံးဖြတ်ချက် ကြောင့် ကွာဟ ကွဲပြားမှု ဖြစ်သွားခဲ့တယ်။ အဆုံးမှာတော့ ကာရိုက်တာ Silva အဖို့ သူ့အတွက် မိခင် တစ်ယောက် ဖြစ်သူရဲ့ သစ္စာ ဖောက်ဖျက် ခြင်းခံရတယ်လို့ ခံစား သွားခဲ့ရတယ်။ ဒါကိုလည်း သူ ဘယ်လိုမှ မေ့ဖျောက်လို့ မရ တော့ဘူး။

မင်းသား (Javier) ဟာ ဗီယာနဲ့ အတူတွဲ အလုပ် လုပ်ရတာ ဘယ်နှယ့်နေ သလဲ။ အထူး သဖြင့် သူ့ကာရိုက်တာနဲ့ ကျွန်းကလေးမှာ ၂ ယောက် ဆုံတဲ့ အခန်း တွေမှာ သူက သိပ်က လက်လွန်း၊ ပရော ပရည် လုပ်လွန်း တယ်လေ။
ဇာတ်ဝင်ခန်းတွေ ရိုက်ရတာ အရမ်း ပျော်စရာ ကောင်းပါတယ်။ ဟုတ်တယ်။ သူက အဲသလိုကြီး လုပ်ချ ပစ်လိုက်တယ်။ သူလုပ်တာ အရမ်းကောင်း တယ်လို့ ကျွန်တော် ကတော့ မြင်တယ်။ စိတ်လက် ပေါ့ပေါ့ ပါးပါးနဲ့ အံ့သြစရာ ကောင်းတယ်။ အဲဒါကို ပရိသတ်က သဘောကျ စရာ အဖြစ် ခံစားနိုင် ပါစေလို့ ဆုတောင်း ပါတယ်။ တကယ်ရယ် ရတာ ကြောင့်ပါ။ ကျွန်တော်တော့ ပြန်ကြည့်မိ တိုင်း ရယ်မိတယ်။ ပြောရ ဦးမယ်။ ကျွန်တော်က မင်းသား ဟာဗီဘာဒမ်း ရဲ့အမာခံ ပရိသတ်နော်။ သူ့နောက်က တစ်ကောက်ကောက် လိုက်နေ တဲ့သူ တစ် ယောက်လည်း ဖြစ်သေးတယ်။ ဟုတ် တယ်ဗျ။ ဒီရုပ်ရှင်မှာ သူ့ကို ပါစေ့ချင် လွန်းလို့ တကယ့်ကို တစ်ကောက် ကောက် လိုက်ခဲ့ ရတာ။ သူနဲ့ တွေ့ဆုံ စကား ပြောချင်လို့ သူသွားမယ့် ပါတီကို လိုက်တက် ရတာ။ ကျွန်တော် ပြောပြတော့ သူ ခေါင်းညိတ်တယ်။ သူနဲ့ အေးအေး ဆေးဆေး အချိန် ဖြုန်းချင် ပါသေးတယ်။ ဒါပေမဲ့ ၂ ယောက် စလုံးက အလုပ်တွေ ရှိနေကြ တော့ မဖြစ်နိုင် ဘူးပေါ့။ ကျွန်တော်တို့ Rugby ဘောလုံးပွဲ တွေကို နှစ်သက် ကြတယ်။ သူနဲ့အတူ ဘောလုံးပွဲ အတူ သွားကြည့်ချင် ပါသေးတယ်။

ဒါရိုက်တာ Sam Mandes ကိုလည်း ဒီရုပ်ရှင် ရိုက်ပေးဖို့ မင်းပါတီပွဲ မှာပဲ ချဉ်း ကပ်ခဲ့တာဆို။ သူနဲ့ အလုပ်လုပ် ရတာ ကရော။
အလုပ်တွဲ လုပ်လို့ သိပ်ကောင်းတဲ့ သူ တစ်ယောက်ပါ။ ဒီရုပ်ရှင် ကောင်း အောင် ဒါရိုက်တာ ဆမ်မန်းဒီးစ် အပါအ၀င် လူတိုင်း ကြိုးစားခဲ့ ကြတယ်။ ကျွန်တော် တို့ အပေးအယူ မျှခဲ့ ကြပါတယ်။ သရုပ်ဆောင် တွေနဲ့ သူက လက်တွဲ ညီတယ်။ ဘာကိုမှ ထိန်ချန် မထားဘူး။ မဖြစ်နိုင်တာကို မခိုင်းဘူး။ ကျွန်တော့်အဖို့ တော့ အလုပ်လုပ် ရတာ သိပ်လွယ်ကူ အေးဆေး ပါတယ်။ ဒီလိုလူ တွေနဲ့ တွဲအလုပ် လုပ်ရ တာ ကြိုက်တယ်။ ပြဿနာ တွေ ၀ိုင်းဖြေရှင်း ရတာ သဘော ကျတယ်။

ရိုက်ကူး ကြတဲ့ Locations တွေ က ဘယ်လိုလဲ။ (Turkey) တာကီ တိုင်းပြည်မှာ ရိုက်ကူးရ တာကရော။
အိုး တာကီ နိုင်ငံမှာ တကယ် ကောင်းပါတယ်။ အံ့သြဖွယ် လှပ နေတာပါ။ ပြည်သူတွေ ကလည်း နွေးထွေး လှိုက်လှဲ ကြတယ်။ ဒါပေမဲ့ ဘွန်းမှာ သိပ်ခိုင်မာတဲ့ အဆက်အသွယ် တွေရှိ တယ်လေ။ ဘွန်းရုပ်ရှင် ဟောင်း From Russia with Love ကလည်း အဲဒီမှာပဲ ရိုက်ကူးခဲ့ တာပေါ့။ အကောင်းဆုံး အမှတ်တရ က တာကီ နိုင်ငံ Istanbul မြို့မှာ Grand Bazaar (၄င်းဂရမ်း ဘဇားမှာ အီစတန်ဘူ မြို့ရှိ ကမ္ဘာ့ ရှေးအကျ ဆုံးနှင့် အကြီးကျယ်ဆုံး ဈေးကြီး ဖြစ်တယ်။ လမ်း ပေါင်း ၆၁ လမ်း တိတိ ဈေးဧရိယာဟု သတ်မှတ် ထားကာ ၄င်းလမ်းတိုင်းတွင် ပေါင်းမိုး မြင့်မြင့် အမိုးခုံးများဖြင့် တည် ဆောက် ထားပါတယ်။) ဈေးကြီး အပေါ် မှာ မော်တော် ဆိုင်ကယ် စီးခန်း ရိုက်ခဲ့ရ တာပါပဲ။ ကျွန်တော် တို့ကို သူတို့က အထူး အခွင့်အရေး ပေးခဲ့တာ ဖြစ်တယ်။ တချို့ မီဒီယာ တွေက ကျွန်တော်တို့ ကြောင့် ပေါင်းမိုး အခုံး တချို့ ပျက်စီး သွားတယ် လို့ ရေးသားကြ သေးတယ်။ အဲဒါ မမှန် ပါဘူး။

ဘွန်းရုပ်ရှင် နှစ် ၅၀ ပြည့် အတွက် ဘွန်းမင်းသား တွေ ဆုံဖို့ အစီ အစဉ် ရှိထား ပြီလား။
ကျွန်တော်က မင်းသားကြီး Roger Moore ရယ်၊ Pierce Bronsnan ရယ်နဲ့ တော့ သိတယ်။ တခြားလူ တွေနဲ့တော့ မဆုံဖူး သေးဘူး။ အဲလိုဆို နည်းနည်းတော့ စိတ်အနှောင့် အယှက် ဖြစ်မယ် ထင်တယ်။ လူတွေ ရှေ့မှာ ထွက်ပြပြီး တန်းစီ လှည့်လည် ပြရမှာ မျိုး၊ ဒါမှမဟုတ် ပရိသတ် တွေကို အားလုံးက အတူတူ နှုတ် ဆက်ရမှာ မျိုးကိုတော့ ကျွန်တော် လုပ်ချင်စိတ် မရှိပါ ဘူးဗျာ။

ဂျိမ်းစ်ဘွန်းနဲ့ ပတ်သက်ပြီး လူတွေ က စွဲစွဲလမ်းလမ်း အရမ်း ဖြစ်နေတာ ဘာဖြစ် တာလို့ မင်း ထင်သလဲ။
ကျွန်တော် မသိ ဘူးဗျ။ သူက အန္တရာယ်ရှိ တဲ့သူပါ။ တကယ့်ကို ရိုးရိုး လေးပါ။ အန္တရာယ် ရှိတဲ့ လူတစ်ယောက် ပါပဲ။


ရီတာအောင်၊NY၊
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


Last Updated on Wednesday, 05 December 2012 21:57