|
Written by ခင်လေးမြင့်
|
|
Wednesday, 05 December 2012 17:55 |
ဒါရိုက်တာ ထွန်းအောင်ဇော် ရိုက်ကူးတဲ့ ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ အဓိက မင်းသမီး သရုပ်ဆောင်ဆုကို မယ်လိုဒီ ရရှိ နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။
argaiv1726
ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့ မယ်လိုဒီ အကယ်ဒမီ ရနိုင် တယ်လို့ ခန့်မှန်းတဲ့ အပေါ် ဘာများ ပြောချင်လဲ။ မျိုးမျိုး မရနိုင် ပါဘူး။ သက်မွန်မြင့် ရမယ်လို့ ကြားတယ်။ မျိုးမျိုး ကတော့ မထင် ရဲဘူး။ အကယ်ဒမီ လိုချင် သလား မေးရင် လိုချင်တယ်။ အဲဒီကား ရိုက်တုန်း က အကယ်ဒမီ ရပါစေ ဆိုပြီး ရိုက်ခဲ့တာ မဟုတ်ဘူး။ ဆရာ ဦးထွန်းအောင်ဇော် ကလည်း အိုက်တင်တွေ သင်ပေး ခဲ့တယ်။ မျိုးမျိုးက ကံမကောင်း တတ်ပါဘူး။ ရင်ခုန်သံ ပြင်းပြင်းရှိ နေရင် အဲဒီ ရင်ခုန်သံ က ရပ်သွား တတ်တယ်။ မျိုးမျိုးကို မျှော်လင့်ချက် တွေပေး ရင် ပြဿနာ ဖြစ်တတ် တယ်။ ငယ်ငယ် တုန်းက ဖေဖေက အဆင့် ၁ ကနေ ၅ အထိ ၀င်ရင် ဆုချမယ်လို့ ပြောဖူး တယ်။ အဲဒီအချိန်မှာ မျိုးမျိုးက အတန်းထဲမှာ အဆင့် ၁၆ ဖြစ်နေတာ။ အဲဒီမှာ စာမေးပွဲ ဖြေပြီးတော့ အဆင့် ၃ ရ တယ်။ ဒါပေမဲ့ အဖေက ဆု မပေးခဲ့ဘူး။ အဲဒီကစပြီး အယုံအကြည် မရှိတော့ သလို မျှော်လင့်ချက်လည်း မထား တော့ဘူး။ အနုပညာ လောက ထဲဝင်တော့လည်း ရည်ရွယ် ချက် မရှိဘဲ မျှော်လင့်ချက် မရှိဘဲဝင်ခဲ့တယ်။ အနုပညာ လောကထဲကထွက်တော့ လည်း မထင်မှတ်ဘဲ ထွက် သွားတာ။ အခုအချိန်မှာ အပြောင်း အလဲတွေ အရမ်း များတယ်။ ကိုယ့်ကိုယ်ကို လည်း handle လုပ်နေရ တယ်။ အခု အချိန်က အမေ့ ကျန်းမာရေး ကိုယ့်ကျန်းမာ ရေးကိုလည်း ဂရုစိုက် နေရတဲ့ အချိန်၊ အခု အချိန်မှာ အကယ်ဒမီ ဆိုတဲ့ အသံကြား ရတော့ ပိုဆိုးတယ်။
ထာဝရ အလင်းတန်း ရုပ်ရှင် ဇာတ်ကား အတွက် ကျန်တဲ့ သူတွေ ထဲက ဘယ် သူတွေကို အကယ်ဒမီ မှန်း ပေးမလဲ။ ဒီကားထဲမှာ ပါတဲ့ ဦးမော့စ် လည်းကောင်းတယ်။ ကလေး သရုပ်ဆောင် အတွက် အကယ်ဒမီ ပေးမယ်ဆို အိစိကွေး လေး ရစေချင် တယ်။ ဒါရိုက်တာ ဦးထွန်း အောင်ဇော် ရရင် ပိုပြီးကျေနပ် ပါတယ်။
အကယ်ဒမီ သာ ရခဲ့ရင် သရုပ်ဆောင် အလုပ်တွေ ပြန် လုပ်မှာလား။ အကယ်ဒမီ ရတာ၊ မရ တာ မဟုတ်ပါဘူး။ ဇာတ် ကား တွေကတော့ မရိုက်ချင် တော့ဘူး။ ဒီဇင်ဘာ ၁ ရက် နေ့ HIV အတွက် လုပ်တဲ့ ပွဲမှာ သီချင်းဆို ပေးဖို့ ရှိတယ်။ အခု အချိန်မှာ အမေ့ကို တန်ဖိုးထား တတ်လာတယ်။ အမေ့ အတွက် အချိန်ပေးချင် တယ်။ အခြား လူမှုရေးလုပ် ငန်း၊ ဖောင်ဒေးရှင်း လုပ်ငန်း တွေ လုပ်မယ် ဆိုရင် အနု ပညာရှင် တစ်ယောက် အနေနဲ့ လုပ်တာကပိုပြီး အဆင်ပြေ တယ်။ လူကုန်ကူး မှုခံရတဲ့ လူတွေနဲ့ သွားတွေ့ တဲ့အချိန် တုန်းက သိလိုက်ရတာက လူမှုရေး အလုပ်လုပ် မယ်ဆို အနုပညာရှင် တစ်ယောက် အနေနဲ့က ပိုပြီး အဆင်ပြေ တယ်။ ဓာတ်ပုံတွေ ပြန်ရိုက် တယ် ဆိုတာကလည်း အဲဒါ ကြောင့် နောက်ပိုင်းဆို အကျိုး ပြု ဇာတ်ကား တွေမှာတော့ သရုပ်ဆောင်မယ်။ အဲဒီလို ရိုက်တဲ့ အထဲမှာ နဖူးတွေ၊ ပါးတွေ နမ်းတာ မျိုးတွေ ပါ ရင် လက်မခံဘူး။
အကယ်ဒမီ ပေးပွဲတက် ဖို့ ၀တ်စုံတွေရော စီစဉ်ထား လား။ အရင်က စီစဉ်ထား တယ်။ အကယ်ဒမီ ရမယ်ဆို တဲ့ အသံမကြား ရခင်တုန်း က ဒီနှစ်တော့ တက်မယ်ဆို ပြီး စီစဉ် ထားတာ။ ဘာဖြစ် လို့လဲ ဆိုတော့ မျိုးမျိုးက အနုပညာ အလုပ်တွေ မလုပ် တော့ဘူး ဆိုတော့ နောင်နှစ် တွေမှာ အကယ်ဒမီ ပွဲ တက် ဖို့က ပိုဝေး သွားပြီ။ မျိုးမျိုးရဲ့ အမေကလည်း အကယ်ဒမီ ပွဲကို တစ်ခါမှ မတက်ဘူး တော့ ဒီနှစ်မှာ တော့ အမေနဲ့ အတူတူ တက်မယ်လို့ စဉ်းစား ထားတာ။ အခု အကယ်ဒမီ အသံ ကြားရတော့ မတက်ဖြစ် ဖို့ များတယ်။ အခုအချိန်ထိ တော့ မကျိန်းသေ တော့ဘူး။ နီးမှ တော့ မပြော တတ်ဘူး။
အကယ်ဒမီ ဆုကို ကိုယ်တိုင် ရတာ၊ မရတာ ထက် ဒါရိုက်တာ ထွန်းအောင် ဇော် အကယ်ဒမီ ပွဲတက်ဖို့ တိုက်ပုံ၊ ပုဆိုးများကို မယ်လိုဒီက ပံ့ပိုး ပေးထား တယ်လို့ သိရပါတယ်။

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
ခင်လေးမြင့် |
| About the author: |
| | |
|
Last Updated on Wednesday, 05 December 2012 18:06 |