အိန္ဒြာကျော်ဇင်ရဲ့ ပထမ ဦးစားပေး PDF Print E-mail
Written by ခင်လေးမြင့်   
Wednesday, 05 December 2012 17:42
Share |

၂၀၁၂ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်မယ့် ခင်ပွန်းဖြစ်သူ ပြေတီဦး ရဲ့ မွေးနေ့မှာ ထူးထူး ခြားခြား မွေးနေ့ပွဲရယ် မဟုတ်ဘဲ မိသားစု စားပွဲလေး တစ်ခု ပြုလုပ်ဖို့ ရှိတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

discount cialisdiscount generic cialis buy viagra canada buy cialis
argaiv1499

ပြေတီဦး အတွက် ဒီနှစ်မှာရော မွေးနေ့ လက်ဆောင် ဘာပေးဖို့ စီစဉ် ထားပြီးပြီလဲ။
မွေးနေ့ လက်ဆောင်က စီစဉ် ပြီးသွားပြီ။ ဘာပေးမယ် ဆိုတာတော့  ကြိုမပြော ချင်သေးဘူး။ ပြီးခဲ့တဲ့ နှစ်ကတော့ တင်းနစ် ဖိနပ် တစ်ရန် လက်ဆောင် ပေးတယ်။ တင်းနစ်နဲ့ ပတ်သက်တာကို သူကလည်း သဘောကျ
အကြိုက် ဆုံးလေ။ တခြားလည်း ဘာမှ မကြိုက်ဘူးလေ။ အဲဒီတော့ တင်းနစ်နဲ့ ပတ်သက်တာ ပဲပေးဖို့ စဉ်းစား ထားတယ်။

သူ့အတွက် အံ့သြရတဲ့ လက်ဆောင်များ ဖြစ်စေ မလား။
သူလိုချင်တဲ့ ဟာလေးတော့ ဖြစ်မှာပါ။

ပြေတီဦးရဲ့မွေးနေ့ အတွက် အမှတ်တရ အလှူ တွေ လုပ်ပေးဖို့ စဉ်းစား ထား သေးလား။ သမီးလေး ပြေသုဒြာ မွေးနေ့အတွက် အလှူလုပ် ပေးထားတာ ရှိ တော့လေ။
သမီးလေး ၁ နှစ်ပြည့် အတွက် အလှူကို နှစ် ယောက် စလုံးက လုပ်ချင် တယ်။ သမီးလေး ၁ နှစ် ပြည့်မှာ အမှတ် တရလေး ဖြစ်သွား အောင်ရယ် နဂို ကတည်းက အဲဒီ နေရာတွေ ကို လှူချင်တဲ့ ဆန္ဒလေး ရှိနေ တာကြောင့် အဲဒီနေ့မှာ တမင်ကို လိုက်လှူ ဖြစ်လိုက် တာ။ အူဝဲရော ကိုပြေတီရော လှူချင်တဲ့ ဆန္ဒလေး ရှိတယ်။ ကိုပြေတီ အတွက်က ကြားထဲ မှာ အလျဉ်းသင့် သလို လှူ ဖြစ်နေ တာပဲ ရှိတယ်။ သီး သန့်တော့ မလုပ် ဖြစ်ဘူး။

ပြေတီဦး အတွက် မွေးနေ့ လက်ဆောင် စဉ်းစား ပေးရတာနဲ့ အခု သမီးလေး ရလာပြီ ဆိုတော့ သမီးလေး အတွက် စဉ်းစား ပေးရတာ ယှဉ်ရင် ဘယ်ဘက်မှာ ပိုပြီး စဉ်းစားပေး ချင်လဲ။
သမီးလေး အတွက်ဆို ရင် သမီးလေးက အခုအချိန် မှာ မသိတတ်သေး တဲ့အရွယ် ဖြစ်နေတယ်။ သိတတ်တဲ့ အရွယ်ကျရင် ပျော်သွား စေမယ့် ဟာမျိုးကို စဉ်းစားရ မှာပဲ။ အခုဆိုရင် မိသားစု အတွက် ပိုပြီး စဉ်းစား ပေးဖြစ် တယ်။ အူဝဲ အတွက် ကနောက် မှာ ဖြစ်သွားပြီ။ ပထမ ဦးစား ပေးက သမီးလေး၊ နောက်မှ ယောက်ျားပေါ့။ (ရယ်လျက်) အဲဒီ အတိုင်းဆို စိတ်ဆိုးသွား မလား မသိဘူး။

ဒီဇင်ဘာမှာ ကျင်းပ မယ့် အကယ်ဒမီပွဲ အတွက် ရော ဘယ်သူတွေ အတွက် ရင်ခုန်ပေးတာလဲ။

ခါတိုင်းနှစ် တွေလိုပါ ပဲ။ အကယ်ဒမီ ရမယ့် သူတွေ ကိုသွားပြီး အားပေးမယ်။ ရင် ခုန်မှုကတော့ နှစ်တိုင်းရှိတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ရယ် ဘယ်တော့မှ မစဉ်းစားဘူး။ မျှော်လင့် ပြီးတော့မှ မဖြစ်ရင် ပိုခံစားရတယ်။ ပေါ့ပေါ့ပါး ပါးလေးနေတာက ပိုကောင်း တယ်။ ပိုသက်သာတယ်။

အူဝဲရော၊ ပြေတီရော အကယ်ဒမီ တွေ ရထားတော့ ပြေသုဒြာ အတွက် အကယ် ဒမီ သီးသန့် ယူပေးချင်သေး လား။
အကယ်ဒမီ ဆိုတာ တော့ အနုပညာ သမား တိုင်း လိုချင် ကြတယ်။ အနု ပညာ သမားတိုင်း တောင့်တ တဲ့ဆု၊ အူဝဲလည်း ပေးရင် လိုချင် တယ်။ မမျှော်မှန်း ရဲပါဘူး။

အိန္ဒြာကျော်ဇင်က ပြေတီဦး နဲ့တွဲပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ထားတဲ့ အဖြူရောင် ရဲတိုက် ရုပ်ရှင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထား တာ ရှိပါတယ်။ ဒီဇာတ် ကားက အိကျော် ဇင် ကိုယ်ဝန် လေးလ လောက်မှာ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ် ကားဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရုံတင်နှစ်မှာ ပြသမယ့် ရုပ်ရှင် ဇာတ်ကား လည်း ဖြစ်ပါတယ်။
ပြေတီဦး မွေးနေ့နဲ့ အတူ ပြုလုပ်မဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း နှစ်ပတ်လည် ရန်ပုံငွေ ပွဲကိုတော့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နေ့မှာ မပြုလုပ် ဖြစ်သေးဘဲ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အထိ ရွှေ့ထား ပါတယ်။ ပြေတီဦး ပညာရေး ဖောင်ဒေး ရှင် ရန်ပုံငွေ ပွဲမှာ အငြိမ့်၊ ပြဇာတ် အစီအစဉ် များနဲ့အတူ အနုပညာ ရှင်များစွာ ပါဝင် တက်ဆက်မှာ ဖြစ်တာကြောင့် အနုပညာ ရှင်များ အားတဲ့ ရက်ကို စောင့်ဆိုင်းတဲ့ အတွက် အခုလို ရက်ရွှေ့ လိုက်ခြင်း ဖြစ်ပါတယ်။


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: