|
Written by ခင်လေးမြင့်
|
|
Wednesday, 05 December 2012 17:37 |
၂၀၁၂ ဒီဇင်ဘာထဲမှာ ကျင်းပမယ့် အကယ်ဒမီ ပေးပွဲမှာ ဘယ်သူတေ ဆုရနိုင် တယ်ဆိုပြီး ခန့်မှန်းချက် တွေ ထွက်နေ ပါပြီ။
argaiv1369
ရုံတင် ပြသတဲ့ ရုပ်ရှင် ဇာတ်ကား ၁၅ ကားထဲမှာမှ ဘယ်ဇာတ်ကား တွေက အကယ်ဒမီ ရနိုင်တယ် ဆိုတာလဲ ခန့်မှန်းမိ နေပါပြီ။ အမျိုးသမီး ဇာတ်ပို့ဆု အတွက် ရင်ကွဲနာ ရုပ်ရှင် ဇာတ်ကားနဲ့ ချစ်စနိုးဦး ရနိုင်တယ် ဆိုတာတွေလည်း ထွက်ပေါ် နေပါတယ်။
ရင်ကွဲနာ ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်ဒမီ ရနိုင်တယ်လို့ ခန့်မှန်း နေကြတဲ့ အပေါ် ချစ်စနိုးဦး ဘာများ ပြောချင်လဲ။ ခန့်မှန်းချက်တွေပေး ကြတဲ့အတွက် ကျေးဇူးတင် ပါတယ်။ ဒီကားထဲမှာ လည်း အကောင်းဆုံး သရုပ်ဆောင်ထား ပါတယ်။ ရလား၊ မရဘူးလားက ကုသိုလ်ကံ နဲ့လည်း ဆိုင်ပါတယ်။ နှစ်တိုင်းက သူများ အတွက် ရင်ခုန်ဖို့ အကယ်ဒမီ သွားတာ။ ဒီနှစ်တော့ ကိုယ့်ကားလေးလည်း ပါတယ်။ နည်းနည်းလေး အဓိပ္ပာယ်ရှိ တယ်။ သူများလို ရင်ခုန်လို့ ရတာပေါ့။ ရတာ မရတာကတော့ ကုသိုလ်ကံပေါ့။ ရရင် တော့ လိုချင်တယ်။
အဲဒီကားမှာ သရုပ် ဆောင်တုန်းက ဘယ်လိုစိတ် မျိုးနဲ့ သရုပ်ဆောင် ခဲ့လဲ။ ဒီကားက အရင် ဗီဒီယို ရိုက်ဖူးတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒါရိုက်တာ ကုသိုလ် ရိုက်တာ။ အဲဒီမှာ အခု သရုပ်ဆောင်တဲ့ နေရာကပဲ သရုပ်ဆောင် ခဲ့ရ တယ်။ ဇာတ်လမ်းက ကောင်းတော့ ဇာတ်လမ်း နည်းနည်း ပြင်ပြီး ရုပ်ရှင်ကားကြီး ပြန်ရိုက်တာ။ ဒီလူတွေပဲ တော်တော်များ များ ပြန်ပါတယ်။ မကေ (မြတ်ကေသီ အောင်)၊ ကိုရန် လေးတို့ပဲ ထပ်တိုး လိုက်တာ။ ဒီကားရဲ့ ရှေ့ပိုင်းမှာ မောင်နှမ အပျော်လေး တွေရှိတာ၊ နောက်ပိုင်းမှာက တစ်ကားလုံး ငိုနေ ရတာချည်းပဲ။ အကောင်းဆုံး ဖြစ်အောင်တော့ သရုပ်ဆောင် ခဲ့ပါတယ်။
ရင်ကွဲနာ ဇာတ်ကားမှာ ချစ်စနိုးဦးက အဓိက အမျိုးသမီး ဇာတ်ဆောင် ဖြစ်မလား။ မဟုတ် ပါဘူး။ သမီး က ဇာတ်ပို့ပါ။ ရမယ်ဆိုရင် လည်း ဇာတ်ပို့ပဲ ရမှာပါ။ ဘာ ဖြစ်လို့လဲ ဆိုတော့ အဓိက ဇာတ်က ကိုမင်းအုပ်စိုးရဲ့ ဇာတ်၊ သူ့ကိုပဲ အားလုံးက ၀ိုင်း ပြီး ပို့ပေးထား ကြတယ်။ အဲဒီ ဇာတ်ကားကို ကြည့်လိုက် တာနဲ့ သိပါတယ်။ သမီးရဲ့ နေရာက ခေါင်းဆောင်မင်း သမီးနေရာမှ မဟုတ်တာ။ တစ်ကားလုံး မှာပါတဲ့ သူအား လုံးက သူ့ကိုဝိုင်းပြီး ပို့ကြ တာ။ အဓိကက ကိုမင်းအုပ် စိုးဇာတ်ပါ။
ပထမဆုံး အကယ်ဒမီ ကို ဇာတ်ပို့နဲ့ ရမယ် ဆိုရင်... ဘာပဲဖြစ်ဖြစ် အကယ် ဒမီဆိုတာက သရုပ်ဆောင် တိုင်း အနုပညာ ရှင်တိုင်း အတွက် ပန်းတိုင် ပါပဲ။ ကိုယ် လုပ်ခဲ့တဲ့ ဟာလေး တစ်ခု၊ ဆု လေး တစ်ခုရတာ၊ ဇာတ်ပို့ အနေနဲ့ ပဲရရ၊ ဇာတ်ဆောင် အနေနဲ့ ပဲရရ ဘယ်လိုပဲ ရရ၊ ရတယ် ဆိုရင်ပဲ တော်တော် လေးဝမ်းသာ ပါတယ်။ သမီး က ဗီဒီယိုတွေ၊ ဒီဗီဒီတွေ ရိုက်ရတယ်။ ဒါပေမဲ့ ကား ကြီးအတွက် အခွင့် အရေးသိပ် မရဘူး။ ဒီလို အခွင့် အရေးရ တာကလည်း ဒီကားပဲ သေ သေချာချာ လုပ်ကွက်ရတာ ဆိုတော့ ရတဲ့ဟာကို အကောင်းဆုံးလည်း လုပ် ထားတယ်။ ရမယ်ဆို မျှော် လင့်ပါတယ်။
ရုပ်ရှင် ကားကြီးမှာ သေ သေချာချာ သရုပ်ဆောင် ခွင့်ရတာ ဒီကားပဲရှိ တာလား။ သေသေ ချာချာ လုပ် ကွက်ရပြီး လုပ်ရတာဆို ဒီကားက ပထမဆုံးပဲ။ ကျန်တဲ့ ဟာတွေက ရိုက်တော့ ရိုက်ရ တယ်။ ဟာသကား ပေါ့ပေါ့ ပါးပါးလေး တွေပဲ။ သေသေ ချာချာ နင့်နင့် နဲနဲ လုပ်ရတာ ဒီတစ်ကားပဲ ရှိသေးတယ်။ သမီး အနုပညာ သက်တစ်လျှောက် မှာပေါ့။
ချစ်စနိုးဦးရဲ့ ပြိုင်ဘက် ရုပ်ရှင် ဇာတ်ကား အနေနဲ့ ဘယ်ကားကို သတ်မှတ် မလဲ။ ဇာတ်ပို့ အနေနဲ့ ဆိုရင် မဇာကြီး(မေသဉ္ဇာဦး) လို့ လည်း ပြောနေတယ်။ ထာဝရ အလင်းတန်း ဇာတ်ကားနဲ့လို့ ပြောတယ်။
အကယ်ဒမီ ရမယ်လို့ မှန်းပေး ကြတဲ့သူ တွေအားလုံး ကို ကျေးဇူး တင်ကြောင်း၊ အကယ်ဒမီ ရတယ် ဆိုရင် အတိုင်းထက် အလွန် ၀မ်းသာ မှာဖြစ်ပြီး ဘာပဲဖြစ်ဖြစ် လက်ခံဖို့ ပြင်ဆင်ထား ကြောင်း ချစ်စနိုးဦးက ဆို ပါတယ်။

ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
|
ခင်လေးမြင့် |
| About the author: |
| | |