ရင်ထဲမှာ ၁၀ နှစ်ကျော် သိမ်းထားခဲ့ ရတဲ့ ဇာတ်ဖြစ်တယ် PDF Print E-mail
Written by ဘို   
Wednesday, 05 December 2012 17:31
Share |

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ စာရင်းဝင် ကားတစ်ကား ဖြစ်တဲ့ ထာဝရ အလင်းတန်းများ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီကားကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာ ထွန်းအောင်ဇော်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

argaiv1457
argaiv1673

ကိုထွန်းအောင်ဇော် ဒီဇာတ်က ရုပ်ပြ ဇာတ်လမ်းဆို။
ဟုတ်ပါတယ်။ မိုးကြိုးရဲ့ ရုပ်ပြ ဇာတ်လမ်းပါ။ ဇာတ်လမ်း နာမည်က ဆရာ ဖြစ်ပါတယ်။

ဒီဇာတ်ကို ကြိုက်လို့ ကိုထွန်းအောင်ဇော် ၀ယ်ထား ခဲ့တာလား။

မူလ ၀ယ်တာကတော့ ကျွန်တော် မဟုတ် ဘူးဗျ။ကျွန်တော့်ကို ကိုမျိုးမင်း (သူက အဲဒီတုန်းက ဒါရိုက်တာ မလုပ်သေးဘဲ ဒီဇိုင်နာ လုပ်နေတဲ့ ကာလ ပါ။) က ပြခဲ့တာ။ ဒါကို စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေး က ကိုဝင်းကြည် ၀ယ်ထားတာ ဆိုတော့ ကျွန်တော် ပြန်ဝယ် ခဲ့တယ်။ ကျွန်တော့် လက်ထဲမှာ ဇာတ်ရပြီးတော့ ဟေမာန်ဦး ထုတ်လုပ်ရေးက  ရုပ်ရှင် ရိုက်မယ် ဆိုပြီး ဇာတ်တင် ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး။မရိုက် ဖြစ်ခဲ့ပါဘူး။

ဦးဇော်မြင့်နဲ့ တွေ့တော့မှ ရိုက်ဖြစ် သွားတယ်ပေါ့။
ဦးဇော်မြင့်နဲ့ မတွေ့ခင် ၁၀ နှစ်လောက် ဒီဇာတ်ကို ကျွန်တော် သိမ်းထား ခဲ့ရ တယ်။ ဦးဇော်မြင့် ထုတ်လုပ် တဲ့ ၅၂၈ ဒီဗီဒီကား ရိုက်တော့ ဖိုးချစ်က ကျွန်တော်နဲ့ တစ် ကားလောက် ရိုက်ချင်သေး တယ်ပြောလို့ ဇာတ်ညွှန်းက အစ ပြင်ဆင် ထားခဲ့ ပါတယ်။ ဒီလို မပြင်ဆင်ခင် အိမ်မှာ ကျွန်တော့် မိန်းမကို ကျွန်တော် အကြိမ်ပေါင်း များစွာ ပါးစပ် နဲ့ရိုက်ပြတော့ မိန်းမ မျက်ရည် ကျတဲ့ အထိပဲ။ ဖိုးချစ်နဲ့ ရိုက် မယ်လို့ ပြင်ဆင် ခဲ့ပေမယ့် သူ ပေးနိုင်တဲ့ ရက်နဲ့ ကျွန်တော်နဲ့ ကလွဲ လွဲနေတယ်။ နောက်ဆုံး မန္တလေး ထိ လိုက်သွားပြီး ညှိ ပေမဲ့ ရိုက်ရက်က ဘယ်လိုမှ အဆင် မပြေဘူး။ အဲဒီမှာ ဦးဇော်မြင့်က ကျွန်တော်နဲ့ကား ရိုက်ချင်တယ် ဆိုလို့ ဒီဇာတ်ကို ပြလိုက်တာ။ သူလည်းကြိုက် သွားတာနဲ့ ရိုက်ဖြစ် သွားတာ ပဲ။ မူလ ရည်ရွယ် တုန်းက တော့ ကျော်ရဲအောင်နဲ့ ရိုက်ဖို့ ပါ။ ဒါပေမဲ့ ဦးဇော်မြင့် ရိုက် မယ်ဆိုတော့ ကျွန်တော်က မင်းသား အကြီးနဲ့ မရိုက်ဘဲ မင်းသားငယ် တင်ရိုက်ပါ။ နောင်နောင်နဲ့ ပဲရိုက်ပါလို့ တိုက်တွန်း ခဲ့တာပါ။

ဇာတ်အိမ် တည်တဲ့ ၀ါး နက်ချောင်းရွာ ဆိုတာက ဘယ်နားမှာ ပါလဲ။

ရဲရွာ ရေအား လျှပ်စစ်ကနေ ၇ မိုင်လောက် အထဲကို ၀င်ရပါတယ်။ ရွှေစာရံနား ဆိုကြပါစို့။ ရိုက်တဲ့အခါမှာ တစ်ရွာလုံးက အကူ အညီပေး ကြပါတယ်။ ထုတ်လုပ်သူက လည်း ရွာဦး ဘုန်းကြီးကျောင်းမှာ ဇရပ်လှူ တဲ့အပြင် လိုတာ တွေ ပြင်ဆင် ပေးခဲ့တယ်။ ဒါ ကြောင့် ရွာသူ ရွာသားတွေက ဘယ်သူ့ အိမ်ပဲ တက်ရိုက် ရိုက်၊ ဘယ်သူမှ ပိုက်ဆံ မယူ ကြပါဘူး။ အားလုံး ကူညီ ကြပါတယ်။

နောက်ဆုံးခန်း မတိုင်ခင် ရေနစ်တဲ့ ကျောင်းသားက လေးတွေကို ဆရာလေး ကလိုက် ဆယ်တဲ့ အခန်း ရိုက်ရတာ တော်တော် ခက်မယ် ထင်တယ်။
သူ့မူရင်း ကတော့ ကျောင်းသားလေးတွေက ဆီးသီး ကောက်သွား ကြရင်း ဒေါင်းသေ ချောင်း ရေဆင်းလာ လို့ရေနစ် တာပါ။ ကျွန်တော် ကတော့ ဇာတ်ကို ပြင်ပြီး နဂို ကတည်းက ကျောင်းသားလေး တစ်ယောက် မိဘကို ကူပြီး ငါးဖမ်း ပေးရတာနဲ့ ဇာတ်ကို ချိတ်ထား ပါတယ်။ ရေနစ်တဲ့ အခန်း ရိုက်တဲ့ နေရာမှာ ရွာခံ ကလေး နှစ်ယောက်က နောင် နောင်နဲ့ အိစိကွေးတို့ နှစ်ယောက် နေရာမှာ လူစားထိုး သရုပ်ဆောင် ပေး ကြပါတယ်။ သူတို့က ရေသူရဲ တွေလေ။ တကယ့်ဝဲနဲ့ မလှမ်းမကမ်း နေရာမှာ ရိုက် ခဲ့ကြတာပါ။ လူစားထိုးတဲ့ နှစ်ယောက် ၀ဲထဲပါ သွားလို့ မနည်းဆယ်ခဲ့ကြရတယ်။ ကျွန်တော် ကတော့ ဒုက္ခများ ပြီလို့ ထင်နေတာ။ ၀ဲထဲက ထွက်လာတော့ သူတို့ကို ဆင် ထားတဲ့ ကျောင်းစိမ်း လုံချည် တွေ ပါမလာ တော့ ဘူး။ကလေးတွေက သူတို့ အလုပ် လုပ်ရင် တစ်နေ့ လေးထောင် ရတယ်ပြောလို့ သူတို့ အတွက် တစ်သောင်းခွဲ စီပေး ခဲ့ပါတယ်။ အဲဒီကလေး တွေက အနုပညာ အခံ တော်တော် ရှိကြတယ်။ နောင်နောင်နဲ့ အိစိကွေး ကိုပြော တာပဲ သူတို့ နားထောင် နေတာ။ သူတို့ကို သင်စရာ မလိုခဲ့ ပါဘူး။

ကိုထွန်းအောင်ဇော် အနေနဲ့ ပရိသတ် ကြိုက်မယ့် ဟာသ ဇာတ်မျိုးကို မရွေးဘဲ ဒီလို ဇာတ်မျိုးကို ဘာကြောင့် ရွေးဖြစ်တာလဲ။
ကျွန်တော် ဇာတ်ကို ကြိုက်တယ်။ ဇာတ်ကောင် တွေရဲ့စရိုက် ကိုလည်း ကြိုက် တယ်။ ကားသွား ရိုက်တော့ အခု ဒါရိုက်တာ ဖြစ်တဲ့ စိုး ကျော်ဆန်းက မေတ္တာနဲ့ လိုက်  ပြီးကူညီ ပေးခဲ့ပါတယ်။ ဇာတ် ညွှန်းရေးတုန်းကလည်း သူနဲ့ ကိုမြင့်ဆောင်က ကျွန်တော့် ကို ကူညီ ပေးခဲ့ကြပါတယ်။

ရိုက်ပြီး သားကား ဘာ ကားရှိလဲ။
ဦးဇော်မြင့်နဲ့ ဖိုးချစ် ထုတ်တဲ့ လော်မင်္ဂလာ ရှိတယ်။ ဒါကတော့ ဟာသကားပါ။ ကျွန်တော် နောက်ခံ တေးဂီတ တီးခိုင်းတဲ့ အဆင့်ကို ရောက် နေပါပြီ။

ထာဝရ အလင်းတန်းများ နဲ့ပတ်သက်ပြီး ကိုထွန်းအောင် ဇော်မျှော်လင့်ချက်က...။

မျိုးမျိုးနဲ့ ကိုလူမင်း တို့ကို ရစေချင်ပါတယ်။ ကျွန်တော့် အတွက် မမျှော်လင့်ပါဘူး။

ကျေးဇူးပါ ကိုထွန်း အောင်ဇော်။


ဘို
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


Last Updated on Wednesday, 05 December 2012 18:47