အကယ်ဒမီကို ကြောက်တဲ့ နောင်နောင် PDF Print E-mail
Written by ဘို   
Wednesday, 05 December 2012 17:28
Share |

မန္တလေးမြို့ ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဦးဇော်မြင့် က သူ့သား နောင်နောင် ကို သရုပ်ဆောင် တစ်ယောက် အဖြစ် စင်တင် ပွဲထုတ် နိုင်ဖို့ အတွက် ဗီဒီယို ကားများကို စတင်ရိုက် ကူးခဲ့ပါတယ်။

These, and subjects were outliers because of systolic BP <   mm  Hg, while and subjects were outliers because of a decrease from baseline in systolic BP of >   mm  Hg, following tadalafil and placebo, respectively cialis online here. upplementation seemed to be linked to increased arginine levels, and reduced total leukocyte counts and segmented neutrophil countsDinsmore WW, Gingell CJ, Jardin A et al order cialis online.
argaiv1437

ပထမဆုံး ရိုက် ကူးတဲ့ ဇာတ်ကားက စာရေး ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ မေ့မှာ စိုးတယ် ၀တ္ထုကို မူရင်း နာမည်နဲ့ပဲ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးပေး ခဲ့တဲ့ ဗီဒီယိုကားပါ။ ဒီကားမှာ နောင်နောင်က ဆုရွှန်းလဲ့၊ ဇင် မျိုးတို့နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ ပါတယ်။ အစ်ကိုနဲ့ စေ့စပ် ကြောင်းလမ်းမယ့် မိန်းကလေး ကို အတင်းအဓမ္မ ခိုးယူခဲ့တဲ့ ညီဆိုးကလေး တစ်ယောက် အဖြစ် သရုပ်ဆောင် ခဲ့တာပါ။

ဒုတိယ ဗီဒီယိုကားက တော့ ခိုင်မိုးယံ လို့ အမည်ပေး ထားတဲ့ ဗီဒီယို ကားပါ။ ဒီ ကားလေးက မျက်မမြင် လူငယ် သင်တန်း ကျောင်းမှာ ရိုက်ကူး ခဲ့တာဖြစ်ပြီး နောင်နောင်က ကြည့်မြင်တိုင် မျက်မမြင်ကျောင်း မှာ ကျောင်းဆရာ ကလေးအဖြစ် သရုပ်ဆောင် ရပါတယ်။ ဒီ ကားမှာ အိန္ဒြာကျော်ဇင်၊ ဆန်းထွဋ်တို့ နဲ့အတူ သရုပ်ဆောင်ခဲ့ ပါတယ်။ ဒါရိုက်တာက ဦးတင်ဦးပဲ ဖြစ်ပါတယ်။

တတိယ ဗီဒီယိုကားက တော့ ဒါရိုက်တာ စင်ရော် မောင်မောင် ရိုက်ကူးပေး တဲ့ ချစ်လည်းချစ်တယ်၊ မုန်းလည်း မုန်းတယ် အမည်ရှိ ဗီဒီယိုကား ဖြစ်ပါတယ်။ နောင်နောင်နဲ့ အတူ ဇင်ဇင်ဇော်မြင့်နဲ့ ဇာတ်ပို့ ဇာတ်ရံများ ပါဝင် သရုပ်ဆောင် ထားကြပြီး စာရေး ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ဂျီဟော သူ ၀တ္ထုကို ရိုက်ကူး ထားခြင်း ပါ။ တက္ကသိုလ် ဇာတ်လမ်း ဖြစ်ပေမယ့် တက္ကသိုလ်မှာ ရိုက် ကူးခွင မရှိတာ ကြောင့် ဇာတ် လမ်းကိုတော့ ပြင်ခဲ့ ရပါတယ်။

ဗီဒီယိုကား ၃ ကားစ လုံးလက်ထဲမှာ အဆင်သင့်ဖြစ် ပေမဲ့ အကောင်း ကြိုက်တဲ့ ဦးဇော်မြင့်က သူ့စိတ်တိုင်း မကျ သေးတာကြောင့် ဖြန့်ချိ ခြင်း မပြုဘဲ ထားခဲ့ ပါတယ်။ နောင်နောင်အတွက် နောက်ထပ် ဗီဒီယိုကား စဉ်းစား ကြတဲ့အခါ မှာ ဒါရိုက်တာ ထွန်းအောင် ဇော်က ရုပ်ပြ ဇာတ်လမ်းတစ်ခု ကိုပြလာတဲ့ အတွက် ဒီဇာတ် လမ်းကို ထာဝရ အလင်းတန်း များ အမည်နဲ့  ဒီဗီဒီရိုက်မယ် လို့စဉ်းစား ခဲ့သေးပေမယ့် ဦးဇော်မြင့် ကိုယ်တိုင်က ဇာတ် ကို ကြိုက်တာကြောင့် တစ် ကြောင်း၊ ဒါရိုက်တာ ထွန်း အောင်ဇော်ကို ယုံကြည်တာ က တစ်ကြောင်း ကြောင့် ဒီဗီဒီ မရိုက်တော့ဘဲ ရုပ်ရှင်ကား ကြီးအဖြစ် ရိုက်ကူး လိုက်ပါ တယ်။ နိုဝင်ဘာလ ၃၀ ရက် နေ့မှာ ရုပ်ရှင်ရုံများ ပေါ် ရုံတင် ပြသတော့ မယ့် ထာဝရ အလင်း တန်းများက ၂၀၁၁ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ စာရင်းဝင် ၁၅ ကားမှာတစ်ကား အပါအ၀င် ဖြစ်နေ ပါတယ်။

၁၅ ကားမှာ အမျိုးသား အဓိက သရုပ်ဆောင် နောင်နောင် ဖြစ်နိုင်ချေ ရှိတာကြောင့် တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

နောင်နောင် ဒီကားရိုက် မယ်ဆိုတော့ ဦးထွန်းအောင်ဇော် တတိယ မြောက် ဆုံရတဲ့ ဒါရိုက်တာ ဖြစ်မှာပေါ့။
အာစရိက ကျွန်တော် ပါပါကြီး(ဦးတင်ဦး)နဲ့ ကား စရိုက် ကတည်းက မြင်ဖူး တွေ့ဖူး နေတာပါ။ ဒါကြောင့် စိမ်းတော့ မစိမ်းတော့ပါဘူး။

ထာဝရ အလင်းတန်းများ ဇာတ်ကို ဦးထွန်းအောင်ဇော်က ပြတာလို့ သိရတယ်၊ ဟုတ်သလား။

ဟုတ်ပါတယ်။ သူပြတဲ့ ဇာတ်ကို ကြိုက်တာကြောင့် ကျွန်တော့် အဖေ ဦးဇော်မြင့်က ရုပ်ရှင်ရိုက် မယ်ဆိုပြီး ရိုက်ခဲ့ တာပါ။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲ မှာ နောင်နောင်ကို အကောင်း ဆုံး အမျိုးသား ဇာတ်ဆောင် ဆု ရနိုင် တယ်လို့ ခန့်မှန်းရင် ဘာပြောမလဲ။
မဖြစ်နိုင် ဘူးထင်ပါ တယ်။ ကျွန်တော့်ထက် ၀ါရော သမ္ဘာရော ရင့်တဲ့ အစ်ကို တွေ အများကြီး ရှိပါတယ်။ ကျွန်တော့် အတွက်က ဒါ ပထမဆုံး ရုပ်ရှင်ကားလည်း ဖြစ်နေ တာကြောင့် မမှန်းရဲပါ ဘူး။ အကယ်ဒမီ ဆိုတာ ကြောက်စရာ ကောင်းပါတယ်။ ကျွန်တော် ကတော့ လက်ခုပ် တီးဖို့ပဲ ဒီပွဲကို တက်မှာပါ။

ကျေးဇူးပဲ နောင်နောင်။


ဘို
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


Last Updated on Monday, 10 December 2012 21:26