၁၁ နှစ်ခုထပ်နဲ့ ၉ လုံးထပ်တဲ့သူ PDF Print E-mail
Written by ဘို   
Wednesday, 05 December 2012 17:23
Share |

၁၉၉၉ ခုနှစ်ဟာ စနိုးဝှိုက် ဗီဒီယို ထုတ်လုပ် ရေးက စင်တင် ပွဲထုတ်တဲ့ သရုပ်ဆောင် သစ် ကလေး အတွက် ဖြစ်စေ ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ သူ့နာမည်ကို နိုင်းနိုင်းလို့ အမည်ပေး ခဲ့ကြပါတယ်။

argaiv1625

စနိုးဝှိုက် ဗီဒီယို ထုတ်လုပ်ရေး က အဆက် မပြတ် ရိုက်ကူး ထုတ်လုပ် ခဲ့တာကြောင့် သူတို့ရဲ့ စင်တင် မင်းသားလေး နိုင်းနိုင်း ဟာလည်း သရုပ်ဆောင် လောကမှာ အောင်မြင်မှု ရသင့် သလောက် ရခဲ့ပါတယ်။ ဗီဒီယိုကား များပြီး ရုပ်ရှင် ကားကြီး ၁၀ ကားမှာ သရုပ်ဆောင် ခဲ့ပြီးတဲ့ နောက် ချင်းတွင်း ရုပ်ရှင် ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ စင်ရော် မောင်မောင်က စာရေး ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာ ၀တ်မှုန် ကို ရုပ်ရှင် ကားကြီး အဖြစ် ရိုက်ကူးရာမှာ အဓိက သရုပ် ဆောင် အဖြစ် ပါဝင် လှုပ်ရှားခွင့် ရခဲ့ပါတယ်။
ပန်းကြာ ၀တ်မှုန် ဟာ နိုင်းနိုင်း အတွက် ၁၁ ကား မြောက်ရုပ်ရှင်ကား ဖြစ်ပြီး ၂၀၁၁ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ စာရင်းဝင်ကား တစ်ကား ဖြစ်နေပါ တယ်။ ထူးခြားတဲ့ တိုက်ဆိုင်မှု တွေနဲ့ ရှိနေတဲ့ ပြင်ဦးလွင်ရောက် နိုင်းနိုင်းကို ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။

နိုင်းနိုင်း အခု ဘာကား ရိုက်နေလဲ။
စာရေး ဆရာမ ဂျူးရဲ့ ကြေမွ သွားသော တိမ်တိုက် များ ကို ကြေမွ သွားသော ဆို တဲ့နာမည်နဲ့ ဒါရိုက်တာ မီး ပွားနဲ့ ရိုက်နေပါတယ်။ သင် ဇာဝင့်ကျော်နဲ့ အမျိုးသမီး သရုပ်ဆောင် အသစ်ကလေး တစ်ယောက် ပါပါတယ်။

ဒီနှစ်မှာ နိုင်းနိုင်း သရုပ် ဆောင်ထားတဲ့ “ပန်းကြာဝတ်မှုန်” လည်း စာရင်း ၀င်တယ်နော်။
ဟုတ်ကဲ့။

ဒီကားမှာ သရုပ်ဆောင် ခဲ့ရတာနဲ့ ပတ်သက်လို့ နိုင်းနိုင်း ခံစားချက် ကလေးကို ပြောပါဦး။
ဒီကားမှာ ကျွန်တော်က ခံစားချက် မှန်သမျှ ဘယ် တော့မှ ထုတ်မပြောဘဲ မျို သိပ်ထားတတ် တဲ့သူတစ် ယောက်အဖြစ် သရုပ်ဆောင်ရ ပါတယ်။ နှုတ်က မပြောသ လို ကိုယ်အမူ အရာနဲ့လည်း မပြရဘဲ ခံစားချက် မှန်သမျှ ကို မျက်စိနဲ့သာ သရုပ်ဆောင် ရတဲ့အတွက် ထူးခြားတဲ့ ကားလို့ ပြောရပါ လိမ့်မယ်။ ကျွန်တော် လုပ်ရတာ တွေက အားလုံး အငြိမ်ပဲ။ ရှမ်းစော်ဘွား မျိုးရိုးက ဆင်းသက် လာပြီး အစစ အရာရာမှာ မျို သိပ်သူ တစ်ယောက်ပေါ့။ ယုတ်စွ အဆုံး ချစ်သူ ကိုတောင် မှ ချစ်တယ်လို့ နှုတ်က ဖွင့် မပြော တဲ့သူ ဖြစ်ပါတယ်။

နိုင်းနိုင်း သရုပ်ဆောင် လောကထဲ ရောက်လာတာ ၁၃ နှစ်လောက်ရှိပြီဆို တော့...။

ကျွန်တော့် နောက်က တက်လာတဲ့ သရုပ်ဆောင် တွေ တစ်ယောက်ပြီးတစ် ယောက် အကယ်ဒမီ တွေ ရ ကုန်ကြပြီ။ ကျွန်တော်က တော့ အခုထက်ထိ အကယ်ဒမီနဲ့ လွဲနေ ဆဲပါပဲ။ ပန်းကြာ ၀တ်မှုန် အတွက်တော့ ကျွန်တော် မျှော်လင့်ချင် ပါတယ်။


ရချင်လည်း ရသွားမှာ ပေါ့။ မျှော်လင့်ချက် ဆိုတာက လူတိုင်း ထားနိုင် တာပဲ။

ကျေးဇူးပါ။


ဘို
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)