မျက်လုံးလေး ကလယ် ကလယ် PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 04 December 2012 20:24
Share |

နည်းပညာ တိုးတက်မှု နဲ့အတူ ပြောင်းလဲ လုပ်ဆောင်မှု တွေလည်း များစွာ လုပ်ဆောင် နေကြ ပါတယ်။

argaiv1951
argaiv1563

ဗီဒီယို ဇာတ်ကား ရိုက်ကူးရေး တွေမှာ ရိုက်နေကျ ကင်မရာ တွေအပြင် Cannon 5D Mark II, Mark III ကင်မရာ တွေ အသုံးပြုပြီး ရိုက်ကူး လာကြ ပါပြီ။ ဒါရိုက်တာ ၀င်းထွန်းထွန်းက မျက်လုံးလေး ကလယ် ကလယ် ဆိုတဲ့ ဇာတ်ကားကို Cannon 5D Mark II, Mark III ကင်မရာ လေးလုံးနဲ့ ရိုက်ကူး ထားပါတယ်။ ကိုကိုနိုင် ရဲ့ဇာတ်လမ်းကို မြင့်ဦးဦးမြင့် ဇာတ်ညွှန်းရေး ထားတဲ့ ဒီဇာတ်ကားမှာ နေတိုး၊ စိုးမြတ်သူဇာ၊ ရွှေမှုန်ရတီ၊ ညီထွဋ်ခေါင်၊ နေဆန်း စတဲ့ သရုပ်ဆောင် များ ပါဝင် သရုပ်ဆောင် ထားကြ ပါတယ်။ ဒါရိုက်တာ ၀င်းထွန်း ထွန်းက ဒရာမာ ဇာတ်ကားတွေ ရိုက်တာ များ ပေမယ့် မျက်လုံးလေး ကလယ် ကလယ် ဇာတ်ကားက လျှို့ဝှက် သည်းဖို ဇာတ်ကား တစ်ကားပါ။ လျှို့ဝှက် သည်းဖို ဇာတ်ကား ဖြစ်သလို ညတစ်ညရဲ့ ည ၇ နာရီက စဖြစ်တာ ည ၁၁ နာရီမှာ အဆုံးသတ် ထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ တစ်နေ့တာ၊ တစ်ညတာ အတွင်း ဖြစ်ပျက်တာ မျိုးမဟုတ်ဘဲ ၄ နာရီအတွင်းမှာ ဖြစ်ပျက်တာကို ဇာတ်လမ်း အဖြစ် ပုံဖော် ထားတာ ဖြစ်ပါတယ်။

၎ နာရီ အချိန် အတွင်း ဖြစ်တာကြောင့် ပါဝင် သရုပ်ဆောင်တဲ့ သရုပ်ဆောင် တွေ အားလုံးရဲ့ အ၀တ် အစားတွေက တစ်စုံတည်းပဲ ၀တ်ထား ကြပါတယ်။ ၄ နာရီစာ အချိန် အတွင်းမှာ ရိုက်ရတာ ဖြစ်တဲ့ အတွက် ရိုက်ကူးရေး နေရာ တစ်ခုတည်းမှာ ပရိသတ် မပျင်း ရအောင် ဂရုစိုက် ရိုက်ကူး ရတယ်လို့ သိရပါတယ်။ “ဇာတ်လမ်းရဲ့ အနေအထား ကလည်း ဘာများ ဖြစ်မလဲ ဆိုပြီး ပရိသတ်တွေ ပါလာအောင် ခေါ်သွားရတဲ့ အနေအထား မှာ စကား တွေချည်း ပြောလို့ မရဘူး။ ဇာတ်လမ်း သိရုံ စကားသွား ပြောရင် ပရိသတ် ပါမလာ နိုင်တော့ ရိုက်ချက်ကို ပြန်ခေါ် ရတယ်။ ရိုက်ချက် တစ်ခု ကောင်းဖို့က Lighting ပိုင်းဆိုင်ရာ က စ စဉ်းစား ရတယ်။ ညလည်း ဖြစ်တော့ Lighting ပိုင်းရော Crema Cropping ပိုင်းရော ပရိသတ် ငြိနိုင်အောင် စဉ်းစား ရတယ်။ တချို့ ရိုက်ကူးရေး တွေက အခု ရိုက်နေတဲ့ ကင်မရာ တွေနဲ့ ရိုက်ရတာ အခက်အခဲ ရှိတယ်။ ညဆိုတော့ မီးအလင်း အမှောင် ပြည့်ပြည့် ၀၀ ရဖို့ လိုတယ်။ တချို့ ရိုက်ချက် တွေမှာ ဥပမာ မျက်လုံးရဲ့ မျက်ဆံ အိမ်အမည်း လေးထဲကနေ တစ်ဖက်လူရဲ့ သရုပ်ဆောင် ကို ပြန်ပေါ် အောင် ရိုက်ရတာ တွေရှိတယ်။ အဲဒါကြောင့် Mark III ကို အသုံးပြု ထားတယ်” လို့ ဒါရိုက်တာ ၀င်းထွန်းထွန်းက ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားတဲ့ နေတိုးက နည်းပညာရဲ့ တိုးတက်မှု အပေါ် အမြဲ လေ့လာ နေသလို စုဆောင်းနေ သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကား ရိုက်ကူး မှုမှာ နေတိုးရဲ့Cannon 5D Mark II နဲ့ Mark III နှစ်လုံး စလုံးကို အသုံးပြု ထားပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ၀င်းထွန်းထွန်း ရဲ့ကိုယ်ပိုင် ကင်မရာ 5D Mark II, Mark III တွေနဲ့ပါ   အားဖြည့် ရိုက်ကူး ထားပါ သေးတယ်။ လက်ရှိ ပြောင်းလဲမှု တွေရှိလာ တဲ့ အချိန်မှာ တိုးတက် ပြောင်းလဲမှု တွေကိုလည်း ဗီဒီယိုမှာ ဖြစ်စေ ချင်လို့ ဒီလို ပုံစံတွေနဲ့ ရိုက်ကူး ကြတာ ဖြစ်ပါတယ်။ အဟောင်း ထဲမှာပဲ ဆက်ထိုင် နေရင် ဗီဒီယိုက ကျန်ခဲ့ မှာကိုလည်း စိုးရိမ် ကြပါတယ်။ “ဘာပဲ ပြောပြော ရင်းနှီး မြှုပ်နှံလိုက် ရတာ များ ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံ လိုက်ရတာ ကလည်း စီးပွားရေး အရ ဘယ်ပရိုဂျူဆာ ကမှ ပိုက်ဆံ မပေးဘူး၊ ကိုယ့်ရူးသွပ်မှု နဲ့ ကိုယ်လုပ် ရတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှု ထဲမှာ ပါလာအောင် ကျွန်တော်တို့ ကြိုးစား ရတာပါ” လို့ ပြောင်းလဲ မှုနဲ့ အတူ ရင်းနှီး မြှုပ်နှံမှု အကြောင်း ပြောပြ ပါတယ်။

မျက်လုံးလေး ကလယ် ကလယ် ဇာတ်ကားကို ပြင်ဦးလွင်မှာ စုန်းပြူး ရုပ်ရှင် ရိုက်ရင်း ရိုက်မယ် ဆိုပြီးစီစဉ် ထားခဲ့တာပါ။ စုန်းပြူး ရိုက်တဲ့ အချိန်မှာ ဗီဒီယို ရိုက်တဲ့ဘက်ကို ရွှေ့လို့ မရတာကြောင့် ရန်ကုန်ကို ပြန်ရောက်မှ ရိုက်ဖြစ်တာ ဖြစ်ပါတယ်။ မျက်လုံးလေး ကလယ် ကလယ် ဗီဒီယို ဇာတ်ကားမှာ နေတိုးက သူ့ထက် အသက်ကြီးတဲ့ ခပ်ချောချော မိန်းမ တစ်ယောက်ကို ယူထား တဲ့သူပါ။ ကလေး မရခင်အထိ အဲဒီမိန်းမကို အရမ်း ချစ်ပေမယ့် ကလေးရ ပြီးတဲ့ နောက်ပိုင်းမှာ ရည်းစား ဟောင်းနဲ့ ပတ်သက်ပြီး နေတိုးက အရမ်း သ၀န်တို တတ်လာ ပါတယ်။ သ၀န်တို မှုကနေ သံသယ၊ သံသယ ကနေ စိတ်ပိုင်း ဆိုင်ရာ ကယောက် ကယက် ဖြစ်လာပြီး စိတ်ရောဂါကု ဆေးရုံမှာ ဆေးကုရတဲ့ အနေအထား တွေ ဖြစ်လာပါ တယ်။ နေတိုးက အပြင်က ကြည့်ရင် အရမ်းချစ် တတ်တယ်။ သိမ်သိမ် မွေ့မွေ့ ဖြစ်ပေမယ့် သူ့ရဲ့ အတွင်းစိတ်က အရမ်း ကြမ်းတမ်းတဲ့ လူသတ်သမား တစ်ယောက် လို ဖြစ်နေတယ်။ နေတိုး အနေနဲ့ အက်တင် ပိုင်းဆိုင်ရာ သေသေ ချာချာ လုပ်ရတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ရွှေမှုန်ရတီ ကတော့ နေတိုးတို့ အိမ်ရောက် လာပြီး စာလာ ပြတဲ့ ကောင်မလေး၊ ၄ နာရီဆိုတဲ့ အချိန် အတွင်းမှာ သူ့ဘ၀မှာ မကြုံဖူး တာတွေ ကြုံရတဲ့ သူအဖြစ် သရုပ်ဆောင် ထားပါတယ်။ စိုးမြတ်သူဇာ ကတော့ နေတိုး အရမ်းချစ် ရတဲ့ မိန်းမ တစ်ယောက်ပါ။ နေဆန်း ကတော့ စိုးမြတ် သူဇာရဲ့ ရည်းစားဟောင်း အဖြစ် သရုပ်ဆောင် ထားပါတယ်။ အခြားသူ တွေက တစ်နေ့စာ ဖြစ်ပျက်မှု တွေ ရိုက်ကြပေမယ့် ဒါရိုက်တာ ၀င်းထွန်းထွန်းကတော့ ၄ နာရီစာ အဖြစ်အပျက် ကို ရိုက်ကူးထား ပါတယ်။ ဖြစ်ပျက်တဲ့ အချိန်တို ပေမယ့် ရိုက်ပြချင်  တာတွေ များစွာ ရှိနေသေး တယ်လို့ ဒါရိုက်တာ ၀င်းထွန်းထွန်းက ဆိုပါ သေးတယ်။


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: