စိတ်ကူးယဉ် အိပ်မက်တွေနဲ့ ပျော်စရာ ကောင်းပြီး ကိုယ့်ရဲ့ စိတ်ကူးတွေကို တကယ် အောင်မြင်ဖို့ အကောင်အထည် ဖော်ဖို့ ကြိုးစားတဲ့ ဆယ်ကျော် သက်အရွယ်မှာ ဘယ်သူ မဆို ရည်ရွယ်ချက် အကြီးကြီးတွေ၊ ဘ၀ မြင့်မြင့်တွေကို အိပ်မက်လေ့ ရှိတာ သဘာဝ ပါပဲ။
argaiv1845
argaiv1321
ထူးခြားတဲ့ လူငယ် တချို့က တော့ လူနည်းစုတွေပဲ မက်လေ့ရှိတဲ့ အိပ်မက်တွေကို မက်တတ်ကြပါတယ်။ များသောအား ဖြင့်တော့ လူငယ်တွေရဲ့ အိပ်မက်တွေက အတတ် ပညာရှင်၊ လုပ်ငန်းရှင်တွေပဲ ဖြစ်ပြီး အောင်မြင် ကျော်ကြားဖို့ ခဲယဉ်းလှတဲ့ စာပေ အနုပညာရှင် ဖြစ်ချင်သူ နည်းပါးကြပါတယ်။ လင်းသိုက်ညွန့် ဆိုတဲ့ လူငယ် တစ်ဦးကတော့ ကလေးဘ၀က တည်းက စာရေးဆရာ ဖြစ်ချင်ခဲ့ပြီး သူ့ရဲ့စိတ်ကူး အိပ်မက်တို့ ဆယ်ကျော်သက် အရွယ် ၉ တန်း ကျောင်းသား အရွယ်မှာပဲ လက်တွေ့အကောင် အထည်ဖော်နိုင်ခဲ့သူပါ။
“ကျွန်တော် ၉ တန်း ဆယ်ကျော်သက် ဘ၀မှာ ကျွန်တော်တို့ ဆီမှာက ရိုးလ်မော်ဒယ်ထားဖို့ ဆိုရင် အမှန်အတိုင်း ပြောရင် စာရေးဆရာဟာ ရိုးလ် မော်ဒယ်လ်ထားလောက်တဲ့ အရာမှာ မရှိဘူး။ လူငယ်တွေ အများစု ရိုးလ်မော် ဒယ်လ် ထားနေကြတာက မင်းသားဖြစ်ဖို့၊ မင်းသမီး ဖြစ်ဖို့၊ အဆိုတော်ဖြစ်ဖို့၊ ကုမ္ပဏီ ပိုင်ရှင်ဖြစ်ဖို့၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်ဖို့ ဒါမျိုးတွေပဲ များပါတယ်။ ကျွန်တော်ကတော့ စာရေးဆရာဖြစ်ဖို့ စိတ်တကယ် ထားခဲ့ပါတယ်။ ထားခဲ့လို့လည်း ၉ တန်း ကျောင်းသားကတည်းက ပုံနှိပ်စာလုံး ဖြစ်အောင် ကြိုးစားခဲ့တာပါ”လို့ လင်းသိုက်ညွန့်က ဆိုပါတယ်။ လင်းသိုက် ညွန့်က ၃-၄ တန်း အရွယ်ကတည်းက ပလုတ်တုတ်ကလေး ဂျာနယ်မျိုးမှာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ဆိုတဲ့ ကလောင်နဲ့ ကလေးစာ၊ ကလေးကဗျာတွေ ပါဝင် ရေးသားခဲ့ဖူးသူပါ။ မိဘမျိုးရိုးစဉ်ဆက်မှာ စာပေနဲ့ ပတ်သက်တဲ့ အနု ပညာသွေး၊ ဗီဇ မရှိခဲ့ပေမဲ့ တစ်မိပေါက်တစ်ယောက်ထွန်းလို့ဆိုရမဲ့ လင်း သိုက်ညွန့်(မြန်မာ့မြေ) ဖြစ်လာအောင် ပြုစုပျိုးထောင် သူတော့ ရှိခဲ့ပါတယ်။ တစ်ဦးတည်းသောသား လင်းသိုက်ညွန့်ကို အဘိုးဖြစ်သူ ဦးသိုက်ညွန့်က စာရေးစာဖတ် ၀ါသနာ ပါအောင် မြေတောင်မြှောက်ပေးခဲ့သူဖြစ်ပြီး လင်းသိုက် ညွန့်ရဲ့အဖော်က စာအုပ်စာပေတွေ ဖြစ်ခဲ့ရပါတယ်။
“ကလေးတုန်းကတော့ ကျွန်တော် နှစ်သက် လေးစားခဲ့ရတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေက သူဌေးကြီးတွေ လိုနေရလိမ့်မယ်လို့ တကယ် မြင်ယောင်ခဲ့တာပါ။ အဲဒီ ကျွန်တော်လေးစား အထင်ကြီးတဲ့ စာရေးဆရာ ကြီးတွေရဲ့ တကယ့် ဘ၀ကို ကျွန်တော် သိတတ်တဲ့ အရွယ်ရောက်မှ တွေ့မြင်လိုက်ရတဲ့ အချိန်မှာ စိတ်မကောင်းဘူး။ ကျွန်တော် ၄ တန်းလောက်တုန်းကဆို အဲဒီ စာရေး ဆရာကြီးတွေက အခြံအရံတွေ အများကြီးနဲ့ အဆင့်မြင့်မြင့် နေရမယ်လို့ ထင်ထားခဲ့တာ။ ဘာလို့ဆိုတော့ သူတို့ အရေးအသားတွေက သိပ် ကောင်း သိပ်တော်တယ်လေ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ သူတို့ အတွက်နေရာကောင်း မရဘူး။ တချို့ စာရေးဆရာတွေ ချောင်းသာကို စာသွားရေးချင်လိုက် တာကွာလို့ ညည်းတာ ကျွန်တော် ကြားဖူးတယ်။ နိုင်ငံခြား သွားပြီး စာရေးဖို့ မပြောနဲ့ပေါ့။ ဒါပေမဲ့ အဲဒီအရာတွေက ကျွန်တော် စာရေးဆရာဖြစ်ချင်တဲ့ တွန်းအားကို မလျော့ သွားစေပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော် စာရေးဆရာ ဖြစ်လာတဲ့ အချိန်မှာ စာရေးဆရာ ဆိုတာဟာ တခြား Entertainment က အနုပညာရှင်တွေက တန်းတူဖြစ်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော့် ဘ၀မှာ အခုထိ ရှိနေတုန်းပဲ”လို့လည်း လင်းသိုက်ညွန့်က အခုထိ မပြောင်းလဲသေးတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။
လင်းသိုက်ညွန့်(မြန်မာ့မြေ)က သူ့ရဲ့ ရည်ရွယ်ချက်ကို အခုထိ အကောင်အထည် ဖော်နိုင် အောင်လည်း ကြိုးစားခဲ့ပါတယ်။ သူထွက်သမျှ စာအုပ်တိုင်းကို မိတ်ဆက်ပွဲပြုလုပ်ခြင်းနဲ့ ဟောပြောပွဲတွေကို လင်းသိုက်ညွန့် (မြန်မာ့မြေ)က နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေမှာ ပြုလုပ်နိုင်ခဲ့ သလို ပရိသတ် အပြည့် တက်ရောက်တဲ့ ပွဲတွေ လည်းဖြစ်ခဲ့ပါတယ်။ ဖျော်ဖြေရေးလက်မှတ် ရောင်းချသလိုမျိုး မြန်မာ စာရေးဆရာ တစ် ယောက်အနေနဲ့ ဟောပြောပွဲ လက်မှတ်ရောင်းချ တဲ့ပုံစံနဲ့ ကျင်းပနိုင်ခဲ့တဲ့ပွဲတွေလည်း ဖြစ်ပါတယ်။
လင်းသိုက်ညွန့်(မြန်မာ့မြေ)က မြန်မာလူငယ်တွေ အောင်မြင်ရေးအတွက် စာအုပ်တွေကို ကိုယ်ပိုင်စာအုပ်တိုက်ကနေ ထွက်နေသလို တစ် ဖက်မှာလည်း ပညာရပ်တွေဆည်းပူးလေ့လာ သင်ယူရင်း ကိုယ်တတ်ထားတဲ့ ပညာတွေကို ဖြန့်ဝေပို့ချနေတဲ့ သင်တန်းဆရာတစ်ဦးလည်း ဖြစ် ပါတယ်။ လုပ်နေတာတွေ သိပ်များပေမဲ့ လုပ်တဲ့ အရာတိုင်းကို အောင်မြင်အောင် ကြိုးစားလုပ် ကိုင်နိုင်တဲ့ လင်းသိုက်ညွန့်ကို လုပ်ငန်းစဉ်တွေ အတွက် တိကျတဲ့ အစီအစဉ်ဇယား ရှိခဲ့ရင် လူငယ် တွေကို နမူနာပြောပေးဖို့ဆိုတော့ “ကျွန်တော့်ရဲTimetable ကို ကျွန်တော် ကိုယ်တိုင်ပဲ ဆွဲတာပါ။ Engery Management ပေါ့။Timetable အသေ မရှိဘူး။ ဥပမာ မနက် ၁၁ နာရီ စာကျက်ရန်လို့ ကျွန်တော် လုံးဝ မလုပ်ဘူး။ တစ်နေ့ ၂ နာရီစာ ကျက်ရန်ဆိုတာမျိုးတော့ လုပ်တယ်။ အဲဒီ ၂ နာရီဆိုတာက ကျွန်တော် အဆင်ပြေတဲ့အချိန် စိတ်အပါဆုံး အချိန်ကျက်မယ်။ အဲဒီနေ့မှာ ကျွန်တော် လုံးဝ စိတ်မပါရင်လည်း မကျက်ဘူး။ ဒါပေမဲ့ အကြွေး မှတ်ထားတယ်။ စိတ်ပါတဲ့နေ့မှာ ၄ နာရီ သွားကျက်လိုက်တယ်။
ကျွန်တော်က Energy Management နဲ့သွားတယ်။ကျွန်တော်က ၀န်ထမ်း မလုပ်ချင်ဘူး။ ဒါပေမဲ့ Total Learning Academy မှာ ၀န်ထမ်းလုပ်ဖူးတယ်။ အဆင် ပြေတယ်။ ဒါပေမဲ့ ကျွန်တော် ၂ လ ၃ လပဲ လုပ်နိုင်တယ်။ ကျွန်တော်တို့ စာပေ Creation က Time နဲ့သွားလို့ မရဘူးလေ။ Target ပြည့်မီအောင်တော့ လုပ်ရတာပေါ့။ တစ်လပြည့် ရင် စာဘယ်နှအုပ် ရေးမယ်ဆိုတဲ့ Limit တော့ ကျွန်တော့်မှာ ရှိတယ်”လို့ ဆိုပါတယ်။

လင်းသိုက်ညွန့်က လက်ရှိမှာ ဂျာနယ် ၅ စောင်၊ မဂ္ဂဇင်း ၃ စောင်မှာ အပတ်စဉ် လစဉ် ပင်တိုင် ရေးသားနေတဲ့ ဆောင်းပါးရှင် တစ်ဦး ဖြစ်တာကြောင့် ဆောင်းပါးတွေကိုလည်း အပတ်စဉ်လစဉ်ထွက်နိုင်အောင် လုပ်နေရတဲ့သူ ပါ။ ပညာရပ်ဆိုင်ရာတွေ ဖြစ်တဲ့အတွက် ထွက် လို့ရအောင် လုပ်နိုင်တယ်ဆိုတဲ့ လင်းသိုက်ညွန့်က “စာရေးဆရာတွေက ရသကို ခံစားပြီးမှ ရေးလို့ရ တယ် လို့ ဆိုတယ်။ ကျွန်တော်ကတော့ ခံစားမှုကို လုပ်ယူတယ်။ စာပေကို Professional အနေနဲ့ရေး ရင် ရေးလို့ရမယ်လို့ ကျွန်တော်က ယူဆထား တယ်။ အဲဒီအတွက် ဘယ်အချိန် ထိုင်ရေးမယ် ဆိုတာတော့ မရှိဘူး။ Target နဲ့ သွားတယ်။ ကျွန်တော့်ရဲ့ဂိုက်တွေ အားလုံးကတော့ ကျွန်တော် ခုချိန်ထိ ဖတ်ခဲ့ရတဲ့ စာပေတွေပေါ့။ အထူးသဖြင့် မြန်မာစာပေ ကမ္ဘာစာပေ တွေ ရှိမယ်”လို့ ပြောပြပါတယ်။
လင်းသိုက်ညွန့်(မြန်မာ့မြေ)ကလောင်နဲ့ တကယ်တမ်း စတင်ရေးသား ဖြစ်ခဲ့တဲ့ စာပေအမျိုးအစားကတော့ ရသစာပေပါ။ ရယ်စရာ မဂ္ဂဇင်းရဲ့ ၀တ္ထုတိုပြိုင်ပွဲမှာ ဆု ၅ ကြိမ်ရခဲ့ဖူးတဲ့ လက်ရာရှင်လည်း ဖြစ်ပါတယ်။ ရသ၀တ္ထုတွေကို မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာ အပုဒ် ၄၀ ခန့် ပါခဲ့ဖူးပေမဲ့ လက်ရှိ အရေးများတဲ့ လိုင်းက သုတပညာရေးပိုင်းဖြစ်နေတာနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ နိုင်ငံ အခြေအနေအရ ရသစာပေ ရေးထားတဲ့ လူငယ်တွေ အများ ကြီးရှိပါတယ်။ ဒီသုတပိုင်းမှာ အရေးများတဲ့ လူငယ်စာရေးဆရာ တစ်ယောက်မှ ကျွန်တော် မတွေ့သေးပါဘူး။ သုတလိုင်းမှာ ဆရာကြီးတွေ၊ သိပ်တော်တဲ့ လူကြီးတွေပဲ ရှိပါတယ်။ ဒါပေမဲ့ လူငယ်အချင်းချင်း ရင်ဘတ် ချင်းနီးစပ်အောင်ရေးဖို့က ဘယ်သူမှ မရှိပါဘူး။
နောက်တစ်ချက်သည် ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီ နိုင်ငံသစ်ကို သွားနေတဲ့ အချိန်ဖြစ်တယ်။ ဒီတော့ လူငယ်တွေမှာ Driving Force တွေ တွန်းအားတွေ လိုတယ်လို့ ထင် တယ်။ ကျွန်တော် လက်ရှိဘ၀မှာလည်း ကျွန်တော်သည် သင်တန်းကျောင်း တွေမှာ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ ဒါသည် ကျွန်တော့်ရဲ့ Professional ဖြစ်တဲ့အတွက် ကျွန်တော် ပိုင်နိုင်တဲ့ လမ်းကိုလျှောက်တယ်။ ပြီးတော့ လူ့အဖွဲ့အစည်းကို Sharing လုပ်ချင်တဲ့ အတွက် စာပေပုံစံကို Platform တစ်ခုအနေနဲ့ အသုံးချပြီး Deliver လုပ်တာ ဖြစ်တယ်။ ကျွန်တော် ထင်တာတော့ လက်ရှိအချိန်မှာ လူငယ်တွေအနေနဲ့ လောကကြီးကို အပြုသဘောနဲ့မြင်ဖို့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းကို အပြုသဘောမြင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အရေးကြီး လိုအပ်ချက်လို့ မြင်တဲ့အတွက် တတ်နိုင်သလောက် လူငယ်စာရေးဆရာ တစ်ယောက် အနေနဲ့ ဒီလိုင်းကို ရေးဖြစ်တာပါ။ ကျွန်တော် အသက်ရလာတဲ့ အချိန်ကျရင် လည်း ရသဘက်ကို လှည့်နိုင်အောင် ကြိုးစားပါ့မယ်”လို့ ပြောပြပါတယ်။ လင်းသိုက်ညွန့်(မြန်မာ့မြေ)က သူ့ရည်မှန်းချက်၊ သူ့ စိတ်ဆန္ဒအတိုင်း ဖြစ် မြောက်အောင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ လူငယ်ရေးတဲ့ သုတ၊ ပညာပိုင် စာအုပ်တွေကို လူငယ် ပရိသတ်တွေက မြည်းစမ်း လေ့လာရင်း နှစ်သက် သဘောကျတဲ့ စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။
မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပါခဲ့တဲ့ ဆောင်းပါးတွေကို စုစည်း ထုတ်ဝေတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို မြန်မာ့မြေ စာပေကလည်း ထုတ်ဝေခဲ့ပြီး စာအုပ်များစွာ ထွက်ရှိနိုင်ခဲ့တဲ့ အတွက် နောက်ခံအင်အား ကောင်းကောင်းနဲ့ အစစအရာရာ အဆင်ပြေမှု ရှိခဲ့တယ်လို့ ထင်မြင်ယူဆ ခဲ့မိကြပါလိမ့်မယ်။ ဒီ ထင်မြင် ယူဆမှုများ မှားယွင်းတယ်လို့ ဆိုပါရစေ။ လင်းသိုက်ညွန့် (မြန်မာ့ မြေ)ရဲ့ မိသားစုက သူ့ကို “စာဖတ်ပါ စာရေးဆရာ မဖြစ်စေနှင့်”လို့ ဆိုခဲ့ပါ သတဲ့။ “လူကြီးတွေကတော့ စေတနာနဲ့ ပြောခဲ့တာပေါ့လေ။ ဘိုးဘိုးက သူ့ဝန်းကျင်မှာ ကုမ္ပဏီလုပ်တယ်။ ကုမ္ပဏီ ပိုင်ရှင်ဖြစ်တယ်ဆိုတော့ ဒီလိုပြော တာ သူမှားတယ်လို့ မယူဆပေမဲ့ ကျွန်တော် လက်မခံနိုင်ဘူး။ ပြီးတော့ လက်ရှိတွေ့နေရတဲ့ စာရေးဆရာ အင်တာဗျူးတွေမှာ ကျွန်တော် ကိုယ်တိုင် တွေ့တာ။ Sky Net အင်တာဗျူး တစ်ခုမှာပါသွား တာ။ စာရေးဆရာ ကိုယ်တိုင်ပြောတာ။ စာရေး ဆရာ ဆိုတာတဲ့ ပိုက်ဆံမှ မချမ်းသာတာတဲ့။ မှန်တယ်။ ဒီတော့ ကျွန်တော်တို့က ပိုက်ဆံရှိတဲ့ စာရေးဆရာ ဖြစ်အောင် လုပ်ရမယ်ပေါ့”လို့ လင်း သိုက်ညွန့်က မိသားစုရဲ့ သဘောထားကို ပြောပြပါတယ်။
အခုလို မိသားစု ၀န်းကျင်ထဲကနေ စာရေး ဆရာ ဖြစ်ချင်လွန်းတဲ့ လင်းသိုက်ညွန့်ရဲ့ ပထမ ခြေလှမ်းက ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ ပထမဆုံး စာအုပ်ကို လင်းသိုက်ညွန့် မိသားစုက လုံးဝမထုတ် ပေးခဲ့ဘဲ ကိုယ်ပိုင် ပိုက်ဆံနဲ့ ထုတ်ခဲ့ရပါတယ်။ တက္ကသိုလ် ပထမနှစ်ကျောင်းသား လင်းသိုက် ညွန့်က စာပေသင်ကြားတဲ့အလုပ်နဲ့ ရရှိတဲ့ငွေကြေး တွေကိုစုပြီး ပထမဆုံး စာအုပ်ကို မရရအောင် ထုတ်ဝေခဲ့ပါတယ်။ “အဲဒီတုန်းက ဘက်စ်ကား စီးပြီး စာလိုက်သင်ပြီး စာအုပ်ထုတ်ဖို့ ပိုက်ဆံ စုခဲ့တာ။ မြန်မာတွေ အောင်မြင်ဖို့ ကျတော့ လူနည်း နည်း သိသွားပြီ။ ငွေလည်း လှည့်ပတ်လို့ ရသွား ပြီ။ ရှုံးတော့ ရှုံးနေပေမဲ့ လည်ပတ်လို့ ရနေတယ်။မြန်မာတွေ အောင်မြင်ဖို့က စပြီးတော့ အိမ်က ကျွန်တော့်ကို သိပ်မပြောတော့ဘူး။ ကျွန်တော့် သွားနေတဲ့ လိုင်းကိုလည်း သိသွားတယ်။ ဒါပေမဲ့ ခက်တာက ကျွန်တော်တို့ မျိုးရိုးမှာ စာပေပညာရှင် မရှိဘူး။ စာပေပညာရှင်ဆိုတာ ဘ၀ကို အာမခံ ချက်ပေးနိုင်တယ် ဆိုတာကို အပြည့်အ၀ ထောက်ခံ ပေးနိုင်တဲ့ လူကြီးမရှိဘူး။ အဲဒါသည် ကျွန်တော် ရဲ့ အဓိက အခက်အခဲပါပဲ။ စာရေးဆရာဆိုတာ ကို ကျွန်တော့် Generation ကျမှ စတာပေါ့”လို့ ဆိုပါတယ်။
လင်းသိုက်ညွန့်(မြန်မာ့မြေ)က မြန်မာနိုင်ငံ ကနေ LL.B ဘွဲ့ကို ရရှိထားသူ London Metropolitan University မှ B.Sc(Hons:), NCC(UK) မှ IDEC,IADCS ဒီပလိုမာနဲ့ Advanced Association of Business Executives (UK) မှရရှိခဲ့ပြီး Advanced Diploma in Business Management, Association of Business Management, Executives(UK) Advanced Diploma in Business Management စာမေးပွဲ SHRM ဘာသာရပ်မှာ ကမ္ဘာ အမှတ်အများဆုံး (World First) တွေ ရရှိထားတဲ့လူငယ်တစ်ဦး လည်း ဖြစ်ပါတယ်။
လင်းသိုက်ညွန့်က ပြည်ပ ပညာရပ် သင်ကြားမှု အတွေ့အကြုံ အခက်အခဲ ကိုလည်း အခုလို ပြောပြပါသေးတယ်။ “ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာက အရင်းအမြစ်အားနည်းမှုပေါ့နော်။ ဥပမာ ကျွန်တော်တို့က World First ရ အောင်ဖြေ ရမယ်ဆိုရင်အမေရိကန်၊ အင်္ဂလန်ကျောင်းသား တွေနဲ့ ၀ိုင်းဖြေရတယ်။ ပြောရရင် သူတို့ လိုင်ဘ ရီနဲ့ ကျွန်တော်တို့လိုင်ဘရီမတူပါဘူး။ Resources ကွာခြားချက်တွေ ရှိတယ်။ ကျွန်တော်တို့က အင်တာနက်ကနေ ယူရတယ်။ ကျွန်တော်တို့က ကမ္ဘာ့အဆင့် ထူးချွန်မှုအမြင့်ဆုံးတွေ ရနိုင်ရဲ့ သားနဲ့ အရင်းအမြစ် အားနည်းမှုကြောင့်၊ စာ အုပ်စာတမ်း အားနည်းမှုကြောင့်၊ လေ့လာမှုအား နည်းမှုကြောင့် ကမ်္ဘာ့အဆင့် ထူးချွန်မှုကို မရတဲ့သူ တွေ အများကြီး တွေ့ရပါတယ်။ အဲဒါကို ကျွန် တော်တစ်ယောက်တည်းအနေနဲ့ မပြောဘဲ မြန်မာ လူငယ်ထုရဲ့ အခက်အခဲ အနေနဲ့ ကျွန်တော် တင်ပြ ချင်တာပါ”လို့ လင်းသိုက်ညွန့်က ဆိုခဲ့ပါတယ်။

World First တစ်ယောက်ရဲ့ အကြုံချက်က လူငယ်တွေအတွက် အသုံးဝင်မဲ့အချက်လို့ ထင်ပါ တယ်။ ကမ္ဘာကလူငယ်တွေနဲ့ယှဉ်တဲ့အခါမှာ မြန်မာလူငယ်တွေက လေ့လာမှု၊ စာကျက်မှု အတူတူပြုလုပ်နိုင်ကြပေမဲ့ Presentation ပိုင်းမှာ အားနည်းတဲ့အတွက် အဲဒီတစ်ခုတော့ ပိုကြိုးစား သင့်တယ်လို့ ဆိုပါတယ်။ “Attractive ဖြစ်တဲ့၊ Presentation ကို မတင်ပြနိုင်ကြဘူး။ ကျွန်တော့် အနေနဲ့ အားသာချက်တစ်ခုက စာမေး ပွဲဖြေတဲ့ အချိန်မှာ စာရေးဆရာဖြစ်နေတယ်။ ဒီတော့ ဘယ်လို Present လုပ်ရမယ်ဆိုတာကို သိတယ်။ ဒီတော့ Examiner ကို စာစစ်နေသလိုမျိုး မဟုတ် ဘဲ ၀တ္ထုတစ်ပုဒ် ဖတ်နေရသလိုမျိုး နှိုးဆွတဲ့ စကားလုံးလေးတွေနဲ့ စိတ်ဝင်စားအောင် ရေးပြ နိုင်ခဲ့တယ်။
မြန်မာ ကျောင်းသားတွေ ကမ္ဘာ့အဆင့် ထူးချွန်ဆုရချင်ရင် အဓိကပြင်ဆင်သွားရမှာက Presentation ပါပဲ။ ILBC ကဆင်းတဲ့ မြန်မာ ကျောင်းသားတွေဆို Language က ကျွန်တော်တို့ ထက်ကောင်းတာ တွေ့ရတယ်ဗျ။ Thinking လည်း အရမ်းကောင်းတယ်။ ဒါပေမဲ့ Reading Presentation အားနည်းတယ်။ အဲဒါလေးတော့ ပြင်ဆင်ဖို့ လိုပါတယ်။ ပြီးတော့ အရင်းအမြစ် အားနည်းမှုပါ။ အဲဒါကို အင်တာနက်ကနေ ရယူဖို့ လိုပါတယ်။ အင်တာ နက်မှာ အရင်းအမြစ်တွေ အများကြီး ရှိပါတယ်။ ကမ္ဘာ့လူသားအားလုံးကို ညီမျှသွားအောင်အင်တာနက်ကလုပ်ပေးတဲ့အတွက် လူငယ်တွေအနေနဲ့ Web Base Learning ပေါ့။ Web Site ကို အခြေပြုတဲ့ သင်ကြားရေးကို လုပ် ဆောင်ဖို့ လိုပါတယ်”လို့လည်း အကြံပြုစကား ပြောကြားခဲ့ပါတယ်။
လင်းသိုက်ညွန့်က ဘ၀အတွက် အဓိက အနေနဲ့ သင်ယူမှုကို လုံးဝ မရပ်တန့်ဘဲ အသက်ရှူနေ သမျှကာလပတ်လုံး သင်ယူနေမယ်လို့ဆိုပါတယ်။ ဆိုက်ကားသမားက အစ သမ္မတကြီး အဆုံး အားလုံးဟာ အချိန်ပြည့် သင်ယူနေရမှာ ဖြစ်ပြီး သင်ယူမှုကို မရပ်နားတဲ့သူဟာ ယုံကြည်မှု မပျက် ဘူးလို့လည်း ပြောခဲ့ပါတယ်။ လင်းသိုက်ညွန့်ကို ယနေ့ လူငယ်တွေ အနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကို မေးကြည့်တဲ့ အခါ အသက် ကန့်သတ်ချက်လို့ ဖြေပါတယ်။ “လူငယ်တွေကို သီချင်းထဲမှာ၊ စာအုပ်ထဲမှာ နေရာပေးပါတယ်။ ပြင်ပမှာ နေရာ မပေးပါဘူး။ အမေရိကန်လို နေရာမျိုးမှာ ၁၈ နှစ်သား လူငယ်တစ်ယောက်ဟာ မြို့တော်ဝန် ဖြစ်ပါတယ်။ ဒီမှာတော့ အစိုးရ အဖွဲ့အစည်း အပါ အ၀င်စာပေ အသင်းအဖွဲ့။ NGO အဖွဲ့အစည်း စတာတွေမှာ EC ဟုခေါ်သော နေရာတွေမှာ လူငယ် တစ်ယောက်မှ မပါပါဘူး။ လူငယ်မပြောနဲ့ လူလတ်တောင် မပါပါဘူး။ အမေရိကန်စာရေး ဆရာ အဖွဲ့အစည်းတစ်ခုမှာ အသက် ၂၆ နှစ်၊ ၂၈ နှစ် အရွယ်လူငယ်စာရေးဆရာတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ အထူးသဖြင့်တော့ လူငယ်တိုင်းတော့ မဟုတ်ပေမဲ့ ထူးချွန်တဲ့ လူငယ်များကိုတော့ နေရာပေးသင့်ပါတယ်” လို့လည်းလက်ရှိအခက်အခဲကို ပြောပြခဲ့ပါတယ်။
MHR Management Institute, Regent Business Academy မှာ Lecturer သင်တန်းနည်း ပြ၊ NCC, ABE Courses ရဲ့ အတိုင်ပင်ခံသင်တန်း နည်းပြအဖြစ် သင်တန်းများ၊ ကုမ္ပဏီများ၊ မီဒီ ယာလုပ်ငန်းများမှာ Corporate Training များ ပို့ချပေးလျက်ရှိတဲ့ သင်တန်းဆရာတစ်ဦးလည်း ဖြစ်နေတဲ့ လူငယ်စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) ကို ယနေ့မြန်မာလူငယ်တွေအပေါ် အမြင်ကိုလည်း မေးကြည့်ခဲ့ပါတယ်။ လင်းသိုက် ညွန့်က “မြန်မာလူငယ်တွေကွှ Talents အရမ်း ကောင်းပါတယ်။ ပညာသင်ဖို့ အရမ်းတက်ကြွ ကြတယ်။ ပြည်ပ နိုင်ငံတကာ အထိ ထိုးဖောက် သွားချင်ကြပါတယ်။ အရမ်းတော်ကြပါတယ်။ သို့သော်လည်း လူငယ်တွေမှာ အဓိက အားနည်း ချက်သညှ် Society မှာ သင်ကြားမှု၊ အားနည်းမှု ကြောင့် လူအဖွဲ့အစည်းကို အဆိုးမြင်တယ်။ ဘက်စုံထောင့်စုံက အဆိုး မြင်ကြတယ်။

အထူး သဖြင့် အစိုးရကို အဆိုးမြင်တယ်။ လူငယ်ဆိုတာ ကတော့ ပတ်ဝန်းကျင်က Shade လုပ်လိုက်တာ။ အဆိုးမြင်အောင်လည်း ပတ်ဝန်းကျင်က အမျိုးစုံ ပုံသွင်းထားတယ်။ လူငယ်တွေ အစိုးရကို အဆိုး မြင်ဖို့ထက် ဥပမာ ဒီဘက်ခေတ်မှာ ဆန္ဒဖော် ထုတ်တာ သိပ်ခေတ်စားတယ်။ ကျွန်တော်က အထဲမှာ ရေးတယ်။ ဆန္ဒဆိုတာ ဖော်ထုတ်ပြီးရင် ဆန္ဒကို ဖော်ထုတ်နိုင်ရမယ်။ အဲဒီဆန္ဒကို ဖန်တီးနိုင်ဖို့ကိုလည်း ကြိုးစား နိုင်ရမယ်။ ဒီတော့ အစိုးရကို ဆန္ဒဖော်ထုတ်ပြီးရင် အစိုးရက ဆန္ဒဖန်တီး ပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ အဲဒီလိုမဟုတ်ဘဲ အစိုးရ လုပ်သမျှ ထိုင်ပြီး အပြစ်တင်နေမယ်ဆိုရင် အဆင်မပြေဘူး။ အခုစာနယ်ဇင်း တွေနဲ့ ဖြစ်နေတဲ့ကိစ္စပေါ့။ စာနယ်ဇင်း ဆိုတာ အစိုးရကို ပြည်သူကချစ် အောင်လုပ်တာ။ အစိုးရကို ပြည်သူကမုန်းအောင် လုပ်တာ မဟုတ်ဘူးဆို တာကိုလည်း သိစေချင်တယ်။
လက်ရှိမြန်မာ လူငယ်တွေ နိုင်ငံခြား အများဆုံး ရောက်နေတာဟာ လက်ရှိလူ့အဖွဲ့အစည်းကို အဆိုးမြင်တယ်။ အစိုးရအဖွဲ့ကို အယုံအကြည် မရှိဘူး။ ဒါကြောင့် သူတို့အရည်အချင်းနဲ့ နိုင်ငံခြားကို ထွက် လုပ်တယ်။ ကျွန်တော်တို့ မြန်မာ လူငယ်တွေ အရမ်း တော်ပါတယ်။ ဒါပေမဲ့ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ချစ်ပါ။ အပြုသဘော ဆောင်ပါ။ ပူးပေါင်း ဆောင်ရွက်ပါ။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံသည် ကာလ တိုအတွင်းမှာ ရောက်သင့် ရောက်ထိုက်တဲ့ နေရာ တစ်ခုကို ပြန်ရောက်လာ နိုင်မယ်လို့ ယူဆပါတယ်”လို့ ဖြေခဲ့ပါတယ်။
]We Cannot Make the Perfect Man} နဲ့ ]We Can Make the Perfect Team} ဆိုတဲ့ စကားကိုလည်း သူက ဆိုပါတယ်။ ပြည့်စုံတဲ့ လူတစ်ယောက်ကို မဖန်တီးနိုင်ပေမဲ့ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်း အသင်းအဖွဲ့ကို ပြုလုပ်နိုင် တာကြောင့် ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းတွေ ဖန်တီးနိုင်အောင် ကြိုးစားပါ ဆိုတဲ့ စကားနဲ့ လင်းသိုက်ညွန့်(မြန်မာ့မြေ)နဲ့ စကားပြောခြင်းကို ရပ်နား ဖြစ်ခဲ့ပါတယ်။ လက်ရှိ လင်းသိုက်ညွန့်(မြန်မာ့မြေ)က လုံးချင်းဝတ္ထု ၄ အုပ်၊ ဆောင်းပါးပေါင်းချုပ် ၇ အုပ်၊ ၀တ္ထုပုဒ်ရေ ၃၀ ကျော် ရေးသား ထားသူဖြစ်ပြီး ဂျာနယ်၊ မဂ္ဂဇင်းများမှာ အပတ်စဉ်၊ လစဉ်ရေးသားထားတဲ့ ဆောင်းပါးပုဒ်ရေ ၆၀၀ကျော်ရေးခဲ့တဲ့ လူငယ် စာရေးဆရာ တစ်ဦး ဖြစ်တာကြောင့် အိပ် မက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်သူတစ်ဦးအဖြစ် teen ရဲ့ သန်သူစွမ်းသူ ကဏ္ဍကနေ တင်ပြလိုက်တာ ဖြစ်ပါတယ်။

သင်းပပ (Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
|