ယုံကြည်ရာကို တစ်စိုက်မက်မက် လုပ်တတ်တဲ့ နေမင်း PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 04 September 2012 16:50
Share |

??????????????? ????????????? ?????????????? ?????????????? ?????????? ????????? ????????? ???????? ????????? ????? ??????? ???????? ????? ?????????????????  ????????? ??????????? ??????? ?????????? ??????????????? ?????????

argaiv1855
argaiv1525

ဆယ်ကျော်သက် ဘ၀မှာကတည်းက ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို လုပ်တတ်တဲ့ နေမင်းရဲ့ ဆယ်ကျော်သက် ဘ၀ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

၅ တန်း၊ ၆ တန်းမှာ အင်္ဂလိပ်စာ ညံ့တဲ့ နေမင်းက ကြက်ခြေနီသင်တန်း တက်ဖြစ်ခဲ့ပါတယ်။ သက္ကလ ရွာသားလေး နေမင်းက ကြက်ခြေနီ သင်တန်းသားတွေနဲ့ အတူ ပဲခူး၊ ဒေးစွန်ပါကို ဘုရားဖူး ထွက်ခဲ့ဖူးပါတယ်။ “အဲဒီခရီးမှာ ဦးဆောင်တဲ့ ပုဂိ္ဂုလ်တွေက ကြက်နဲ့ကုလားပဲ ရောချက်လာကြတယ်။ ပဲခူး၊ ဒေးစွန်ပါ ရောက်တာနဲ့ စားလို့ရအောင်ဆိုပြီး မုန့်ထည့်တဲ့ သံဘူးတွေနဲ့ ထည့်လာတယ်။ ရာသီဥတုကလည်း ပူတာ၊ ပဲခူးရောက်လို့ စားဖို့ဖွင့်တဲ့ အခါ အမြှုပ်တွေ ထပြီး သိုးကုန်ရော။ အဲဒါ ပထမဦးဆုံး ထမင်းငတ် ရတဲ့ ခရီးဝေးပဲ။ အဲဒီအရွယ်မှာပဲ ကြက်ခြေနီနေ့မှာ သျှောင်ပေစူး သီချင်းနဲ့ စင်ပေါ်တက်ကတယ်။ အနုပညာအလုပ် စလုပ်ဖြစ်တာပေါ့”လို့ နေမင်းက ဆယ်ကျော်သက်ဘ၀အစကို ပြောပြခဲ့ ပါတယ်။

နေမင်းက ၁၀ တန်းအထိ သက္ကလ အထကမှာပဲ တက်ခဲ့တာပါ။ အလယ်တန်း ကျောင်းသားဘ၀ ၇ တန်းမှာ အဖေဖြစ်သူရဲ့ ပင်နီ တိုက်ပုံကို ၀တ်ချင်လွန်းလို့ ၀တ်ပြီး ကျောင်းတက်ခဲ့တာကြောင့် ကျောင်းအုပ်ဆရာမကြီးရဲ့ ခေါ်ဆူတာကိုလည်း ခံခဲ့ရဖူးပါတယ်။ “အဖေ ရုံးတက်ရင်ဝတ်တဲ့ ပင်နီတိုက်ပုံက ချည်သားဖြစ်တော့ နည်းနည်းဟောင်းတော့ အသားက အိအိလေး ဖြစ်နေတယ်။ အပေါ်က ထပ်ဝတ်တော့ အေးအေးလေး အရသာကို ကြိုက်လို့ ၀တ်တာ။ နိုင်ငံရေးတွေ ဘာတွေ နားလည်လို့ မဟုတ်ဘူး။ အဲဒီနေ့က ဖြစ်ချင်တော့ နေပူလို့ဆိုပြီး ခမောက်လေးပဲ ဆောင်းသွားတာ။ ကျောင်းရောက်လို့ စက်ဘီးလေး ဒေါက်ထောက်ရုံပဲ
ရှိသေးတယ်။ ရုံးခန်းကို လာခဲ့ဆိုပြီး ခေါ်သွားတာ”လို့ ၇ တန်းကျောင်းသားဘ၀ အမှတ်တရကို နေမင်းက ပြန်ပြောပြတာ ဖြစ်ပါတယ်။

အထက်တန်းကျောင်းသား ဘ၀မှာ ကျောင်းရဲ့နံရံကပ် ပိုစတာတွေမှာ ကဗျာတွေကို နေမင်းက ရေးသား ဖြစ်ခဲ့တာပါ။ သက္ကလ အထက မှာ ရန်ဖြစ်ပြီဟေ့ ဆိုတာနဲ့ နေမင်း ပါဝင်ခဲ့ပြီး ၉ တန်းကျောင်းသား ဘ၀မှာတော့ အနည်းငယ် ပြောင်းလဲခဲ့ပါတယ်။ စနောက်၊ ပြောင်တတ်၊ အကြောက်အလန့် မရှိတဲ့ နေမင်းက ၉ တန်းကျောင်းသားတွေရဲ့ သိပံ္ပခန်းထဲမှာလည်း ပြဿနာ ရှာခဲ့ဖူးတာပါ။ “သိပံ္ပခန်းထဲမှာ အာလူးကို ကြည့်ကြတယ်။ အာလူးက ဘာမှ မထူးဆန်းပါဘူးဆိုပြီး အလွယ်တကူ လှမ်းပစ်လိုက်တာ ဖန်ကျုကိုမှန်ပြီး ကွဲသွားတယ်။ ဆရာမက ပြဿနာရှာပေမဲ့ ထားလိုက်ပါ ကလေးပဲဆိုပြီး ကျောင်းအုပ်ဆရာမကြီးက ပြောတော့ ဆရာမက စိတ်ဆိုးသွားတယ်။ ဆရာမက စိတ်ဆိုးတာများနေတဲ့ အချိန် သုံးခါမြောက်တဲ့ အချိန်မှာ တော်တော်လေး စိတ်ဆိုးသွားတယ်။ ဆရာမသင်တ စာပိုဒ်ကို ကျွန်တော်က ကျူရှင်မှာ ကျက်ထားပြီးသား ဆိုတော့ ဆိုပြလိုက်တာ။ ငါတောင် မသင်ရသေးဘူး ဘယ်လို တတ်တာလဲ ဆိုပြီး ပြဿနာတက်ရော။ နောက်တစ်နေ့ Bio ပုံဆွဲနေတော့ လက်မြှောက်တော့ ခါးက ပေါ်သွားရော။ ဘေးက သူငယ်ချင်းက နိုင်နိုင် ဟိုမှာ ဆရာမ ခါးပေါ် သွားတယ်ကွ။ ရယ်လို့ ပြောလိုက်တော့ ဘေးက သူငယ်ချင်းတွေက ရယ်ရော။ ဆရာမက ဘယ်သူ ရယ်ခိုင်းတာလဲ မေးတော့ နိုင်လင်းထွန်း ရယ်ခိုင်းတာ ပြောတော့ ဆရာမက ငိုပါလေရော။

အဲဒီမှာ ကျောင်းအုပ်ဆရာမကြီးကလည်း မရှိဘူး။ ဆရာမက တောက်လျှောက် ငိုနေရော။ အဲဒီကျမှ ကြောက်ရကောင်းမှန်း သိပြီး ကျွန်တော်တို့ ၃ ယောက် ထွက်ပြေးရော။ အဲဒါနဲ့ ဦးလေး တစ်ယောက်အိမ်မှာ ဘာလုပ်ရမလဲ သွားစဉ်းစားရင်း အိပ်ပျော်သွားတာ ညနေ ကျောင်းဆင်းလို့ ဆင်းမှန်း မသိဘူး ဖြစ်သွားတယ်။ ကျောင်းလွှတ်ချိန်မှာ အမေကလည်း သူ့သား ပြန်မလာလို့ ဆိုပြီး ရွာထဲမှာ ပတ်ရှာနေရော။ အိမ်ပြန်ရောက်တော့ အမေ့ကို ပြောပြတယ်။ ဆရာမ ငိုနေတာကလည်း တစ်ရွာလုံး ပျံ့နေပြီ။ အမေရော သူငယ်ချင်း အမေရော ဆရာမကို သွားတောင်းပန်တယ်။ သွားတောင်းပန်တော့ ဆရာမက ငိုဆဲပဲ။ အမေက ဆရာမ ခြေသလုံး ဖက်ပြီး  တောင်းပန်တဲ့ အချိန်မှာ ကျွန်တော် တိုင်ပတ်သွားပြီ။ ဆရာမကလည်း ဘယ်လိုမှ ကျေအေးတယ်လို့ မပြောဘူး။  အဲဒီမှာ အမေက ရှက်သွားတယ်။ ပြန်လည်း ပြန်ရော အမေက ရှက်ပြီး မေ့လဲကျသွားတယ်”လို့ ၉ တန်း ကျောင်းသား ဘ၀ အဖြစ်အပျက်နဲ့ မမေ့နိုင်စရာအကြောင်းကို နေမင်းက ပြောပြခဲ့တာဖြစ်ပါ တယ်။ အဲဒီ အချိန်ကစပြီး အခုအချိန်ထိ နေမင်းက မိခင်ကို စိတ်ချမ်းသာ အောင်ထားကာ ရန်မဖြစ်သလောက် ရှောင်ခဲ့တာပါ။

၉ တန်းနှစ်မှာ ဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ရတာကြောင့် ၁၀ တန်း စာမေးပွဲကိုလည်း အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ၁၀ တန်းကျောင်း သား အယောက် ၉၀ ကျော်ထဲမှာ ၂၁ ယောက် အောင်တဲ့အထဲမှာ နေမင်း လည်း ပါဝင်ခဲ့တာပါ။ နေမင်းကို ဆွေမျိုးတွေနဲ့ မိသားစုက ၁၀ တန်းအောင် မယ်လို့ မထင်ထားခဲ့ကြပါဘူး။ “ကျွန်တော်က လုပ်မယ်ဆိုတဲ့ ကိစ္စတစ်ခုကို ဘယ်သူတားတား ဖြစ်အောင်လုပ်တယ်။ နောက်တစ်ခုက ရွဲ့တတ်တဲ့ အကျင့် တစ်ခုရှိတယ်။ ကျွန်တော်နဲ့ ပြဿနာဖြစ်တဲ့ ဆရာမက Bio သင်တာ။ ၁၀ တန်း မှာ Bio မဖြေဘဲ Physics နဲ့ Chemistry ဖြေပြီး သိပံ္ပတွဲကို အောင်ခဲ့တာ”လို့ နေမင်းက ဆိုပါတယ်။

၁၀ တန်းဖြေပြီးတဲ့ အချိန်မှာ မိဘတွေ လုပ်ကိုင်တဲ့ ဗီဒီယို အခွေငှားဆိုင် လုပ်ငန်းကို လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ဖခင်က ချောက်ဘက်မှာ ဘကြီးရဲ့လုပ်ငန်းတွေကို ၀ိုင်းကူလုပ်ပေးရတာကြောင့် ဗီဒီယိုအခွေငှား လုပ်ငန်းကို နေမင်းက လုပ်ရတာပါ။ ဒီလုပ်ငန်းလုပ်တဲ့ အချိန်မှာ အပြောအဆို နည်းနည်းကြမ်း၊ ရိုင်းတဲ့ ပုံစံဖြစ်ခဲ့ပါတယ်။ ၁၀ တန်းဖြေပြီး ၇ လလောက် အကြာမှာ ရန်ကုန်ကို အလည်လာတဲ့အခါ သူငယ်ချင်းတွေက အင်္ဂလန်သွားကြမှာ ဖြစ်တဲ့အတွက် သွားချင်စိတ်ပေါ်ခဲ့ပါတယ်။

“ငယ်ငယ်ကတည်း က ကျွန်တော့်မှာရှိတဲ့ရည်ရွယ်ချက်က ကိုယ်မွေး လာတဲ့ကလေး၊ တူသားနောင်မယ်တွေက ကိုယ့် ထက်သာတဲ့မျိုးဆက်တစ်ခုကို တည်ဆောက်ပေး နိုင်ရမယ်။ သူတို့ရဲ့ဘ၀နေထိုင်မှု ပုံစံ၊ ဘ၀ပိုင်ဆိုင် မှုတွေရောပေါ့။ ကိုယ်က ရွာမှာ ဒီအတိုင်းနေပေမဲ့ တူ၊ တူမတွေ လက်ထက်မှာ ဒီလိုပုံစံမျိုးနဲ့ ဖြတ် သန်းမှုတစ်ခု မဖြစ်စေချင်တဲ့စိတ် ရှိတယ်။ ကျွန်တော်တို့ အမျိုးတွေက ပိုက်ဆံရှိကြတယ်။ ဒါပေမဲ့ ပညာတတ်နည်းတယ်။ အဲဒီအသိက လည်း ၁၀ တန်း စာမေးပွဲဖြေပြီးမှ သိတော့လိုက် လို့ မမီတော့ဘူး။ တကယ့်နိုင်ငံကြီးကို သွားမယ်၊ ပြီးရင် အဲဒီနိုင်ငံမှာ အခြေချမယ်။ ကလေးတွေ ရဲ့ပညာရေးကောင်းမွန်အောင် လုပ်ပေးမယ်။ အဓိကက မိသားစုတစ်စု၊ လူငယ် တစ်ယောက်ရဲ့ ဘ၀အခြေခံကပညာရေးပဲ။ အသိပညာ၊ အတတ် ပညာပေါင်းလိုက်ရင် အလုပ်မှာ အဆင်ပြေတယ်လေ။

အဲဒီလို စိတ်တွေနဲ့ နိုင်ငံခြားထွက်မယ် ဆို တော့ အရင်က ဆိုးခဲ့မိုက်ခဲ့ ကျောင်းမှာ စာမလုပ် ခဲ့တာတွေက လာထိတယ်။ အင်္ဂလိပ်စာတတ် ကျွမ်းမှုအားနည်းတော့ အင်္ဂလိပ်စာနဲ့ ၃ ခါ လောက်ကျပြီး အရှက်ကွဲသွားတယ်။ အဲဒီအခါ ကျတော့ အင်္ဂလန်မသွားရတော့ ရှက်ရှက်နဲ့ ကိုရီး ယားထွက်သွားရတယ်။ သက္ကလရွာကိုလည်း မပြန်ရဲတော့ဘူးလေ” လို့ ၁၀ တန်းဖြေပြီးချိန်မှာ နိုင်ငံခြားထွက်ဖြစ်တဲ့အကြောင်း နေမင်းက ပြော ပြတာပါ။ နေမင်းက ကိုရီးယားကို အလုပ်ပါမစ်နဲ့ ၃ နှစ်သွားရောက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားမှာ ကိုရီးယားစကား မတတ်တာ ကြောင့် အခက်အခဲ အနည်းငယ် ကြုံရတဲ့အတွက် ကိုရီးယားစကားကို ၆ လအတွင်း တတ်အောင် သင်ခဲ့ပါတယ်။

တခြား သူတွေကတော့ နိုင်ငံခြားမှာ ပိုက်ဆံ ရှာဖို့ ရည်ရွယ်ချက်တွေနဲ့ သွားရောက် အလုပ် လုပ်ကြတာပါ။ နေမင်းကတော့ တခြားတိုင်း ပြည်ကောင်းကောင်းမှာနေပြီး နောက်တက်လာမဲ့ ကလေးတွေရဲ့ဘ၀ ရပ်တည်မှုကောင်း တည် ဆောက်နိုင်ဖို့ စိတ်ကူးတွေနဲ့ သွားခဲ့တာဖြစ်ပါ တယ်။ ကိုရီးယားနိုင်ငံကို ရောက်သွားတာ ကြောင့်ရယ်။ အလုပ်ပါမစ်နဲ့ သွားတာရယ်ကြောင့် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ နေမင်းကကိုရီးယားရောက်တဲ့အချိန်မှာ အလူမီနီယံ သတ္တုတုံးတွေကို ကော်ပတ်တိုက်ရတဲ့နေရာမှာ လုပ်ရ တာပါ။ “စရောက်တဲ့ ၁၄ ရက်၊ ရက် ၂၀ အတွင်းမှာ လက်ချောင်းလေးတွေရဲ့အရေး ကြောင်းကနေ သွေးတွေထွက်တယ်။ ရာသီဥတု ကလည်း အေးတယ်။ လက်ချောင်းတွေကိုအားနဲ့ ဆုပ်ပြီး လုပ်ရတော့ အားပြင်းတယ်။

 

သွေးကလည်း ဆူလာတော့ လက်ကြားကနေ သွေးတွေ ထွက်တယ်။ လက်ဆစ်တွေလည်း ရောင်ကိုင်း လာတယ်။ ၂ လလောက်အထိ အဲဒီဒဏ်တွေ ခံရပြီး အိပ်လို့မရဘူး။ တစ်ကိုယ်လုံးလည်း ကိုက် ခဲနေတယ်။ အဲဒီမှာ လူကပိန်ချုံးပြီး ခံနိုင်ရည် မရှိတော့ဘူး။ ဒါပေမဲ့ ကိုယ်ရွေးခဲ့တဲ့လမ်းပဲလေ။ အိမ်ကိုတောင် အခုအချိန်ထိ အဲဒီအကြောင်း ပြန် မပြောပြဘူး။ ကိုယ်က အဲဒီကနေ နောက်ဆုတ် သွားရင်ဘ၀က အဲဒီကစပြီး ဆုံးရှုံးသွားပြီ။ နောင် လုပ်မဲ့အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကြီးပြင်းမှုပဲဖြစ်ဖြစ် သိပ်ငယ်မှုကဘ၀မှာ ထင်သွားပြီလေ။ ဒီအဆင့် ကို ဖြတ်ပြီးသွားပြီဆိုရင် နောက်ထပ်ဘယ်လို အန္တရာယ်ပဲ ရှိရှိ ကိုယ့်ဘာသာ ရင်ဆိုင်နိုင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရပြီးသား ဖြစ် သွားတယ်”လို့ ကိုရီးယားမှာ အလုပ်လုပ်တဲ့အတွေ့ အကြုံကို မျှဝေပေးတာ ဖြစ်ပါတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးဖြတ် သန်းကာ အကောင်းဆုံး ကြိုးစားပြီး ကိုယ့်အရည် အသွေးကို အကောင်းဆုံးအသုံးချတတ်ဖို့ လိုပါ တယ်။

တွေ့ကြုံရတဲ့ အခက်အခဲတွေကို စိတ်အေး အေးထားပြီး ရင်ဆိုင်နိုင်တဲ့ စိတ်တွေ ဆယ်ကျော် သက်ဘ၀မှာလိုအပ်တာပါ။ “မိဘရဲ့လက်အောက် မှာနေခဲ့ရတဲ့ ကလေးဘ၀ကနေရာကနေ လူကြီး ဖြစ်ဖို့ အစပျိုးတဲ့ခြေလှမ်းက ဆယ်ကျော်သက် ဘ၀၊ အဲဒီခြေလှမ်းယိုင်ပြီ ဆိုရင် တစ်ဘ၀လုံး ယိုင်တာပဲ။ အဲဒီအချိန်မှာ ကိုရီယားကနေ ပြန် လာခဲ့ပြီဆိုရင် ကျွန်တော်လည်း တစ်သက်လုံး သိမ်ငယ်မှုနဲ့ မဖြစ်နိုင်ပါဘူးကွာ ဆိုပြီး အရာရာကို အနောက်ကနေ ပြန်လှည့်တတ်တဲ့ အကျင့်ရသွား မယ်”လို့ နေမင်းက သူ့ရဲ့ဆယ်ကျော်သက်ဘ၀ ခံယူမှုအချို့ကို ပြောပြပါတယ်။ ကိုရီးယားကို ၁၈ နှစ်မှာ ရောက်ခဲ့ပြီး ၃ နှစ် နေထိုင်အလုပ် လုပ်ခဲ့တာပါ။ ကိုရီးယားမှာ ၁ နှစ်ခွဲနေပြီး ကိုရီးယားမှာပဲ အပြီး နေတော့မယ်လို့ မိခင်ကို ပြောဖို့ မြန်မာပြည်ကို အလည် ပြန်လာခဲ့ပါသေးတယ်။

မိခင်က ပြန်မလွှတ်တော့တာကြောင့် စီးပွားရေးအလုပ်တစ်ခုလုပ်ဖို့ ပြင်ခဲ့ရပါတယ်။ “လုပ်မယ်ဆိုတဲ့အချိန်မှာ ဘကြီးရဲ့အလုပ်ထဲပဲ ပြန် ၀င်သွားရမှာ။ တခြား အလုပ်တွေ လုပ်ရင်လည်း ကျွန်တော် ပထမပိုင်းမှာ လိုချင်တဲ့ ရည်ရွယ်ချက် တစ်ခုက ပျောက်သွားမှာ။ ဘာလုပ်ရမှန်း မသိတဲ့ အချိန်၊ ဒီမှာကလည်း မင်းသား ရှာမရတဲ့ အချိန် မထူးပါဘူးဆိုပြီး မင်းသား လုပ်ခဲ့တာ။ မထူး ဇာတ်ခင်း လိုက်တာပေါ့။ ကိုယ်ခင်းမိတဲ့ ဇာတ်က ကိုယ့်အတွက် အန္တရာယ်များပြီး ပိုရှုပ်တဲ့ ဇာတ်ဖြစ် သွားတယ်”လို့ နေမင်းက သရုပ်ဆောင် ဖြစ်လာမှု အစကို ပြောပြခဲ့ပါတယ်။ နေမင်းက မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုတဲ့စိတ်၊ ဒီရုပ်ကြီးနဲ့ မင်းသား မဖြစ်နိုင်ပါဘူးဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အသံ၊ အဲဒီ လို မခံချင်စိတ်တွေနဲ့ ကြိုးစားခဲ့မှုကြောင့် အခု အချိန်မှာတော့ ပရိသတ်ရဲ့လက်ခံ အားပေးမှုတွေ ရနေပါပြီ။ နေမင်းက ရွှေစင်ဦး ဗီဒီယို ထုတ်လုပ် ရေးအတွက် ဇာတ်ကားတွေ ရိုက်ကူးနေသလို သစ္စာနှင်းဆီ၊ ခရေဖြူတို့အတွက်လည်း ဇာတ် ကားတွေ ရိုက်ကူးနေပါတယ်။

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: