(Sept-2012)သာမန်တို့ရဲ့ အနာဂတ် အိပ်မက် PDF Print E-mail
Written by ဝေမိုးနိုင်   
Tuesday, 04 September 2012 16:31
Share |

သာထက်အောင်
ကျွန်တော့် နာမည်က မောင်သာထက်အောင်ပါ။ ကျွန်တော့် အသက်က ၁၆ နှစ်ရှိပါပြီ။ မုံရွာမြို့၊ ဆူးလေကုန်း ရပ်ကွက်မှာ နေထိုင်ပါတယ်။ ကျွန်တော်က တက္ကသိုလ် ၀င်တန်း စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင် ထားပါတယ်။

Use caution in case you are sensitive to lactose cialis dosage. a blood thinner including warfarin, Coumadin Get emergency medical help for those who have all of these signs of your hypersensitive reaction to Zoloft: efflorescence or hives breathlessness swelling of the face, lips, tongue, or throat discounted cialis.
argaiv1379

အမှတ်ပေါင်းကတော့ ၅၄၈ မှတ်ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံး အဆင့် ၆ ၀င်ပါတယ် ခင်ဗျာ။ ကျွန်တော့်ရဲ့ဝါသနာက စာဖတ်တာပါ။ တွေ့တဲ့ စာအစုံ ဖတ်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြီးလာရင် ဖြစ်ချင်ခဲ့တာက သမိုင်းပညာရှင် တစ်ယောက်ပါ။

သမိုင်းကို တော်တော် စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ကိုးတန်း၊ ဆယ်တန်းရောက်တော့ ဇီဝဗေဒ ဘာသာရပ်ကို သင်ကြား လာရတဲ့အခါ ဆရာဝန် တစ်ယောက် ဖြစ်ချင်လာပါတယ်။ ဒါကြောင့် ဆေးတက္ကသိုလ်ပဲ လျှောက်ထား ဖြစ်မှာပါ။ အနာဂတ်မှာ အထွေထွေ ရောဂါကု သမားတော် တစ်ဦးဖြစ်အောင် ရည်မှန်း ထားပါတယ်။ ကိုယ့်စိတ်ထဲကနေ ဆေးတက္ကသိုလ်ကို နှစ်နှစ်ကာကာ တက်ရောက်ချင်တဲ့ စိတ်ရယ်၊ ဆရာဝန် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ရယ်ကြောင့် အတန်းတိုင်းမှာ ထူးချွန်အောင် ကြိုးစားသွားမှာပါ။

အေးမြတ်မွန်
သမီးနာမည်က မအေးမြတ်မွန်ပါ။ အသက် ၁၇ နှစ်ရှိပါပြီ။ မုံရွာမြို့မှာ နေထိုင်ပါတယ်။ သမီး ဆယ်တန်း စာမေးပွဲမှာ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ပြီး အမှတ်စုစုပေါင်း ၅၀၉ မှတ် ရခဲ့ပါတယ်။ သမီးက စာတွေ ဖတ်ရတာလည်း ၀ါသနာ ပါပါတယ်။ ဗဟုသုတ ရစေမဲ့ စာတွေကို ဖတ်ဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဖြစ်ချင်ခဲ့တာက ဆရာဝန်နဲ့ အင်ဂျင်နီယာပါ။ အင်ဂျင်နီယာ ပိုဖြစ်ချင်ခဲ့ပါတယ်။ တက္ကသိုလ် လျှောက်လွှာမှာ ဆေးတက္ကသိုလ်နဲ့ MIT လျှောက်မှာပါ။ ဆရာဝန်ကတော့ ဖြစ်ခွင့်ရမယ် ဆိုရင် ဖြစ်ချင်ပါသေးတယ်။ စိတ်ထဲက ပိုသဘောကျမိတာကတော့MIT ပါ။ အနာဂတ်မှာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်မယ်ဆိုရင် အဆောက်အအုံတွေ၊ လမ်းတံတားတွေ ဆောက်တဲ့ အင်ဂျင်နီယာ ဖြစ်ချင်ပါတယ်။ ဘာပဲတက်ရတက်ရ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ။

ဖြိုးအိစံ
သမီးနာမည်က မဖြိုးအိစံပါ။ အသက် ၁၇ နှစ်ရှိပါပြီ။ နေတာကတော့ မုံရွာမြို့မှာပါရှင်။ တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူး ငါးဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ အမှတ်ပေါင်း ၅၀၂ မှတ်ပါ။ လျှောက်မှာကတော့ MIT နဲ့ Eco ပါ။ ငယ်ငယ်လေးတုန်းကတော့ ဆရာဝန်ဖြစ်ချင်ခဲ့ပေမဲ့ ကြီးလာတော့ ဆရာဝန်ကို သိပ်စိတ်မပါတော့ပါဘူး။ သဘောကျလာတာက စာရင်းကိုင်နဲ့ ပတ်သက်တာမျိုး၊ စီးပွားရေးကို ၀ါသနာ ပါလာတယ်။ ဒါကြောင့် ECO လျှောက်ဖြစ်တာ။ စီးပွားရေး တက္ကသိုလ် တက်ပြီး CPA ၀င်အောင် ကြိုးစားမယ်။ နောက်စာရင်းကိုင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ACCA တို့လို သင်တန်းတွေ တက်ပါမယ်။ ဒါတွေကတော့ ကိုယ်တိုင် စိတ်ပါတာပေါ့။ MIT က  ပြောရရင် မိဘတွေ တိုက်တွန်းလို့ လျှောက်ဖြစ်မှာပါ။ စိတ်ထဲက ၀ါသနာမပါပါဘူး။ MIT တက်ဖြစ်လိမ့်မယ် လျှောက်ဖြစ်လိမ့်မယ်လို့ တစ်ခါမှလည်း မတွေးခဲ့ဖူးပါဘူး။ ဒါပေမဲ့ တက်ဖြစ်ပြီဆိုရင်တော့ သူများနောက်မှာ မနေချင်တဲ့ အတွက် ကြိုးတော့ ကြိုးစားမှာပါပဲ။ အင်ဂျင်နီယာအဖြစ် အတိုင်းအတာတစ်ခုအထိ ရပ်တည်ပြီးတော့ ကိုယ်ဖြစ်ချင်တာက ဖြစ်ခွင့်ရပြီဆိုရင် အင်ဂျင်နီယာ မလုပ်တော့ပါဘူး။

အောင်မြင့်မြတ်
ကျွန်တော့်နာမည်က မောင်အောင်မြင့်မြတ်ပါ။ အသက် ၁၇ နှစ် ရှိပါပြီ။ ကျွန်တော် မုံရွာမှာ နေပါတယ်။ ကျွန်တော် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ငါးဘာသာ ဂုဏ်ထူး နဲ့ အောင်မြင်ထားပါတယ်။ အမှတ်ပေါင်းကတော့ ၅၀၄ မှတ်ပါ။ ကျွန်တော် အခုလျှောက်မှာကတော့ ဆေးတက်္ကသိုလ်ပါ။ ဆရာဝန် တစ်ယောက်ဖြစ်ချင်လို့ပါ။ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို မြတ်နိုးတာ မဟုတ်ဘဲနဲ့ လူတွေကို ဆေးကုပေးချင်တာပါ။ အနာဂတ်မှာ အထူးကုဖြစ်အောင်ထိ ကြိုး စားပြီး နိုင်ငံခြားတွေသွားဖို့ စိတ်ကူးထားပါတယ်။ တကယ်ဖြစ်လာအောင် လည်း ကြိုးစားသွားမှာပါ။ ရေကြောင်း တက္ကသိုလ်က တက်ချင်ပေမဲ့မမီ လောက်ဘူးထင်လို့ မလျှောက်တော့ပါဘူး။ ရေကြောင်းတက္ကသိုလ်ကနေဆင်း ပြီး သင်္ဘောသား အဖြစ် ကမ္ဘာ ပတ်ချင်ပါတယ်။ ငယ်ငယ်တုန်းကတော့ ကြီးလာရင် အောင်မြင်တဲ့ ဘောလုံးသမား တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဘောလုံး ကန်ရတာကို ၀ါသနာပါပါတယ်။ ခုလည်း ဆေးတက္ကသိုလ် တက်မှာ ဆိုပေမဲ့ ဘောလုံးကတော့ ကန်ဖြစ်နေဦးမှာပါ။

ဝေမိုးနိုင်၊မုံရွာ၊
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)