ကမ္ဘာကျော်တဲ့ အာရှတီထွင်မှုများ PDF Print E-mail
Written by Teen အယ်ဒီတာအဖွဲ့   
Tuesday, 04 September 2012 15:06
Share |

ကမ္ဘာ့သမိုင်း တစ်လျှောက်ပေါ်ထွန်းခဲ့တဲ့ နေ့စဉ်သုံး ပစ္စည်းတွေထဲမှာ တချို့ကတော့ အာရှမှာ ပထမဆုံး စတင်တီထွင် ဖန်တီး ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းလေးတွေကို အမှတ်တရ ဖြစ်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

50mg tadalafilbuy cialis online online buy brand viagra cialis canada
argaiv1289

၁။ စက္ကူ
တရုတ် နိုင်ငံမှာ စတင်တီထွင် သုံးစွဲခဲ့တာပါ။ အေဒီ ၁၀၅ ခုနှစ်မှာ တရုတ် ဧကရာဇ် တရားရုံးက အရာရှိတစ်ဦး ဖြစ်တဲ့ R’ai Lun က စက္ကူ လုပ်နည်းကို စတင် ရှာတွေ့ခဲ့တာပါ။ အပင်တစ်မျိုးံနာစ ကို ရေစိမ်၊ ပျော့ဖတ်ကို သစ်သားတုတ်နဲ့ ထုပြီးလေးထောင့် ကျပ်ထားတဲ့ ၀ါးဘောင်ထဲမှာ စစ်ပြီး ပုံသွင်း၊ အပူပေးပြီး အခြောက်ခံရင် စက္ကူချပ်ဖြစ်တာမျိုးပေါ့။စက္ကူဟာ တရုတ်ကနေ ကိုရီးယားကို ရောက်ပါတယ်။ စက္ကူ ထုတ်လုပ်ရေးကို ကိုရီးယားမှာ ၆ ရာစုနှစ်များကျမှ စတင် လုပ်ကိုင်ခဲ့တာပါ။

၂။ ပိုး
တရုတ်မှာပဲ စတင်တီထွင် သုံးစွဲခဲ့ပါတယ်။ တရုတ် ဧကရီစီလင်ရှီးက ပိုးမွေးတာရော၊ ချည်ခင်ထုတ်တာရောကို စတင်လုပ်စေခဲ့တာလို့ ဆိုကြပါတယ်။ တရုတ် မှာရှိတဲ့ ပိုးထုတ်ကောင်လေးတွေက ထုတ်တဲ့ ပိုးမျှင်တွေဟာ တခြားက ပိုးထုတ်ကောင် လေးတွေထုတ်တဲ့ ပိုးမျှင်တွေထက် ပိုပြီးနူးညံ့ချောမွေ့သလို ပိုပြီးလုံးဝန်းညီညာ တယ်လို့ဆိုပါတယ်။ အဲဒီပိုးကောင်လေးတွေ ဟာ အခုအခါမှာတော့ ပိုးချည်မျှင်ထုတ်ဖို့ သက်သက် အသက်ရှင်နေရတဲ့အနေအထား မှာပါ။ သူ့တို့ဘာသာ ပျံသန်းနိုင်တာ မျိုးလည်း မရှိတော့ပါဘူး။ တရုတ်ကလည်း အရည်အသွေးပြည့် ပိုးအထွက်ကောင်း အောင်ဆိုပြီး ပိုးတွေကို ဥထဲက မထွက်နိုင်အောင် လုပ်ထားတာတို့၊ ပိုးအစာကို ရွေးကျွေးတာတို့ လုပ်ပေးထားတတ်ပါတယ်။

၃။ သံလိုက်အိမ်မြှောင်
ဒါလည်း တရုတ်မှာပဲ စတင်တီထွင်ခဲ့တာပါ။ ၁၂ ရာစုလောက်က ရေကြောင်းကုန်သည်သွား တရုတ်တွေဟာ သံလိုက် သဘာဝရှိပြီး ရေထဲက တုတ်တစ်ချောင်းပေါ် တင်လိုက်ရင် ၀င်ရိုးတစ်ဖက်ကို အမြဲဦးတည်ပြနေတဲ့ သံလိုက်ကျောက်တစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သံထည်အပ်တစ်ချောင်းကို အဲဒီ ကျောက်တုံးပေါ်မှာ အချိန် တော်တော်ကြာကြာ တင်ထား လိုက်တဲ့အခါ အပ်မှာလည်း မြောက်ဘက်ကိုပဲ လမ်းညွှန်ပြနေတဲ့ အစွမ်း ရှိလာတာကို တွေ့ကြရပါတော့တယ်။ ၁၃၀၀ ပြည့်နှစ်မှာ တော့ တရုတ်မှာ သံလိုက် အိမ်မြှောင်ရယ်လို့ သုံးလာကြပါပြီ။ ဥရောပမှာတော့ နောက်ထပ် နှစ် ၁၅၀ ကြာမှပဲ သံလိုက်အိမ်မြှောင်ကို စတင် သုံးစွဲပါတယ်။

၎။ ကြည့်မှန်
ဆီးရီးယားနိုင်ငံ၊ ဆီဒွန်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၀၀ ၀န်းကျင်က စတင်တီထွင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆီးရီးယန်းတွေဟာ ဖန်တွေကို ပူဖောင်းလို မိုပုံစံထဲခပ်ပါးပါး မှုတ်သွင်းကြပါတယ်။ အဲဒီဖန်ပူဖောင်းပုံထဲကိုမှ ခဲရည်ပူပူကို လောင်းထည့်ကြတာပါ။ ဒီတော့ ခဲရည်တွေက ဖန်ပူဖောင်းအတွင်းလွှာကို ဆေးခြယ်ဖြည့်တင်းပေးလိုက်ပါတယ်။ အဲဒီဖန်ပူဖောင်းကို အေးတဲ့အခါခွဲလိုက်ရင် မှန်ခုံးလေးတွေ ရလာပါတယ်။ ဒီနည်းပညာဟာ ရောမအင်ပါယာအတွင်း အလွန်ကို ပျံ့နှံ့မြန်ခဲ့တာပါ။ အဲဒီအချိန်က ကြည့်မှန်တွေကို ဂုဏ်သရေဆောင် ပစ်္စည်းလိုမျိုးအဖြစ်ရော၊ ကံကောင်းစေတဲ့ မျက်လှည့် အဆောင် ဆိုတာမျိုးရော သဘောထားခဲ့ကြပါတယ်။

၅။ ဆပ်ပြာ
ဘီစီ ၂၈၀၀ လောက်ကတည်းက ဘေဘီလုံလို့ ခေါ်ခဲ့တဲ့နေရာ၊ အခုအခါမှာဆိုရင်တော့ အီရတ်မှာ ဆပ်ပြာလုပ်ခဲ့ကြတယ်လို့ ယူဆကြပါတယ်။ ရှေးဟောင်းသုတေသနသမားတွေရဲ့ တူးဖော်တွေ့ရှိချက်တွေမှာ ရွှံ့ထုလုံးရှည်တွေမှာ ဆပ်ပြာလို အရာတွေ တွေ့ပြီး ဆပ်ပြာလုပ်နည်းလို့ ယူဆရတဲ့ အဆီနဲ့ပြာတွေကို ဆူပွက်အောင်တည်စေတဲ့ အမှတ်အသား ညွှန်ကြားလွှာကိုလည်း တွေ့ရတဲ့ အတွက် အခုလို သတ်မှတ်ကြတာပါ။ အထောက်အထားတွေအရ အေဒီ ၂ ရာစုမှာ ဂရိဆရာဝန် Galen က ဆေးဝါး အနေနဲ့ရော သန့်ရှင်းရေး အတွက်ပါ ဆပ်ပြာကို သုံးဖို့ ညွှန်ကြားနေပါပြီ။ ဒါပေမဲ့ ၇ ရာစု လောက်ကျမှ
စပိန်နဲ့ အီတလီမှာ ဆပ်ပြာကို ထုတ်လုပ် သုံးစွဲလာကြပါတယ်။ အဲဒီအချိန်ကတော့ ဆိတ်အဆီရယ်၊
ဘိခ်ျအပင်ရဲ့ပြာရယ်ကို အခြေခံပြီး လုပ်တာပါ။ အဲဒီအချိန်လောက်မှာပဲ ပြင်သစ်တွေကတော့ သံလွင်ဆီကို သုံးပြီး ဆပ်ပြာလုပ်ကြပါတယ်။

၆။ အရက်နှင့် ဖျော်ယမကာများ
ဆီးရီးယားနဲ့  မက်ဆိုပိုတေးမီးယားမှာ စတယ်လို့ ဆိုပါတယ်။  ဘီစီနှစ်ခြောက်သန်း  လောက်ကတည်းက ဘာလီကနေ ဘီယာ ထုတ်လုပ်ခဲ့ကြပါတယ်။အချဉ်ဖောက်ပြီး လုပ်တာပေမဲ့ အချိုအဖြစ် သကြားမပေါ်သေးတော့ စွန်ပလွံသီးကို သုံးခဲ့တာလို့ဆိုပါတယ်။ အဲဒီအချိန်က ဘီယာအမျိုးမျိုး ရှိခဲ့ပြီးစည်ခွက်ကြီးတွေမှာပိုက်တပ်ပြီး သောက်သုံးခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီခေတ်က ဝေါဟာရထဲမှာ ပွဲတော်ဆိုတဲ့ ဝေါဟာရရဲ့ အနက်ရင်းကို ကြည့်ရင် “ဘီယာလောင်းထည့်ခြင်း”လို့ အဓိပ္ပာယ် ရတယ်လို့လည်းဆိုပါတယ်။

၇။ ခေါက်ဆွဲဘူး
ဂျပန်က စတင် တီထွင်တာပါ။ဂျပန်ရဲ့ နာမည်ကျော် နစ်ဆင် အစားအသောက် ကုမ္ပဏီက မိုမိုဖူကူအန်ဒိုဟာ၁၉၅၈ ခုနှစ်မှာ ခေါက်ဆွဲဘူးကို တီထွင် ခဲ့ပါတယ်။စထုတ် တုန်းကတော့ ဖော့ဘူးထဲမှာ ခေါက်ဆွဲပဲ ပါပြီး နောက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက် အခြောက်လိုမျိုး အရသာ ရှိတာတွေ ပါလာပါတယ်။၂၀၀၀ ပြည့်နှစ်မှာ ကောက်ယူတဲ့ စစ်တမ်းအရ ရာစုနှစ်အတွင်းဂျပန်တွေရဲ့ တီထွင် ဖန်တီးမှုတွေထဲမှာခေါက်ဆွဲဘူးဟာ အရေး အကြီးဆုံးလို့ ဆိုကြပါတယ်။ အခုဆိုရင် တစ်နှစ်ကို ခေါက်ဆွဲဘူး ၉၄ သန်းလောက် ရောင်းချနေရပါပြီ။

၈။ အက်စ်အယ်လ်အာရ်ကင်မရာ
ဂျပန်ကပဲ စတင် တီထွင်တာပါ။လွန်ခဲ့တဲ့ နှစ် ၈၀ နီးပါးကတည်းက စခဲ့တယ်လို့ ဆိုရမှာပေါ့။ တကယ်တော့ အက်စ်အယ်လ်အာရ်ဆိုတာ မှန်ဘီလူး တစ်ခုတည်းနဲ့ရောင်ပြန်ထုတ်တဲ့ ကင်မရာပါ။ ၁၈ရာစုကတည်းက ပေါ်ခဲ့တဲ့ ကင်မရာတွေဟာ အဲဒီအချိန်တုန်းကတော့ ပန်းချီသမားတွေ အထောက်အကူ ပြုဖြစ်အောင် သုံးကြပါတယ်။ ဂျပန်ကထုတ်တဲ့ အက်စ်အယ်လ်အာရ်က၁၉၅၄ မှာ ထွက်ခဲ့ပြီး Asahiflex ဖြစ်ပါတယ်။

၉။ ဆိုနီစီဒီစက်ငယ်
ဂျပန်ကပဲစတင် တီထွင်တာပါ။ ၁၉၈၄ ခုနှစ်မှာ ဈေးကွက်ထဲ စရောက်ခဲ့ပါတယ်။ ဒီစက်က သယ်ယူသွားလို့ရတဲ့ စက်မျိုးမို့ ဈေးကွက်မှာ ချက်ချင်း ပေါက်ခဲ့တယ်လို့ ဆိုရပါမယ်။ လူတွေက ဒီစက်လေးကို ဖက်ရှင် ပစ္စည်းလေးလိုတောင် သုံးခဲ့ကြတာပါ။

၁၀။ ခေတ်သုံးဂဏန်း စာလုံးစနစ်
အိနိ္ဒယက စတင်ခဲ့ပါတယ်။ ဘီစီ ၃၀၀ လောက်ကတည်းက အိနိ္ဒယမှာ နံပါတ်တွေကို ကိန်းဂဏန်းလို ရေးနေပြီလို့ ဆိုပါတယ်။ အေဒီ ၁၀၀ လောက်မှာလည်း အိနိ္ဒယကလူတွေဟာ ကိန်းဂဏန်းတွေကို ရုပ်ပုံလို ရေးနေကြပါပြီ။ ဒါပေမဲ့ ဂဏန်း ၁၊ ၂၊ ၃ ကသာ ထင်ရှားပေမဲ့ ကျန်တဲ့ ဂဏန်းတွေကတော့ ဘယ်က ဆင်းသက်လာတယ်ဆိုတာ ပြောရခက်နေဆဲပါပဲ။

အယ်ဒီတာ