Documentary က ကျွန်တော့်အတွက် ပိုခက်ပါတယ် PDF Print E-mail
Written by ခင်လေးမြင့်   
Thursday, 30 August 2012 13:33
Share |

ဒေါ်ဆောင်ဆန်း စုကြည်ရဲ့ အတ္ထုပ္ပတ္တိ Documentary ကို အချိန် တစ်နှစ်ခွဲ လောက်ယူပြီး ရိုက်ကူးဖို့ စီစဉ်ထားတဲ့ သူက ဒါရိုက်တာ မင်းထင် ကိုကိုကြီးပါ။ Production, Post Production  ကာလအတွင်းမှာတော့ ဗီဒီယို၊ ရုပ်ရှင် ရိုက်ကူးရေးများကိုတော့ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

drugstore onlinecialis online cheap canadian pharmacy viagra discount cialis
argaiv1540

သနပ်ခါး ဇာတ်ကား ပြီးကတည်းက ဗီဒီယို ရိုက်ကူးရေး မလုပ်ဖြစ်သေးတော့ ဒီကြားထဲမှာ ရိုက်ဖို့ စီစဉ်ထားတာများ ရှိဦးမလား။

ဆာတိုရီ ထုတ်လုပ်ရေးက ရဲတိုက်အတွက် ကားတစ်ကား ရိုက်ပေးဖို့ ပြောထားတာ ၆ လလောက် ရှိပြီ။ ကျွန်တော်က ဇာတ်ညွှန်း မရေး နိုင်ဘူး ဖြစ်နေတယ်။ ဒီကြားထဲမှာ ပိုက်ဆံ မရတဲ့ အလုပ်တွေနဲ့ပဲ ရှုပ်နေတာ။
အဲဒါကြောင့် ဒီကြားထဲမှာ ၀တ္ထုတစ်ပုဒ် ရှာပြီး ဇာတ်ညွှန်း ရေးရလိမ့်မယ်။ ကိုယ်ပိုင်ဇာတ်တော့ ရှိတယ်။ ဒါပေမဲ့ အခုအချိန် မှာ မရေးနိုင်သေးဘူး။ အရမ်း အားထုတ်ရမယ်။ အဲဒါကြောင့် ဆာတိုရီနဲ့ ညှိပြီး သူတို့လည်း ကြိုက်၊ ကျွန်တော်လည်း ကြိုက်တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ရွေးပြီး ဇာတ်ညွှန်းရေးရမှာပေါ့။

သနပ်ခါးဇာတ်ကား အခြေအနေက ဘယ်လိုရှိပြီလဲ။

သနပ်ခါးက Edit  ပြီးသွားပြီ။ ဆင်ဆာတင်ဖို့ လုပ်နေပြီ။

ဖန်တီးသူ တစ်ယောက်အနေနဲ့ ဘယ်အပိုင်းတွေမှာ ကျေနပ်အားရမှု ရှိလဲ။

သရုပ်ဆောင်ပိုင်း အနေနဲ့ ဆိုရင်လည်း ဦးနေအောင်ရော၊ ရဲတိုက်ရော၊ ၀တ်မှုံရွှေရည်ရော ကောင်းတယ်။ ဒါက မထင်ထားဘူး။ ပြောရမယ် ဆိုရင် ၀တ်မှုံရွှေရည်က ဒီလောက် လုပ်နိုင်လိမ့်မယ် မထင်ဘူး။ ကိုယ်လိုချင်တဲ့ အတိုင်း ရလိမ့်မယ်လို့ မမျှော်လင့်ဘူး။ တော်တော် ကြီးကို ညှစ်ရလိမ့်မယ်လို့ ထင်တာ။ ရိုက်ကွင်းမှာ အများကြီး မပြောရဘူး။ နည်းနည်းလေး ပြောရုံနဲ့ ကျွန်တော် ဘာလိုချင်လဲဆိုတာ သူသိတယ်။ သူ အဲဒါကိုရအောင် လုပ်ပေးနိုင်တယ်။ ထုတ်လုပ်ရေးကလည်း စိတ်ကြိုက် ရိုက်ခွင့်ပေးတယ်။ အစစအရာရာ ကျေနပ်ပါ တယ်။

သနပ်ခါးကို ရုပ်ရှင်ကားကြီး အဖြစ် ပြောင်းသွားမှာလား။

မသေချာသေးပါဘူး။ ဆင်ဆာတင်ပြီးရင်တောင် အချောပြန် လုပ်ရဦးမယ်။ ဆင်ဆာတင် တယ် ဆိုတာကလည်း အချော မဟုတ်သေးဘူး။ ဆင်ဆာတင်ပြီး ပြန်ချောပြီး ကျွန်တော်တို့ အတူတူ ကြည့်ပြီးမှ ဆုံးဖြတ်မှာပါ။

Documentary တစ်ခု ရိုက်ကူးတဲ့ စိန်ခေါ်မှုနဲ့ ရုပ်ရှင် ဗီဒီယိုတစ်ကား ရိုက်ကူးတဲ့ စိန်ခေါ်မှု ဘယ်လိုကွာ ခြားလဲ။


Documentary က မြန်မာနိုင်ငံမှာ တော်တော်များများ ရိုက်နေကြပြီ။ ကျွန်တော်တော့ မပြောတတ်ဘူး။ အခြားလူတွေ အတွက်ပေါ့။ ကျွန်တော့်အတွက်ကတော့ မှန်တာပြောရရင် Documentary က ပိုပြီး ခက်ပါတယ်။ အတတ် ပညာပိုင်းအရ သေသေချာချာ ပြောမယ်ဆိုရင် Documentary ကောင်းတစ်ခုဖြစ်ဖို့က တော်တော် ခက်ပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့က လက်ထဲမှာ ဇာတ်ညွှန်းရှိတယ်။ အဲဒီဇာတ်ညွှန်း အတိုင်း ကျွန်တော်တို့ ပြီးအောင် ရိုက်မယ်။ Post Production ကျတော့လည်း အဲဒီဇာတ်ညွှန်းအတိုင်း ဆက်လိုက်တာပဲ။ ဘယ်လိုပဲ ဖြစ် ဖြစ် ရုပ်ရှင်တစ်ခုက ဖြစ်ကိုဖြစ်တယ်။ ရုပ်ရှင်တစ်ကားမှာ မင်းသားကောင်းလို့ပဲ ဖြစ်ဖြစ်၊ မင်းသမီးကောင်းလို့ပဲ ဖြစ်ဖြစ် လူတော့ကြည့်ဦးမယ်။ ကောင်းခြင်း မကောင်းခြင်းက ဒုတိယပေါ့။ အခု Documentary က စရိုက်ကတည်းက ဘာဇာတ်ညွှန်းမှ မရှိဘူး။ အားလုံးက အိုင်ဒီယာကို အခြေခံတဲ့ Treament  တော့ ခေါင်းထဲမှာ ရှိလိမ့်မယ်။ ဒါကို ဘယ်လိုရိုက်မယ် ဆိုတဲ့ Treament  ရှိလိမ့်မယ်”လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဖြေပေးပါတယ်။

 

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: