|
Written by ရဲစွမ်းနေ
|
|
Friday, 17 August 2012 11:25 |
Seconds Thought လို့ ခေါ်ကြတဲ့ ဒုတိယ အတွေးဆိုတာ ပထမအတွေး (First Thought) ထက် နောက်ကျပြီး ဒါမှမဟုတ် ပထမ အတွေးနဲ့ တစ်ပြိုင်နက် တည်း ဖြစ်ပေါ်လာလေ့ ရှိတယ်။
argaiv1620
ပထမ အတွေးက မပြည့်စုံတဲ့ အခါ၊ ပထမ အတွေးကို ပိုမို ပြည့်စုံစေလိုတဲ့ အခါ ဒုတိယ အတွေးက မဖြစ်မနေ လိုအပ်ပါတယ်။
မျှော်လင့် ထားခဲ့တဲ့ အတိုင်း ဖြစ်မလာတဲ့ အခြေအနေမျိုးမှာ အိပ်မက်ဘုံဗိ မာန် ပြိုကျ ပျက်စီးခြင်းကို လူတိုင်း ကြုံတွေ့ရလေ့ရှိတယ်။ စိတ်ဆန္ဒ ပြင်းပြစွာ တည်ဆောက်ခဲ့တဲ့ ဘုံဗိမာန်ပြိုကျ ပျက်စီးသွားခြင်း အဖြစ်က တည်ဆောက်ခဲ့သူရဲ့ စိတ်ကို အတိုင်းအဆမဲ့ ဒဏ်ရာ အနာတရ ဖြစ်စေတယ်။ ကိုယ့်ရဲ့ကြိုးစားမှု အတွက် ရလဒ်ဟာ အရှုံးလို့ သိရလိုက်ချိန်မှာ လူတိုင်း လူကယ်ရာမဲ့ တုန်လှုပ် ချောက်ချား သွားနိုင်တယ်။ ခါးသီးအေးစက် သွားနိုင်တယ်။ နာကျင်ကြေကွဲ သွားနိုင်တယ်။
အဲဒီလို အဖြစ်တွေကို လူတိုင်း ရှောင်ရှားလို့ မရနိုင်ပါဘူး။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြုံတွေ့ရမှာပါ။ အဲဒီ အချိန်မှာ မျက်နှာမလွှဲဘဲ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့ဆိုရင်တော့ မှန်ကန်တဲ့ ရဲရင့်မှုနဲ့ မယိုင်လဲတတ်တဲ့ စိတ်သတိ္တ ခွန်အား လိုအပ်ပါတယ်။ နောက်တစ်ခုက ကိုယ့်မှာလက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံ စားမှုကို ကိုယ်တိုင် သိမြင်နားလည်ဖို့ ပါပဲ။ ဆိုလိုတာကတော့ ကိုယ်ဘာဖြစ် နေတယ်ဆိုတာသိမှ ကိုယ့်ကိုယ်ကို ပြန်ကယ်တင်နိုင်မှာပါ။ အဲဒီတော့ ဒုတိယအတွေးက အရေးပါလာပြီ။ အကြောင်း ကိစ္စ တစ်ခုခု ပြုလုပ်ဖို့ စတွေးပြီ ဆိုကတည်းက ကိုယ်ဖြစ်ချင်တဲ့ဆန်္ဒကို အကောင်အထည် ဖော်ဖို့ ပထမ အတွေးကို စတွေးရမှာဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖြစ်ပေါ်လာမဲ့ အရာတွေကို ကာကွယ်ဖို့ ဒါမှမဟုတ် မကာ ကွယ်နိုင်ရင်တောင် ကိုယ့်ဆန္ဒနဲ့ အရမ်း မသွေဖည်ဘဲ အလိုက်သင့်လေး ဖြစ်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ ဒုတိယ အတွေးတစ်ခု လိုအပ်ပါတယ်။
ဆိုကြပါစို့။ လူငယ်တစ်ယောက်ဟာ ဆရာဝန် ဖြစ်ချင်လို့ ဆိုပြီး ၁၀ တန်း စာမေးပွဲကို အားသွန်ခွန်စိုက် ကြိုးစား ဖြေခဲ့တယ်။ အောင်စာရင်း ထွက်ချိန်မှာ ဂုဏ်ထူးမပါတော့ သူ စိတ်ဓာတ် ကျသွားတယ်။ အမှတ်စာရင်း ထွက်ချိန်မှာ သူ့အမှတ်တွေက ကောင်းတယ်။ ဒါပေမဲ့ ဆေးလိုင်းတော့ မမီဘူး။ အဲဒီမှာ ကြိုးစားမှုအတွက် ရလဒ်က အရှုံးပဲဆိုတာ သူတွေ့မြင်ရပြီ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာအောင် သရော်ကျီစယ်လိုက်တဲ့ ကံကြမ်္မာရဲ့ ရိုက်ပုတ်မှု ဒဏ်မှာ သူ့အတောင်တွေ နာကျင်ခဲ့ရပြီ။ သူပျံသန်းဖို့ ခွန်အားတွေ ပျောက်ဆုံးခဲ့ရပြီ။ ဘ၀ဟာ၊ ဒါလောက်ပဲလား။ လူများမသိနိုင်တဲ့ လောကရဲ့ ချို့ယွင်းချက်တစ်ခုက တိုးပွားလာတဲ့ လူဦးရေ အတွက် နေရာ အခက်အခဲ ရှိနေခြင်းလား။
အဲဒီလို လူငယ် တစ်ယောက်ကို ဘယ်လို ဖြေသိမ့်ပေးရမလဲ။ တကယ်တော့ ဖြေသိမ့်စကား ဆိုတာ ကိုယ်က သူများကို ပြောလို့ ကောင်းပေမဲ့ သူများက ကိုယ့်ကို လာပြောတာမျိုးကို ဘယ်သူမှ မနှစ်သက်နိုင်ကြပါ။ လူတိုင်း လူတိုင်း မျှော်လင့် တောင့်တပြီး ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုက ဘ၀ အပေါ် ကျေနပ် သာယာပြီး တစ်ပြိုင်နက်တည်းမှာ မက်မော တွယ်တာစရာ လည်း ကောင်းတဲ့အောင်မြင်မှုတစ်ခုကို ရယူပိုင်ဆိုင် ချင်တာပါ။ အဲဒီ အောင်မြင်မှု ရဖို့အတွက် ကိုယ်နှစ်သက်မြတ်နိုးတဲ့ လမ်းကြောင်းကနေ အရောက်သွား ချင်ကြတာပါ။ ဒါပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ့်လမ်းကြောင်းကို စွန့်ပယ်ရချိန်မှာ တခြား ရောက်ရှိနိုင်တဲ့ လမ်းကြောင်းတွေထဲက ကိုယ်နဲ့ သင့်တော်မယ့် လမ်းကြောင်း တစ်ခုကို ပြောင်းလဲ ရွေးချယ်လိုက်ဖို့ စိတ် အနှောင့်အယှက် မဖြစ်သင့်ပါ။ နှောင့်နှေး တွန့်ဆုတ်ခြင်း မရှိသင့်ပါ။ အဓိကက အောင်မြင်မှု ရရှိဖို့ပဲ မဟုတ်လား။ အပင်ပေါ်က ချိုမွှေးနေပြီး အရသာ ရှိတဲ့ သစ်သီး တစ်လုံးထက် ကိုယ့်လက်ထဲ ရောက်နေတဲ့ သိပ်မချိုတဲ့ သစ်သီးတစ်လုံးက ပိုတန်ဖိုးရှိတယ် မဟုတ်လား။
အထူးသဖြင့် စစ်ရေး ကိစ္စတွေမှာ ဒုတိယ အတွေးကို ပိုသုံးမယ်ထင်တယ်။ ဥပမာ-ရန်သူစခန်းကို အပိုင်စီးဖို့ အစီအစဉ်ကို ညဥ့်တစ်ချက်တီးမှာ စတင်မယ်လို့ရေးဆွဲ ထားတယ်ဆိုပါစို့။ ဖြစ်ချင်တော့ ရန်သူစခန်း မရောက်ခင် မိုင်အနည်းငယ်ခန့် အကွာမှာ ရေစီး အလွန်သန်တဲ့ ချောင်းတစ်ချောင်းက ဖြတ်ပြီး စီးဆင်းလျက် ရှိတယ်။ အဲဒီချောင်း ရေအလျဉ်က လူတစ်ယောက်ကို အလွယ် တကူမျောပါစေနိုင်တဲ့ ခွန်အားရှိတယ်။ အဲဒီချောင်းကို မဖြတ်ဘဲနဲ့ ရန်သူ့စခန်းကို မရောက်ရှိနိုင်ဘူး။ ကံကောင်းချင်တော့ ရန်သူ့ နယ်မြေကို အရောက် ပို့ပေးမဲ့ ယိုင်နဲ့နဲ့တံ တားလေး တစ်စင်းက ချောင်းပေါ်မှာ မိုးလျက်ရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စစ်တပ် အနေနဲ့ ဒုတိယ အတွေးကို တွေးထားပြီးဖြစ်တယ်။
ပထမ အတွေးက ရန်သူအနေနဲ့ တံတားကို မဖျက်ဆီးနိုင်ခင်မှာပဲ မိမိတို့အလွယ်တကူ ကူး ဖြတ်နိုင်မယ် ဆိုတာပေါ့။ အကယ်၍ ရန်သူအနေနဲ့ တံတားကို လျင်မြန်စွာ ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် အဲဒီ အချိန်မှာ ဒုတိယ အတွေးလာပါပြီ။ ကြိုတင် ပြင်ဆင်ထားတဲ့ စစ်အင်ဂျင်နီယာတပ်က သဲ အိတ် များကို ချောင်းထဲ ပစ်ထည့်ပြီး တံတားသဖွယ် အဆင့်ဆင့်စီထပ်နေအောင် ပြုလုပ်ပေးပါလိမ့် မယ်။ အဲဒီလိုနည်းနဲ့ ဒုတိယ အတွေးဖြင့် ကြိုတင်စီ စဉ်ထားမှုက၊ အောင်မြင်မှုလမ်းကြောင်း ပေါ်မှ မသွေဖည်သွားအောင် ကူညီပံ့ပိုး ပေးပါလိမ့်မယ်။
အဖွဲ့အစည်း တစ်ခု၊ ကုမ္ပဏီ တစ်ခု၊ စက်ရုံ တစ်ရုံ အနေနဲ့ လုပ်ငန်း ကိစ္စတွေ ဆောင်ရွက်တဲ့ အခါမှာလည်း ဒုတိယ အတွေးက မဆုံးရှုံးသင့်တာ ဆုံးရှုံးရအောင် အချိန်မီ ကာကွယ်ပေးနိုင်စွမ်း ရှိပါ တယ်။ ပထမ အတွေးကနေ ချမှတ်လိုက်တဲ့ Decision နောက်ကို Plan က အတိအကျဖော် ဆောင်နိုင်ခြင်း မရှိတဲ့အခါ ဒါမှမဟုတ် တစ်ဝက် တစ်ပျက်မျှသာ ဖော်ဆောင်နိုင်တဲ့ အခါ ကြိုတင် တွေးထားတဲ့ ဒုတိယအတွေးက တစ်စုံတစ်ရာ အကျိုးရှိစေပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ နေ့စဉ်ဘ၀မှာလည်း ဒါ မဖြစ်ခဲ့ရင် ဘာလုပ်မလဲဆိုတဲ့ ဒုတိယအတွေးကို ကြိုတွေးထားရင် နက်ရှိုင်းတဲ့ဒဏ်ရာတစ်ခု ရလာ စေဦး။ အနည်းငယ်သက်သာရာ ရနိုင်ပါတယ်။ တချို့ကတော့ အပျက်သဘောဆောင်တဲ့ Negative Thoughtလို့ လွဲမှားစွာ ယူဆပြီးလက် ခံချင်မှ ခံလိမ့်မယ်။ ဒါကတော့ ဘယ်အရာကို မဆို လူတိုင်းလွတ်လပ်စွာ၊ ဒါပေမဲ့ ငြိမ်းချမ်းစွာ သဘောကွဲလွဲခွင့် ရှိပါတယ်။ တစ်ခုရှိတာက ကံကြမ္မာစေညွှန်ရာအတိုင်း လိုက်ပါကပြ အသုံး တော်ခံနေရတဲ့ လူသားတိုင်းဟာ မိမိကိုယ်မိမိလို သလို ကြိုးဆွဲနိုင်တဲ့အဖြစ်ကို ဘယ်တော့မှရောက် ရှိမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ၀မ်းနည်းမယ် ဆိုရင် နာကျင်ရပါလိမ့်မယ်။ အဖြေရှာကြည့်မယ် ဆိုရင်တော့ လွတ်မြောက်နိုင်မဲ့ နည်းလမ်းတွေ တစ်ခုထက်မက ရှိပါတယ်။
ရဲစွမ်းနေ (Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|