(Aug-2012)ဝေါဟာရမှော်ရုံတောမှာ PDF Print E-mail
Written by ဦးအေးချစ်(EEAC)   
Thursday, 16 August 2012 16:33
Share |

ငိုသူတွေကို ငိုအဖွဲ့ ကူမယ်(NGO)
လူတစ်ဦးစီဟာ လောကကြီးမှာ အထီးထီး ရပ်တည် နေထိုင်လို့ မရနိုင်ပါဘူး။ လူဖြစ်လို့လူ့ အဖွဲ့အစည်း(Human Society) အတွင်းမှာ နေထိုင်ရပါတယ်။

cialis 2013click here buy cheap viagra without a prescription cialis 20mg
argaiv1743

အဲဒီ အခါမှာတော့ ထွေးရောယှက်တင် ပူး ပေါင်းနေထိုင်လာရသမို့ သူ့အကျိုး ကိုယ့်အကျိုးဆိုတာတွေ ရှိလာပါတော့တယ်။ ပထမဦးစွာ ကိုယ့်ရဲ့ အကျိုးအတွက် လုပ်ဆောင်ရပါတယ်။ ဒါဟာ ဓမ္မတာပါပဲ။ အတ္တဟိတသဘော၊ အတ္တသမားပဲပေါ့။ အင်္ဂလိပ်လိုက Cynic လေ။ နောက်တစ်မျိုးက Egotist  ပေါ့။ အသစ်ထွင်သုံးတဲ့စကားကျတော့ Me-Firster တဲ့။

ကနဦး အနေနဲ့ အတ္တဟိတ သမား ဖြစ်ရတာ သဘာဝကျပါတယ်။ ဘယ်လို အတ္တသမားမျိုးလဲ။ မြန်မာ့ ယဉ်ကျေးမှုမှာ လူတိုင်း သိပြီးသားဖြစ်တဲ့ “နေ့စဉ် ပညာ၊ ဥစ္စာ၊ ကုသိုလ်ရှာ“ဆိုတာပါပဲ။ပြန်စဉ်းစားကြည့်တော့ ကျန်းမာရေး ကောင်းနေတဲ့ လူဟာ ငယ်စဉ်ကတည်းက ပညာ သင်ယူရတယ် လေ။ သင်တော့တတ်တာပေါ့။ ဘယ်သူတတ်တာလဲ။ ကိုယ်တတ်တာ၊ မိမိတတ်တာလေ။ ပညာ ဆိုတာ ကိုယ်တိုင်သင်ယူဆည်းပူးရတာကိုး။ ကိုယ်တတ်ဖို့ ကိုယ်သင်။ ကိုယ်သင်တော့ ကိုယ်တတ်။ ဒါဟာ အတ္တဟိတ တစ်မျိုးပါပဲ။ ရှိကောင်းရုံမက ရှိကိုရှိရမဲ့ အမျိုးအစားပါ။

ပညာတတ်လာရင်တော့ နောက်ထပ် အတ္တဟိတ တစ်မျိုးဖြစ်တဲ့ ဥစ္စာ ရှာဖွေ စုစောင်းဖို့ အလုပ် လုပ်ရတော့မယ်လေ။ စီးပွားဥစ်္စာကိုလည်း သမ္မာ အာဇီဝ အသက်မွေးဝမ်းကျောင်း မှန်မှန်ကန်ကန်နဲ့ ကြိုးစား လုပ်ကိုင်ရပါတယ်။ အလုပ်ကြိုးစားတော့ စီးပွားဖြစ်ပါတယ်။ စီးပွားဖြစ်တော့ ဥစ္စာရတာ ပေါ့။ ဥစ္စာရရင် ကိုယ့်အတွက် စိတ်ကြိုက် သုံးနိုင် ပါတော့တယ်။ ကိုယ်ကျိုးအတွက်ပေါ့။

အမှန်တော့ ပညာနဲ့ ဥစ္စာရှာဖွေ ရယူကြတာဟာ ကိုယ်ကျိုးအတွက် သက်သက်ပါပဲ။ အတ္တ ဟိတသဘောပဲလေ။ ဒီတော့ ပညာနဲ့ဥစ္စာ ရပြီးရင် ဘာလုပ်ကြမလဲ။ ကုသိုလ် လုပ်ရတော့မယ်လေ။ ကုသိုလ်ဆိုတာ ဘာလဲ။ မြန်မာ့ဓလေ့ ရိုးရာမှာ ကုသိုလ်ရဲ့အနက်အ ဓိပ္ပာယ်ကို ဖွင့်ဆိုကြပုံတွေ အမျိုးမျိုး ရှိကြပါတယ်။ တစ်ခုက ကုသိုလ်ဆို တာ ကောင်းမှုတဲ့။ ကောင်းမှု ဆိုတာကကော ဘာလဲ။ ကိုယ့်အတွက် ကောင်းတာလား။ သူများ အတွက်ကောင်းတာလား။ ကိုယ့်အတွက်ဆိုရင် တော့ အတ္တဟိတပဲ ဖြစ်နေမှာပါ။ ဒါဆိုရင်သူတစ် ပါးကောင်းဖို့ပေါ့။ ဟုတ်ပါတယ်။ တခြားသူတွေ ကောင်းဖို့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာ ပါပဲ။ ဘာဆောင်ရွက်ပေးရင် ကုသိုလ်ကောင်းမှု ဖြစ်မလဲ။

ရှင်းပါတယ်။ အတ္တဟိတနဲ့ အားထုတ်ကြိုး ပမ်းလို့ ရရှိထားတဲ့ ပညာနဲ့ ဥစ္စာကို တခြားသူတွေ ကောင်းကျိုးချမ်းသာ ရရှိစေဖို့ ဝေမျှပေးကမ်း လိုက်ခြင်း(Share)ပဲ ဖြစ်ပါတယ်။ ကိုယ်တတ် ထားတဲ့ပညာတွေ တခြားသူကို သင်ပေးလိုက် မယ်။ ကိုယ်ရထားတဲ့ ဥစ္စာ ပစ္စည်းဓနငွေကြေး တခြားသူတွေကို ချီးမြှောက်ပေးဝေစွန့်ကြဲလိုက် မယ်။ ဒါဆိုရင် အများကောင်းကျိုးဆောင်ရွက် တာဖြစ်လို့ ပရဟိတခေါ်တာပါပဲ။ ဒါကြောင့် ဒီ တစ်ပတ်မှာတော့ ဆယ်ကျော်သက်ဖူးငုံတို့ အတွက်ပရဟိတဆိုင် ရာသဘောတရားနဲ့ ဝေါဟာ ရစကားလုံးတွေကို ဗဟုသုတ ရရှိစေဖို့နဲ့ ပရဟိ တစိတ်ဓာတ်တွေ ရှင်သန်ကိန်းအောင်းလာစေဖို့ ဝေါဟာရမှော်ရုံတောထဲ ၀င်ရောက်ပြီး အင်ဂျီအို (NGO)နဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်း တွေကို လေ့လာကြမှာဖြစ်ပါတယ်။


ပထမဆုံး အင်ဂျီအိုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကြည့်ရအောင်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ Peter Willets u NGO is an independent voluntary association of people acting together on a continuous basis for some common purpose other than achieving government office, making money or illegal activities လို့ဆိုပါတယ်။ အင်ဂျီအို ဆိုတာ တရားမ၀င်လှုပ်ရှားမှု တွေလုပ်ဖို့၊ ငွေရှာဖို့၊ အစိုးရ ရာထူး ရဖို့ထက် ဘုံတူညီတဲ့ ရည်ရွယ်ချက် အတွက် စဉ်ဆက်မပြတ်အခြေခံနဲ့ အတူတကွ ပူး ပေါင်းဆောင်ရွက်ကြတဲ့ လူတွေရဲ့လွတ်လပ်သော စေတနာ့ ၀န်ထမ်း အသင်းအဖွဲ့ပါပဲ။ တခြား ပါမောက္ခတစ်ဦးဖြစ်တဲ့ Akira Iriye  ရဲ့ ဖွင့်ဆိုချက် ကတော့ ဒီလိုပါ။  NGO is a voluntary nonstate, nonprofit, nonreligious and nonmilitary association  အဓိပ္ပာယ်ကတော့ အင်ဂျီအိုဆိုတာ စေတနာ့ ၀န်ထမ်း၊ အစိုးရနဲ့ မဆိုင်၊ အမြတ်မရှာ၊ ဘာသာရေး ကင်းရှင်းပြီး၊ စစ်ရေးနဲ့ မပတ်သက်တဲ့ အဖွဲ့အသင်းပါပဲ။

စိတ်ဝင်စားစရာကောင်းတာက NGO  အတိုကောက် Acronym  ရဲ့ ထွက်ပေါ်လာတဲ့ အသံထွက်။ NGO- ငိုတဲ့လေ။ လူသတ္တ၀ါတွေမှာ ငိုတဲ့ အလုပ်ကို အဓိက လုပ်ဆောင်တဲ့သူက ကလေးတွေပဲ မဟုတ်လား။ သူတို့ ဘာကြောင့် ငိုကြရ သလဲ။ အပြုစုအယုယ အစောင့်ရှောက် ခံချင်လို့ ပေါ့။ ဘယ်အခါမျိုးမှာလဲ။ “ဆာ”တဲ့အခါ နဲ့“နာ”တဲ့အခါမှာပေါ့။ ဒီလိုမျိုးပါပဲ။ လောကကြီး မှာ လူသားတွေ ဒုက္ခသုက္ခ ဘေးဆိုးအန္တရာယ်ကျ ရောက်တဲ့အခါ အခြေအနေမဲ့ ဖြစ်သွားတတ်ကြ တယ်။ စားရမဲ့၊ သောက်ရမဲ့ ဖြစ်သွားတတ်ကြ တယ်။ ဆောက်တည်ရာမရ ဖြစ်သွားတတ်ကြ တယ်။ ကယ်ပါကူပါ တစာစာနဲ့ပေါ့။ သနားစရာ ပါပဲ။ ကပ်ဘေးဆိုးတေ(Disasters)  ဆိုက်ရောက် ပြီး တစ်မုဟုတ်ချင်း အရှင်လတ်လတ် ဒုက္ခသည် (Refugee) တွေ ဖြစ်ကုန်ကြပါလေရော။ ဒီလိုနဲ့ ဘ၀မျက်ရည်မစဲ၊ ငိုပွဲတွေ ဆင်နွှဲရတော့တယ် လေ။ ဒါကြောင့် ဒီလိုငိုကြရသူ အပေါင်းအတွက် “ငိုအဖွဲ့”တွေ ပေါ်ပေါက်လာရတာပါ။

နိုင်ငံတကာမှာ ဒီလို ဒုက္ခသည်တွေကို သက် ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက ကူညီကြရပါ တယ်။ ဒါပေမဲ့ ကြိုးနီစနစ်(Red tapism)  တွေရှိလို့ တုံ့ဆိုင်း နှေးကွေးနေတတ်ပါတယ်။ အဲဒီမှာ လွတ် လပ်စွာဖွဲ့စည်းထားကြတဲ့  အင်ဂျီအိုအဖွဲ့အစည်း တွေက အခင်း ဖြစ်ပွားရာနေရာကို အမြန်ဆုံးသွား ရောက် ကယ်ဆယ်ကူညီလေ့ရှိပါတယ်။ ဒါ ကြောင့်လည်း ဒီလိုအင်ဂျီအို အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အတော့်ကို အရေးပါလာတာဖြစ် ပါတယ်။ မရှိမဖြစ်လို့တောင် ဆိုလို့ရနေပါပြီ။

အခြေခံအားဖြင့် အင်ဂျီအို အဖွဲ့တွေကို ပတ်ဝန်းကျင်နဲ့ အသားကျအောင်လုပ်ဆောင်မှု (Orientation) နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့် (Level of Cooperation)  အပေါ်မူတည်ပြီး အုပ်စု နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့အသား ကျအောင် လုပ်ဆောင်ရတဲ့ အင်ဂျီအို အဖွဲ့တွေကို အလှူအတန်း၊ ၀န်ဆောင်မှု၊ ပါဝင်ဆောင်ရွက်မှု၊ ကျွမ်းကျင်မှုနဲ့ လုပ်ပိုင်ခွင့် ဆိုင်ရာတွေပေါ် မူတည်ပြီး ငါးမျိုးခွဲပါတယ်။ ပူးပေါင်း ဆောင်ရွက်မှု အဆင့် အရတော့ လူ့အဖွဲ့အစည်း၊ မြို့လုံးကျွတ်၊ တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာ ဆိုပြီး လေးမျိုးခွဲနိုင်ပါ တယ်။

ဖူးငုံလေးတို့ရေ အင်ဂျီအို အဖွဲ့တွေရဲ့ သမိုင်း ကြောင်းကလည်း ကြာမြင့်ခဲ့ပြီလေ။ သမိုင်း နောက်ပြန်လှည့်ကြည့်မယ် ဆိုရင် ၁၈၃၉ ခုနှစ် လောက်အထိ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ကြ တယ်။ ၁၉၁၄ ခုနှစ်က ဆိုရင် နိုင်ငံတကာ အင်ဂျီအို အဖွဲ့ပေါင်း ၁၀၈ ခုလောက်ရှိခဲ့တယ်။ ဟိုတုန်း ကတော့ ကျွန်စနစ် ဆန့်ကျင်မှု၊ အမျိုးသမီးမဲဆန္ဒ ပေးခွင့် လှုပ်ရှားမှုတို့လို ကိစ်္စမျိုးတွေအတွက် အင် ဂျီအိုတွေ ပေါ်ထွန်းခဲ့ကြတာလေ။

NGO-Non-governmental Organization ဆိုတဲ့ စကားလုံးအသုံး အနှုန်းကလည်း ၁၉၄၅ ခုနှစ်ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းကြီး တည် ထောင်ခဲ့တာနဲ့အတူ လူသိများလာတာ ဖြစ်ပါ တယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း (The United Nations Charter)  ရဲ့ အခန်း ၁၀၊ အပိုဒ် ၇၁ မှာ အတိုင်ပင်ခံ အကြံပေးနိုင်သော အဆင့် အတန်း Consultative Status  ဆိုတာ အင်ဂျီအိုတွေ ရဲ့ အခန်းကဏ္ဍကို ဖွင့်ဆိုရှင်းလင်းထားတာပါ။

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုး ရေးကိစ္စနဲ့ ပတ်သက်လို့ ၁၉၉၂ ခုနှစ်က ဘရာဇီး နိုင်ငံ၊ ရိုင်ယိုမြို့မှာ ကျင်းပခဲ့တဲ့ Earth Summit အစည်းအဝေးကြီးက နိုင်ငံတကာ အင်ဂျီအိုတွေရဲ့ အင်အားကို ပထမဦးစွာပြသခဲ့တာပါပဲ။ အဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း ၂၄၀၀ လောက် တက် ရောက်ခဲ့ကြပါတယ်။ အခုဆိုရင် နိုင်ငံတကာ အင်ဂျီအိုအဖွဲ့တွေရဲ့ ကွန်ယက် ချိတ်ဆက်မှုက အရမ်းကို ကျယ်ပြန့်လာနေပါပြီ။ ကမ္ဘာ့ ပထမဆုံး အင်ဂျီအိုနေ့ (First World NGO Day)  ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၊ ၁၈ ရက်မှာ ကျင်းပခဲ့ပါတယ်။

လက်ရှိအားဖြင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အင်ဂျီအို အဖွဲ့တွေကို ဥပဒေပြ ဋ္ဌာန်းပြီး တရားဝင် အဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်ခွင့်တွေ ပေးနေပါပြီ။ မြန်မာနိုင်ငံမှာလည်း အလားတူ ဥပဒေ၊ နည်းဥပဒေမျိုးတွေ လိုအပ်ပါတယ်။ ဥပဒေ အဆင့်အတန်း(Legal Status)  အရ အင်ဂျီအို ပုံစံတွေက ကွဲပြားလှပါတယ်။ တစ်နိုင်ငံချင်းစီရဲ့ ဥပဒေ နဲ့ ကျင့်ထုံးတွေ အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ အဓိက အင်ဂျီအိုအုပ် စုကြီး(Four main family group)  လေးမျိုးရှိပါတယ်။

(၁) တရားမ၀င် ပေါင်းစည်းထားတာ မဟုတ်ဘဲ စေတနာ့ဝန်ထမ်းအဖွဲ့အသင်း
(Unincorporated and voluntary     association)
(၂)    အုပ်ထိန်းမှုအဖွဲ့၊ အလှူအဖွဲ့နဲ့ ထောက်ပံ့ရေးအဖွဲ့
(Trusts, charities and foundations)
(၃)    အမြတ်အစွန်း မရှာတဲ့ ကုမ္ပဏီအဖွဲ့
(Company not just for profit)
(၄)    အထူးအင်ဂျီအို ဆိုင်ရာ၊ ဒါမှမဟုတ် အမြတ်အစွန်း မရှာမှုနဲ့ သက်ဆိုင်တဲ့             ဥပဒေတွေနဲ့ ဖွဲ့စည်း မှတ်ပုံတင် ထားတဲ့ သီးသန့်အဖွဲ့များ
(Entites formed or registered  under special NGO or  non-profit laws)
အင်ဂျီအိုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်း (Function) ဒါမှမဟုတ်ရည်ရွယ်ချက် (Objective) တွေကတော့-
(၁)    ဆင်းရဲသားတွေရဲ့ အကျိုးစီးပွားမြှင့် တင်ပေးဖို့
(၂)    သဘာဝပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ဖို့
(၃)    အခြေခံလူမှုရေး ၀န်ဆောင်မှုတွေ     စီစဉ်ပေးဖို့
(၄) ဒုက္ခဆင်းရဲမှုတွေကို သက်သာရာရစေဖို့
(၅)    လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ 
ဒီလိုရည်ရွယ်ချက်တွေကို လုပ်ဆောင် အကောင်အထည်ဖော်ရာမှာ အင်ဂျီအိုလက်စွဲ ဆောင်ပုဒ်(Motto)  လို့တောင်ပြောရမဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ SMART တဲ့။ ဆိုလိုတာကစီမံ ချက် Project တစ်ခုဟာ-
S   - Specific = တိတိကျကျဖြစ်ရမယ်
M - Measurable = တိုင်းတာနိုင်ရမယ်
A  - Achievable      = ဖြစ်နိုင်ခြေရှိရမယ်
R  - Relevant   = ဆီလျော်မှုရှိရမယ်
T - Time-bound = ကာလသတ်မှတ်ချက် ရှိရမယ်

စီမံချက်က ဒီအချက် ငါးချက်နဲ့ ကိုက်ညီရင် SMART  ဖြစ်ရင် အောင်မြင်မှာဖြစ်ပါတယ်။ ဒီလို အောင်မြင်မှလည်း လုပ်ရကျိုး နပ်မှာပါ။ ပစ်မှတ် ဗဟိုကို တိုက်ရိုက် ထိမှန်နိုင်မှသာ အလေအလွင့် အဖိတ်အစဉ် နည်းပါးမှာဖြစ်ပါတယ်။

ဒီလိုမျိုး အင်ဂျီအိုပရဟိတ လုပ်ငန်းဆိုတာ အပေးသက်သက်ချည်းပါ။ အယူမရှိပါဘူး။ ဒါကြောင့် ရန်ပုံငေ (Fund)   အားတောင့်တင်းဖို့လို လာပါတယ်။ ယေဘုယျအနေနဲ့ ရန်ပုံငွေကိုစေတ နာရှင် (Well-Wisher),  ယ အလှူရှင် (Donor)  စတဲ့ သူတွေဆီက ရရှိပါတယ်။ ရန်ပုံငွေဈေးဆိုင် (Fundraising shop)  တွေရဲ့ အမြတ်အစွန်းတွေဆီ ကလည်း ရနိုင်ပါတယ်။ ပြည်တွင်းပြည်ပ ပုဂိ္ဂုလ် အဖွဲ့အစည်းတွေက လှူဒါန်းကြ၊ ထောက်ပံ့ကြ တာတွေ ရှိပါတယ်။ အလှူငွေကို ငွေပဒသာပင် သဘောမျိုးနဲ့ ဘဏ်မှာအပ်နှံလို့ရလာတဲ့ အတိုး အညွန့်တွေဆီကလည်း ရန်ပုံငွေ ရရှိနိုင်ပါတယ်။

ဘာပဲပြောပြော ပရဟိတ လုပ်ငန်းနဲ့ ပတ်သက်လို့ အနောက်တိုင်းသားတွေက အရှေ့တိုင်း သားတွေကို အရင်တုန်းက အထင်သေး၊ အမြင် သေးရှိခဲ့ဖူးပါတယ်။ အင်ဒိုနီးရှားနိုင်ငံစူမာထရား ဆူနာမီငလျင်ကြီး အပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ အင်ဒိုနီးရှားတက်္က သိုလ်ကျောင်းသား ကျောင်းသူတွေ အစုလိုက် အဖွဲ့လိုက် စနစ်တကျပါဝင်ကူညီခဲ့ကြတာကစပြီး ချီး ကျုးထောမနာ စကားတွေ သတင်းတွေ ဆောင်းပါးတွေ ဝေေ၀ဆာဆာ ထွက်ပေါ်လာပါတယ်။ မြန် မာပြည်မှာ ဆိုရင်လည်း ၂၀၀၈ ခုနှစ်နာဂစ်ဆိုင် ကလုန်းမုန်းတိုင်း ကာလက ဧရာဝတီတိုင်း၊ ရန် ကုန်တိုင်းရဲ့ ဒုက္ခ ဖြစ်ရာ ဒေသတွေဆီကို မြန်မာလူ ငယ်တွေ အားတက်သရော ခက်ခက်ခဲခဲပါဝင်ကူ ညီခဲ့ကြပါတယ်။ ကူညီရတာတောင် တကယ့်ကို ခက်ခက်ခဲခဲနဲ့နော်။ သမိုင်းသက်သေရှိပါတယ်။ သေသင့်သေထိုက်လို့ မဟုတ်ဘဲ ညတွင်းချင်းသေ ဆုံးသွားရသူက သိန်းနဲ့ချီတယ်။ ပြီးတော့ ၀ါဒဖြန့် ထာဝရ ဗီဒီယို ဇာတ်ကားကို ဖြန့်ချိလိုက်သေး တယ်။ အမှားတွေကနေ သင်ခန်းစာ ယူစရာတွေ တစ်ပုံတစ်ပင်ပါပဲ။

အဲဒီမှာတင် မြန်မာလူငယ်တွေကြားမှာ “အင် ဂျီအိုစိတ်ဓာတ်တွေ”ပြန်လည်နိုးကြားလာခဲ့ပါတယ်။ မဖွဲ့တတ် ဖွဲ့တတ်နဲ့ အစုလေးအသင်း လေးတွေ ဖွဲ့လာကြ။ လှုပ်ရှားလာခဲ့ကြပါတယ်။ ထိုက်သင့် သလောက်လည်း အကျိုးတွေဖြစ်ထွန်းခဲ့ပါ တယ်။ ဒါပေမဲ့ မြန်မာပြည်မှာက အသင်းအပင်း ဖွဲ့စည်းခွင့်က တရားဝင် အလွယ်တကူ မရရှိနိုင် ပါဘူး။ ခက်ခဲလွန်းလှပါတယ်။ ကြန့်ကြာလွန်းပါ တယ်။ အတားအဆီး အပိတ်အဆို့တွေက များနေ တုန်းပါပဲ။ တွန်းရင်း တိုးရင်းနဲ့တော့ ချောင်ချိလာ မှာပါ။

မြန်မာပြည်ရဲ့ အင်ဂျီအိုပုံစံအဖွဲ့အစည်း သမိုင်းကြောင်းက ဗြိတိသျှကိုလိုနီခေတ်ကတည်း က ရှိခဲ့တာပါ။ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ပေါ့။ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း (YMBA) လို အဖွဲ့ အစည်းအနည်းငယ်ဟာ ဒီကနေ့အချိန်အထိ ရပ်တည်နေဆဲပါ။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်နောက် ပိုင်းအမှောင်ခေတ်ထဲမှာတော့ အင်ဂျီအိုစိတ်ဓာတ် တွေကို ချိုးနှိမ်ခံခဲ့ရလို့ ခေါင်းပါးသွားခဲ့ရပါ တယ်။ ဒါကြောင့်မြန်မာတွေ ငယ်စဉ်က အိမ်နဲ့ကျောင်း၊ ကြီးလာတော့ အိမ်နဲ့အလုပ်ဆီကိုပဲ သွား တတ်လာတတ်ကြပါတော့တယ်။ ဘယ်သူ့ကိုမေး မေး ဘာအသင်းအဖွဲ့မှ ၀င်မထားဘူး။ အဲဒီတော့ လူမှုရေးစိတ်ဓာတ်တွေ ပါးရှားကုန်ပါလေ ရော။ အများအကျိုးဆောင်တာတွေ နားမလည်ကြ တော့ဘူးပေါ့။ မယုံရင်မေးကြည့်ကြပါ။ ဖေဖေ၊ မေမေနဲ့ ဘိုးဘိုး၊ ဘွားဘွားတို့ကို  ဘယ် အသင်း မှာပါပြီး၊ ဘာတွေလှုပ်ရှားဆောင် ရွက်ခဲ့ကြ သလဲလို့။ ကိုယ့်အတွက်တိုက်ရိုက် အကျိုးဖြစ် ထွန်းမဲ့ စာကြည့်တိုက်လေး တစ်ခုခုကိုတောင် ရာသက်ပန် ၀င်မထားခဲ့ကြဘူးလေ။အဲ-စာကြည့် တိုက်ဆိုတာကလည်း ပညာရေး ဆိုင်ရာ အင်ဂျီအိုပဲ ဆိုတော့ သူကလည်း နိုင်ငံမှာ တကယ့်ငှားရမ်း ဖတ်ရှုနိုင်ဖို့က လိပ်အမွေးလိုပဲ။ ရှာမှရှားပေါ့။ ရင်နာစရာတွေပါပဲ။

ဒါနဲ့ဖူးငုံလေးတို့ရေ-ပရဟိတစိတ်ဓာတ်တွေ ပြန်သွင်းထားကြပေတော့။ အင်အားတွေ မောင်း တင်းထားကြပေဦးနော်။ တိုင်းပြည်က ဒီမိုကရေစီ စနစ်နဲ့တည်ဆောက်တာ အတည်ဖြစ်သွားရင် အင်ဂျီအိုအဖွဲ့အသင်းတွေ ထုနဲ့ထည်နဲ့မှိုပေါက်သလို ပေါ်ပေါက်လာတော့မှာ။ နိုင်ငံတကာ ပံ့ပိုးကူညီမှု တွေဝင်လာရင်လည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်း တွေရှိအောင်လေ့ကျင့်သင်ယူ ပြင်ဆင်ထားကြရ မယ်လေ။ နိုင်ငံတည်ဆောက်ရေးမှာ အစိုးရတစ်ခု တည်းနဲ့ မပြီးပါဘူး။ အားကြီးတဲ့ပြည်သူအပေါင်း က ၀ိုင်းဝန်းကူညီပါမှ အောင်မြင်နိုင်မှာပါ။ နောက်ဆိုရင် “ကမ္ဘာကြီးက မိုးခြိမ်းလည်း၊ တို့ ဘ၀က နိုးချိန်း (No change) ပဲ”အဖြစ်မျိုးနဲ့ မကြုံ ဆုံရအောင်ပေါ့။

ကမ်္ဘာ့ကုလသမဂ်္ဂအထွေထွေညီလာခံက ၁၉၈၅ ခုနှစ်မှာ အသက် ၁၄ နှစ်ကနေ ၂၄ နှစ် အတွင်းရှိသူတွေကို လူငယ် Youth   လို့သတ်မှတ် ပေးခဲ့တယ်။ ဒါပေမဲ့လူငယ်တွေဟာ လူ့အဖွဲ့ အစည်းအတွင်းမှာ ခြိမ်းခြောက်ခံရတာ (Intimidated), လျစ်လျူရှုခံရတာ (Intimidated),  ယ နေရာတကျအစီအစဉ်အချမခံရတာ(Ignorant)  တွေကို မကြာခဏခံစားနေရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေကိုယ်တိုင် တစ်ကမ္ဘာလုံးမှာ သူတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေကို လက်တွေ့ ကျကျရှာဖွေဖော်ထုတ်နိုင်ကြသလို၊ ဖြေရှင်းဖို့ လည်း အတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြပါ  တယ်။ လူငယ်အင်ဂျီအိုတွေအကြားမှာ လူသိ အများဆုံး အဓိကပြဿနာတွေကတော့ အိတ်(ချ) အိုင်ဗွီ/အေအိုင်ဒီအက်စ် လူ့အခွင့်အရေးကွဲခြားခြား နားမှု၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေးနဲ့လူမှု စီးပွားစွမ်းဆောင်ရှင်ဖြစ်မှု ကိစ်္စတွေပါဝင်ကြပါ တယ်။

ဒီအင်ဂျီအိုလုပ်ငန်းတွေဟာ အလွန်တရာ ကျယ်ဝန်းလှပါတယ်။ နယ်ပယ်ကဏ္ဍကျယ်ပြန့် သလို ဝေါဟာရအသုံးအနှုန်းတွေကလည်း များ ပြားလှပါတယ်။ ဒါကြောင့်စတိသဘောမျိုး A to Z   အက္ခရာစဉ်နဲ့ စကားလုံးတစ်လုံးစီကိုပဲ ဖော် ပြလိုက်ပါ့မယ်။ မြည်းစမ်းကြည့်ပါ။   
Accounability =  တာဝန်ယူမှု ရှိခြင်း၊
Beneficiary  = အကျိုးကျေးဇူးခံစားရသူ၊
Current donor   = လတ်တလောအလှူရှင်၊
Development   = ဖွံ့ဖြိုးတိုးတက်မှု၊
Emergency  = အရေးပေါ်အခြေအနေ၊
Fundraising  = ရန်ပုံငွေပွဲ၊
Generosity   = ရက်ရောမှု၊
Household   = အိမ်ထောင်စု၊
Initiatic   = ဆန်းသစ်မှု၊
Justice  = တရားမျှတမှု၊
Knowledge  = အသိသုတ၊
Leadership  = ခေါင်းဆောင်မှု၊
Mission  = နိုင်ငံရေး၊ စီးပွားရေးတာဝန်ထမ်းအဖွဲ့၊
Nonprofit   = အမြတ်အစွန်းမရှာသော၊
Organization  = အဖွဲ့အစည်း၊
Philanthropist  = အများအကျိုးဆောင်သူ၊
Quota = ကန့်သတ်ပမဏ၊ ခွဲတမ်း၊
Responsibility  = တာဝန်ရှိမှု၊
Sponsorship  = ထောက်ပံ့ပြုမှု၊
Technique  = နည်းလမ်း၊
Unavoidable    = မရှောင်နိုင်သော၊
Vision  = စိတ်ကူးစိတ်သန်း၊
Workplan  = လုပ်ငန်း အစီအမံ၊
Xenophobia  = သူစိမ်းကြောက်ရောဂါ၊
Yardstick   = စံ၊ ပေတံ၊
Zealot  = တက်ကြွလွန်းသူ
ကျန်တာတွေကိုတော့ လုပ်ငန်းကိုင်ရင်း လေ့လာ သွားကြပေါ့နော်။

အမှန်တကယ်တော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းမှာ ပရဟိတ အများအကျိုးဆောင် ရွက်ဖို့ နှိုးဆော်စကားတွေက ရှိပြီးသားပါ။ အလှူ တကာ့ အလှူမှာ ပညာအလှူက အမြတ်ဆုံး။ အလှူရေစက် လက်နဲ့ မကွာ။ ပုဗ္ဗ၊ မုဉ္စ၊ ပရစေ တနာ။ စေတနာသုံးတန်ပြဋ္ဌာန်းပြီးလှူ၊ ထမင်း ရည်ချောင်းစီး လှူဒါန်း။ ဘယ်ဘက်က တစ်ဆုပ် ကြဲလို့ ညာဘက်ကတစ်လှည်းဝင်ဆိုတဲ့ စကား တွေဟာ မြန်မာလူမျိုးတွေ နားလျှံမတတ်ပါပဲ။ လက်တွေ့အကောင် အထည် ဖော်ကြဖို့သာ လိုအပ် နေတာပါ။ ဒါကြောင့်မို့ နေကြတ်ပြီးထွက်လာ တဲ့နေမင်းကြီးလို၊ လငပုတ် ဖမ်းခံရပြီး လွတ်လာ တဲ့လမင်းကြီးပမာ အမှောင် ကင်းပျောက် အလင်းရောက် စပြုချိန်ကစပြီး ပညာလည်း စုဆောင်း၊ ဥစ္စာလည်း ရှာဖွေကာ၊ ကုသိုလ်တွေ ပြုနိုင်ကြဖို့ ဒီကနေ့ခေတ် ဖူးငုံဆယ်ကျော် သက်တို့ အပါအ၀င် မြန်မာလူငယ် အပေါင်းဟာ ကိုယ်တိုင် နေထိုင် ပိုင်ဆိုင်ကြမဲ့ အနာဂတ် ကမ္ဘာကြီး အတွက် မိမိကိုယ်ကို ဗဟို မဏ္ဍိုင်ပြုပြီး၊ ၀န်းကျင်က ပုဂိ္ဂုလ်တွေကိုပါ စည်းရုံး လှုံ့ဆော်ကာ အများအကျိုး ဆောင်ရွက်ကြရမဲ့။ အချိန် ကောင်းအခါကောင်း ကျရောက်ပြီ ဖြစ်ပါကြောင်း ကြေညာမောင်းခတ် လိုက်ရပါတော့သတည်း။

ဆယ်ကျော်သက် ထက်မြက်ပါစေ
ဦးအေးချစ်EEAC