လူငယ်တိုင်းရဲ့ နေရာ၊ နေရာတိုင်းရဲ့ လူငယ် PDF Print E-mail
Written by တင်တင်အေး   
Thursday, 16 August 2012 14:03
Share |

ဖူးငုံတို့ အားလုံး ကျန်းမာကြဖို့ ဆုတောင်းပေးရင်းနဲ့ ဒီလအတွက် နှုတ်ခွန်း ဆက်လိုက် ရပါတယ်။ ဘ၀မှာ ကျန်းမာဖို့က အဓိကမဟုတ်လား။ ကျန်းမာမှ ဘ၀ကို အောင်မြင်အောင်၊ အဓိပ္ပာယ် ရှိအောင် ကြိုးစားလို့ ရမှာလေ။ အခု ကာလက တုပ်ကွေးတွေ အရမ်းကို ဖြစ်လွယ်နေတဲ့ ကာလဆိုတော့ ဖူးငုံတို့ အားလုံး ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ကြဖို့ သတိပေးရင်းနဲ့ ဒီလအတွက် စကားဝိုင်းလုပ်ဖြစ်ခဲ့ပုံလေး ပြောပြပါ ဦးမယ်။

cialis non genericbuy cialis online usa click here buy cialis jelly online
argaiv1808

သြဂုတ်လဟာ ဖူးငုံတို့လို လူငယ်လေးတွေ အတွက် ထူးခြားတဲ့ လတစ်လ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသြဂုတ်လရဲ့ ၁၁ ရက်နေ့ ကို အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့လို့ သတ်မှတ် ပေးထားလို့ပါပဲ။

ဒီလိုမျိုး လူငယ်တွေအတွက် သီးခြား အထိမ်းအမှတ် နေ့တစ်နေ့ ပြုလုပ် သတ်မှတ်ပေးတာကို ဖူးငုံတို့လို လူငယ်တွေ ကျေနပ် ပျော်ရွှင်မယ်လို့ ကျွန်မတော့ ယုံကြည်မိပါတယ်။ ဖူးငုံတို့လိုပဲ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ပေါ်လာတဲ့ အပေါ် ကျေနပ်အားရ ရှိကြတဲ့ သူငယ်ချင်းတွေနဲ့ ဒီတစ်လ စကားဝိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်။ သူတို့တွေနဲ့ ကျွန်မ တွေ့ဖြစ်ကြတာလည်း အဆန်းပါပဲ။ ကျွန်မရဲ့ အခြား အလုပ်ကိစ္စ တစ်ခုကို သွားရင်း ဒီစကားဝိုင်းမှာပါဝင်မဲ့ လူငယ်လေးတွေနဲ့ တွေ့ဖြစ်ခဲ့တာပါ။

ဒီလူငယ်လေးတွေက မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ NLD BG ဆိုတဲ့ သွေးကူညီရေး ပရဟိတ အဖွဲ့က အဖွဲ့ဝင် လေးတွေပဲ ဖြစ်ကြပါတယ်။ လူငယ်တွေ ဆိုပေမဲ့ ကိုယ်ပိုင် အချိန်တွေမှာ ပရဟိတ လုပ်ငန်းလေးကို အားတက်သရော ၀င်ရောက်လုပ် ကိုင်နေကြတာ သူတို့ အတွက်တော့ ကျွန်မ အားကျဂုဏ်ယူ မိပါတယ်။ ကဲ နိဒါန်းချီနေတာနဲ့ ဖူးငုံတို့ကို စကားဝိုင်းမှာ ပါဝင်မဲ့ ပရဟိတ လူငယ်လေးတွေနဲ့ မိတ်ဆက်ပေးဖို့တောင် နောက်ကျနေပြီ။ အခုစပြီး မိတ် ဆက်ပေးပါမယ်။ ပါဝင်ထားတဲ့ လူငယ်လေးတွေက မောင်မြင့်မောင် မောင်သိန်း၊ မောင်ပြည်သိမ်းကျော်၊ မပွင့်ကေခိုင်၊ မစုမြတ်မွန်နဲ့ မောင်အောင် အောင်တို့ ဖြစ်ကြပါတယ်။ စကားဝိုင်းကို စတင်ဖြစ်ခဲ့တာက နိုင်ငံတိုင်း၊ နေရာတိုင်းမှာ လူငယ်တွေ ဘယ်လောက်ထိ လိုအပ်တယ်ထင်သလဲဆိုတဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တစ်ခုနဲ့ စတင်ခဲ့တာပါ။ ဒီယူဆချက်ကို nစကားဝိုင်းက လူငယ်လေးတွေက ထင်မြင်ချက်အသီးသီးပေးကြပါတယ်။ သူတို့ရဲ့ ထင်မြင်ချက်တွေနဲ့ ဖူးငုံတို့ရဲ့ထင်မြင်ချက်တွေတူ၊ မတူ ဆန်းစစ်ဖတ်ရှုကြည့်ကြပါဦးနော်။

မောင်မြင့်မောင်မောင်သိန်း။ ။ နေရာတိုင်းမှာ လူငယ်တွေ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေကသာ ဦးဆောင်ဦးရွက်နဲ့ လုပ်ဆောင် သွားမယ်ဆိုလို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် သွက်သွက် လက်လက်နဲ့ လျင်လျင်မြန်မြန် အရာရာတိုင်းကို အောင်မြင်အောင်လုပ်နိုင်မယ်လို့ ကျွန်တော်က တော့ ယူဆပါတယ်။ လူကြီးတွေကလည်း လူငယ်တွေကို လမ်းညွှန် ခေါ်ဆောင်သွားမယ် ဆိုရင် လူငယ်တွေက နောက်ကနေ အားကြိုးမာန်တက်နဲ့ လိုက်လုပ်မယ်ဆိုရင် ပိုပြီးတော့ အရာရာ အောင်မြင်လာနိုင်တယ်။ လူကြီးတွေက မအားတာတွေ၊ ကျန်းမာရေး အရ မလုပ်နိုင်တာတွေ ရှိနိုင်တယ်။ လူငယ်တွေကကျတော့ လွတ်လွတ် လပ်လပ်နဲ့ လှုပ်ရှားသွားလာနိုင်တဲ့ အတွက် အချိန်နဲ့ တစ်ပြေး ညီတိုးတက်အောင် လုပ်နိုင်တယ်လို့ ထင်တယ်။

မောင်ပြည်သိမ်းကျော်။ ။ လူငယ်တွေရဲ့ စိတ်က ကြည်လင်ပြတ်သားနေတယ် လို့ ထင်တယ်။ ဒါကြောင့် ကြည်လင် ပြတ်သားတဲ့ စိတ်ရှိနေတဲ့ လူငယ်အရွယ်မှာ တစ်ဆထက်တစ်ဆ ပိုပြီးတိုး တက်အောင်လို့ လုပ်သင့်တယ်။ လူငယ်တွေဟာ လောကမှာ ဘယ်လောက်ထိအရေးပါသလဲဆို တာကို လူအားလုံး သိစေအောင် လုပ်ကြရမယ်။ အကောင်းအဆိုး ခွဲခြားပြီး ကောင်းတာမှန်သမျှ လူငယ်အားလုံးက လုပ်ပြကြရမယ်။ မကောင်း တာလုပ်တဲ့ လူငယ်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ရင် ကောင်းတဲ့လမ်းကို ဆွဲခေါ်ပြီး စည်းရုံးရမယ်။ ကောင်းတဲ့ အတွေးအခေါ်တွေကို ဘယ်လို တွေးကြမလဲဆိုတာကို အချင်းချင်း ပြောပြပြီး လူငယ်ကောင်းတွေများများ ပေါ်ထွက်လာအောင် ၀ိုင်းပြီး ကြိုးစားကြရမယ်။ ဒါမှ လူကြီးတွေက လူငယ်တွေကို လက်ခံ နေရာ ပေးလာမယ်လို့ ကျွန်တော်ကတော့ ထင်တယ်။

မစုမြတ်မွန်။ ။ တိုင်းပြည် တစ်ပြည်အတွက်တင် မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာပါ လူငယ်တွေ ဟာ အများကြီး လိုအပ်ပါတယ်။ အဲဒီလိုမျိုးလိုအပ် နေတဲ့ လူငယ်တွေကလည်း လိမ္မာဖို့၊ အသိဉာဏ်ရှိ ဖို့တွေလည်း လိုပါတယ်။ အခုဆိုရင် တက္ကသိုလ် ကျောင်းတွေမှာ ကျောင်းသား လူငယ်တွေ ပျက်စီး နေတာ တွေ ရှိနေတယ်။ ဒါကိုဆရာ၊ ဆရာမတွေက ဂရုတစိုက်ဆုံးမသင့်တယ်။ ပညာရေးကို အာရုံစိုက်လာအောင်၊ တခြားနိုင်ငံ့အရေးတွေ၊ စီးပွားရေးတွေ၊ မိသားစုအရေး တွေကိုလည်း ဂရုတစိုက် ရှိလာကြအောင် ကျောင်းကဆရာ၊ ဆရာမတွေက ၀ိုင်းဝန်းတိုက်တွန်းပေးသင့်တယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေ တွေကို မြှင့်တင်ပေးဖို့ဆိုရင် လူငယ်တွေအားလုံး ကြိုးစား လုပ်ဆောင်ကြမှ ရမယ်။ လူငယ်အားလုံး ဒီနှစ်“လူငယ်များနေ့”ကစပြီး ကြိုးစားပမ်းစား လုပ်ဆောင်သွားကြရင် မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ တန်းတူ ရင်ပေါင် တန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။

မပွင့်ကေခိုင်။ ။ အားလုံးလက်ခံထားတဲ့အတိုင်းပဲ၊ လူငယ်ဆိုတာ နိုင်ငံတိုင်း ရဲ့အနာဂတ်ဖြစ်ပါတယ်။ အဲဒီလို အရေးတကြီးလိုအပ်လှတဲ့လူငယ်တွေအနေနဲ့ ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်  အချိန်တိုင်း ကြိုးစားနေသင့်တယ်။ စာပေ တွေများများ လေ့လာသင့်တယ်။ အနားမှာရှိတဲ့ လူကြီးသူမတွေနဲ့လည်း အရာရာတိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ လူကြီးတွေကလည်း ကောင်း တဲ့လမ်းကို ညွှန်ပြသင့်ပါတယ်။ ဒါမှ လူငယ်တွေဟာ ကိုယ့်နိုင်ငံရဲ့အနာဂတ် ကို ကောင်းကောင်း ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မောင်အောင်အောင်။ ။ ကျွန်တော်ထင်တာနဲ့ ယူဆတာကလည်း အားလုံးယူဆ သလိုပါပဲ။ လူငယ်တွေဟာ နေရာတိုင်းမှာ တကယ် လိုအပ်တယ်ဗျ။ ကောင်းမွန်တဲ့ အရည်အချင်းတွေရှိတဲ့ လူငယ်တွေ ပိုမိုများပြား လာတာနဲ့ အမျှ အဲဒီ တိုင်းပြည်ဟာ တိုးတက် လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။

ကဲ လူငယ်တွေဟာ လောကမှာ ဘယ်လောက် လိုအပ်သလဲ၊ အရေးကြီး သလဲဆိုတာကို ထင်မြင်ချက်တွေ ပြောသွားကြတာ ကျွန်မတောင်မှ ပြန်ပြီး ငယ်ချင် သွားပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်မလည်း တစ်ချိန်က ဖူးငုံတို့လိုပဲ လူငယ်ဘ၀ကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်း ခဲ့ပြီးပြီပဲ။ ဒီအချိန်မှာလည်း ပြန်ငယ်ချင်လို့မှ မရတော့တာလေ။ ဒီတော့ လက်ရှိ လူငယ်ဘ၀ကို ဖြတ်သန်း နေရတဲ့၊ လျှောက် လှမ်းနေရတဲ့ ဖူးငုံတို့က မိမိကိုယ်မိမိ တန်ဖိုးထားဖို့ပဲ ကျွန်မ တိုက်တွန်းချင်ပါတော့တယ်။ ဒါမှ ကျွန်မ တို့နိုင်ငံလည်း ပိုပြီး တန်ဖိုး ရှိလာမှာပေါ့လေ။ အခု ဆက်ပြီးတော့ စကားဝိုင်းလေးကို နားထောင် ကြည့်ရအောင်။ သူတို့တွေ ဆက်ဆွေးနွေး ပြောကြားထားတာက လူငယ် ဖြစ်ရတာကိုရော ကျေနပ်ကြရဲ့လား။ ပြီးတော့ လူငယ်ဖြစ်ရတဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း ထည့်သွင်း ပြောကြားထားကြပါတယ်။ ဖူးငုံတို့ ဆက်လက် ပြီး ဖတ်ရှုကြပါဦးနော်။

မြင့်မောင်မောင်သိန်း။ ။ အခုအချိန်မှာ လူငယ် ဖြစ်ရတာကို ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ အခု အချိန်မှာ ကျွန်တော်တို့ နိုင်ငံက နည်းနည်း လွတ်လပ်မှု ရှိလာလို့လေ။ ဒီထက်လည်း ပိုပြီးလွတ် လပ်မှု၊ ပွင့်လင်းမှုတွေ ရှိလာဖို့လည်း မျှော်လင့်ပါ တယ်။ ပြီးတော့ လူငယ်ဖြစ်နေလို့ ကိုယ်လုပ် ချင်တဲ့ ပရဟိတ လုပ်ငန်းတွေကို ဘယ်လိုလုပ် ငန်းမျိုးပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ပါဝင်လုပ်ဆောင် ပေးရတာကိုလည်း ကျေနပ်မိပါတယ်။ ဒါပေမဲ့ နှောင့်ယှက်ခံရတာမျိုးတွေ မကြာခဏ ကြုံရတာ ကိုတော့ တကယ် စိတ်မကောင်း ဖြစ်မိပါတယ်။

အောင်အောင်။ ။ ကျွန်တော်ကတော့ ဒီအချိန်မှာ လူငယ်ဖြစ်ရတာကို တကယ်ကျေနပ်တယ်။ ဒါ့အပြင် NLD BG သွေးကူညီရေးအဖွဲ့မှာ လူငယ် တစ်ယောက်အနေနဲ့ အားကြိုးမာန်တက်သွေးရှာ ဖွေပေးနေရတာကိုလည်း ၀မ်းသာမိတယ်။လူ ငယ်ဖြစ်နေလို့သာ အစစအရာရာကို သွက်သွက် လက်လက် သွားလာ လှုပ်ရှား နေနိုင်တာပေါ့။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကိုယ်လုပ်ဆောင် သင့်တာကို လုပ်ဆောင် သွားမယ် ဆိုရင်တော့ အားသာချက် ဆိုတာ တွေ့လာရမှာပါပဲ။ ပြီးတော့ လူငယ်တွေ အနေနဲ့ စည်းကမ်းရှိရှိ၊ စိတ်ဓာတ်ခိုင် ခိုင်မာမာနဲ့ဆိုရင် ဆိုးကျိုးဆိုတာ သိပ်မရှိလာနိုင်ပါဘူး။ လူကြီးတွေကလည်း ၀ိုင်းဝန်း ထိန်းသိမ်း ပေးကြပေါ့နော်။

ပွင့်ကေခိုင်။ ။ လူငယ် ဖြစ်ရတာကို အရမ်း ကျေနပ် ပါတယ်။ ဘာလို့လဲ ဆိုတော့ အများကို ဦးဆောင် နိုင်တဲ့ အရည်အချင်းတွေကို ပြည့်ဝအောင် ကြိုးစား ပြင်ဆင်လို့ ရသေးတဲ့ အချိန်မို့လို့ပါ။

ပြည်သိမ်းကျော်။ ။ အခု အချိန်မှာ ကျွန်တော် လူငယ်ဖြစ်နေရတာကို ကျေနပ်ပါတယ်။ လူငယ်ဖြစ်နေလို့သာ တစ်ခုခုဆိုရင် ရှေ့ဆုံးကနေ ရောက် အောင်သွားနိုင်တာပါ။ ၀ီရိယ ရှိရင်ပေါ့လေ။ ဒါပေမဲ့ လူငယ်ဖြစ်နေလို့ အားနည်းချက်တွေလည်း ရှိတယ်ဗျ။ ကျွန်တော်က NLD BG သွေးကူညီရေး အဖွဲ့အနေနဲ့ သွေးလှူဘဏ်တွေ၊ လိုအပ်တဲ့ သွေးလှူရှင်တွေ အတွက် သွေးသွားလှူတဲ့ အခါ ကျွန်တော့်ရဲ့ သွေးပေါင်ချိန်က ပြည့်နေရဲ့သားနဲ့ ကျွန်တော့်ကို ငယ်လို့၊ အတွေ့အကြုံမရှိဘူး ထင် တတ်တာတွေ ကြုံရတယ်။ ပြီးတော့ ကျွန်တော် တို့ လူငယ်တွေ ပြောတဲ့ စကားကို အသိအမှတ် မပြုတာမျိုးတွေလည်း ကြုံရတယ်။ အထင်သေး အမြင်သေးတဲ့ မျက်လုံးမျိုးတွေနဲ့ ကြည့်တာတွေ လည်း ကြုံရပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ဖြစ်လို့ ကျွန်တော် စိတ်မပျက်ပါဘူး။ နောက်ထပ် ကောင်းမွန်အောင်ပဲ ဆက်လုပ်သွားမှာပါ။

ဖူးငုံတို့ရဲ့သူငယ်ချင်းတွေကတော့ သူတို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့လူငယ်ဘ၀ရဲ့ အား သာချက်၊ အားနည်းချက်တွေကို အသီးသီး ရင်ဖွင့် သွားကြပြီ။ ဖူးငုံတို့မှာလည်း အတွေ့အကြုံမျိုးစုံ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အဲဒီ အတွေ့အကြုံတွေကပဲ နောင်တစ်ချိန်မှာ ခွန်အား တွေ၊ အသိဉဏ်တွေဖြစ် လာစေမှာပါ။ အခု ဆက်ပြီးတော့ သြဂုတ်လ ၁၁ ရက် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ သတ်မှတ်ခံရတဲ့ အပေါ် လူငယ်တွေရဲ့ ခံစားချက်ကိုလည်း ပြောခဲ့ကြပါ သေးတယ်။ သူတို့ရဲ့ သြဂုတ်လ ၁၁ ရက်အပေါ် ခံစားချက်တွေက ဒီလိုပါ။

ပြည်သိမ်းကျော်။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာဆိုရင် မိခင်များနေ့တို့၊ အာဇာနည်နေ့တို့ဆိုပြီး အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ လူပုဂ်္ဂိုလ် တစ်ဦး တစ်ယောက်ချင်းစီကိုပဲ ဖြစ်ဖြစ် သတ်မှတ်ပေးထား တဲ့ ဂုဏ်ပြုတဲ့ နေ့လေးတွေ ရှိပါတယ်။ အခုလည်း ကျွန်တော်တို့ လူငယ်တွေကို ဒီလိုမျိုး လူငယ်များနေ့ ဆိုပြီး သတ်မှတ်ပေးတဲ့အတွက် ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ အရမ်းကို ၀မ်းသာပါတယ်။ အဲဒီလိုမျိုး သတ်မှတ်ပေးတဲ့ အတွက်လည်း လူငယ်တွေက လာမဲ့ အနာဂတ်ကို ကောင်းအောင် ဖန်တီးလာနိုင်မယ်လို့ ထင်ပါ တယ်။ လူငယ်အားလုံးလည်း ၀မ်းသာကြမယ်လို့ ယုံကြည်ပါတယ်။

ပွင့်ကေခိုင်။ ။ ဒီလိုမျိုး လူငယ်တွေကို လူကြီးတွေက ပစ်ပယ် မထားဘဲနဲ့ အလေးထားပြီး နေ့ တစ်နေ့ သတ်မှတ်ပေးတဲ့ အတွက် အရမ်းကို အားဖြစ်မိပါတယ်။

အောင်အောင်။ ။  ဒီ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ပေါ်လာတဲ့ အတွက်အတိုင်းမသိ ၀မ်းသာ ပါတယ်။ ကြိုလည်း ကြိုဆိုတယ်။ ဒါပေမဲ့ အဲဒီ နေ့ကို ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်တွေ သိပ်မသိကြတဲ့ လူတွေရှိတယ်။ အဲဒါကို ပိုသိလာ အောင် လုပ်ပေးရမယ်။ အဲဒီနေ့မှာ လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ဟောပြောပွဲတွေ၊ စာပေဟော ပြောပွဲတွေ လုပ်မယ်ဆိုရင် လူငယ်တွေ အတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။

မြင့်မောင်မောင်သိန်း။ ။ ဒီလို လူငယ်တွေ အတွက် အထိမ်းအမှတ် နေ့မျိုး ပေါ်လာတဲ့ အတွက် ကျွန်တော် အရမ်း ၀မ်းသာပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လူငယ်တွေကို အတိအလင်းပေါ့ ကောင်းကောင်းမွန်မွန် ဖြစ်လာအောင် လူကြီးတွေ အနေနဲ့ သတ်မှတ်ပေးတဲ့ အတွက်ပါ။ ကျွန်တော်တို့ လူငယ်တွေ အခု နောက်ပိုင်းမှာ စိတ်ဓာတ်အားဖြင့် တော်တော်လေး ပျက်စီးနေကြတာ တွေ့ရတယ်။ အဲဒီအတွက် ဒီလိုနေ့မျိုး ပေါ်လာတဲ့ အခါမှာ လူငယ်တွေ စိတ်ဓာတ်ပြန်ပြင်ဆင်လို့ ရမဲ့နေ့တစ်နေ့ ပေါ်လာတာပေါ့နော်။ အဲဒီလို ကျွန်တော်မြင်တယ်။ တချို့ လူငယ်တွေက ပရဟိတ လုပ်ငန်း လုပ်တာကို မကြိုက်တာတွေ ရှိတယ်။အဲဒီလို ကိုယ်က မကြိုက်လို့ မလုပ်ဘူး ဆိုရင်လည်း တခြားသူ လုပ်နေတာကို မနှောင့် ယှက်သင့်ပါဘူး။ မကဲ့ရဲ့သင့်ပါဘူး။ ၀ိုင်းပြီးတော့ မဖျက်ဆီးသင့်ပါဘူး။

စုမြတ်မွန်။ ။ ဒီလိုမျိုး လူငယ်တွေအတွက် ထူးထူးခြားခြား သတ်မှတ်ပေး တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါကိုလူငယ်တွေက အကျိုးရှိရှိအသုံးချကြရ မယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အတွက် ပညာရေးက အရေးကြီးပြီး အဓိက ကျတာကိုသိရမယ်။ အဲဒီတော့ ဒီပညာရေးမှာ ပါဝင် သင်ယူနေရတဲ့ လူငယ် တွေက ပိုပြီးကြိုးစား အားထုတ်ဖို့ လိုပါတယ်။ ဒါမှ တခြား အောင်မြင်နေတဲ့ လူတွေနဲ့ ရင်ပေါင်တန်းနိုင်မယ်၊ အမီလိုက်နိုင်မယ်။ ပြီးရင် ပညာရေး သာမက တခြား စိတ်ဝင်စားသင့်တာ မှန်သမျှကိုလည်း လေ့လာသင့်ပါတယ်။

ကဲ-ဖူးငုံတို့ရဲ့ သူငယ်ချင်းတွေက သြဂုတ် လ ၁၁ ရက် အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ သတ်မှတ်ပေးထားတဲ့အပေါ် သူတို့ရဲ့သဘောထားတွေ ကို ပွင့်ပွင့်လင်းလင်းပြောသွားကြပြီနော်။ ကျွန်မတို့ဖူးငုံလေးတွေရဲ့ သဘော ကရော သူတို့တွေရဲ့သဘောနဲ့ ထပ်တူကျကြရဲ့လား။ လူငယ် အချင်းချင်း ဆိုတော့ အတွေးတွေလည်း တူကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုတစ်ခါ ဆက်ပြီး ဆွေးနွေးဖြစ်ကြတာက ဒီအပြည်ပြည် ဆိုင်ရာ လူငယ်များနေ့မှာ လူငယ်တွေ ဘာလုပ်သင့်သလဲ၊ လူကြီးတွေကရော ဘာလုပ်သင့်သလဲ သူတို့ ကိုယ်တိုင်ကရော အဲဒီ့နေ့မှာ ဘာတွေ လုပ်ဖြစ်ကြမလဲ ဆိုတာပါ။ သူတို့တွေပြော ကြားသွားကြတာကတော့-

ပွင့်ကေခိုင်။ ။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ မှာ လူငယ်တွေ အားလုံးကို အကျိုးရှိရှိကုန်ဆုံးသွား စေချင်တယ်။ အချိန်အားတဲ့လူငယ်တွေကျတော့ လည်းကိုယ်တတ်စွမ်းသရွေ့ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်ပေးသင့်တယ်။ အချိန်မရှိတဲ့လူတွေကျတော့လည်း အလှူအတန်းတွေမှာ ကိုယ်တတ်နိုင် သလောက် ပါဝင်လှူဒါန်းသင့်တယ်။ အဲဒီနေ့မှာ လူကြီးတွေက လူငယ်တွေ အတုယူတတ်အောင် လမ်းညွှန်ပေးစေချင်တယ်။ အဲဒါမှလည်း လူငယ် တွေက သူတို့ခင်းပေးထားတဲ့ လမ်းကိုလျှောက် ရင်းနဲ့ အောင်မြင်တဲ့ လူငယ်တွေ ဖြစ်လာ မှာပါ။ ညီမ ကိုယ်တိုင်ကတော့ NLD GB  သွေး ကူညီရေး ပရဟိတ အဖွဲ့အတွက်ပဲ အချိန်ပေးပြီး လုပ်ဆောင် နေဦးမှာပါ။

ပြည်သိမ်းကျော်။ ။ လူငယ် ဆိုတာက လောက ကြီးကို အခုမှစ၀င်လာတာဖြစ်လို့ စိတ်ဓာတ်ကြံ ခိုင်ဖို့ အရေးကြီးတယ်။ ဘ၀ကို ဘယ်လိုလျှောက် လှမ်းမလဲဆိုတာကို တိတိကျကျသတ်မှတ်ဖို့ ကောင်းတဲ့အချိန်ပါ။ အဲဒီတော့ အတုယူမမှား အောင်လည်းသတိထားပြီးနေသင့်ပါတယ်။ အခု သြဂုတ်လ ၁၁ ရက်နေ့ကို လူငယ်များနေ့လို့ မသိသေးတဲ့လူတွေရှိကြတယ်။ အဲဒီလူတွေ ကို လူငယ်များနေ့မတိုင်ခင် သိလာအောင်ပြောပြ မယ်။ ပြီးရင်ကျွန်တော်တို့တွေ အတွေးအခေါ် အကြံအဆတွေကို ညှိနှိုင်းကြမယ်။ ဆွေးနွေးကြ မယ်။

အဲဒီနေ့မှာ ကျွန်တော်တို့ လုပ်မဲ့ ပရဟိတ အလုပ်တွေမှာ ပါဝင်လာဖို့ တစ်ပါတည်း လိုက်လုပ်အောင်လို့ ခေါ်ဆောင်မယ်။ အခုဒီစာအုပ်ကို ဖတ်နေကြတဲ့ လူငယ်တွေမှာလည်း အတွေးအခေါ် သစ်တွေ ရှိမှာပါ။ ကျွန်တော်တို့တွေးသလို ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့်သလို အဲဒီ လူငယ်တွေလည်း မျှော်ကြည့်ကြစေချင်ပါတယ်။ ကောင်းတဲ့ အလုပ်မှန်သမျှ လုပ်ကြမယ်ဆိုရင် ကိုယ်ကျိုးအတွက် မဟုတ်ဘဲနဲ့ ပြည်သူလူထု အတွက်ပဲ ဖြစ်စေ၊ တိုင်းပြည် အတွက်ပဲဖြစ်စေ လုပ်ဆောင်ပေးမယ် ဆိုရင် ကမ္ဘာမှာ မြန်မာဟေ့ ဆိုပြီး ၀င့်ကြွားလို့ ရလာမယ်။  ပြီးရင် အနာဂတ်မှာလည်း ဦးဆောင်နိုင်သူဖြစ်ရင်လည်း ဖြစ်လာမှာ ပေါ့နော်။  အဲဒီလိုမျိုး ဖြစ်အောင်လို့လည်း လုပ်ဆောင့်သင့်တယ်လို့ ထင်ပါတယ်။

ပြီးတော့ အဲဒီ နေ့မှာ လူကြီးတွေကလည်း လူငယ်တွေကောင်း ကျိုးတွေ၊ လမ်းမှား မရောက်အောင် ဘယ်လိုနေ ထိုင်ရမလဲဆိုတာတွေကို ဆုံးမသြ၀ါဒပေး သင့်တယ်။ ဒီအလုပ်ကတော့ ဘယ်လိုကောင်းကျိုး တွေရှိတယ်။ ဟိုအလုပ်ကတော့ ဘယ်လိုကောင်း ကျိုး၊ ဆိုးကျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့မင်း တို့ ကောင်းတာလုပ်မလား၊ ဆိုးတာ လုပ်မလား ပေါ့။ ပြီးတော့ အခု အရမ်း တိုးတက်နေတဲ့ ခေတ် ကြီးမှာ လူငယ်တွေကို ဘယ်လို လမ်းမျိုးပေါ်ကို တင်ပေးကြမလဲပေါ့။ ဘယ်လို လုပ်ပေးကြမလဲပေါ့။ အဲဒါကလည်း အရေးကြီးပါတယ်။

ဒါမျိုးတွေကို လူကြီးတွေက လုပ်ဆောင်ပေးသင့်တယ် လို့ ထင်ပါတယ်။ ကျွန်တော်ကလည်း လူငယ် တစ်ယောက်ပဲ။ ပြီးတော့ ကျွန်တော်တို့လို လူငယ် တွေ အားလုံးကို စိတ်ဓာတ်ကောင်းစေချင်တယ်။ စည်းကမ်းလည်း ရှိစေချင်တယ်။ အတွေးအခေါ် ဗဟုသုတဆိုင်ရာ စာအုပ်စာပေတွေကိုလည်း ဖတ်စေချင်တယ်။ ကျွန်တော်ကတော့ အားတဲ့ အချိန်တွေမှာ NLD BG သွေးကူညီရေး ပရဟိတ အဖွဲ့မှာ ၀ိုင်းပြီးကူညီမယ်။ တခြားနေရာတွေ မှာလည်း လိုအပ်ရင် ကူညီဖို့ ကျွန်တော်ကတော့ အမြဲအဆင်သင့်ပါပဲ။

စုမြတ်မွန်။ ။ အဲဒီနေ့မှာမှ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်း လူငယ်တွေဟာ ကိုယ့်ဘ၀တက်လမ်းကို ရှာဖွေနေသင့်တာပါ။ လူကြီးတွေကတော့ ဘေး ကနေ ၀ိုင်းပြီးဖေးမပေါ့။ လူငယ်ဆိုတာ ရှေ့ လျှောက်ရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်။ လွတ်လပ်မှုအပေါ်မှာ တော်ရုံတန်ရုံပဲ အခွင့် ကောင်းပြီး အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်း သင့်တယ်။ ညီမကိုယ်တိုင်ကတော့ ဒီအပြည် ပြည်ဆိုင်ရာ လူငယ်များနေ့မှ မဟုတ်ပါဘူး။ နေ့ တိုင်း ကိုယ်တိုင်ပရဟိတ အဖြစ် NLD BG သွေး ကူညီရေး ပရဟိတမှာ အားကြိုးမာန်တက် ပါဝင် လုပ် ဆောင်ပါတယ်။ တခြားလူငယ်တွေလည်း ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ချင် ပါတယ်။

မြင့်မောင်မောင်သိန်း။ ။ လူငယ်တွေဟာ လူကြီး တွေ ဘာလုပ်ခဲ့လဲ ဆိုတာကြည့်ပြီးအမှားကိုလိုက် မလုပ်ဘဲ သင်ခန်းစာယူ၊ အမှန်ကိုလေ့လာပြီး ဆက်လျှောက်။ လူကြီးတွေကောင်းတာ လုပ် လား၊ ဆိုးတာ လုပ်တာလားကို ကိုယ့်စိတ်ကူး စိတ်သန်းနဲ့ ဆုံးဖြတ်ပြီးတော့မှ ဆက်လျှောက်သင့် တယ်။ ပြီးရင် အဖွဲ့အစည်းတွေထဲမှာ ပါဝင်ပြီးတော့ တက်တက်ကြွကြွနဲ့ လုပ်ဆောင်စေချင် တယ်။ အဲဒီလို လူငယ် တော်တော်များများ ပါဝင်ပြီး လုပ်ဆောင်မှလည်း အဖွဲ့အစည်းတိုင်းက အောင် မြင်မှုမြန်မြန် ရလာပြီး နိုင်ငံလည်း ပိုကောင်းမွန် လာမယ်လို့ ကျွန်တော် ယူဆပါတယ်။ နောင်တစ် ချိန်မှာ ဒီလူငယ်တွေဟာ ခေါင်းဆောင်တွေ နေရာကို ရောက်ရှိလာမယ်ဆိုလို့ ရှိရင် လက်အောက်ငယ်သားတွေ ပေါ်မှာ အကောင်းအဆိုး ဝေဖန်သုံးသပ် ပြီး လမ်းညွှန် ပေးနိုင်ရမယ်။

စည်းကမ်းရော၊ စိတ် ဓာတ်ပါ အားလုံး တက်ကြွပြီး ကောင်းကောင်း မွန်မွန် ပါဝင်လုပ်ဆောင်လာအောင် တိုက်တွန်း ပေးနိုင်တဲ့သူမျိုး ဖြစ်အောင် အခုအရွယ်ကတည်းက စနစ်တကျ သင်ယူ လေ့လာ ထားရမယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ပျက်စီး ပျက်ပြားနေတဲ့စိတ်ဓာတ်တွေကို အဓိကထားပြီး ပြင်သင့်တယ်။ အနာဂတ်မှာ ကောင်းမွန်တဲ့လမ်းကိုလျှောက်ဖို့ အဲဒီနေ့မှာပဲ အရာ အားလုံးကို ပြင် ဆင်ပြီး ကောင်းမွန်တဲ့ဘ၀ကို လျှောက်လှမ်းစေချင်တယ်။ ကျွန်တော်တို့ NLD BG သွေးကူညီရေးအဖွဲ့ကလေးထဲက သူငယ်ချင်းတွေကတော့ တစ် ယောက်နဲ့ တစ်ယောက် အကြံဉဏ်တွေ ဖလှယ်ကြမယ်။ ကိုယ့်အဖွဲ့အစည်း လေး ပိုကောင်းလာအောင်လို့ ၀ိုင်းဝန်းကြံဆကြမယ်လို့ တိုင်ပင်ထားကြပါ တယ်။

အောင်အောင်။ ။ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ မှာ လူငယ်တွေပဲဖြစ်ဖြစ် လူကြီးတွေပဲ ဖြစ်ဖြစ်လူတွေ အတွက် ကောင်းတာအားလုံးလုပ်ဆောင်သင့် တယ်။ အမှားတွေရှိရင်လည်း အမှန်ကို ပြင်သင့်တယ်။ ပြီးတော့ လူငယ်တွေ စုစည်းပြီး စာပေ ဟောပြောပွဲလေးတွေ ဖြစ်လာအောင် လုပ်ဆောင်သင့်တယ်။ လမ်းတွေထဲမှာလည်း လူငယ်တွေ အတွက် အမှတ်တရ ပွဲလေး လုပ်ပေးသင့် တယ်။ တီဗွီတို့၊ ရေဒီယိုတို့ကနေ တစ်ဆင့် လူငယ်တွေ အတွက် လူငယ်တွေ စုစည်းတင်ဆက်တဲ့ အစီအစဉ်မျိုးတွေ လွှင့်ပေးရင်ကောင်းတာပေါ့။ လူကြီး တွေကတော့ လူငယ်တွေ လုပ်ဆောင်မဲ့ အရာလေးတွေကို ဘေးကနေပြီး   တော့ ဆုံးမသြ၀ါဒပေးပြီး လမ်းပြပေးဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ သူငယ် ချင်းတွေကတော့ အဲဒီနေ့မှ မဟုတ်ပါဘူး။ အမြဲတမ်း လူတွေအတွက် အကျိုး ရှိမဲ့ အလုပ်မျိုးစုံကို လုပ်ပါတယ်။ အဲဒီ အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့ မှာ စာပေ ဟောပြောပွဲတွေ လုပ်ကြမယ် ဆိုရင်လည်း ကျွန်တော်တို့ NLD BG သွေးကူညီရေး အဖွဲ့သားတွေက တတ်နိုင်သလောက်ကူညီလုပ်ဆောင်ပေး သွားမှာပါ။

ကဲ။ ဖူးငုံတို့ရေ လူငယ်တွေ ပါဝင် ဆွေးနွေး ထားတဲ့ လူငယ်တွေ အကြောင်း စကားဝိုင်းလေး ကတော့ ဒီနေရာမှာပဲ အဆုံး သတ်သွားပါပြီ။ ဒါပေမဲ့ လူငယ်တွေဆိုတာ တစ်ချိန်ကျရင် နိုင်ငံ့ခေါင်း ဆောင်တွေ၊ ပညာရှင်ကြီးတွေ ဖြစ်လာကြဦးမှာပါ။ အဲဒီ အချိန်မှာ တကယ်အသုံးဝင်တဲ့ လူဖြစ် ဖို့ အခုလို လူငယ် ဘ၀မှာကတည်းက ဦးတည် ချက်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ တိတိကျ ကျ ချမှတ် လုပ်ဆောင်ရမယ် မဟုတ်လား။ ဒီတော့ ဒီတစ်လ စကားဝိုင်းလေးကနေ တစ်ဆင့် ဖူးငုံတို့ ရဲ့အတွေးတစ်ခုခု ကောင်းသောပြောင်းလဲခြင်း ဖြစ်ခဲ့မယ်ဆိုရင် ကျွန်မနဲ့အတူ စကားဝိုင်းမှာ ပါ ၀င်ခဲ့ကြတဲ့ NLD BG သွေးကူညီရေး ပရဟိတ အဖွဲ့က လူငယ်တွေကလည်း ၀မ်းသာအားရ ဖြစ် ကြမှာပါ။

ဖူးငုံတို့ရဲ့အတွေးတွေ အမြဲတမ်းလတ် ဆတ်နေဖို့ ဆုတောင်းပေးရင်းနဲ့ ဒီတစ်လအတွက် နှုတ်ဆက်လိုက်ပါတယ်။

တင်တင်အေး
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)