ချစ်တတ်ခဲ့တာ အပြစ်လား သီချင်းကို ခံစားခဲ့ကြသူများ PDF Print E-mail
Written by မေစုလှိုင်   
Tuesday, 14 August 2012 16:32
Share |

လူသားတို့ရဲ့ ဘ၀မှာ စိတ်ညစ်လို့ပဲ ဖြစ်ဖြစ်၊ ကြိုက်နှစ်သက်လို့ပဲ ဆိုဆို အမျိုးမျိုးသော အကြောင်းအရာ များကြောင့် သီချင်းများကို နားထောင်လေ့ ရှိကြပါတယ်။

free cialis samplesclick here canadian pharmacy cialis medication
argaiv1552

ယခုလရဲ့ ခံစားသူတို့ အမြင် ကဏ္ဍလေးကနေ သီချင်း ပရိသတ် ဆယ်ကျော်သက်လေးများ အတွက် နှစ်သက်ရာ သီချင်း လေးများနဲ့ ရင်ခုန်သံ စာသားလေးများပါ ပါဝင် ဖျော်ဖြေပေးဦးမှာ ဖြစ်ပါတယ်။ ခံစားသူတို့ အမြင် ကဏ္ဍလေးက ဖူးငုံ ဆယ်ကျော်သက်လေးများ အတွက် လိုသမျှကို အလိုကျ ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပါတယ်။

ယခုလ ခံစားသူတို့ အမြင် ကဏ္ဍလေးမှာ အဆိုရှင် ဒီရေတိုးရဲ့ အမှတ်တရ ဖြစ်စေ တေးစီးရီးတွင် ပါဝင်သော ချစ်တတ်ခဲ့တာ အပြစ်လား ဆိုတဲ့ သီချင်းလေးကို ရွေးချယ်ထားပါတယ်။ ဒီသီ ချင်းလေးကို တေးရေးစိုးလင်းက သူရဲ့အနုပညာ သက်တမ်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်တေး စီးရီးအတွက် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ဖန်တီးရေးသားသူ စိုးလင်းက“ဒီသီချင်းလေးက ကော်ပီ ဆိုပေမဲ့ ကော်ပီ မဆန်ဘူး။ ဒီရေတိုး အသံနဲ့ လိုက်အောင် ရေးပေးထားတာပါ” လို့ ဆိုပါတယ်။

အဆိုရှင် ဒီရေတိုးကလည်း“ကျွန်တော့် သီချင်းကို ပရိသတ်တွေ ကြိုက်တယ်ဆိုရင် ကျွန်တော့်ရဲ့ ကြိုးစား အားထုတ်မှုထက်စာရင် ဦးစိုးလင်းရဲ့ အားထုတ်မှုက ပိုများပါတယ်လို့ ဆို ချင်ပါတယ်။ ကျွန်တော်က တေးရေးဆရာရဲ့ ဖီလင်ကို ၄၀ ရာခိုင်နှုန်းလောက် ပရိသတ်ကြီးကို တင်ပြတာပါ”လို့ ဆိုထားပါတယ်။ ဖူးငုံဆယ် ကျော်သက်ပရိသတ်လည်း အခုခံစားသူ ဆယ်ကျော်သက်လေးတွေရဲ့ စိတ်ကူးလေး တွေကို ဖတ်ရှုဝေဖန် အားပေးပါဦးနော်။

သူဇာဝင်းမောင်
ကိုဒီရေတိုးရဲ့ ချစ်တတ်ခဲ့တာ အပြစ်လား သီချင်းက စာသားလေးတွေ ကောင်းတဲ့ အပြင် သီချင်း အသစ်လေးလည်း ဖြစ်တယ်။ သီချင်း တင်ဆက်တဲ့ ပါဖောမန့်လေးကလည်း ပါတော့ ကြည့်ရ နားထောင်ရတာ ကျေနပ်မှု ရစေပါတယ်။ သီချင်းလေးက အချစ်သီချင်း ဖြစ်ပြီး ကောင်မလေး တစ်ယောက်ကို ရိုးသားစွာ သူ့အချစ်နဲ့ ပတ်သက်ပြီး အပြစ်မြင်မှာ စိုးလို့ တောင်းပန်နေတဲ့ ပုံစံ မျိုးလေး ဆိုတော့ ကြိုက်ပါတယ်။ ဒီသီချင်းကို ဆိုပေးထားတဲ့ ကိုဒီရေတိုးလည်း အနုပညာ ခရီးလမ်းမှာ အောင်မြင်မှု ပန်းတိုင်တွေနဲ့ ဝေဖြာ နေပါရစေလို့ ဆုတောင်းပါတယ်။

သိန်းသန်းထိုက်
အမှတ်တရ ဖြစ်စေ အခွေလေးက ထွက်ထားတာ သိပ်မကြာသေးတော့ ဒီသီချင်းကို နားထောင်ဖြစ်တာ သိပ်မကြာ သေးပါဘူး။ အမြဲတမ်း နားထောင်ဖြစ်သလို ဖြစ်နေပါတယ်။ သီချင်းရဲ့ သဘော တရားကို ပြောရရင်တော့ ကောင်လေးက ကောင်မလေးကို တော်တော် အေးအေးဆေးဆေးနဲ့ ချစ်တာ တွေ့ရတယ်။ သူချစ်တာ အပြစ် ဖြစ်မှာလည်း ကြောက်နေသေးလို့ သီချင်း ခေါင်းစဉ်ကိုက ချစ်တတ်ခဲ့တာ အပြစ်လားတဲ့။ ကောင်းပါတယ်။ ကျွန်တော်က သီချင်းထက် ပါဖော့မန်ကို ပိုကြိုက်တယ်။ ဘယ်လိုပြောရမလဲ၊ လူငယ်ဆန်တဲ့ ပုံစံမျိုးလေးပေါ့။ ဒီသီချင်းလေးကိုလည်း ကြိုက်ပါတယ်။ အဆိုရှင် အစ်ကိုလည်း ဒီထက့်မက အောင်မြင်နိုင်ပါစေ။

သင်းလဲ့ဝါ
ဒီသီချင်းလေးက လူငယ်ဆန်တဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး စာသား အေးအေးလေးက နားထောင်ရတဲ့ သူအတွက် မငြီးငွေ့ပါဘူး။ သီချင်းထဲမှာ ပါတဲ့ ကောင်လေးက ကောင်မလေး အပေါ် သိပ်ချစ်လို့ မင်းက လွဲရင် မချစ်ချင် သူမို့ ဆိုပြီး သစ္စာ ရှိရှိ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟ ပြထားပါတယ်။ သံစဉ်ရော၊ စာသားရော အရမ်း ကောင်းပါတယ်။ ကိုဒီရေတိုးလည်း မျှော်မှန်းထားတဲ့ ဆန္ဒတွေ ပြည့်ဝပြီး အောင်မြင်မှု အပေါင်း ရရှိနိုင်ပါစေ။

မေစုလှိုင်