ချစ်တတ်ခဲ့တာ အပြစ်လား သီချင်းကို ဖန်တီး ခဲ့ကြသူများ PDF Print E-mail
Written by လွင်မေသော်   
Tuesday, 14 August 2012 16:25
Share |

သီချင်းချစ်သူ အများစုဟာ ဖန်တီးသူများ ဖန်တီးထားတဲ့ ခံစားချက်များ အတိုင်းသာ ၀င်ရောက် ခံစားရလိမ့် ရှိကြတယ်။

cheap cialis no prescriptionbuy brand cialis generic viagra tadalafil best price
argaiv1243

တစ်ဖက်သတ် ချစ်တဲ့ သီချင်း ဆိုရင် နားဆင်သူတွေက တစ်ဖက်သတ် ခံစားချက်လေးနဲ့ နားထောင်ကြပါတယ်။ အသည်းကွဲ သီချင်းဆိုရင် အသည်း ကွဲနေတဲ့ ပရိသတ်များရဲ့ အားပေးမှု ပိုများပါတယ်။ ချစ်ခွင့်တောင်းတဲ့ သီချင်းတွေ ဆိုရင်၊ ချစ်သူဆီက အဖြေကို စောင့်မျှော်နေကြတဲ့ လူငယ်များက အဆို များကြမှာပါ။

ဒါကြောင့် ဖူးငုံ ပရိသတ်တွေ အတွက် ခံစားသူတို့ရဲ့ကိုယ်ပိုင် စိတ်ကူးနဲ့ အဓိပ္ပာယ် သတ်မှတ်နိုင်တဲ့ သီချင်း တစ်ပုဒ်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီသီချင်းကို တစ်ဖက်သတ် ချစ်နေတဲ့ လူများကလည်း တစ်ဖက်သတ် သီချင်းလေး အဖြစ် သတ်မှတ်နိုင်ပြီး အသည်း ကွဲနေသူတို့ကလည်း အသည်းကွဲတဲ့ ခံစားချက်များနဲ့ ၀င်ရောက် ခံစားနိုင်သလို ချစ်ခွင့်ပန်သူများကလည်း ဒီသီချင်းကို အသုံးပြုပြီး ချစ်ခွင့် တောင်းနိုင်မှာပါ။ အဲဒီ သီချင်းလေးကတော့ တေးရေး စိုးလင်း ရေးသားထားပြီး အဆိုတော် ဒီရေတိုး သီဆိုထားတဲ့ ချစ်တတ်ခဲ့တာ အပြစ်လား ဆိုတဲ့ သီချင်းလေးပါ။

ဒီသီချင်းလေးက တေးရေး စိုးလင်းရဲ့ အနုပညာ သက်တမ်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အနေနဲ့ ထွက်ရှိတဲ့ အမှတ်တရဖြစ်စေ တေးစီးရီးထဲမှာ ဒီရေတိုးက သီဆို ထားပါတယ်။ ဒီသီချင်း ပုံစံလေးကို ဖန်တီးသူ တေးရေးစိုးလင်းက “ဒီသီ ချင်းလေးက ဒီရေတိုး အတွက်ပါ။ ဒီရေတိုးနဲ့ လိုက်မဲ့ ပုံစံလေး သံစဉ်လေး အရင်ရှာပြီးတော့ရေး ဖြစ်သွားတာပါ။ ပြီးတော့ ဒီသီချင်းလေးက ကော်ပီ ဆိုပေမဲ့ ကော်ပီ သိပ်မဆန်ဘူး။ ဒီရေတိုး  အသံနဲ့ လိုက်တယ်။ ဒါကြောင့် ရွေးဖြစ်တာပါ။ ရေးတဲ့ အချိန်မှာ မှတ်မှတ်ရရ မရှိပေမဲ့ ကိုယ် ခံစားချက်နဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင်လို့ ရေးထားတာပါ” လို့ ဆိုပါတယ်။

ဒီသီချင်းကို အနုပညာသက်တမ်း အနှစ် ၂၀ ပြည့် တေးစီးရီးထဲမှာ ထည့်သွင်းဖန်တီးဖြစ် ရတဲ့ အကြောင်းကိုတော့ “ဒီအခွေထဲမှာ အမြူး မပါ ဘူးပေါ့နော်။ အနှေးနဲ့ အလတ်တွေလောက်ပဲ ပါ တယ်။ ဒီသီချင်းလေးက အလတ်လို့ပြောလို့ရ သလို အနှေးလို့ ပြောလို့ရတယ်။ မူလ သီချင်းနဲ့ နည်းနည်းလေးပဲ ကွဲအောင် ကိုကျော်ဇေယျတို့၊ ဒီရေတိုးတို့နဲ့ ကျွန်တော်တို့ သုံးယောက်စုပြီးတော့ လုပ်ခဲ့တယ်။ မူလသီချင်းမှာက ဗုံတွေချည်း ပဲ၊ အဲဒီအပေါ်မှာတီးလုံးနည်းနည်း ထပ်ဖြည့်လိုက်တာပါ အများကြီး မဟုတ်ပါဘူး။ ဒီသီချင်း ထဲမှာ နင်ကလွဲလို့ မချစ်ချင်သူမို့ အခုဘ၀ထဲမှာ ငါလေရိုးသားတာ မင်းပါ ဆိုတဲ့ စာသားလေးကို ကြိုက်ပါတယ်” လို့ တေးရေး စိုးလင်းက ဆိုပါတယ်။

တေးရေး စိုးလင်းပဲ ရေးပေးခဲ့တဲ့ ချစ်လွန်း လို့ရူး ဆိုတဲ့ ကော်ပီသီချင်းလေးနဲ့လည်း အဆို တော် ဒီရေတိုးကို ပရိသတ်တွေ တော်တော်သိ ထားကြပြီးပါပြီ။ ယခုအကြိမ်မှာလည်း တေးရေး စိုးလင်းရေးပေးတဲ့ ကော်ပီသီချင်းကို ပြန်လည် သီဆိုပေးထားတဲ့ ဒီရေတိုးက “ဦးစိုးလင်းက ကျွန်တော့်ဆရာလိုလည်း ဖြစ်နေတယ်။ ကျွန်တော့်ပထမအခွေတုန်းကလည်း အများကြီးကူညီခဲ့ဖူးတယ်။ ရှေ့မှာလည်း April Queen ထဲမှာလည်း သီချင်းတွဲဆိုဖူးတယ်။ အများ လက်တွဲတဲ့ တေးရေး ဆရာဆိုရင် သူ့ကိုပဲပြရမှာပေါ့။ ဒါ့ကြောင့် အမှတ်တရဖြစ်စေအခွေထဲမှာ ကျွန်တော်လည်း ပါသွားတာပါ။ ဒီသီချင်းလေးက သူပဲလာပြတာပါ။ ကျွန်တော်က သူ့ကို ယုံကြည်တယ်။ သူက ကျွန်တော်နဲ့ ဘယ်လိုပုံစံလိုက် တယ်ဆိုတာ သိတယ်လေ” လို့ ဆိုပါတယ်။

ဒီသီချင်းကို ဆိုတဲ့အချိန်မှာ ဘာအခက်အခဲမှ မရှိဘူးလို့ ဒီရေတိုးက ပြောပါတယ်။ ဒီသီချင်းကို သူ့အခွေစလုပ်ကတည်းက စာသားရော၊ သံစဉ် ရောပေးထားတာကြာပြီ။ သီချင်းက လွယ်လည်း လွယ်တယ်။ Second သံနဲ့ ဟာမိုနီလည်း သိပ်မပါဘူး။ ရှင်းရှင်းလေးဆိုထားတာလေ။ အမှတ်တရ အနေနဲ့ ဒီသီချင်းသွင်းတဲ့ အချိန်က ၁၅ မိနစ်ပဲ ကြာတယ်။ ဒါပေမဲ့ အဲဒီတစ် ခေါက်နဲ့ အားရတယ်လို့ ဆိုပါတယ်။

ဒီသီချင်းလေးထဲက ဒီရေတိုးအကြိုက် ဆုံးစာသားက ငါမနေနိုင် အချိန်မတော်မှ ဖုန်းခေါ် ငြိုငြင်လား ဆိုတဲ့စာသား လေးကြောင့် သူငယ်ချင်းတွေကြားထဲမှာ ငြိုငြင်လားလို့ စကြတဲ့ အတွက် သဘောကျတယ်လို့ လည်း ပြောပြပါတယ်။ ဒီသီချင်းကို ကြိုက်ကြတဲ့ပရိ သတ်တွေအတွက် အဆိုတော် ဒီရေတိုးက “ကျွန်တော့် ဒီသီချင်းကို ကြိုက် တယ်ဆိုရင် ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှု ထက်စာရင် ဦးစိုးလင်းရဲ့အားထုတ်မှုက ပိုများ တယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်က တေးရေး ဆရာရဲ့ ဖီလင်ကို ၄၀ ရာခိုင်နှုန်းလောက်ပရိသတ် ကြီး တင်ပြတာပါ”လို့ဆိုပါတယ်။ တေးရေး ဆရာစိုးလင်းရဲ့ဖန်တီးမှုများကိုလည်း ဒီရေတိုး က “အမှန်အတိုင်းပြောရရင် စာသားထွက်လာတဲ့ အချိန်ကျရင် ဦးစိုးလင်းရဲ့စာသားတွေက လွယ် သလိုလို၊ စာသားနည်းသလိုလို ထင်ရပေမဲ့ ဆို ကြည့်လိုက်တဲ့အချိန်ကြရင် အားလုံးကကွက်တိပဲ။ စတိတ်ပေါ်မှာပဲဆိုဆို၊ တခြားမင်္ဂလာဆောင်တို့ ပွဲတွေမှာပဲ ဆိုဆို သူ့ရဲ့သီချင်းတွေက အံဝင်တဲ့ သီချင်းပုံစံမျိုးတွေ့ရတယ်ဗျ”လို့ ပြောပြပါတယ်။

ဒီသီချင်းရဲ့ မူလပုံစံသီချင်းလေးနားထောင် ဖူးလားလို့ အဆိုတော် ဒီရေတိုးကို မေးကြည့်ဖြစ် တော့ “ဦးစိုးလင်းက ကျွန်တော့်ကို ပေးလိုက်တာ က သူက ဇာတ်လမ်းတွဲကြည့်ပြီးတော့ ကောင်း တယ် ဆိုကြည့်ပါပေါ့။ ကျွန်တော်က အဲဒီကား လည်း မကြည့်ဖူးဘူး။ နောက်ကျမှ အဲဒီအဆို တော်အဖွဲ့ကို You Tube ကနေ ပြန်ရှာပြီးတော့ ပြန်နားထောင်ကြည့်တယ်။ သူတို့ဆိုထားတာ Mood တစ်မျိုး၊ ကျွန်တော်ကတော့ စာသားပေါ်မှာပဲ ခံစားပြီးတော့ လိုက်ဆိုလိုက်တာပါ”လို့ ပြောပါတယ်။

ဒီသီချင်းရဲ့ပုံစံလေးကို ဒီရေတိုးက “ဒါက ဦးစိုးလင်းရဲ့ဖန်တီးမှုပေါ့။ သူက အကြောင်းအရာ တစ်ခုကို ပုံသေကားချပ်ကြီး အတိုင်းပဲ ချပေးလိုက်တာမဟုတ်ဘဲ အသည်းကွဲ နေကြောင်းချပြတာမဟုတ်ဘဲ လူတိုင်း ခံစားလို့ ရအောင် ရေးထားတာလို့ထင်တယ်။ ကျွန်တော် ဆိုတဲ့အချိန်မှာတော့ အသည်းကွဲတဲ့ပုံစံမျိုးဆိုထား တာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့အချစ်တွေက သူ့အတွက် အနှောင့်အယှက်ဖြစ်မလားဆိုတဲ့ သဘောမျိုးဆိုထားတာပါ။ ဒါမျိုးလေးက တော်တော်များများလူငယ်တွေမှာ ဖြစ်တတ်တဲ့သဘာဝ ပါ”လို့ သူ့ရဲ့အတွေးနဲ့ ဆိုထားတဲ့ပုံစံလေးအပြင် ခံစား နိုင်တဲ့ပုံစံမျိုးလေးတွေကိုပါ ပြောပြထားပါ တယ်။ ဒါ့အပြင် အဆိုတော် ဒီရေတိုးက ပရိသတ် ကြီးဆီမှ သူနဲ့ ဘယ်သီချင်းလေးတွေက ပိုလိုက် သလဲ။ နောက်ထပ်ဘယ်လိုပုံစံသီချင်းတွေကို ဆို သင့်သလဲဆိုတဲ့အကြံဉာဏ်တွေကို နားထောင် ချင်ပါတယ်လို့ တောင်းဆို ထားပါတယ်။

လွင်မေသော်
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)