ကမ္ဘာကျော်တဲ့ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှု PDF Print E-mail
Written by အယ်ဒီတာ   
Thursday, 09 August 2012 13:44
Share |

ဝါရှင်တန် ဒီစီသို့ ချီတက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား များ၏ အခွင့်အရေး လှုပ်ရှားမှု
ဒီလှုပ်ရှားမှုဟာ “၀ါရှင်တန်သို့မဟာချီ တက်ပွဲ”အဖြစ် နာမည် ကျော်ပါတယ်။ ဒီလှုပ်ရှား မှုကို လူမည်း အမေရိကန်တွေက ဦးဆောင်တာ ဖြစ်ပြီး သူတို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေနဲ့ စီးပွားရေး အခွင့်အရေးတွေကို တောင်းဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

cialis generic vs brandgeneric tadalafil buy viagra jelly buy cialis cheap
argaiv1433

ဒီလှုပ်ရှားမှုဟာ လူမည်း အားလုံးရဲ့ ၈၀ ရာခိုင်နှုန်း အထိ ပါဝင်ခဲ့တာ ဖြစ်ပြိး ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုရဲ့ အောင်မြင်မှုကတော့ ၁၉၆၄ ခုနှစ်မှာ“နိုင်ငံသား အခွင့်အရေးဥပဒေ Civil Right Act ရယ်လို့ ပေါ်ပေါက်ခဲ့ရတာပါ။ အဲဒီဥပဒေကြောင့် လူမည်းတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ခဲ့ရပါတယ်။ ဒီလှုပ်ရှားမှုမှာ နောက်ထပ်ထင်ရှား ခဲ့တဲ့ဖြစ်ရပ်ကတော့ လူမည်းလူ့အခွင့်အရေး ခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာရဲ့ နာမည်ကျော် “ကျွန်တော့်မှာ အိပ်မက် တစ်ခုရှိ တယ်”မိန့်ခွန်းကို ပြောခဲ့ခြင်းပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုကို လူပေါင်းနှစ်သိန်း ငါးသောင်းကျော် တက်ရောက်ခဲ့ကာ နိုင်ငံ အ၀န်းရှိ ရုပ်မြင်သံကြား ပရိသတ်တွေ အတွက်လည်း မီဒီယာပေါင်းစုံက တင်ပြခဲ့တာမို့ အကြီးကျယ်ဆုံး လှုပ်ရှားမှုဖြစ်ခဲ့ ပါတယ်။

ဒီလှုပ်ရှားမှု ဖြစ်လာရတဲ့ အဓိက နောက်ခံ အကြောင်းကတော့ လူမည်းတွေကို ခွဲခြား ဆက်ဆံ တဲ့အတွက် ဆန္ဒပြမှု တစ်ခု အယ်လဘားမားမှာ ကျင်းပခိုက် ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းမှု ဖြစ်ခဲ့တာကို မကျေနပ်တဲ့ အတွက် တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြမှုမှာ မာတင်လူသာကင်းက အဖမ်းခံခဲ့ ရပြီး ထောင်ထဲမှာ နိုင်ငံသားတွေကို မတရားတဲ့ ဥပဒေတွေ အပေါ် မလိုက်နာခြင်းအားဖြင့် တုံ့ပြန်ကြဖို့ လှုံ့ဆော်တဲ့ “ဘာမင်ဟမ်မြို့တော် ထောင်အတွင်းမှ ပေးစာတစ်စောင်”ဆိုတဲ့စာကို ရေးခဲ့ပါတယ်။ အဲဒီစာဟာ လူမည်း တွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက် ကယ်လီဖိုးနီးယား ပြည်နယ်ကနေ နယူးယောက် ပြည်နယ်ထိ မိုင်ပေါင်းများစွာက လူမည်းတွေ စုစည်းမိကြကာ နောက်ဆုံး ၀ါရှင်တန်ကို ချီတက် ဆန္ဒ ပြကြမယ်လို့ ဖြစ်ပေါ်လာတာပါ။ ဆန္ဒ ပြကြမယ်လို့ ဆုံးဖြတ်ပြီး ဦးဆောင်ကြတဲ့ နိုင်ငံသား အခွင့်အရေး လှုပ်ရှားမှုကို တက်တက်ကြွကြွ ဆောင်ရွက်တဲ့ အဖွဲ့တွေ အများကြီး ရှိပါတယ်။ အဓိက စည်းရုံးလှုံ့ဆော်သူကြီး ခြောက်ယောက်ရှိပြီး သူတို့တွေကတော့ Congress of Racial Equality CORE  လူမျိုးစုများ သာတူညီမျှရေးကွန်ဂရက်အဖွဲ့က ဂျိမ်းစ်ဖာမာ Southern Christian Leadership Conference SCLC  တောင်ပိုင်း ခရစ်ယာန် ခေါင်းဆောင်မှုညီလာခံအဖွဲ့က မာတင်လူသာကင်းဂျူနီယာ၊ Student Nonviolent Coordinating Committee SNCC   ကျောင်းသားများ အကြမ်းမဖက် လက်တွဲဆောင်ရွက်ရေးကော်မတီက ဂျွန်လူးဝစ်၊ Brotherhood of Sleeping Car Porters ကားကူလီများညီအစ်ကိုအဖွဲ့က ဖိလစ်ရဲန် ဒေါ့ဖ်လ်၊ National Association for the Advancement of Colored People NAACP   အသားအရောင်ရှိသူများ တိုးတက်ရေးအတွက် အမျိုးသားအသင်း ကြီးက ရွိုင်ဝီလ်ကင်းစ်နဲ့ National Urban League အမျိုးသားမြို့ပြ အဖွဲ့ချုပ်က ၀ှစ်တနီ ယန်းဂ်ဂျူနီယာတို့ ဖြစ်ကြပါတယ်။

သူတို အဖွဲ့ရဲ့ တောင်းဆိုချက်တွေကတော့ နိုင်ငံသား လူ့အခွင့်အရေးနဲ့ သက်ဆိုင်တာတွေပဲ ဖြစ်ပါတယ်။ လူမျိုးစု ခွဲခြား ဆက်ဆံမှုအား ပြည်သူ့ကျောင်းများတွင် ပပျောက်ရေး၊ ရဲများ အနေဖြင့် ဆန္ဒ ပြသူများ အပေါ် အကြမ်းဖက်မှုအား ကာကွယ်ပေးရေး၊ အလုပ်အကိုင် ရရှိရေးအတွက် ပြည်သူအားလုံး အတွက် ရည်ရွယ်သည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍများတွင် လူမျိုးစုခွဲခြား ဆက်ဆံမှုအား တားမြစ်သည့် ဥပဒေ ပေါ်ပေါက်ရေး၊ တစ်နာရီလျှင် ၂ ဒေါ်လာနှုန်းဖြင့် အနိမ့်ဆုံးလစာ သတ်မှတ် ပေးရေးနဲ့ လူမည်း အများဆုံး နေထိုင်သည့် ကိုလံဘီယာခရိုင် District of Columbia DC အား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရေးတို့ ပါဝင်ခဲ့ပါတယ်။

အဲဒီ ကိစ္စတွေကို အစပိုင်းမှာ သမ္မတကနေ ဒီက အားမပေးခဲ့ဘဲ စောင့်ကြည့်နေခဲ့ပေမယ့် ဒီချီ တက်ပွဲကြီး ဆက်လက်ဖြစ် ပွားလာချိန်မှာတော့ သူက ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ လူဖြူကြီးစိုးရေး အဖွဲ့တွေ(Ku Klux Klan  အပါအ၀င်)ကတော့ ဒီလှုပ်ရှားမှုကို အကြီးအကျယ် ဆန့်ကျင်ခဲ့ပါတယ်။ ချီတက်ပွဲကိုဟန့် တားမှု တချို့ပေါ်ပေါက်ခဲ့ပေမဲ့အဆုံးမှာတော့ အလွန် အောင်မြင်တဲ့ ချီတက်ပွဲကြီး ဖြစ်ခဲ့ပါတယ်။ ချီတက်လာတဲ့ လူစုလူဝေးအတွက် ဂီတ ဖျော်ဖြေ မှုတွေကိုလည်း နာမည်ကျော် ဂီတသမားတွေက တင်ဆက် ပေးခဲ့ပါတယ်။ သူတို့ထဲမှာ Marian Anderson, Joan Baez, Mahalia Jackson, Charlton Heston  တို့ ပါဝင်ပါတယ်။ Charlton Heston  က နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့Marlon Brando, Diahann Carroll, Paul Newman   တို့ကိုယ်စား တက်ရောက် ခဲ့တာပါ။

အဲဒီမှာ ခေါင်းဆောင် ၆ ဦးစလုံးရဲ့မိန့်ခွန်းတွေကို ဟောပြောခဲ့ကြပါတယ်။ ဂျိမ်းစ်ဖာမာကတော့ လူဝီစီ ယားနားမှာ အဖမ်း ခံထားရတာမို့ သူ့မိန့်ခွန်းကို တခြား လှုပ်ရှားသူ တစ်ဦးက ဖတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် ကက်သလစ်၊ ပရိတက်စ်တင့်၊ ဂျူးဘာသာရေး ခေါင်းဆောင်တွေနဲ့ အလုပ်သမားခေါင်း ဆောင်တစ်ဦးတို့ကလည်း မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အမျိုးသမီး ဟောပြောသူ တစ်ဦးဖြစ်တဲ့ Josephine Bakerက ရိုစာပတ်ခ် အပါအ၀င် လူမည်း အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူများ အကြောင်း မိန့်ခွန်း ပြောကြား သွားခဲ့ပါတယ်။

ကျောင်းသားများ အကြမ်းမဖက် လက်တွဲ ဆောင်ရွက်ရေး ကော်မတီက ဂျွန်လူးဝစ်ပြောကြား ခဲ့တဲ့မိန့်ခွန်းက အတော်လေးပြင်းထန်ကာလူ ကြိုက်များခဲ့ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ တရားရုံးက အရေး ယူပေးတဲ့အထိ မစောင့်နိုင်ပါ ဘူး။ စောင့်ခဲ့ရတာ နှစ်ရာ ချီနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ သမ္မတကြီးကိုလည်း မစောင့်နိုင်ပါ ဘူး။ တရားရေး ဋ္ဌာနကိုလည်း မစောင့်နိုင်ပါဘူး။ ကွန်ဂရက်ကိုလည်း မစောင့်နိုင်ပါဘူး။ ကျွန်တော်တို့ ကိုယ့်လက်ထဲကိုပဲ ဒီအလုပ်တွေ လုပ်ဖို့ ပြန်အပ်ရပါမယ်။ အဲဒါမှ အောင်ပွဲဆင်ဖို့ အားကောင်းတဲ့ အစုအဖွဲ့ကြီးကို ဖန်တီးရာ ရောက်မှာပါ။ ကျွန်တော်တို့ကို စိတ်ရှည်ပါ။ စောင့် ကြည့်ပါလို့ ပြောကြပါတယ်။ ကျွန်တော်တို့ အတွက် စိတ်ရှည်ပါဆိုတာ ညစ် ညမ်းဝေါဟာရ ဖြစ်နေပါပြီ။ ကျွန်တော်တို့ စိတ်မရှည်တော့ပါဘူး။ တဖြည်း ဖြည်းမှ လွတ်လပ်ရမှာကိုလည်း မလိုချင်ပါဘူး။ ကျွန်တော်တို့ လွတ်လပ်ချင်ပါ တယ်။ အခုကိုပဲ လွတ်လပ်ချင်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရက်ကိုပဲ ဖြစ်ဖြစ် ရီပတ်ဘလီကန်ကိုပဲ ဖြစ်ဖြစ် ဘယ်နိုင်ငံရေး ပါတီကိုမှ အားမကိုးနိုင်ပါဘူး”လို့ မိန့်ခွန်းမှာ ပါဝင်ပါတယ်။

နောက်ထပ် နာမည်ကျော် မိန့်ခွန်းကတော့ မာတင်လူသာကင်းဂျူနီယာရဲ့ “ကျွန်တော့်မှာ အိပ် မက်တစ်ခု ရှိတယ်”ပဲ ဖြစ်ပါတယ်။ ကင်းကသူဟာ ဒီချီ တက်ပွဲဆီကို လာတာဟာ လွတ်လပ်ရေးနဲ့ ပျော်ရွှင်သုခတွေ အတွက် အာမခံတဲ့ ချက်လက်မှတ်ကို ယူဆောင်လာတာဖြစ်ပြီး အဲဒီအရာတွေကို ငွေထုတ်သလို ထုတ်ယူ သွားဖို့ဖြစ်ကြောင်း၊ လှုပ်ရှားမှုမှာ ပါလာတဲ့သူတွေကိုလည်း ဒီချီ တက် ပွဲကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုး အဖြစ် ပြောင်းလဲမသွားဖို့ သတိ ထားရမှာ ဖြစ်ကြောင်း၊ ဒီလူထုစည်းဝေးပွဲဟာ ရုပ်ပိုင်း ခွန်အားနဲ့အတူ စိတ်ပိုင်းစွမ်းအားတွေ ပေါင်းဆုံတဲ့ အမြင့်မားဆုံး ဆုံမှတ်တစ်ခုသာ ဖြစ်စေ လိုကြောင်း၊ သူ့ရဲ့မျိုးဆက် ကလေးငယ်တွေရဲ့ လက်ထက်မှာ သူတို့ရဲ့အသား အရောင်ပေါ်မူတည်ပြီး သူတို့ကို ဆုံးဖြတ်ကြတာမျိုး မဟုတ်ဘဲသူတို့ရဲ့ စရိုက်ပေါ်မှာသာ မူတည်ပြီး ဆုံးဖြတ်တဲ့ ဆုံးဖြတ်မှုမျိုးတွေ ဖြစ်လာစေလိုကြောင်း စတာတွေကို စိတ်ခံစားမှုအပြည့်နဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုနဲ့ ချီတက်ပွဲဟာ ၁၉၆၃ ခုနှစ်၊ သြဂုတ်လက ဖြစ်ပွား ခဲ့တယ်ဆိုပေမယ့် ဒီနေ့ထိ အမေရိကန် ပြည်သူတွေ မမေ့နိုင်သေးတဲ့ ပွဲတ်စခု ဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ အောင်ပွဲဟာ ဒီနေ့ထိ အမေရိကမှာ သက်ရောက် နေဆဲလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က မာတင်လူသာကင်းရဲ့ အိပ်မက်ဖြစ် တဲ့ကလေး သူငယ်တွေကို အသားအရောင်အရမဟုတ်ဘဲ စရိုက်နဲ့အရည်အချင်း အရ အသိ အမှတ်ပြုဖို့ဆိုတာဟာ လူမည်း သမ္မတဖြစ်တဲ့ ဘားရက်အိုဘားမား ပေါ်လာတဲ့ အချိန်မှာ ပြည့်စုံခဲ့ရပြီလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)