|
Written by မေစုလှိုင်
|
|
Thursday, 09 August 2012 13:31 |
ကမ္ဘာ လူဦးရေ သန်းပေါင်း ၇၀၀၀ လောက် ရှိတဲ့ အထဲမှာ လူငယ်ဆိုတာ အနာဂတ်ရဲ့အားသစ် ခွန်အားတွေပါ။ ယခုလာမဲ့ သြဂုတ်လ ၁၁ ရက်နေ့ကို နိုင်ငံ တကာမှာ ရှိတဲ့ လူငယ်များကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတကာ လူငယ်များနေ့ အဖြစ် သတ်မှတ် ထားပါတယ်။
argaiv1087
နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ မိသားစု တစ်စုရဲ့ ရည်တည်မှု၊ တည်ဆောက်နိုင်မှုတွေဟာ လူငယ်များ အပေါ်မှာ မူတည်နေပါတယ်။ လူရယ်လို့ ဖြစ်လာရင် လောကမှာ မိမိ တတ်စွမ်း သမျှတာ ၀န်တွေကို ရှေ့ကထမ်းဆောင်ခဲ့ သူတွေဆီက ပခုံးပြောင်း တာဝန်ယူ လုပ်ဆောင်ရင်း လူငယ်တို့ အဖို့ လုပ်နိုင်သမျှ စွမ်းအင်တွေကို မြှင့်တင်စေလိုပါတယ်။
သြဂုတ်လ ၁၁ ရက် နိုင်ငံတကာလူငယ် များနေ့မှာ ကမ္ဘာ့ နိုင်ငံများမှာသာမက မြန်မာနိုင်ငံ မှာလည်း ယင်းနေ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် စာတမ်း ဖတ်ပွဲများကိုပင် ကျင်းပကြဦးမှာပါ။ ဖူးငုံဆိုတာ ဆယ်ကျော်သက် အရွယ် လူငယ်များကို တင်စား သုံးနှုန်းတဲ့ အသုံးအနှုန်းဖြစ်ပြီး လူငယ်များအတွက် ကဏ္ဍမျိုးစုံ ဖွင့်လှစ်ပေးထားတဲ့ ဆယ်ကျော်သက် မဂ္ဂဇင်း တစ်စောင်လည်း ဖြစ်ပါတယ်။ ဖူးငုံမဂ္ဂဇင်းက ယခုလရဲ့ မျက်နှာဖုံးရှင် အသက် ၁၆ နှစ် အရွယ် လူငယ် မိန်းမပျိုလေး ရတနာကို ငယ်ရွယ်သူ တစ်ဦးဖြစ်တဲ့ အတွက်ရော၊ လူငယ်များနေ့ကို ဂုဏ်ပြုတဲ့ အတွက်ပါ တင်ပြပေး လိုက်ပါတယ်။ ရတနာက အသက် ၁၆ နှစ်သာရှိသေးပြီး ဆယ်တန်း စာမေးပွဲ အောင်မြင်ထားသူလေး တစ်ဦးဖြစ်ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီးLaurel Art Academy (ရုပ်ရှင် အနုပညာ သင်တန်းကျောင်း)မှာ သရုပ်ဆောင် ပညာ၊ အကပညာ ဂစ်တာ တီးသီချင်းဆို၊ မော်ဒယ်ရှိုး လျှောက်ခြင်း စတာတွေကို သင်ကြားပြီး လက်တွေ့စစ်ဆေးမှုတွေ လုပ်နေရတယ်လို့ ရတနာက ပြောပြပါတယ်။ အနုပညာကို ငယ်စဉ်ကတည်းက ၀ါသနာ ပါတာဖြစ်ပြီး အသက် ၆ နှစ်အရွယ်မှာ Uranium မှ အစ်မတစ်ယောက်ရဲ့ ညီမနဲ့ အတူ Laurel ဆိုတဲ့ကလေး Dancer Group ကို သုံးယောက်ကခဲ့ပါ တယ်တဲ့။ အရင်က မဂ္ဂဇင်း ဓာတ်ပုံတွေ ရိုက်ဖူးပေမဲ့ မျက်နှာဖုံးရှင် အဖြစ် ဓာတ်ပုံရိုက်တာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။
ရတနာက“Cover ဆိုတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ရပါတယ်။ ပထမဦးဆုံး ရိုက်တာဆိုတော့ အမှားအယွင်း ဖြစ်မှာလည်းစိုးတယ်”လို့ ဆိုပါတယ်။ Cover ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ရတနာက“ကိုအောင်ကျော်မိုးဆီက တစ်ဆင့်သိရတာပါ။ Cover ရိုက်ရမယ် ဆိုတာ မမျှော်လင့်ဘဲနဲ့ ဆိုတော့ အရမ်းလည်း ပျော်တယ်။ အရမ်းလည်း ၀ါသနာပါတယ်။ ကိုယ့်ကို Cover မရိုက်ခွင့်ပေးတဲ့ အတွက်လည်း အရမ်းလည်း ကျေးဇူး တင်ပါတယ်”လို့ ဆိုပါတယ်။

Cover ရိုက်ရာမှာ အင်္ကျီ သုံးစုံနဲ့ ရိုက်ကူးခဲ့ပြီး ပထမရိုက်တာက ရိုးရိုးဝတ်စုံစကတ်နဲ့ဖြစ်ပြီး နောက်ဂါဝန်ဂျင်းခေါင်းစွပ် အမွှားလေးတွေနဲ့ အင်္ကျီနဲ့ ရိုက်ကူးထားပါတယ်တဲ့။ မိတ်ကပ်ကိုတော့ ဝေယံမ (အိုင်ရင်းအောင်အောင်)က လိမ်းခြယ် ပေးထားတယ်လို့ ဆိုပါတယ်။ “အခု ရိုက်ထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံးက အနုပညာလောကထဲကို ၀င်ဖို့ ဒီကနေ စရတာလို့ ထင်တယ်။ ဒါကြောင့်မို့ အခုက အရေးကြီး ပါတယ်။ ပထမဦးဆုံး လုပ်တဲ့ အလုပ်မှာ အမှားကြီး ဖြစ်နေရင် နောက်လုပ်တဲ့ အလုပ်တွေမှားမှာဆိုတဲ့အတွက် ပထမဦးဆုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပါမယ်လို့” ရတနာက ပြောပါတယ်။
အနုပညာ အလုပ်ကို ၁၈ နှစ်ပြည့်မှသာ လုပ်မယ်လို့ အစက ရည်ရွယ် ထားပေမဲ့ အခုလုပ်ဖြစ်နေတဲ့အကြောင်း လတ်တလော အနုပညာ လှုပ်ရှားမှု တွေက အေးမြတ်သူနဲ့ အတူ ငှက်တစ်ကောင်ရဲ့ ငိုညည်းသံ ဆိုတဲ့ သရဲကား ရိုက်ကူးပြီး လူမင်း၊ သက်မွန်မြင့် ရိုက်ကူးတဲ့ ကားနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် ရိုက်ကူးတဲ့ ကားများထဲတွင် ပါဝင် သရုပ်ဆောင်ထားကြောင်း အကနှင့် သက်ဆိုင်တဲ့ ဗီဒီယို ဇာတ်ကားများလည်း ရိုက်ကူးထားကြောင်း ရတနာက ပြောပြခဲပ့ါတယ်။ ဖူးငုံ ပရိသတ်တွေကို ရတနာက “အင်တာဗျူးကို ခုမှစပြီး ဖြေရတဲ့ အတွက် အမှားအယွင်း ဖြစ်မှာလည်း ကြောက်တယ်။ အမှားပါရင် ခွင့်လွှတ် ကြပါ။ နောက်လည်း အားပေးပါဦး လို့”ပြောပြခဲ့ပါတယ်။

မေစုလှိုင်
|