|
Written by ခင်လေးမြင့်
|
|
Wednesday, 01 August 2012 16:59 |
ဇာတ်သဘင် ဘက်မှာ ပရိသတ်တွေရဲ့ အားပေးမှု များစွာ ရရှိနေသလို သရုပ်ဆောင် ဘက်မှာလည်း အားပေးမှုတွေ ရနေတဲ့ စွမ်းက ၂၀၁၂ ဇူလိုင် ကစပြီး ကိုယ်ပိုင် ဇာတ်သဘင် တည်ထောင် ထားပါတယ်။
argaiv1912
argaiv1760
ကိုယ်လုပ်ချင်တာ၊ ပရိသတ်ကို ဆန်းသစ်တဲ့ တင်ဆက်မှု တွေနဲ့ တင်ဆက် ပေးချင်တာကြောင့် ကိုယ်ပိုင် ဇာတ်သဘင်ကို စွမ်းက တည်ထောင်ခဲ့ တာပါ။ အသက် ငယ်ပေမဲ့ ကိုယ်တိုင်ဦးစီး ဆောင်ရွက်မှု တွေ လုပ်တဲ့ စွမ်းရဲ့မွေးနေ့က ၂၀၁၂ သြဂုတ် ၃ ရက်နေ့ ဖြစ်ပါတယ်။
မွေးနေ့လက်ဆောင် အဖြစ် ဆရာဦးဝင်းငြိမ်းက ရွှေအမြုတေ မျက်နှာဖုံး ရိုက်ပေးခဲ့တာပါ။ ဒါ့ကြောင့် ၂၀၁၂ သြဂုတ်လ ရွှေအမြုတေ မျက်နှာဖုံးရှင် အဖြစ် စွမ်းကို ရိုက်ခဲ့ပါတယ်။ ဓာတ်ပုံကိုတော့ ရွှေအမြုတေ ပင်တိုင် ဓာတ်ပုံပညာရှင် ကိုလင်း (Studio-K) က ရိုက်ကူး ပေးတာပါ။ မိုးတွင်းကာလလည်း ဖြစ်သလို၊ ရှုတင်အားတဲ့ ည ဘက်အချိန် ရိုက်ကူးဖြစ်တာ ကြောင့် ကိုလင်းရဲ့စတူဒီယို ထဲမှာပဲ ရိုက်ကူးဖြစ် ကြတာပါ။ စွမ်းက ဒီနှစ်သူ့ရဲ့မွေးနေ့ မှာ ထူးထူးခြားခြား ဖြစ်အောင် စီစဉ်မှာ ဖြစ်ပါတယ်။
ရန်ကုန် မှာရှိနေတယ်ဆိုရင် ခြံထဲမှာပဲ ဇာတ်အဖွဲ့သားတွေနဲ့ အတူ ပျော်ရွှင်ဖို့ စီစဉ်ထားသလို နယ် မှာပွဲကဖြစ်တယ်ဆိုရင် ဇာတ်ရုံထဲမှာပဲ လုပ်ဖို့ စီစဉ် ထားပါတယ်။ ပြီးခဲ့တဲ့နှစ် မွေးနေ့က နယ်မှာ ရောက်နေတာကြောင့် ဇာတ်ကရင်း အဖွဲ့သားတွေကို ဗလာမပါ ကံစမ်းမဲဖောက် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် မှာလည်း ဇာတ်အဖွဲ့သားတွေ ကို ဗလာမပါ ကံစမ်းမဲ အစီအစဉ် ထည့်ဖို့လည်း စီစဉ် ထားတာပါ။
ဇာတ်အဖွဲ့သားတွေကို ဦးစားပေး လုပ်ဖြစ်တာ ဘယ် လိုကြောင့်လဲ။
ဇာတ်သမားတွေကို ချစ်လို့ပါ။ ကျွန်တော် အနုပညာ သမားတွေကို ချစ်တယ်။ ပြီးတော့ ကျွန်တော့် ဇာတ်ထဲက လူတွေက အရမ်းပင်ပန်း ဆင်းရဲကြတယ်။ အဲဒီအတွက် သူတို့ကို အကောင်းဆုံး ထားနိုင်အောင် ကြိုးစားတယ်။ အကောင်းဆုံး သွားနိုင်အောင် ကြိုးစားပေးတယ်။ အဲဒီ အတွက် ကျွန်တော့် ပျော်ရွှင် မှုအားလုံးကိုလည်း ကျွန်တော့် အဖွဲ့သားတွေနဲ့ အတူ ထပ်တူ ထပ်မျှ ပျော်ချင်လို့ပါ။
ဒါဆို ဇာတ်အဖွဲ့သား တွေနဲ့ ရုပ်ရှင်၊ ဗီဒီယိုအဖွဲ့သားတွေ ယှဉ်ရင် ဘယ်အဖွဲ့သား တွေကို ပိုချစ်လဲ။
အနုပညာသမားဆို တော့ အကုန်လုံးကို ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ရုပ်ရှင် အဖွဲ့သားတွေကျတော့ သက်သာတယ်။ မပင်ပန်းဘူးလား ဆိုတော့ ပင်ပန်းပါတယ်။ ဒါပေမဲ့ အနေအစား သက်သာတယ်။ ဇာတ်သမား တွေကျတော့ အနေအစား အရမ်း ဒုက္ခရောက်တယ်။ အဲဒီအတွက် သူတို့ကို ကျွန်တော်က သနားတာ။

ဒါဆို မွေးနေ့ဆိုရင် ဇာတ်သမားတွေကို ကူညီမှုတွေ ပေးသလို အခြားအချိန် တွေမှာရော ဘယ်လိုပံ့ပိုး မှုတွေ ပေးလဲ။
အခြား ထောက်ပံ့မှုတွေ အနေနဲ့ကတော့ ကြီးကြီးမား မားပြောစရာမရှိပါဘူး။ အသေးအမွှားကတော့ ပြောမယ်ဆိုရင် အများကြီးပဲ။ လို အပ်တာရှိရင် ကူညီ ထောက်ပံ့ နေတာပါပဲ။ ကျွန်တော့် ဇာတ် မှာ လုပ်ချင်တဲ့ သူတွေ၊ ကား ဆွဲ၊ မီးထိုးတွေကအစ လာလုပ်တယ်။ ပိုက်ဆံဘယ် လောက် ရရင်ရပါတယ်ဆိုပြီး လာလုပ်တယ်။ ထပ်တောင်း လည်းပေးတာပဲ။
စွမ်း ကိုယ်တိုင်တည် ထောင်ထားတဲ့ ဇာတ်သဘင် အခြေအနေက ဘယ်လိုရှိလဲ။ ဘာတွေ စီစဉ်ထားတာလဲ။
ကျွန်တော့် ဇာတ်အဖွဲ့ သား ၉၀ လောက်ရှိတယ်။ အခုလောလောဆယ် ကျွန်တော့် အဖွဲ့တွေကို တောင်ဒဂုံ ဇာတ်ရုံမှာ ဇာတ်တိုက် နေကြတယ်။ ဇာတ်သမားတွေကို ပြန်မလွှတ် ဘူး။ ရန်ကုန်မှာ အိမ်ရှိတဲ့ သူ တွေက ညဘက် ပြန်အိပ်ကြတယ်။ အိမ်ရှိပြီး ဇာတ်မှာပဲ နေချင်တဲ့သူတွေကိုလည်း ကျွန်တော် အမြဲတမ်းကျွေး ထားတယ်။ ဇာတ်ကက၊ မကက ကျွန်တော့် အဖွဲ့သား တွေကို ကျွန်တော် အမြဲတမ်း ထမင်းကျွေးထားတယ်။ အဲဒီ လိုလုပ်တာက ကျွန်တော်လည်း ဇာတ်တိုက်နေတာကတစ် ကြောင်း၊ ပွဲကမှ ဇာတ်သမား တွေကို ဂရုစိုက်တယ် ဆိုတာမျိုး မဖြစ်ချင်ဘူး။ အခု ပွဲ မကတာက မိုးတွင်းလည်းဖြစ် သလို ကားရိုက်လည်းရှိလို့ မကတာ။ ကျွန်တော် အလုပ် ရှိပေမဲ့ သူတို့အလုပ်မရှိရင် သူ တို့ စားဝတ်နေရေးအဆင်မပြေ မှာစိုးလို့ ခေါ်ထားပေးတာပါ။
ဒါဆို ခါတိုင်း နှစ်တွေနဲ့ စာရင် ဇာတ်ဘက်ကို ပိုပြီး ဦးစားပေးဖြစ်မယ် ထင်တယ်။ ဇာတ်အဖွဲ့တွေ အတွက် ပြန် စဉ်းစားပေးပြီးပေါ့။
ဟုတ်တယ်။ ခါတိုင်း ထက်စာရင် ဒီနှစ်ပွဲပိုက ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ကိုယ့်ဇာတ်နဲ့ကိုယ် ဖြစ်နေလို့။ ကိုယ့်ဇာတ်နဲ့ ကိုယ်ဖြစ်တဲ့အပြင် ဘာဖြစ်လို့ ပိုကချင်တာလဲဆိုတော့ ဒီနှစ် မှာ ကျွန်တော့်ဇာတ်ကို တူတူ တန်တန်လုပ်ထားလို့ပါ။ ဇာတ်သဘင်ဆိုတာကို ပရိ သတ်တွေ ရုံဝင်ခပေးပြီး ၀င် မကြည့်ဘဲ ခဏတစ်ဖြုတ် လာလည်ပြီး အကဲခတ်တာ ကအစ ဇာတ်သဘင်ကြီးကို တိုးတက် နေပါပြီလား ဆိုတာကို သိအောင် လုပ်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ ကြိုးစားမှုကို ပရိသတ်သိစေ ချင်တယ်။ အဲဒါ့ကြောင့် တစ် နိုင်ငံလုံး တောက်လျှောက် ကဖြစ်မှာပါ။
အခုစွမ်းရဲ့ ဇာတ် သဘင်နဲ့ အရင်နှစ်က စွမ်း ကခဲ့တဲ့ ဇာတ်သဘင်ဘယ်လို ကွာခြားမှုတွေ ရှိလဲ။
ကျွန်တော့်ရဲ့ ဇာတ်သဘင်ကို ကြည့်မိတဲ့ သူတွေက အပြင်အဆင်တွေ အရမ်းမိုက်တယ်လို့ ပြောတယ်။ ချီးကျူး သံတွေကြားရတယ်။ကျွန်တော့်ဇာတ်မှာ လူရွှင်တော် ၀တ်တဲ့ အ၀တ်အစားက အစ မင်းသားတွေကို ဆင်သလိုမျိုး ဆင်တာ။ နေရာ တစ်နေရာမှာ ကျွန်တော်တို့ ဇာတ်သဘင်ကို ၁၀ ညထက် ပိုမကဘူး။ ပွဲ ၁၀ ညကရင် ကျွန်တော့်လူရွှင်တော်တွေ အ၀တ်အစား ၁၀ ည မထပ်ဘူး။ အဲဒီလို အကုန်အကျ ခံထားတယ်။ မင်းသမီးတွေဆို လည်း စင်ပေါ် ၁၅ ယောက်၊ အယောက် ၂၀ တင်ထားတယ်။ အရင်နှစ်ကဆို မင်းသမီးက ၁၀ ယောက်တောင် မပြည့် ဘူး။ ၈ ယောက်၊ ၉ ယောက် ပဲ စင်ပေါ်မှာရှိတယ်။ ဟိုး အရင်နှစ်ကတော့ စွမ်းကို ကြည့်ချင်လို့လာတာ။ ဇာတ် အလိုဆိုရင်ကြည့်ရတာ မတန် ဘူးဆိုတဲ့ သတင်းတွေ ကျိုက် ခေါက်၊ ပဲခူးပွဲတွေမှာ ကြားရ တယ်။ ပုံမှန်ပွဲတွေမှာတော့ မပြောပါဘူး။ တကယ့်ပွဲကြီး တွေကျတော့ ကျန်တဲ့ဇာတ်တွေ က ပစ္စည်းတွေ၊ အပြင်အဆင် တွေ အရမ်းဖြည့်ထားတာ။ ကျွန်တော့်ဇာတ်မှာကျတော့ ကျွန်တော့် ၀ိတ်တစ်ခုပဲ သုံး တယ်။ ဒီနှစ်တော့ အဲဒီလို မဟုတ်ဘူး။ ကျွန်တော့် နာမည်တစ်ခုနဲ့ ကျွန်တော် လုပ်မစားဘူး။ ပရိသတ်တွေ ပိုက်ဆံ ပေးကြည့်ရတာနဲ့ တန် အောင် တူတူတန်တန် ဖြစ်အောင် ပေးဆပ်တာ။ ကျွန် တော် ဇာတ်ထောင်တယ် ဆိုတာ ပိုက်ဆံ ရချင်တာထက်၊ ကျွန်တော် အနုပညာကို ဘယ်လို လုပ်ပေးခဲ့တယ်။ ဘာ တွေ လုပ်ခဲ့တယ် ဆိုတာ ကျန်အောင် လုပ်သွားမှာပါ။
ပိုက်ဆံရှိလို့၊ ချမ်းသာလို့ စွမ်းက ဇာတ်ထောင် တာလားလို့ မေးရင်ရော။
ကျွန်တော်တို့က သဘင်အတတ်ကို တကယ် တတ်လို့ လုပ်စားတာကိုး။ ကျွန်တော့် မိဘတွေကအစ ပေါ့။ ပိုက်ဆံရှိတိုင်း ဇာတ် ထောင်ရင် အဲဒီဇာတ်က မအောင်မြင်ပါဘူး။ ကျွန်တော် တို့က ငွေရှိလို့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာအရ ကိုယ်တိုင်ဇာတ်ထောင်ပြီး ကသင့်နေပြီဆိုတာလည်း ထင်လို့၊ ပြီးတော့ ဇာတ် သဘင်နဲ့ပရိ သတ်ကို တူတူ တန်တန်ပေးဆပ်ချင်လို့ပါ။ အဲဒီအတွက် အခက်အခဲဆို တာတော့ မရှိဘူး။ ပင်ပန်းမှု ဆိုတာပဲ ရှိတယ်။

ဇာတ်သဘင်နဲ့ ပရိသတ်တွေ သိလို့ ဇာတ်ဘက် ကို ပိုပြီး ဦးစားပေး ဖြစ်တာလား။
အဲဒီလိုလည်း ပြောလို့ ရပါတယ်။ အဓိကက ဇာတ် သဘင်ဦးစားပေးတာ ကျွန်တော် ကိုယ်တိုင် ဖန်တီးထားတဲ့ အနု ပညာဖြစ်တဲ့ အတွက် ပရိသတ် တွေကိုပြချင်တာလည်းပါပါ တယ်။
ကိုယ်တိုင် ဖန်တီးမှုတွေမှာ နှစ်ပါးသွား သီချင်းတွေ စွမ်း ကိုယ်တိုင် ရေးထားတာတွေ ပါဦးမလား။
နှစ်ပါးသွား သီချင်း တွေ ကျွန်တော် ကိုယ်တိုင်ရေး ထားတာ သုံးလေးငါးပုဒ် ရှိ တယ်။ အဲဒီ သီချင်းတွေနဲ့လည်း ကဖြစ်တယ်။ ဦးပေါ သျှံ၊ ဦးသျှန်ထွဏ်းတို့ ရေး ထားတဲ့ သီချင်းတွေလည်း ရှိတယ်။ ကျွန်တော် ရေးထား တဲ့သီချင်းကို ကျွန်တော့်ရဲ့နှစ် ပါးခွေထဲထည့်ချင်မှထည့်မှာ။ ကျွန်တော် ရွှေပုဆိုးနဲ့ ရွှေမင်း သား ဆိုတဲ့ နှစ်ပါးခွေ ရိုက် ဖို့ရှိသေးတယ်။ ကျွန်တော် ကိုယ်တိုင်သီချင်းရေးတာက လည်း ပရိသတ်တွေရဲ့ အား ပေးမှု ဘယ်လိုရှိလဲဆိုပြီး ကျွန်တော့်ကိုယ် ကျွန်တော် စမ်းသပ်တာပါ။ အခွေထဲ ထည့်ချင်မှထည့်မှာပါ။ ကျွန်တော်ရေးထားတဲ့ သီချင်း တွေကလည်း ပရိသတ်နဲ့ အထိ အတွေ့ပုံစံ၊ တကယ်ဖြစ်ပျက် နေတဲ့ ပုံစံလေးတွေကို ရေးပြီး နှစ်ပါးသွားမှာ ကတာပါ။
နှစ်ပါးသွား ကဖို့ မဟုတ်ဘဲ တခြားပုံစံသီချင်း တွေရော ရေးဖြစ်သေးလား။
စတိတ်ရှိုးမှာ ဆိုဖို့ သီချင်း ရေးထားတာ ရှိတယ်။ ခံစားချက်တွေ ရေးထားတာ ၂ ပုဒ်ရှိတယ်။ တစ်ပုဒ်က အချစ်တွေ သင်တဲ့မိန်းကလေး၊ နောက်တစ်ပုဒ်က ကျွန်တော် ခြေထောက် ကျိုးနေတဲ့ အချိန် ခံစားချက်ကို ရေးထားတဲ့ သီချင်း။ အဲဒီသီချင်းက မင်း သိစေလို တဲ့။ အဲဒီနှစ်ပုဒ် ကို ဇာတ်မှာလည်း ဆိုတယ်။
ရွှေပုဆိုးနဲ့ ရွှေမင်းသား နှစ်ပါးခွေကို ဘယ်လိုပုံစံတွေ နဲ့ ရိုက်ဖို့ စီစဉ်ထားလဲ။
နှစ်ပါးခွေဆိုတာ အရင် တုန်းကလို ကင်မရာကြီးတွေ နှစ်လုံးသုံးလုံးထောင်၊ ဒီအတိုင်း မရိုက်ချင်တော့ဘူး။ အပြင် အဆင်တွေနဲ့ Peformance အပြည့်နဲ့ပြချင်လို့ အချိန် တော်တော်ယူပြီး လုပ်မှာပါ။
နှစ်ပါးခွေ သီးသန့် ရိုက်ချင်တဲ့ စွမ်းရဲ့စိတ်ကူးက ဘယ်လိုရှိမလဲ။
ရိုက်ချင်တာက ဘာ့ ကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ဆီမှာ နှစ်ပါးခွေ စထွက်တာ ကိုဖိုးချစ်၊ နောက် ကိုဟန်ကြီး၊ ကိုဆန်းမင်းတို့ ထွက်ကြတယ်။ အဲဒါပြီး တော့ ကျွန်တော်ထွက်တယ်။ လေးယောက်စလုံး သူ့ဟာနဲ့ သူပေါက်တယ်။ ကျွန်တော့် အခွေဆို အခုထိဇာတ်မှာ ဘယ်နှခွေရောင်းရောင်း ရောင်းရတုန်းပဲ။ ကျွန်တော့်ရဲ့ နှစ်ပါးခွေပြီးကတည်းက နှစ် ပါးခွေထပ် မပေါက်တော့ဘူး။ ကျွန်တော် သတိထားမိသ လောက် အများကြီး ရိုက်ကြ ပါတယ်။ မပေါက်လာဘူး။ ဘာဖြစ်လို့လဲဆိုတော့ မူတွေက ရှေ့က အခွေတွေရဲ့မူတွေ အတိုင်းဖြစ်နေတယ်။ မူမကွဲ တော့ ပရိသတ်အတွက် အဆန်း အပြားမဖြစ်တော့ဘူး။ မင်း သားတွေအတွက်လည်း ကိုယ့် ရဲ့ Style ဆိုတာ မရှိတော့ဘူး။ ကျွန်တော်တို့ဆိုရင် နှစ်ပါး သွားမှာ ကိုယ့်စတိုင်လ်နဲ့ ကိုယ် ရှိတယ်။ စွမ်းဇာနည် နှစ်ပါး ကရင် စွမ်းဇာနည် စတိုင်လ် ဘယ်လိုဆိုတာ ပရိသတ်က အလွတ်ရပြီးသား။ ဟန်ဇာ မိုးဝင်းဆို ဟန်ဇာစတိုင်လ်။ အဲဒီလိုမျိုးတွေ နောက်ပိုင်းမှာ ပေါ်မလာဘူး။ အဲဒီအတွက် နှစ်ပါးခွေကို အထူးအဆန်း ဖြစ်အောင် ထူးထူးခြားခြား Performance အပြည့်နဲ့ တင် ဆက်ချင်လို့ပါ။
ထူးထူးခြားခြား တင် ဆက်မယ်ဆိုတော့ သမ္ပဇဉ် ကိုရော စဉ်းစားသေးလား။
သမ်္ပဇဉ်ဆိုတာကိုတော့ စဉ်းစားတယ်။ ထူးထူးခြား ခြား တင်ဆက်မယ်ဆိုတာ သမ်္ပဇဉ်ကို ဖျက်မှာ မဟုတ် ဘူး။ လူရွှင်တော်တွေ ခွန်း ထောက်ဆို၊ မင်းသားနဲ့ မိတ် ဆက် လေပြေထိုး စကား ပြောကြမယ်။ ပြောပြီးတာနဲ့ နှစ်ပါးအဖွင့်၊ နှစ်ပါးအဖွင့်ပြီး တာနဲ့ ကျွန်တော် ခွန်းထောက် ဆိုကိုဆိုရမယ်။ ပြီးရင် နရီ ကကိုကရမယ်။ နရီကပြီးမှ ကျန်တာတွေ လုပ်ရမှာ။ အဲဒီ မှာ နှစ်ပါးအဖွင့်ကို ဘယ်လို ဖွင့်မလဲ။ ထူးထူးခြားခြား ဒီဇိုင်းတွေနဲ့ ဂရိတ်ဦးဖိုးစိန် ပွဲမှာဆိုရင် စိန်တုံးကြီးလည် နေတာ။ ကျွန်တော်က ကျွန် တော့် အနေအထားနဲ့ ဘယ်လို လုပ်မလဲ။ မင်းသမီးတွေနဲ့ ဘယ်လိုကမလဲ။ နှစ်ပါး အသိမ်းကို ဘယ်လို ထူးထူး ခြားခြားသိမ်းမလဲ။ မြေကြီး အောက်က ထွက်လာမလား၊ မိုးပေါ်က ဆင်းလာမှာလား။ နောက်ပြီး ကျွန်တော်လုပ်လို့ ရတာ တစ်ခုရှိတယ်။ တခြား သရုပ်ဆောင်တွေ၊ မင်းသား တွေတောင် လုပ်လို့ရချင်မှရမှာ။ ကျွန်တော်က ဇာတ်သဘင်ရော၊ ဗီဒီယိုလောကရော နှစ်ဖက် စလုံးမှာ ပရိသတ်သိတယ်။ အဲဒီတော့ နှစ်ပါးသွားမှာ နှစ် ကိုယ်ခွဲ ပုံစံလေးလုပ်မယ်။ ဇာတ်သဘင်က စွမ်းဇာနည်နဲ့ ဗီဒီယိုဘက်က စွမ်း ပြိုင်ကတာ မျိုးပေါ့။ အဲဒါတွေ လုပ်မယ်။
ကုန်ကျစရိတ်ကရော ဘယ်လောက်လို့ မှန်းထား သေးလဲ။
ဘယ်လောက်ထိ ကုန် ကျမယ်လို့ မမှန်းထားဘူး။ အိမ်မှာ စားစရာမရှိရင် နေပါ စေ။ ကျွန်တော့် အခွေ ပေါက်တယ်ဆို ကျေနပ်တယ်။ ကုန် ချင်သလောက် ကုန်ပါစေ၊ လုပ်မယ်။
ဗီဒီယို ရိုက်ကူးရေး ဘက်မှာတော့ စွမ်းက အဲဒီ လောက်ထိ မလုပ်ဘူးနော်။
ဗီဒီယို ရိုက်ကူးရေးဘက်ကို မလုပ်တာ မဟုတ်ဘူး။ ပရိုဂျူဆာကဇာတ်ကား၊ ဒါရိုက်တာ၊ မင်းသမီး စီစဉ် ပေးတယ်။ ပါဝင်မယ့် သရုပ် ဆောင်တွေကို စီစဉ်ပေးတယ်။ ကျွန်တော်က ဇာတ်ညွှန်း တစ်ခုပဲ ဖတ်ပြီး ရိုက်ရတာ။ အဲဒီ အတွက် ကျွန်တော့်ဘက်က လုပ်ပေးစရာ မလိုဘူး။ လုပ် ပေးစရာ မလိုဘူး ဆိုတာ ဥပေက္ခာ ပြုတာမဟုတ်ဘူး။ ကျွန်တော်နဲ့ လိုက်ဖက်မယ့် ဇာတ်ကားကို ရွေးချယ်ပေးတဲ့ အတွက် ဒီဘက်မှာ အားသိပ် စိုက်စရာ မလိုဘူး။ ဇာတ်မှာက ကျွန်တော့် အဖေနဲ့ အမေပဲ ရှိတာ။ ကျွန်တော့်အဖေနဲ့ အမေက လူကြီးဆိုတော့ လူကြီး အတွေးနဲ့ လူကြီး အမြင်ပဲ ရှိတာ။ လူငယ်အမြင်က ကျွန်တော်ပဲရှိတာ။ ကျွန်တော် မလုပ်လို့ မရဘူးလေ။ အဲဒါ ကြောင့်ပါ။ ဒီဘက်မှာက ကျွန်တော့်ထက် တတ်တဲ့သူ တွေချည်းပဲ။
စွမ်းက ဇာတ်သဘင်ကို ချစ်ပြီး အသက်ကြီးတဲ့ အထိ ဇာတ်သဘင်နဲ့ ပတ် သက်တာတွေကို လုပ်ဆောင်ဖို့ စဉ်းစား ထားပါတယ်။ အသက်ကြီးလို့ မကနိုင်တဲ့ အချိန်မှာ မင်းသားတွေ မွေး ပြီး ဇာတ်ဆရာအဖြစ် လုပ်ဆောင်ဖို့ စဉ်းစား ထားတာပါ။ အခုလောလောဆယ် စွမ်းရဲ့ ဇာတ်မှာ မင်းသားငယ် ၈ ယောက်ရှိပါတယ်။ စွမ်းက မိုးမင်း၊ မိုးဝင်းတို့လို လုပ်ဖို့ စဉ်းစားထားတာပါ။ စွမ်းက တောင်ပြုန်းပွဲမှာ ကနိုင်ဖို့ လေလံကို ကြိုးစားမှာဖြစ် တယ်လို့ သိရပါတယ်။ မင်း ဗီဒီယို ထုတ်လုပ်ရေးနဲ့ ဇာတ် ကားရိုက်ကူးမှုများကို ဇာတ် နားတဲ့ရက်များမှာ ရိုက်ကူး တာ ဖြစ်ပါတယ်။


ခင်လေးမြင့် (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
ခင်လေးမြင့် |
| About the author: |
| | |