3 Generations Tour PDF Print E-mail
Written by ရီတာအောင်   
Tuesday, 31 July 2012 16:33
Share |

ဒီနှစ် နွေရာသီ (ဇွန်၊ ဇူလိုင်၊ သြဂုတ်)မှာ နယူးရော့ခ်သားတွေ အပူဒဏ်ကို ကျောကော့ နေအောင် ခံစားကြရတယ်။

order cialis online no prescriptioncanadian drugstore best price buy cheap viagra without a prescription cialis 10mg
argaiv1174

ဆောင်းတွင်းတုန်းက အလွန် အေးခဲ့သလို နွေရာသီကျတော့ ကိုယ့်အိမ်ထဲ၊ ရုံးခန်းထဲမှာ လေအေးစက်နဲ့ အေးလို့ ရပေမဲ့ လမ်းမပေါ်မှာတော့ ချွေးတွေ တရွှဲရွှဲနှင့် မြန်မာပြည် နွေကာလ အတိုင်းပါပဲ။ ဇွန်လလယ်လောက် စပြီး အပူချိန်က ၉၀ ဒီဂရီ ဖာရင်ဟိုက် ပတ်ဝန်းကျင်က မဆင်းတော့။ တစ်ခါတလေ ၁၀၀ ဒီဂရီနှင့် အထက်မှာ ၂ ရက်၊ ၃ ရက် ဆက်တိုက် ပူနေပါတော့တယ်။

အဲသလို ပူအိုက်လွန်းလို့ ညည်းညူနေတဲ့ နယူးရော့ခ်က မြန်မာတွေ အတွက် ဒေါက်တာဇံမရ မိသားစု၊ မမေသီခ မိသားစုတို့ ပူးပေါင်း တည်ထောင်ထားတဲ့ Kha & Mra အဖွဲ့မှ အဆိုတော် ခိုင်ထူး၊ ချောစုခင်၊ တင်ဇာမော်နဲ့ ရုပ်ရှင် သရုပ်ဆောင် မော်ဒယ်လ် ဆုပန်ထွာတို့ကို တေးဂီတများနှင့် ဖျော်ဖြေ တင်ဆက်ဖို့ စီစဉ် ခေါ်ယူ ခဲ့ကြတယ်။ ဇွန်လ ၂၃ ရက်နေ့မှာ ခိုင်ထူး၊ ချောစုခင်နဲ့ ဆုပန်ထွာတို့ ၃ ယောက် နယူးရော့ခ်သို့ ရောက်ရှိ လာကြတယ်။ ၎င်းတို့ ၃ ယောက်ကမြန်မာပြည်က လာကြတာဖြစ်ပြီး၊ တင်ဇာမော်ကတော့ သူမ
နေထိုင်ရာ လန်ဒန်မြို့မှ နယူး ရော့ခ်သို့ ဇွန်လ ၂၈ ရက်နေ့မှာ လာရောက်ခဲ့တယ်။

ပွဲကျင်းပ နေ့က ဇွန်လ ၃၀ ရက် စနေနေ့။ ညနေ ၆ နာရီ ၃၀ မှာ ပွဲစမယ် ကြေညာ ထားပေမဲ့ တကယ်တမ်း ပွဲစချိန်က ၇ နာရီ ဖြစ်နေပါပြီ။ အခမ်းအနားမှူး မမေသီခက စင်မြင့်ပေါ်မှ Kha & Mra အဖွဲ့ တည်ထောင်ခဲ့တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဒီပွဲကို ကျင်းပဖြစ်ခဲ့ပြီး ကျေးဇူး တင်ထိုက်သူများနှင့် လက်မှတ် ၀ယ်ယူ အားပေးတဲ့ ပရိသတ်များကို ကျေးဇူးတင်ကြောင်းပြောကြားပါတယ်။ ပထမဆုံးစင်ရှေ့ ထွက် လာသူလေးက ဆုပန်ထွာပါ။ အဖွဲ့သား အားလုံးထဲမှာ အငယ်ဆုံးလေးပီပီ ချစ်စရာ ကောင်းအောင်လည်း နေတတ်သူ တစ်ယောက်ပါ။ အနီနဲ့ အနက်တွဲစပ်ထားတဲ့ ဇာဂါဝန်လေး ၀တ်ဆင်ကာ အားနာတယ်၊ ပေါက်နေပြီ၊ ဒါဟာ အချစ်ကွယ်၊ ကိုကြီး ကိုကြီးနှင့် နားလည်ပေးပါ သီချင်း ၅ ပုဒ် ဆက်တိုက် သီဆို သွားပါတယ်။

စင်မြင့်ပေါ်မှာ တီးခတ်သူတွေက ဇံမရ (Bass), ကံထူးမရ(Lead), ဇော်ခိုင် (ရစ် သမ်)၊ တင်တန်(ဒရမ်စ်)၊ ဂျင်မီတက် (ကီးဘုတ်) စောထူး(ကီးဘုတ်နှင့် ဟာမိုနီ)တို့ဖြစ်ကြပြီး မေဒေးခင်နှင့် ကစ်ကစ်တို့က ဟာမိုနီ လိုက်ပေးထား ကြတယ်။ Indiana ပြည်နယ်ကနေ နယူးရော့ခ်ကို အလည် ရောက်နေတဲ့ စာရေးသူရဲ့ တူမ ၅ နှစ်သမီးကလည်း  စင်ပေါ်က မင်းသမီး ဆုပန်ထွာနဲ့ အပြိုင် စင်အောက်ကနေ ကခုန် အားပေးနေတာပါ။ ကလေး ကနေတာကို သဘောကျလို့ ဆုပန်ထွာက သူမလည်မှာ ဆွဲထားတဲ့ ဆွဲကြိုးလေး ဖြုတ်ပြီး သမီးလေးဖို့ ဆိုကာ လှမ်းပေး သွားခဲ့တယ်။

ဒုတိယ အလှည့်ကျသူက ချောစုခင်ပါ။ အမျိုးသမီး အဆိုတော်တွေထဲ မှာ သီချင်းစာသား အတိုင်း အသံ ပီပီသသ ဆိုနိုင်သူမို့ စာရေးသူ ဖခင် အကြိုက်ဆုံး အဆိုတော် တစ်ယောက်ပါ။ ချောစုက အနက်ရောင်ပိုးသားလက် ပြက်အင်္ကျီနှင့် ရွှေရောင်ဘောင်းဘီ အတိုတို့ တွဲဖက် ၀တ်ဆင်ထားတယ်။ သူမရဲ့ ဆံပင်ရှည်တွေကိုတော့ ဒီအတိုင်း ဖားလျားချထားပါတယ်။ သူမရဲ့ သီချင်းကောင်း များစွာရှိတဲ့အနက် အတမ်း တဆုံး၊ နေနိုင်သူရေ၊ ရှင်ရယ်၊ လွန်းကြင်ငှက်အသည်း၊ အတူ ဆုံချင်ပြီတို့ သီဆို ပေးခဲ့တယ်။ လွန်းကြင်ငှက်အ သည်းသီချင်းရဲ့ မူလပိုင်ရှင်က ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ် ဖြစ်ပြီး သူ့လိုလွမ်းအားအပြည့်နှင့် ဘယ် အဆိုတော်မှ မီအောင် မဆိုနိုင်သေးပါ ဘူး။ ချောစုခင် စင်ပေါ်တက်လာတော့ ပရိသတ်က ရေခဲတုံးကြီး သီချင်းကို ဆိုဖို့ ၀ိုင်းအော်ကြပါတယ်။ သူမက နယူးရော့ခ်မှာ မြန်မာပြည်ထက်တောင် ပိုပူနေလို့ ကျွန်မ ရေခဲတုံးကြီးလည်း အရည်ပျော်သွားပါပြီလို့ စင်ပေါ်က ပြန် နောက်ပါတယ်။

တတိယမြောက် အဆိုတော် တင်ဇာမော်ကတော့ ရွှေချည်မျှင်လေး တွေ ဖောက်ထားတဲ့ ဆွယ်တာ လက် ရှည်ဇာ ပေါက်လေးကို အနက်ရောင် ဘောင်းဘီရှည်နဲ့ တွဲဖက်ဝတ် ဆင်လာ ပါတယ်။ စင်ပေါ်မှာ လှလှပပလေး ဖြစ်နေဖို့ လန်ဒန်က အားကစား ခန်းမမှာ ကြိုးစား၊ပမ်းစားလေ့ကျင့်ခန်းတွေ လုပ်လာရှာတာပါ။ အသံအား အရမ်း ကောင်းတဲ့ အဆိုတော်တစ်ယောက် လည်း ဖြစ်တယ်။ တင်ဇာမော်က ပထ မခြေလှမ်း၊ မချစ်ဘူး မပြောပါနဲ့၊ စွဲ လမ်းမှု ပြဿနာ၊ ရင်ထဲက ပျိုးခင်း နှင့် အချစ်မရှိနေ့ရက်များ စတဲ့ သီချင်း တွေ ဖျော်ဖြေပေးခဲ့တယ်။ ရင်ထဲက ပျိုးခင်း သီချင်း သီဆိုမှုမှာ နယူးရော့ခ် ၀ါသနာရှင် အဆိုတော်လေး မေဒေးခင် က ကူညီသီဆို ပေးထားပါသေးတယ်။ စင်အောက်ကို ဆင်းချလာပြီး ပရိသတ် ထိုင်ခုံတန်းတွေကြား ၀င်လာတဲ့ သူမကို ပရိသတ်ကလည်း ၀မ်းသာအားရ ဓာတ်ပုံတွေ တွဲရိုက်လိုက်ကြတာ အပြေး အလွှား အမောတကောပါပဲ။

ပထမပိုင်းရဲ့ နောက်ဆုံး ဖျော်ဖြေသူ က ခိုင်ထူးပါ။ ကိုယ့်ဂစ်တာ ကိုယ်တိုင် လွယ်ပြီး တေးမြုံငှက်၊ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်၊ ရွှေလည်တိုင်၊ အဉ္ဇလီ၊ ရွှေလသာမှ၊ နေညိုချိန်အတွေး၊ ခတ္တာ၊ စစ်ကိုင်းလမ်းနှင့် ဆို စတဲ့ သီချင်းတွေ ဖြင့် အားပါးတရ ဖျော်ဖြေပေးခဲ့တယ်။ စစ်ကိုင်းလမ်း သီချင်းကို သီဆိုနေစဉ် စင်နောက်ဘက် ပိတ်ကားထက်မှာ ရန်ကုန်တက္ကသိုလ်မှ ရှုခင်းများ၊ ဘွဲ့ နှင်းသဘင် ခန်းမကြီးနှင့် သစ်ပုပ်ပင် စတဲ့ အမှတ် ရစဖွယ်တွေကို ဒီဗီဒီနဲ့ ပြသနေတာပါ။ အဲဒီနောက် အခြား တီးခတ်သူများ မပါဝင်ဘဲ ခိုင်ထူး တစ်ဦးတည်း ဂစ်တာတီးပြီး အိမ် အလွမ်းနှင့်သို့ တစ်ခါတရံဆီတို့ သီဆို ပြီး အနားယူချိန် ၁၅ မိနစ်ပေးပါတယ်။

အမျိုးသမီး အဆိုတော်တွေ၊ ဟာမို နီလိုက်ပေးသူတွေနှင့် အခမ်းအနားမှူး မမေသီကို မိတ်ကပ်၊ ဆံပင် ပြင်ဆင် ပေးသူက ကိုချိုပါ။ နယူးရော့ခ်မှာ အနု ပညာရှင်တွေ ဘယ်သူလာလာ၊ ဘယ် နှယောက်လာလာ ကိုချိုက ဒိုင်ခံကူညီလေ့ ရှိသူဖြစ်တယ်။ မမေသီ စီစဉ်တဲ့ ပွဲအပါအ၀င် စီစဉ်သူ ဘယ်သူဘယ်ဝါ ပဲဖြစ်ဖြစ် အင်တိုက်အားတိုက် လက်မှတ် ရောင်းပေးကြသူတွေထဲမှာ စာရေး သူသတိထားမိတဲ့ အစ်မ ၂ ယောက်က မစန္ဒာနဲ့ မချောစု (ဆုံစည်းရာ- မြန်မာ ဆိုင်)တို့ပါ။ လက်မှတ်အများဆုံး ရောင်း ပေးသူအဖြစ် မမေသီကတောင် စင်ပေါ် က ကျေးဇူးတင်စကားထည့်ပြောသွား ခဲ့တာဖြစ်တယ်။ မချောစုဆိုရင်လည်း ပွဲကြည့်ခန်းမထဲမ၀င်ခင် လက်မှတ် ရောင်းတဲ့ မှန်ချပ်ကာအခန်းလေးထဲမှာ ပွဲလက်မှတ်တွေ၊ ပိုက်ဆံတွေနဲ့ ချာချာ လည်အောင် အလုပ်တွေ ရှုပ်ယှက်ခတ် တွေ့ရတတ်တာ ပွဲတိုင်းလိုလိုပါပဲ။ ကိုချို၊ မစန္ဒာနဲ့ မချောစုတို့ ၃ ယောက် လုံးကို လူချစ်၊ လူခင်များကြတာလည်း သတိ ထားမိပါတယ်။

ဒုတိယပိုင်း အစီအစဉ်ကိုလည်း အချောအလှလေး ဆုပန်ထွာနဲ့ပဲ ဖွင့်လှစ် ပါတယ်။ မီးခိုးရောင် ဂါဝန်တို ကလေးနဲ့ သူမက နည်းနည်းချစ်ရင်လစ် သီချင်းကို အမျိုးသားကချေသည် နှစ် ယောက်နှင့် ကပြရင်း မြူးမြူးကြွကြွ သီဆို သွားခဲ့တယ်။ အဲဒီ့နောက် ပင်လယ် နှင့် ကောင်းကင်၊ Chataholic သီချင်း များဖြင့် ဖျော်ဖြေပေးသွားခဲ့ပါတယ်။

ချောစုခင်က ဒုတိယပိုင်းမှာ ငွေရောင် ကိုယ်ကျပ်အင်္ကျီလေး ၀တ်ဆင် လာပါတယ်။ ကိုယ့်အတွက် အိပ်မက် မင်းမက်လား၊ အလွမ်းညဟေမန်၊ အမှတ်တရ လမ်းလေး၊ မျက်မမြင်နှလုံး သားနှင့် ဒါဟာ အချစ်လား တို့ သီဆို ပေးခဲ့တယ်။ ချောစုရဲ့ ဒုတိယပိုင်းမှာတော့ သူ့ ပရိသတ်တွေရှိရာ စင်အောက် ကို ဆင်းလာကာ နှုတ်ဆက်ပါတယ်။

အနက်ရောင် ဘလောက်စ် အသား ရောင်ပေါ် ရွှေရောင်အစင်း ဒီဇိုင်းစကတ်လေး ၀တ်ထားတဲ့ တင်ဇာမော်က သွက်လက် တက်ကြွတဲ့ တေးသွားတွေနဲ့ အတူ သိပ်ချစ်ရင် ခါးမယ် သီချင်း ဆိုရင်း စင်ပေါ် တက်လာပါတယ်။ စာရေးသူ ဒီတစ်ခါပွဲကြည့်ဖို့သွားတာ ခါတိုင်းလို အဖေ၊ အဖေ နှစ်ယောက်ပါ ရုံတင် မကပါဘူး။ Indiana ပြည်နယ် မှာရှိနေတဲ့ စာရေးသူရဲ့ မောင် မိသားစု လေးယောက်လည်း နယူးရော့ခ်ကို ရောက်ရှိနေတာမို့ သူတို့ပါ ပွဲလိုက်ကြည့် တာပါ။ တီးဝိုင်း အဖွဲ့သားတွေနဲ့လည်း ရင်းနှီးနေတာမို့ စာရေးသူရဲ့ မောင်လေး Allen ကို မမေသီခက အသံသွင်းယူ ပေးဖို့ အကူအညီ တောင်းကြတယ်။ စာရေးသူဘေးမှာ ထိုင်နေတဲ့  ၅ နှစ် သမီး တူမက ပွဲကြည့်ရင်း ထကလိုက်၊ ပွဲအကြောင်းမှတ်နေတဲ့ မှတ်စု စာအုပ် ဆွဲယူပြီး ပုံဆွဲလိုက်နှင့်သူလေးကလည်း အစွမ်းတွေပြနေလေရဲ့။

ရေစီးထဲက ပန်းပွင့်လေးများ သီချင်းကို တင်ဇာမော်က ချောစုခင်နှင့်စုံတွဲ သီဆိုခဲ့တယ်။ အဲဒီနောက် ဘ၀ရဲ့အခိုး အငွေ့များ၊ အိမ်စောင့်သူ၊ မှားပြန်တယ် နှင့် နေမ၀င်အလွမ်းများ ဆက်တိုက် ဆို ပေးသွားခဲ့တယ်။ ပွဲသိမ်းပေးမဲ့ ခိုင် ထူးက သိလား၊ စိုးစံစားစေ၊ နေရာ ဟောင်း၊ အလွင့်တွေထဲမှာငါတစ် ယောက်တည်း၊ အဝေးဆုံး၊ ဘယ်သူမှ မကောင်းဘူး၊ တို့လာတယ်၊ နောက်ဆုံး အိပ်မက်၊ စစ်နဲ့ ငြိမ်းချမ်းရေးတို့ သီဆို ပေးပါတယ်။ စင်ပေါ်မှာ ခိုင်ထူး သီဆို ချိန် ချောစုခင်၊ တင်ဇာမော်နှင့် ဆုပန် ထွာတို့ ၃ ယောက်လုံး စင်ရှေ့ပရိသတ် တွေ ထိုင်နေတဲ့ ခုံတန်းတွေမှာ ၀င်ထိုင် ပြီးပွဲကြည့် အားပေးခဲ့ကြတယ်။ အားလုံးကို ကျော်ဖြတ်ရမယ် ဆိုတဲ့ ခိုင်ထူးရဲ့ သီချင်းကို အနုပညာရှင်တွေ အားလုံး စုပေါင်း သီဆိုခဲ့ ကြတယ်။ မေရီလန်းမှာ နေတဲ့ မီမီဝင်းဖေကလည်း နယူးရော့ခ် သို့ လာရောက် အားပေးခဲ့ပါတယ်။

ယခုဂီတ ခရီးစဉ်ကို 3 Generations Tour လို့ အမည်ပေးရခြင်းနဲ့ ပတ်သက်လို့ မမေသီခက “ကိုခိုင်ထူးတို့က မျိုးဆက် တစ်ခေတ်မှာ ကျော်ကြားခဲ့ကြ တယ်။ တင်ဇာမော်နဲ့ ချောစုခင်တို့ကျ တော့ ဒုတိယ မျိုးဆက် ဖြစ်သွားကြပြီ။ ဟော ဆုပန်ထွာတို့ကျတော့ တတိယမျိုး ဆက်လေးတွေပေါ့။ မျိုးဆက် ၃ ခုက အနုပညာရှင်တွေမို့ 3 Generations Tour လို့ အမည်ယူထားလိုက်တယ်”လို့ ရှင်းပြသွားခဲ့တယ်။ 3 G တစ်ဖွဲ့လုံး ဇူလိုင်လ ၃ ရက်နေ့မှာ လော့စ်အိန်ဂျ လိစ်မြို့သို့ ထွက်ခွာသွားပါပြီ။ ဇူလိုင် ၇ ရက်မှာ LA မြို့၊ ဇူလိုင်လ ၁၄ ရက် မှာ အင်ဒီယားနာမြို့၊ ဇူလိုင် ၂၁ ရက်မှာ မေရီလန်း၊ ဇူလိုင် ၂၈ မှာ မြောက်ပိုင်း ကယ်ရိုလိုင်းနား၊ သြဂုတ်လ ၁၈ မှာ ဖလော်ရီဒါနှင့် သြဂုတ်လ ၂၅ မှာ ဆန်ဖရန်စစ္စကို မြို့တို့မှာ ဆက်လက် ဖျော်ဖြေဖို့ စီစဉ် ထားကြတယ်။

စာရေးသူတို့ နယူးရော့ခ်မြို့မှာ Iron Cross အပါအ၀င် နောက်ထပ် ဖျော်ဖြေပွဲပေါင်း ၅ ပွဲခန့် တန်းစီကြည့်ကြ ရဦးမှာပါ။ အရင်ဦးဆုံး ကြည့်ကြရမဲ့  ပွဲက ရယ်မော ပျော်ရွှင်အငြိမ့် သဘင် ဖြစ်ပြီး မင်းသား တင်မောင်ဆန်းမင်း ၀င်း၊ မင်းသမီး မေကဗျာ၊ လူရွှင်တော် အဖြစ် ထွန်းထွန်း (Examplez) နှင့် မိုးမိုး တို့ ပါဝင် ကပြကြမှာပါ။

ရီတာအောင်(NY)
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)