မျှခြေသို့ ရောက်ရှိခြင်း PDF Print E-mail
Written by ဖိုးလမင်း   
Tuesday, 31 July 2012 15:58
Share |

ကော်ဖီမွှေးမွှေးလေး သောက်ချင် မိပြန်ပါပြီ။ အကြောင်းက သည်လိုပါ။ ၂၀၁၁ ခုနှစ်၊
စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ပါဝင်သော ဆရာမကြီး ရွှေကူမေနှင်း၏ ရသစာတမ်း နှင်းကျသော နေ့ကို ဖတ်မိရာမှ ကော်ဖီစစ်စစ် သောက်ချင်စိတ် ပေါက်လာမိသည်။

cialis 10mgfree cialis samples canadian viagra cialis non generic
argaiv1760

ဆရာမကြီးက သူ ငယ်ငယ် အိမ်ခြံစည်းရိုးတွင် စိုက်ထားသော ကော်ဖီပင်မှ အိမ်ဖြစ်ကော်ဖီ စစ်စစ် သောက်ခဲ့ရပုံကို တမ်းတမ်းတတ ရေးဖွဲ့ထား၏။ ဆရာမကြီး၏ မိခင်က အိမ်ခြံစည်းရိုးမှရသော ကော်ဖီစေ့ကို အခွံချွတ် နေပူလှမ်းပြီး သိမ်းထားသည်။ သောက်ခါနီးမှ နည်းနည်းလှော်ပြီး သံဆုံတွင် အမှုန့်ထောင်း၍ နွားနို့စစ်စစ်နှင့် ဖျော်သောက်ကြသည်။ ကျွန်တော် သွားရည်ယိုမိပါ၏။

တစ်ရက် နံနက်စာဝိုင်းတွင်-
“ကော်ဖီစေ့ကို ကြိတ်တဲ့ ကော်ဖီမွှေးမွှေးကလေး သောက်ရရင် ကောင်းမယ်ကွာ”ဟု ပြောမိပါသည်။

အိမ်ရှင်မသည် ဖျတ်ခနဲ မျက်စောင်းချီ၍ လက်ထဲမှ လက်သုတ်ပ၀ါကို စားပွဲပေါ် သို့ ဖတ်ခနဲ ပစ်ချလိုက်လေ ၏။ ဤသို့သော အမူအရာ သည် ပေါ့ဇတစ် မဟုတ်ကြောင်း ကျွန်တော့် အတွေ့အကြုံအရ သိပါသည်။ ကျွန်တော် ဘာ မှားသွားပါလိမ့်။

“ဟိုတစ်လောက ကျုပ် သောက်ချင်တယ်ပြောတုန်းက ရှင်ပဲ ဘာလေးညာလေးဆို ခုတော့ ဘယ်လို ဖြစ်ရပြန် တာလဲ”

“ကိုယ် ဘာပြောလို့လဲ”

“သြော် ရှင်ပဲ ချဲ့ရင် ချဲ့ သလောက် ကျယ်တာပါပဲ ဆို။ ကော်ဖီမစ် အထုပ်လည်း ရှိ၊ နက်စ်ပုလင်းလည်း ရှိလျက်နဲ့ အစေ့ကြိတ်တာကိုမှ သောက်ချင်ပြန်တာကတော့ နည်းနည်း ပိုသွားပြန်ပြီဆို”

“ဟုတ်လား အဲဒီလိုပဲ ပြောသလား”
“သြော် ပြောပါ့တော် ကျုပ်က အသံဖမ်းစက်နဲ့ ဖမ်းထားခဲ့မိရင် အကောင်းသား”

“ကိုယ်တော့ အဲဒီလို ပြောမိမယ် မထင်ပါဘူးကွာ”

အိမ်ရှင်မသည် ဖင်ကို ကောက်၍ လက်သီးဆုပ်နှစ် ဖက်ဖြင့် ခါးထောက်လိုက် ချေ၏။
“အလိုတော် ကျုပ်ကပဲ လီဆယ်သလို ဖြစ်နေပြီ။ ကဲ ရှင် ပြောမပြော သမီးသာ မေးကြည့်ပေတော့”

သမီးက ရယ်ကျဲကျဲ လုပ်နေပါသည်။ အခြေအနေ ကြည့်ရသည်မှာ အိမ်ရှင်မဘက်က မှန်လောက်၏။ ကျွန်တော် ငြိမ်နေလိုက်ရ တော့သည်။ မငြိမ်လို့လည်း မဖြစ်။ ဒီဘက်နှစ်ပိုင်းမှာ ကျွန်တော် မေ့တတ်သည်က များနေသည်။ မိမိ၏မှတ် ဉဏ်ကိုပင် မိမိ သံသယ ဖြစ်လာသည်။ လွန်ခဲ့သော နှစ်ကလည်း ကျွန်တော့်မှာ ပြဿ နာတစ်ခုဖြစ်ခဲ့၏။ ဘာမှ အရေးကြီးသည်လည်း မဟုတ်။ အရေး မကြီးဘဲနှင့် အအိပ်ပျက် အနေပျက် ပြဿနာဖြစ် ရသည်။

ဖြစ်ပုံက လူတစ်ယောက်၏ အမည်ကို ဖော်၍ မရခြင်းဖြစ်သည်။ ထိုသူ သည် ကျွန်တော် တာဝန်ယူရ သော ယန္တရား တပ်ဖွဲ့မှ ယာဉ်မောင်း တစ်ယောက်ဖြစ်၏။ တပည့် ဆိုပါတော့။ သူနှင့် နေ့စဉ်နေ့တိုင်း အလုပ်ခွင်တွင် တွေ့မြင်နေကျဖြစ်သည်။ ခိုင်းစရာရှိခိုင်း၊ လွှတ်စရာ ရှိလွှတ်၊ ပြဿနာ မရှိပါ။ အဲ- ပြဿနာရှိသည်က ကျွန်တော် ညအိပ်ရာဝင်တွင် ဖြစ်သည်။ တစ်ည အိပ်မယ်ဟု ခေါင်း အုံးပေါ် ခေါင်းချလိုက်ချိန်မှာ ကျွန်တော် သူ့ကို ဖျတ်ခနဲ သတိ ရသွားသည်။ ဘာကြောင့်ရယ် မသိ။ သူ့နာမည် ကို စဉ်းစားကြည့်ရာ ဖော်လို့ မရဖြစ်နေသည်။ အဲသည်မှာ ပြဿနာစ ဖြစ်ပါသည်။ အိပ် မယ်လုပ်ကာမှ သူ့နာမည် ဖော်မရသည်က ပြဿနာ လာဖြစ်တော့သည်။ ဖြစ်နိုင် ခြေရှိသော နာမည်များလိုက် စဉ်းစားကြည့်၏။ အောင်မိုး လား ဇော်မိုးလား။ နာမည် နှစ်လုံးတော့ နှစ်လုံးပါ။ သူ့ မျက်နှာကို စိတ်ကူးမှာ မြင်ယောင်ကြည့်ပြီး နာမည်ကို ဖော်ယူသည်။ မရ။ စဉ်းစားရင်း စဉ်းစားရင်း ခေါင်းပူ လာပြီး၊ ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နှင့် အိပ်မရတော့။ ကြာ တော့ စိတ်ညစ်ညစ်နှင့်ပင် ဘယ်အချိန် အိပ်ပျော်မှန်း မသိ အိပ်ပျော်ခဲ့ရတော့သည်။

နောက်တစ်နေ့ကျ တော့လည်း အကောင်းပင်။ အလုပ်ထဲမှာ ဒီကောင့်ကို တွေ့သည်။ ညကကိစ္စ သတိ မရ။ ဟိုဟိုဒီဒီ ခိုင်းစရာရှိ ခိုင်း၊ လွှတ်စရာရှိ လွှတ်နှင့် ပြီးသွားသည်။ အဲ- ည ရောက်တော့ ပြဿနာဖြစ်ပြန် သည်။ အိပ်မယ်ဟု ခေါင်း လည်း ချလိုက်ရော ဒီကောင် က ပေါ်လာသည်။ နာမည် ကို စဉ်းစားမရ။ ခက်တော့ တာပဲ။ တစ်ရက်လည်း မဟုတ်။ နှစ်ရက်လည်း မဟုတ်။ ကြာတော့ စိတ်တို လာတော့သည်။ တစ်ညမှာ တော့ ဒီနာမည် ဖော်မရတာကြီးကို သည်းမခံနိုင်တော့ သဖြင့်၊ အိပ်ရာမှပြန်ထ၊ မှတ်စုစာအုပ်ထုတ်၊ မနက်ဖြန် လုပ်ရမည့် အလုပ် စာရင်းတွင် ယာဉ်မောင်း အမည်မေးရန်ဟု တစ်ကြောင်းရေးထည့် ပြီးမှ စိတ်ဒုံးဒုံးချ အိပ်ပျော် သွားပါတော့သည်။

နောက်နေ့ အလုပ်ထဲ ရောက်တော့ မှတ်စုစာအုပ်ကို ဖွင့်ကြည့်ရန်ပင် မလို။ ယာဉ် မောင်းအမည်မေးရန်ဟု ရေးထားသည်ကို မှတ်မိနေသည်။ ထို့ကြောင့် ကားဖုန်သုတ်နေ သော သူ့ထံသို့ ကျွန်တော် ကပ်သွားလိုက်သည်။

“ဟေ့ကောင်”

“ဗျာ ဆရာ”
သူ ကျွန်တော့်ကို ပြုံးပြ သည်။

“အဆင်ပြေတယ် မဟုတ်လား”

“ပြေပါတယ် ဆရာ ဘာခိုင်းမလို့လဲ ဆရာ”

“ဒီလိုကွ မင်းနာမည် ဘယ်သူလဲ”

“ဗျာ ဆရာ”

“မင်းနာမည်လေ ဘယ်သူလဲလို့”

“ကျော်သူလေ ဆရာရဲ့”

“သြော် အေး အေး ဟုတ်သားပဲ။ ဒီလောက်လွယ် တာ ငါမေ့နေလို့ကွ”
ကျွန်တော် လှည့်ထွက် လာတော့ ကျော်သူတစ်ယောက် အူကြောင်ကြောင် ကျန်ရစ်ပါသည်။ မှတ်ဉဏ်က အသက် ကြီးလာတော့ သိပ်မကောင်းချင်သလား မသိ။ ငယ်ငယ်ကတော့ သိပ်မဆိုးလှဟု မိမိ ကိုယ်ကိုယ် ထင်ပါသည်။ ငယ်ငယ်က မှတ်ဉဏ်နှင့်ပတ် သက်သောကိစ္စ တစ်ခုကို ပြန် သတိရမိပါ၏။ ကျွန်တော့် အဘိုး သည်ရွာမှာ လယ်လုပ် ယာလုပ်နှင့်ဆိုတော့ အိမ်တွင် အလုပ်သမား တော်တော်များ ပါသည်။ ထိုအထဲတွင် မောင်ဆောင်းဟူသော လူငယ်တစ် ယောက်ပါလေ၏။ မောင် ဆောင်းသည် အလွန်မေ့တတ် ၏။ အားလုံးထဲတွင် သူက အငယ်ဆုံးဖြစ်လေတော့ သူ့ ကို လက်တိုလက်တောင်း ခိုင်းတတ်သည်။ မောင် ဆောင်းကို ကုန်စုံဆိုင်သို့ လက်ဖက်ခြောက် အ၀ယ် လွှတ်လျှင်၊ ငရုတ်သီးမှုန့်ပါ လာသည်။ ဥယျာဉ်ခြံထဲသို့ ဆူးပုပ်ရွက် အခူးလွှတ်လျှင် ဂွေးသီး ပါလာသည်။ ထိုသို့ သော မောင်ဆောင်းဖြစ်၏။ လူကြီးများကပြောလျှင် “ကျွန်တော် မေ့သွားလို့” ဟု ဆိုတတ်သည်။

ကျွန်တော့် အဘိုးက-
“မောင်ဆောင်းရာ မင်း အမှတ်သည်းခြေလည်း မရှိ ပါလားကွ။ မင်း ဒီလောက် မေ့တတ်တာ။ မင်းမှာ သည်း ခြေကော ပါမှပါရဲ့လားကွာ” ဟု ပြောတတ်သည်။ ထိုအခါ မောင်ဆောင်း ပြန်ပြောသော စကားသည် ပြောစမှတ် တွင် ခဲ့လေ၏။

“ပါတော့ ပါမှာပါ ဘကြီးရယ်၊ သေးလို့ဖြစ်ပါ လိမ့်မယ်” ဟူသတတ်။

အမှတ်သည်းခြေ အရာတွင် ကျွန်တော်သည် မောင် ဆောင်းလောက် မဆိုးသော် လည်း၊ သိပ်ကြီး မှတ်ဉဏ် ကောင်းလှသည်တော့ မဟုတ်ပါ။ သူပြောသလို ပါသောသည်းခြေသည် ခပ် သေးသေး မဟုတ်သော်လည်း သိပ်အကြီးကြီးလည်း မဟုတ်ပါ။ မေ့သည့်အခါ မေ့ ၍ သတိ ရစရာ ရှိလျှင်လည်း သေးသေးကွေးကွေးက အစ သတိ ရတတ်ပြန်ပါသည်။ တစ်ခါက ၀က်ဝက်ကွဲအောင် မေ့ခဲ့ဖူးသည့် တစ်ခုကို ပြန် သတိရမိသည်။ ဟော တွေ့ လား သတိရချင်လျှင်လည်း တစ်ခါက မေ့ခဲ့သည်ကိုပင် ပြန်သတိ ရပြန်ရော။

၁၉၈၃-၈၄ ခုနှစ် လောက်က ဖြစ်သည်။ ကျွန်တော် ကျိုင်းတုံ ယန္တရား တပ်ဖွဲ့တွင် တာဝန်ကျပါ သည်။ အိမ်ထောင်လည်း ကျစဖြစ်သည်။ ကျိုင်းတုံမြို့ အနောက်ဘက်မြို့အ၀င်ဝ ၀န်ထမ်းအိမ်ရာတွင် နေထိုင် ကြသည်။ ထိုစဉ်က ကျိုင်းတုံတွင် မှောင်ခိုကုန် အလွန် ခေတ်ကောင်းသည်။ အထည် အလိပ် အသုံးအဆောင် မျိုးစုံ ယိုးဒယား ဘက်ကလာသည်။ တရုတ်ဘက်ကလည်း လာ သည်။ ကျိုင်းတုံဈေးထဲတွင် အစုံရှိသည်။ ကျိုင်းတုံကို ဖြတ်ပြီး တောင်ကြီး၊ မန္တလေး သို့လည်းသွားကြသည်။ ထို စဉ်က ကျိုင်းတုံဈေးကြီးသည် အလွန်စည်ကားပြီး၊ ပြည်ပမှ လာသူများအဖို့ ကြည့်ရှုစရာ မက်မောလိုချင်စရာ အလျှံ ပယ်ရှိသော နေရာတစ်ခု ဖြစ်ပါသည်။

တစ်ရက် ရုံးပိတ်ရက် ကျွန်တော်တို့ လင်မယားနှစ်ယောက် ဈေးသို့သွားကြ သည်။ ဟင်းစားလည်း ၀ယ် ရင်း ဈေးလည်းငေးရင်း ဆို ပါတော့။ ၀န်ထမ်း အိမ်ရာနှင့် ဈေးကြီးသည် အတန်ဝေး သည်။ နှစ်မိုင်ကျော်ကျော် သုံးမိုင်နီးပါးရှိမည် မှန်းသည်။ တောင်ကုန်း အတက်အဆင်း ကလေးများလည်း ရှိသည်။ ခြေကျင်လျှောက်ရလျှင် မလွယ်ပါ။ အချိန်တော်တော် ကုန်သည်။ စက်ဘီးနှင့်လည်း သိပ်အဆင်မပြေ။ ကုန်းအဆင်းတွင် ဟုတ်သလို လိုရှိသော်လည်း၊ တောင်ကုန်း အတက်တွင်ကား စက်ဘီးကို တွန်းတင် ရသည်မှာ မသက် သာလှချေ။ ကျွန်တော်တို့တွင် ရုံးကားမကောင်းတကောင်း ကလေးရှိနေ၍ တော်တော့ သည်။
လင်မယား နှစ်ယောက် ကားကလေးဖြင့် မနက်စော စော ဈေးသို့ သွားကြသည်။ ဈေးအတွင်း ရှမ်းခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားကြ သည်။ ပြီးတော့ တောဈေး သည်များ မြေကြီးပေါ်မှာ ဖက်ရွက်ထဲ ပုံရောင်းသော ငါးကလေးများ ၀ယ်၊ မုန် ညင်းဝယ်၊ ငရုတ်သီးစိမ်း ၀ယ်၊ ပဲပုပ်ချပ်ဝယ်၊ ပြီးပြီ။ အဲ- မပြီးသေးပါ။ အိမ်ရှင်မ အ၀တ်အထည်များ တိုလီမိုလီ စုံစီနဖာများ လျှောက်ငမ်းရဦး မည်။ အဲဒီ့အလုပ်ကို ကျွန်တော် တော်တော်စိတ် ရှည်ရှည်ထားရ၏။ ဟိုမတ် တတ် ဒီမတ်တတ်၊ တော် တော်ညောင်းသည်။ ဟို အထည်ဒီပိတ်စကိုင်ကြည့်၊ ဈေးမေး၊ ပြန်ချထား၊ ၀ယ် သည်လည်း မဟုတ်။ နောက် တစ်ဆိုင်ဝင်၊ ရေမွှေးပုလင်း၊ မိတ်ကပ်ဘူး၊ လက်သည်းနီ၊ ထိုနည်းလည်းကောင်းပင်။ ဈေးဆိုင်တွေမှာ ပစ္စည်းတွေ တစ်ခုပြီးတစ်ခု ကောက် ကောက်ကိုင်ပြီး မ၀ယ်ဘဲ ပြန်ပြန်ထွက်လာရသည်ကို တော်တော်မျက်နှာပူသည်။ လေးဆိုင်မြောက် ပြန်ထွက်ပြီး ချိန်မှာတော့ ကျွန်တော် တောင့်မခံနိုင်တော့ပါ။

“ချစ်ရေ ကိုယ် ဈေးဝက လက်ဖက်ရည်ဆိုင်က စောင့်နေမယ် သိလား။ ချစ် အေးအေးဆေးဆေးသာ ကြည့် နော် ဟုတ်လား”

အိမ်ရှင်မက မေးကလေး ဆတ်ပြီး ခွင့်ပြုလိုက် တော့ ကျွန်တော် တစ်ချိုး တည်းလစ်ခဲ့သည်။ စင်စစ် အဆင်လည်းပြေပါသည်။ လက်ဖက်ရည်ဆိုင်တည်ရာ သည် ဈေးမြောက်ဘက် အပေါက်ဝနားတွင် ဖြစ်သည်။ ကားကိုလည်း မြောက်ဘက်အပေါက်ဝမှာ ရပ်ထားခဲ့သည်။ ဈေးထဲက ထွက် ကားပေါ်တက်ကြရုံသာ ဖြစ်၏။

ကျွန်တော် လက်ဖက် ရည်ဆိုင်ကို ရောက်တော့ ဆိုင်ထဲ မရှေးမနှောင်းဝင်လာ သူကား တာချီလိတ်မြို့နယ် အင်ဂျင်နီယာ ကိုလွင်စိုးဖြစ် သည်။ သူနှင့်က တစ်ခါ တစ်ရံမှ တွေ့ကြရသည်။ သူ ကျိုင်းတုံရုံးတွင် အလုပ်ကိစ္စ ရှိ၍ လာမှသာ တွေ့ကြရ သည်။ သူနှင့်ကျွန်တော် အတူထိုင်ပြီး လက်ဖက်ရည် သောက်ရင်း အာလာပ သလ္လာပ ပြောကြသည်။ လုပ် ဖော်ကိုင်ဖက်ရောင်းရင်းများ မဟုတ်မဟတ် ကမောက် ကမလုပ်ပုံများ ပြောပြီးဟား ကြသည်။ သည့်နောက် လက်ဖက်ရည်ဖိုး သူ့ထက်ငါ လုပေးပြီး၊ ဈေးပေါက်ဝက ထွက်၊ ကွမ်းယာဆိုင်မှာ ကွမ်းယာမှာရင်းလည်း စကားက မပြတ်သေး။ နောက် သူက ဆိုင်ကယ်ပေါ် တက်ခွပြီး ထွက်သွား၊ ကျွန်တော် ကားပေါ်တက်ပြီး မောင်းထွက်ခဲ့တော့သည်။

အိမ်ရောက်တော့ ကျွန်တော်တို့ အိမ်တံခါးမှာ သော့ခလောက်ကြီးက ပြူး လို့။ ကျွန်တော် “ဟိုက်” ခနဲ ဖြစ်ပြီး ဈေးကြီးသို့ အပြေး ပြန်မောင်းရတော့သည်။ ဘုရားသိကြားမလို့ မယ်မင်း ကြီးမ ဈေးငေးကောင်းတုန်း ရှိပါစေဟု ဆုတောင်းရသည်။

ကျွန်တော့် ဆုတောင်း မပြည့်ရှာပါ။ အိမ်ရှင်မသည် ဈေးပေါက်ဝတွင် ဆွဲခြင်းကို ဆွဲလျက် မတ်တတ်ထောင် ထောင်ရပ်နေပါသည်။ မြင် သာအောင် ဥပမာပြရလျှင် ဘူတာမှ ထွက်ခါနီးမီးပေါင် ပြည့်ဝနေသော ဘွိုင်လာစက် ခေါင်းကြီးအတိုင်း ဖြစ်ပေ၏။ ရေနွေးငွေ့များ ဟိုမှ ဒီမှ စိုးစိုး စစ်စစ် ဖျိုးဖျိုးဖျစ်ဖျစ် တိုး ထွက်နေပေသည်။

ကျွန်တော် ကားကို သူ့ ရှေ့တံခါးပေါက်တည့်အောင် ရပ်ပေးပြီး တံခါးကိုလည်း လှမ်းဖွင့်ပေးရသည်။ မျက်နှာ ကို သကာရည်လူးပြီး ဆလံ သုံးကြိမ်လောက် ပေးလိုက် တော့မှ အိမ်ရှင်မကားပေါ်သို့ ကြွလှမ်းလေ၏။
“ဆောရီးကွာ ကိုလွင်စိုး လေကောင်းတာနဲ့ မေ့သွား လို့”

အိမ်ရှင်မသည် လေပူ များ ဖူးခနဲ တစ်ချက်မှုတ် ထုတ်လိုက်ကာမှ မီးပေါင် နည်းနည်းကျသွား၏။ မျက်နှာကား နီနေဆဲ။ ထိုနေ့ တစ်နေ့လုံး ကျွန်တော် ငြိမ်ဝပ် ပိပြားလျက် ခပ်ယို့ယို့ကလေး နေလိုက်ရတော့သည်။

အိမ်ရှင်မသည် ဤကိစ္စကို လူထူထူကျလျှင် ဖောက် သည်ချတတ်လေ၏။ ကျွန်တော့်မှာ ကိုယ့်အပြစ်နှင့် ကိုယ်ကြိတ်မှိတ် ခံရသည်သာ ဖြစ်၏။ တစ်လောက တပည့် တစ်ယောက် ကျွန်တော့်ကို လက်ဆောင်တစ်ခု ပေးပါသည်။ မဟာဗောဓိမြိုင်ဆရာ တော်၏ ဓာတ်ပုံ ပုံတော်ဖြစ် သည်။ ထိုပုံတွင် ဆရာတော် ဘုရား၏ ဆုံးမစကား တစ်ခုကို ထည့်သွင်း ပုံနှိပ်ထားရာ-
“သင့်ထံရှိ သတိ တစ်လုံးသည် လောကီအတွက် လောကုတ္တရာအတွက်
နှစ်ဖက်ရ သန်လျက်ဓားဟူ၍ တထစ်ချမှတ်ပါလေ”
ဟု ပါရှိပါသည်။

ဆရာတော်ကြီး၏ ဆုံးမ စကားကို ကျွန်တော် တော တော် နှစ်သက်သွားသည်။ ကျွန်တော်ကဲ့သို့ မေ့တတ် လျော့တတ်သူတစ်ယောက် အတွက် အလွန် လိုအပ်သော ဆုံးမစကား ဖြစ်ပါသည်။ ကျွန်တော့် သည်းခြေသည် သိပ်မသေး လှသော်လည်း အသက်နည်းနည်း ရလာတော့ အားပျော့ လာလေသလား မသိ။ မေ့သည်က များများ လာသည်။ ကော်ဖီစစ်စစ် ကိစ္စကိုလည်း ကျွန်တော် ပြန်စဉ်း စားကြည့်သည်။ မပေါ်။ ဘယ်တုန်းက ဘယ်နားမှာ ပြောမိသည်လဲ၊ ဘယ်လိုမှ စဉ်းစားလို့မရချေ။ သမီးရယ် ကျဲကျဲလုပ်နေခြင်းက သက် သေသဘော ဖြစ်နေ၍သာ။ နို့မဟုတ်ရင် တော်တော် ငြင်း ရ ခုံရဦးမည်။

သည့်နောက်မှာတော့ ကျွန်တော် တော်တော်သတိ ထားပါသည်။ သတိမမေ့ အောင် လုပ်စရာရှိသော အလုပ်များကို စာနှင့် ရေးမှတ် သည့်အကျင့်ကိုလည်း လုပ်ပါသည်။ မနက်တိုင်း စာနှင့် ရေးမှတ်ထားသည်ကို လက်ကိုင်ပြု၍ ကိစ္စမြားမြောင် လူတို့ဘောင်၏ အိမ်ထောင်သက်မွေး အရေးရေးကို ဆောင်ရွက်ရပါ၏။ တော် တော် အဆင်ပြေသည်။ သည် ကြားထဲ မေ့ဖြစ်အောင် မေ့သည်ကလေးတွေကလည်း ရှိ မြဲပါ။ မှတ်စု စာအုပ်ထဲမှာ စာနှင့်ရေးထည့်ဖို့ မေ့သွား တတ်သည်မျိုးလည်း ရှိပါသည်။

ဤအတောအတွင်း မေ့ ဖြစ်အောင် မေ့သွားသော ကိစ္စတစ်ခုရှိခဲ့လေသည်။ အိမ် ရှင်မ၏မွေးနေ့ဖြစ်၏။ ယခုလို အသက်ကလေးရလာသော အချိန်မှာ မမေ့သင့်သောအရာ ဖြစ်သည်။ အရင်တုန်းက တော့ ကိုယ်ကလည်း ကိုယ့် အလုပ်နှင့်ကိုယ် ဟိုသွား ဒီ သွား၊ အိမ်ရှင်မနှင့်လည်း တကွဲတပြား နေရသည်တွေ ဘာတွေနှင့် သူ့မွေးနေ့ ကိုယ့် မွေးနေ့သိပ်ပြီး မှတ်မှတ်သား သား အထင်ကရ မလုပ်ဖြစ်ခဲ့ ကြပါ။ ဟက်ပီးဘတ်ဒေး ဘာညာ ပါးစပ်က ပြောပေး လိုက်သည်လောက်နှင့် ပြီးခဲ့ သည်။ ယခုတော့ နည်းနည်း အလေးထားချင်လာသည်။

ကိုယ့်အိမ်ရှင်မကို ဂရုစိုက်ပြ ချင်လာသည်။ ဘ၀ခရီးဖော် ဆိုသော ခံစားသိကလေးကို သိသိမှတ်မှတ် ရှိသွားစေချင် သည်။ ထို့ကြောင့် အိမ်ရှင်မ မွေးနေ့တွင် လက်ဆောင် ကလေး ဘာလေးပေးဖို့ စိတ် ကူးထားသည်။ စိတ်ပင်ကူး သော်လည်း လူက မေ့နေသည်။ မှတ်စုစာအုပ်ထဲ ထည့်ရေးထားဖို့ကိုပင် မေ့နေ သည်။ စိတ်ကူးတုန်းကတော့ အပျံစားပါ။ မွေးနေ့ လက်ဆောင်ကို မွေးနေ့မနက်မှာ ဘွားခနဲ ထုတ်ပေးပြီး အံ့သြ ၀မ်းသာဖြစ်သွားအောင် လုပ် လိုက်မည်။ အပျော်ကြီးပျော် သွားစေမည်။ ထို့ကြောင့် မည်သူနှင့်မျှ မတိုင်ပင်။ သမီးကိုပင် မပြော။ မတော် သူ့အမေကို ကြိုတင်ပေါက် ကြားထားလျှင် လုပ်ချင် သော ဆပ်ပရိုက်စ်ကလေး ပျက်သွားမည်။ ဒီလို ဒီလို။

သို့သော် အိမ်ရှင်မ၏ မွေးနေ့သို့ရောက်လာသည်။ သူကလည်း အမှတ်တမဲ့။ ကိုယ်ကလည်း ဘာသိ ဘာသာ။ မွေးနေ့လွန်သွား သည်။ ခပ်အေးအေးပဲ။ ဟော နှစ်ပတ်လောက် လွန်သွားတော့ ကျွန်တော် သတိရရော။ အိမ်ရှင်မကို မွေးနေ့လက်ဆောင်ပါတိတ် ၀မ်းဆက် ၀ယ်ပေးမည်ဟု ကျွန်တော် စိတ်ကူးထားခဲ့ သည်။ အဆင်ကလေး တောင် စိတ်ထဲတွေးထား သည်။ ယခုနှစ်ပတ်ကျော်ခဲ့ပြီ ဆိုတော့ နှစ်ပတ်ကျော်ပေမဲ့ ယခု လက်ဆောင်ပေးလည်း နောက်မကျသေးဟု တွက် သည်။ ယနေ့ပင် သွားဝယ် ပေးလိုက်တော့မည်။

ကျွန်တော့်မှာ ဘတ်ငွေ နည်းနည်းရှိသည်။ ကျွန်တော်တို့ အိမ်နှင့် မလှမ်းမကမ်း လမ်းလျှောက် သွားလျှင်ပင်ရသော လမ်းမတန်းဘက်၌ စတိုးဆိုင်များ ရှိပါသည်။ အမျိုးသမီး ၀တ်အထည်များ ရောင်းချသော ဆိုင်တစ်ဆိုင်သို့ ကျွန်တော် ၀င်လိုက်၏။ ဆိုင်ဝန်ထမ်း မိန်းကလေးက ဖော်ဖော်ရွေရွေ ပြုံးပြနှုတ် ဆက်သည်။
“ဘာ အလိုရှိပါသလဲ လေးလေး”

“ပါတိတ်ဝမ်းဆက် ရှိသလား”

“ရှိပါတယ် လေးလေး လက်ဆောင်ပေးဖို့ပဲလား”

“အေး ဟုတ်သကွဲ့”

ကလေးမကလေးက ပါတိတ်တွေ ထုတ်ပြသည်။ ကျွန်တော်က အိမ်ရှင်မနှင့် သင့်မည့်အရောင် အဆင်ရွေး ရသည်။ အသားအရေ၊ အသက်အရွယ်နှင့် လိုက်ဖက် သော စိမ်းပြာနုကနုတ်ခပ် စိပ်စိပ်တစ်ထည် ရွေးလိုက် သည်။ ဈေးက ပြောစရာ မလို။ တစ်ခွန်းဆိုင်။ ရောင်း ဈေး အသင့်ကပ်ထားသည်။ ကျွန်တော်က ဒါမျိုးကြိုက် သည်။ ဈေးဆစ်စရာ မလို။ လျှော့စရာ မလို။ ကျွန်တော့် ဘတ်ငွေကလေး ထုတ်ပေး ပြီး ၀ယ်လိုက်ပါသည်။

အိမ်ပြန်ရောက်တော့ အိမ်ရှင်မက ထမင်းစားပွဲမှာ ကြက်သွန်ဖြူခွာနေသည်ကို တွေ့ရသည်။ အချိန်ဆိုင်းမနေ ဘဲ သူ့ရှေ့စားပွဲပေါ်သို့ ပါ တိတ် ၀မ်းဆက်ကို ထိုးတင် ပေးလိုက်ပါသည်။
“ဟက်ပီးဘတ်ဒေး တူး ယူ ဟဲ ဟဲ နည်းနည်းတော့ နောက်ကျသွားသကွာ၊ ခုမှ သတိရလို့”

အိမ်ရှင်မ၏ အံ့သြ ၀မ်းသာသွားမည့် မျက်နှာကို ကျွန်တော် စောင့်ကြည့်နေ၏။ ၀င်းလက် တောက်ပသွားမည် မလွဲ။ ကျွန်တော် တွက်ထား သည်။ သို့ရာတွင် အိမ်ရှင်မ၏ တုံ့ပြန်ပုံသည် တစ်မျိုးဖြစ်၏။ ထိတ်လန့်သွားပုံပေါက်၏။ ကျွန်တော့်ကို ပြူးပြူးကြီး ကြည့်နေ၏။ ကျွန်တော်က တော့ ပြုံးလျက်သာပါ။
“ဟောတော့ လုပ်ချ လိုက်ပြန်ပကော”

သူ မျက်စိ မျက်နှာ ခပ် ပျက်ပျက်ရှိသည်။
“ဟေ မင်းကလည်းကွာ ချစ်လို့ ၀ယ်ပေးတဲ့ မွေးနေ့လက်ဆောင် ၀မ်းသာ ရမဲ့ဥစ္စာ”

“ဟုတ်ပါ့တော် ဟုတ်ပါ့ ကျုပ်ကတော့ ခဏ ခဏကို ၀မ်းသာနေရတော့တာပါပဲ။ အရင်တစ်ပတ်က ၀ယ်ပေးတဲ့ မွေးနေ့လက်ဆောင်ကလည်း ပါတိတ်ဝမ်းဆက်။ ဒီ အဆင် ဒီအရောင်ပါပဲတော်”
သေဟဲ့။

တကယ်တော့ ပြီးပြီးရော ထားလိုက်ဖို့ ကောင်းသည်။ မွေးနေ့လက်ဆောင် နှစ်ကြိမ် ထပ်ရသည်မှာ ကျေနပ်ဖွယ်ရာပင် ဖြစ်၏။ သို့သော် အိမ်က “မယ်ဂျီးအို” (ကျွန်တော့်စာများ သူဖတ်လေ့ မရှိပါ) မယ်ဂျီးအိုက တော့ ဗာရာဏသီချဲ့လေ သည်။ ထိုနေ့ည ထမင်းဝိုင်း တွင် စားရင်းသောက်ရင်း စကားစသည်။

“ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်။ ချို့ယွင်းချက် တစ်ခုခုရှိနေတာဆိုရင် ကြို တင်ပြုပြင်ရတာပေါ့။ Precaution is better than cure တဲ့။ ရောဂါရင့်လာရင် အယ်လ်ဇိုင်းမားတို့ ဘာတို့ ဖြစ်သွားတော့ ဘယ့်နှယ်လုပ် မလဲ”

သမီးခမျာ မျက်လုံး ကလေး ပြူးနေပေသည်။
“ဒါဆို ဂျီပီနဲ့တင် မဖြစ်ဘူး ထင်တယ်။ ဦးနှောက်နဲ့ အာရုံကြောလား။ ဆိုက်ကိုနဲ့ ဆိုင်မလား။ စပယ်ရှယ်လစ် တော့ပြရမှာပဲ။ သမီး စုံစမ်း ကြည့်ရမလား”
ကျွန်တော် ခေါင်းတွေ မူးဝေလာပါတော့သည်။
“ကိုင်း တော်ကြပါ တော့ မမတို့ရယ်။ ဒီမှာ ဟင်းမကောင်းလို့စား မ၀င်ရတဲ့ အထဲ”

အမှန်တကယ်လည်း ဟင်းက မကောင်းပါ။ ကန်စွန်းရွက် ချဉ်ရည်ဟင်း၊ အာပြဲ ခြောက်ကလေးက ကသုတ်ကရက် ကြော်ထားရသည့်ပုံ။ ငါးပိတို့စရာ၊ ဒါပဲ။ တကယ် တော့လည်း အိမ်ရှင်မ၏ နေရာတွင် ကျွန်တော် ကိုယ်ချင်းစာ တတ်ပါ၏။ သုံးနိုင်သော ဈေးဖိုးနှင့် စားပျော်အောင် ချက်ပြုတ် စီမံရသည်မှာ မလွယ်ကူပါ။ ဒါကြောင့်ပင် ဟင်းမကောင်းလည်း မညည်း မညူစားနေခြင်းဖြစ်သည်။ သည်ကြားထဲ ခေါင်းစားမည့် ကိစ္စ ၀င်လာသဖြင့် ထမင်းက မျိုလို့မကျချင်တော့။ ဆရာဝန် ဆိုသော ပုဂ်္ဂိုလ်နှင့်ပြရမှာ လောက် စိတ်ညစ်စရာကောင်း သည် မရှိ။ ကိုယ့်ပိုက်ဆံနှင့် ကိုယ် တမေ့တမြော စောင့် ပြီးမှ တွေ့ရမည်။ ပြီး ဟိုဟာ သွားစစ်ဦး၊ ဒီဟာသွားစစ်ဦး။ မဆုံးမဆုံး။ ၀ဋ်ရှိသမျှခံပေဦး။

“ဟောတော့”
အိမ်ရှင်မသည် လက် ၀ါးနှစ်ဖက် ဖြန်းခနဲ ရိုက်ပြီး မျက်လုံးပြူး မျက်ဆန်ပြူး ထိတ်လန့်သွားလေ၏။

“ဘာဖြစ်လို့လဲ မေမေ”

“ကျုပ် ၀က်သားတစ် အိုးချက်ထားတာ မေ့နေတာ တော့်။ ကြည့်စမ်း ကြည့် စမ်း”

ကောင်းရော။
တကယ်ကောင်းခြင်း ဖြစ်ပေသည်။ သည့်နောက် ပိုင်း ကျရောက်လာသော နေ့ရက်များတွင် ကျွန်တော့် အတွက် ငြိမ်းချမ်းလှချေ၏။ ဦးနှောက်နှင့် အာရုံကြော ပြရ မလား၊ ဆိုက်ကိုနှင့် ပြရ မလားဟူသော ဒုက္ခဘေးမှ လည်း လွတ်မြောက်ခဲ့ပေ၏။ အဟောသုခံ ကောင်းလေစွ တကား။            

ဖိုးလမင်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)