ရှော့ခ်ရိုက်နေတဲ့ စန္ဒီမြင့်လွင် PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 31 July 2012 15:21
Share |

စီဒီ ထွက်ကတည်းက ပရိသတ် အားပေးမှု ရရှိနေတဲ့ ရှော့ခ် စီးရီးအတွက် ဗီစီဒီကို စတင် ရိုက်ကူးနေပါပြီ။

generic cialis no prescriptionbuy tadalafil online order viagra online cialis without prescription
argaiv1290

စန္ဒီမြင့်လွင်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် စီးရီးဖြစ်ပြီး R & B နဲ့ Hip Hop သီချင်းတွေ ပါဝင်တာပါ။ ၂၀၁၃ ခုနှစ်မှ ဗီစီဒီ အနေနဲ့ ထွက်ဖို့ စီစဉ်ပေမဲ့ ပရိသတ်တွေရဲ့အားပေးမှု ရှိနေတာကြောင့် ၂၀၁၃ အထိ မစောင့်တော့ဘဲ ၂၀၁၂ ထဲမှာပဲ ဗီစီဒီထွက်ဖို့ စီစဉ်တာပါ။ ရိုက်ကူးရေးမှာ ပျော်ပါစေ သီချင်းကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)နဲ့ စတင် ရိုက်ကူးတာ ဖြစ်ပါတယ်။

ရှော့ခ် ဗီစီဒီအတွက် ဘယ်ဒါရိုက်တာတွေနဲ့ ဘယ်လို ပုံစံတွေ ရိုက်ကူးမှာလဲ။

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)၊ ကိုဇော်(အရုဏ်ဦး)၊ ဦးမီးပွားနဲ့ အခြား MTV ဒါရိုက်တာတွေ ရိုက်ကြမယ်။ ဇော်ကိုကို၊ စိုင်းလုံးကျောက်၊ ပီတာ၊ ၀ဏ္ဏခွာနီးတို့လည်း ပါတယ်။ ဒီးဒီရဲ့သီချင်းတွေက အနှေးတွေရော အမြူးတွေလည်း ပါတော့ Hip Hop သီချင်းတွေက MTV ရိုက်နေကျ ဒါရိုက်တာတွေနဲ့မှ အဆင် ပြေမယ်လေ။ သီချင်း အေးအေးလေးတွေဆို ဇာတ်ကားရိုက်တဲ့ ဒါရိုက်တာတွေနဲ့ အဆင်ပြေမယ် ဆိုပြီး လုပ် လိုက်တာ။

ရှော့ခ် ဗီစီဒီမှာ သရုပ်ဆောင်တွေ အနေနဲ့ ဘယ်သူ တွေပါမလဲ။

မကြီးစိုး (စိုးမြတ်သူဇာ) ပါမယ်။ သူက အားတီ ရေးထားတဲ့ နောက်တစ်ယောက် သီချင်းကို ရိုက်ဖို့ စီစဉ်ထားတယ်။ မသက်မွန်မြင့်က ချစ်နေတုန်းပဲ ရိုက်ပေးမယ်။ ရှော့ခ် သီချင်းမှာတော့ ယူ ရေနီယမ်၊ Snare, G-Family နဲ့ ခင်တဲ့ သူငယ်ချင်း အပေါင်း အသင်းတွေ ပါတယ်။ ကိုရဲလေး၊ မိုးအောင်ရင်တို့လည်း ပါမယ်။ ကျန်တဲ့ သီချင်းတွေ မှာတော့ ဒီးဒီတစ်ယောက် တည်းပဲ သရုပ်ဆောင်မယ်။

ခေါင်းစီး သီချင်းဖြစ်တဲ့ ရှော့ခ် ရိုက်ကူးရေးကိုရော ထူးထူးခြားခြား အနေနဲ့ ဘယ်လိုတွေ မြင်ရမလဲ။

ဒါရိုက်တာ ဇော်ကိုကိုနဲ့ မရိုက်ခင်ကတည်းက သေချာ ဆွေးနွေးတယ်။ ကွန်မန်ဒို ၀တ်စုံတွေ ၀တ်ပြီး ဒီးဒီနဲ့ Snare တို့က သရုပ်ဆောင် ထားတယ်။ ရှော့ခ်ကို တော်တော်လေး အားထည့်ထားတယ်။ သီချင်း အပုဒ်တိုင်းကို အားထည့်ထားပေမဲ့ ရှော့ခ် ကကျတော့ ရိုက်ရတာ နည်း နည်းခက်လို့ပါ။ MTVပုံစံဆို တော့ဆက်တင်တွေကလည်း အများကြီးလုပ်ရတယ်။ ဓာတ်xxxဓာတ်တွေ လိုက်နေတယ် ဆိုတဲ့ သီချင်း စာသားမှာ ဓာတ်လိုက်တဲ့ပုံစံ မျိုးဖြစ်အောင် သံကြိုးတွေနဲ့ ရိုက်ထားတယ်။

ရှော့ခ် ဗီစီဒီကို ပရိသတ်တွေ ဘယ်တော့လောက် ကြည့်ရမှာလဲ။


၂၀၁၃ ခုနှစ်မှ ထွက်မလို့ စီစဉ်ထားတာ။ ဒါပေမဲ့ အခု၂၀၁၂ အောက်တိုဘာ မှာထွက်ဖို့စီစဉ်နေတယ်။ ရှော့ခ် စီဒီက ဆေးရောင်လှလှ ခြယ်ရအောင် စီဒီထက် ပိုပြီးသွားတယ်။ အဲဒီတော့ ပရိသတ် အားပေးမှုပေါ် မူတည်ပြီး အခုအချိန် ရိုက်လိုက်ရင် အကောင်း ဆုံးပဲလေ။ နည်းနည်းလေး ကြာသွားရင် ပရိသတ်တွေ အတွက် အိုင်သွားမှာ စိုးတယ်။ နည်းနည်း ကြာလို့ ပရိသတ် စိတ်မ၀င်စားတဲ့ အချိန်မှာ ကိုယ်က ထုတ်လိုက်လို့ ရှိရင် ဘာမှ မထူးဘူးလေ။ ပရိသတ် စိတ်ဝင်စားတဲ့ အချိန်မှာ ထုတ်တာ အဆင်ပြေတယ်လို့လည်း ပြောကြတယ်။

ပရိသတ်တွေ နှစ်သက်တဲ့ ရှော့ခ် သီချင်းကို ဗီစီဒီ ရိုက်ကူးဖို့ ပြည်ပက အဆိုရှင်တွေရဲ့ MTV တွေကို ကြည့်ထားကြတာပါ။ ဗီစီဒီရိုက်ကူးမှုမှာ လစ်ဟာမှုမရှိအောင် ရိုက်ကူးထားပြီး ပရိသတ် ဘက်က မကြိုက်တာမျိုး ရှိ ရင် ခွင့်လွှတ်ဖို့ တောင်းပန် ထားသလို အကုန်လုံး ကြိုက်မယ်လို့လည်း စန္ဒီမြင့်လွင်က မျှော်လင့် ထားပါတယ်။

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: