(July-2012)တရုတ်ပြည်မှာ ခဏတာ PDF Print E-mail
Written by ခင်ဆုမြတ်ထွန်း   
Thursday, 12 July 2012 16:04
Share |

(??????? ????) ?????????? ?????? ?????????? ??????? ????????? ??????? ????? CNPC(China National Petroleum Corporation) ???????????? ????? ??????????? ??????????

cialis blackdiscounted cialis viagra dosage cialis reviews
argaiv1066

CNPC ကုမ္ပဏီ အဆောက်အအုံဟာ တကယ့်ကို ခမ်းနားပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့  အကောင်းဆုံး ဟိုတယ်တွေနီးပါး ရှိတယ်လို့ ပြောရမယ့် အနေအထားပါ အဆောက်အအုံကြီး နှစ်ခုရဲ့အလယ် ၀င်ဝင်ချင်းမှာ အမှတ်တရ ရုပ်တုနဲ့ တော်တော်လေး ကျယ်ဝန်းတဲ့ နေရာ တစ်ခုတို့က လာရောက်သူတွေကို အရှိန်အ၀ါ တစ်ခုနဲ့ ဆီးကြို နေသလိုပါပဲ။ CNPC ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ တွေမှာ အဓိက လာရောက် ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပြီး၊ အခုလက်ရှိမှာ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ခြင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ခြင်းတွေကို လုပ်ဆောင် နေပါတယ်။

သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ခြင်းမှာ တရုတ်၊ မြန်မာ အပါအ၀င် ကိုရီးယားနဲ့ အိန္ဒိယ နိုင်ငံတို့ကလည်း ပါဝင်ကြပေမဲ့ ရာခိုင်နှုန်းအားဖြင့် CNPC က ၅၀.၉၀ ရာခိုင်နှုန်းနဲ့ အများဆုံး ပါဝင်ထားတာ ဖြစ်ပါတယ်။ ရေနံပိုက်လိုင်း တည်ဆောက်ခြင်းမှာတော့ CNPC က ၅၀.၉၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံ MOGE(Myanmar Oil and Gas Enterprise) က ၄၉.၁၀ ရာခိုင်နှုန်းစီ ပူးပေါင်း ပါဝင်ထားတယ်လို့ သိရပါတယ်။

CNPC ကုမ္ပဏီ အကြောင်းကို ကုမ္ပဏီရဲ့ နိုင်ငံတကာရေးရာ ဌာနက ဒုတိယ ညွှန်ကြားရေးမှုးက ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြန်မာ မီဒီယာ အဖွဲ့က မေးမြန်းတာတွေကိုလည်း ပြန်လည် ဖြေကြား ပေးခဲ့ပါတယ်။သတိ ထားမိတာ တစ်ခုကတော့ တရုတ် နိုင်ငံရဲ့ ကုမ္ပဏီကြီး တော်တော်များ များမှာ နိုင်ငံတကာ ရေးရာ ဌာနဆိုပြီး နိုင်ငံတကာက ဧည့်သည်တွေ၊ မီဒီယာ သမားတွေကို လက်ခံ တွေ့ဆုံဖို့၊ ကုမ္ပဏီကနေ ရင်းနှီး မြှုပ်နှံမှုတွေ ဆောင်ရွက် နေတဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်နိုင်ဖို့ ထားရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံနေတဲ့ လုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြား ပြီး၊ လူမှုရေး လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်နေကြောင်း ဆိုပါတယ်။

မြန်မာ မီဒီယာများ အနေနဲ့ကတော့ တရုတ်နိုင်ငံက မြန်မာ နိုင်ငံ အတွက် အကျိုးရှိစေမယ့်၊  ကောင်းတဲ့ လုပ်ရပ်တွေလည်း တကယ် လုပ်ဆောင်နေတာ မှန်ရင် မီဒီယာတွေ ကနေ တစ်ဆင့် ပြည်သူတွေကို အသိပေး သင့်ကြောင်း အကြံပြုခဲ့ကြပါတယ်။ ဘေဂျင်းမြို့ရဲ့ ဒုတိယနေ့မှာတော့ ရာသီဥ တုက ပုံမှန်အတိုင်း အေးတဲ့အပြင် မိုးများလည်း တစိမ့်စိမ့် ရွာနေတာကြောင့် ပူလွန်းတဲ့ အရပ်က လာတဲ့ ကျွန်မတို့ အတွက်တော့ ဒီလို အေးစိမ့်တဲ့ ရာသီဥတုဟာ နှစ်သက်စရာပါပဲ။ နောက်တစ်နေ့ အစီအစဉ် အရ ဘေဂျင်းမြို့မှာပဲ စီးပွားရေး ၀န်ကြီးဌာနနဲ့ CPI(China Power Investment Corporation) တို့ကို သွားရောက် လေ့လာပြီး နောက်ထပ်ပြည်နယ် တစ်ခုကို ဆက်လက် ထွက်ခွာ ရမှာပါ။

ဒီလိုနဲ့ တတိယနေ့ မီဒီယာ ခရီးစဉ် ပြီးဆုံးလို့ ညစာ စားအပြီး၊ ဆရာမျိုးက လွဲလို့ ကျွန်မတို့ အားလုံးကို ရဲရဲ့အကူအညီနဲ့ ဟိုတယ်ရဲ့ အနီးနား ပတ်ဝန်းကျင်ကို ဈေးဝယ် ထွက်ကြပါတယ်။ အရင်က ခရီးသွား ဆောင်းပါးတွေမှာ ဖတ်ခဲ့ဖူးတဲ့ အတိုင်း ၃၊ ၄ ထပ်လောက် ရှိတဲ့ စာအုပ်ဆိုင်ကြီးတွေ လည်း တွေ့ခဲ့ရပါတယ်။ အဲဒီလို စာအုပ်ဆိုင်ကြီး တစ်ဆိုင်ရှေ့က ဖြတ်သွားတော့ မရည်မွန်နဲ့ ကျွန်မက မနေနိုင်ဘဲ ၀င်ချင်ကြ ပြန်ပါတယ်။ စိတ်ထဲ ကျေနပ်မိတာ တစ်ခုက နိုင်ငံတကာမှာ လတ်တလော ထွက်ရှိနေတဲ့ စာအုပ်တွေကို တရုတ်ဘာသာ ပြန်ဆိုထားပြီး ဖြစ်နေတာကြောင့် စာဖတ်သူတွေဟာ နိုင်ငံတကာ စာပေတွေနဲ့ မြန်မြန်ဆန်ဆန် ထိတွေ့မှု ရနိုင်ကြပါတယ်။

အဆောက်အအုံရဲ့ ၃ထပ်လုံးမှာ တရုတ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ စာအုပ်တွေကို ရောင်းချပြီး၊ အောက်ဆုံး အထပ်မှာတော့ အင်္ဂလိပ် ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေကို ရောင်းချပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိတဲ့ စာအုပ်တွေကလည်း တကယ့်ကို နောက်ဆုံး ထွက်ရှိထားတဲ့ စာအုပ်တွေ ဖြစ်ပြီး၊ အမျိုးအစား စုံလင်လှပါတယ်။ ကျွန်မတို့ဆီမှာ နိုင်ငံတကာက ထွက်ရှိတဲ့ စာအုပ်တွေကို ဖတ်ချင်တဲ့ သူတွေအဖို့ တစ်ဆင့် မှာကြား မှ၊ ဒါမှမဟုတ် နိုင်ငံခြားက ပြန်လာသူတွေဆီကသာ ကူးယူ ဖတ်ရှုနိုင်တာပါ။ လက်ရှိ ရန်ကုန်မှာ နိုင်ငံတကာ စာပေ အရောင်း ဆိုင်တွေ ဆိုတာကလည်း လက်ချိုး ရေတွက်လို့ ရနိုင်သလို၊ နောက် ဆုံး အသစ် ထွက်ရှိတဲ့ စာအုပ်တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ဆိုင်တွေမှာ မတင်နိုင်သေးပါဘူး။  

ကျွန်မတို့ ၂ ယောက်ကို ကိုရဲက စောင့်နေ ပြီး၊ ကျန်တဲ့ ၃ ယောက်ကတော့ အနီးနားကိုဆက် သွားကြပါတယ်။ ဒီလိုဆက်သွားနိုငတာက လည်း ကိုကောင်းမြတ်ထွဋ်က လမ်းဘေးမှာရောင်းနေတဲ့ စာနယ်ဇင်း အရောင်းဆိုင် တစ်ခု ကနေဖုန်းကတ်(Sim card)၀ယ်ခဲ့တာကြောင့် လမ်း ပျောက်လည်း စိတ်ပူစရာမလိုဘဲ ဆက်သွယ် နိုင်မှာမို့ပါ။ အခုလိုပဲ ဖုန်းကတ်တွေကို အလွယ် တကူ ၀ယ်ယူနိုင်ပြီး၊ ငွေထပ်ဖြည့်ရုံနဲ့ နံပါတ် မပြောင်းလဲဘဲ ခေါ်ဆိုနိုင်ပါတယ်။ နောက် တစ်ခု ရှိတာက မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ တရုတ် ပစ္စည်းတွေဟာ အလွန် ဈေးသက်သာပေမဲ့ ဘေ ဂျင်းမြို့ရဲ့ စူပါမားကတ်တွေနဲ့ ကုန်တိုက်တွေမှာ ရောင်းချတဲ့ ပစ္စည်းတွေကတော့ နာမည်ကြီး တံဆိပ် အမျိုးမျိုး ဖြစ်တဲ့အပြင် အရည်အသွေးရော၊ ဈေးနှုန်းပါ မြင့်လွန်းတဲ့ ပစ္စည်းတွေသာ ဖြစ်ပါတယ်။ သူ့ငွေနဲ့သူ မဆိုးပေမဲ့ ဂါဝန်တစ်ထည် ကို မြန်မာငွေနဲ့ တွက်ကြည့်ရင် တစ်သိန်းကျပ် လောက်ကျသွားတာမို့ လက်တွန့်မိပါတယ်။

ကိုရဲကတော့ တစ်နှစ်ကို အ၀တ်အစား တစ်စုံ၊ နှစ် စုံလောက်သာ ၀ယ်လေ့ရှိ တယ်လို့ဆိုပါ တယ်။ ဈေးဆိုင်တွေ၊ ကုန်တိုက်တွေကို လမ်းတစ်လမ်း တည်းမှာ စုစည်းထားပြီး အဲဒီ လမ်းထဲကိုလည်း ကားတွေ မ၀င်ပါဘူး။ ထိုင်းနိုင်ငံပတ္တရားမှာ ရှိတဲ့  Walking Street လို ပုံစံမျိုးပါ။ ဒါကြောင့်လည်း ဈေးဝယ်သူတွေဟာ လွတ်လွတ်လပ်လပ် ကြည့်ရှု ဈေးဝယ်နိုင်ပါတယ်။ ရာသီဥတုကတော့ အေးစိမ့်စိမ့်လေး ဖြစ်တာကြောင့် သူတို့ နိုင်ငံသားတွေက အနွေးထည်တွေ ၀တ်ကြပေမဲ့ ကိုယ်ကတော့ရခဲ တဲ့ ဒီလို ရာသီဥတုလေးမှာ အနွေးထည် မ၀တ်ဘဲ အေးအေးလေးနေရတာ ကိုပဲ နှစ်သက်ခဲ့ပါတယ်။ အမှတ်တရ အနေနဲ့ အဲဒီနေ့ညက တရုတ်နိုင်ငံက အင်္ဂလိပ်လို ရှားရှားပါးပါး ထုတ်တဲ့သတင်းစာ တစ်စောင်ကို ၀ယ်ဖြစ်ခဲ့ပါ တယ်။

ဒါပေမဲ့ စိတ်မကောင်း ဖြစ်ရတာကတော့ နောက်တစ်နေ့ကား အပြောင်းအလဲမှာ အဲဒီ သတင်းစာဟာကာ တစ်စီးပေါ် ပါသွားတာကြောင့် ပြန်မရတော့ပါဘူး။ သတင်းစာက ၅ ယွမ်လောက်ပဲ ပေးရပါတယ်။ လမ်း ဘေးမှာရောင်းတဲ့ စာနယ်ဇင်းဆိုင်တွေမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေ ရောင်းချတာမရှိသလောက် ရှားပါတယ်။ စာအုပ်တွေသာ မကပါဘူး။ ဘေဂျင်းမြို့ လမ်းမကြီးတွေပေါ်မှာလည်း အင်္ဂလိပ်လို ရေးထားတဲ့ ဆိုင်းဘုတ်တွေ တွေ့ရခဲပါတယ်။ ဘေဂျင်းကို ပထမဆုံး အနေနဲ့ နိုင်ငံခြားသား တစ်ယောက်တည်း လာမယ်ဆိုရင် တော်တော်လေး အခက်ခဲရှိမှာပဲလို့ တွေး မိပါတယ်။

ဟိုတယ် အပြန်လမ်းမှာတော့ ကိုရဲနဲ့ တော်တော်လေး စကားလက်ဆုံ ကျဖြစ်ပါတယ်။ ကိုရဲက နယ်ကလာတဲ့သူတစ်ယောက်ပါ။ ဘေဂျင်း မြို့မှာ နေချင်တာကြောင့် ဘေဂျင်းမြို့ နိုင်ငံတကာ ဘာသာစကား တက္ကသိုလ်မှာ မြန်မာ ဘာသာကို သင်ကြားခွင့် ရတယ်လို့ သိရတဲ့အခါ သင်ကြားဖြစ်ခဲ့ပေမဲ့ တကယ်လည်း စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ မြန်မာဘာသာစကားကို သင် ကြားပြီးတဲ့သူတွေဟာ ကိုရဲလို နိုင်ငံခြားရေးရာ ၀န်ကြီးဌာနမှာ အလုပ်လုပ် ကိုင်ကြသလို၊ ရုပ်သံဌာနတွေနဲ့ ကုမ္ပဏီ တချို့မှာလည်း ၀င်ရောက် အလုပ်လုပ် နိုင်ကြကြောင်း ပြောပါတယ်။ ကိုရဲကတော့ သူနဲ့အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူတွေထဲမှာ သူ့ရဲ့လစာဟာ အနည်းဆုံး ဖြစ်ပေမဲ့ အတွေ့အကြုံ တွေကတော့ အများကြီးရတယ်လို့ ဆိုပါတယ်။

ကိုရဲက နိုင်ငံခြားရေး ၀န်ကြီး ဌာန အာရှဌာနမှာ တာဝန် ထမ်းဆောင်နေပေမဲ့ အဓိကအားဖြင့် ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ရဲ့ အရေး ကိစ္စတွေကို ကိုင်တွယ်ရတာကြောင့် တစ်နေ့ တစ်နေ့ သူ့ခေါင်းထဲမှာ မြန်မာရယ်၊ ကမ္ဘောဒီးယားရယ် အကြောင်းတွေပဲ ရှိနေပြီး၊ သံတမန် အရေး ကိစ္စတွေကို ဆောင် ရွက်နေရတာ ဖြစ်တာကြောင့် ရုံးပိတ်ရက် အနေနဲ့လည်း နှစ်သစ်ကူးရယ် ဘာရယ်လို့ မရှိတတ် ကြောင်း သံတမန်တွေရဲ့ အလုပ်သဘောသဘာဝတွေကို တစ်စိတ်တစ်ပိုင်း ပြောဖြစ်ခဲ့ ကြပါတယ်။  ဘေဂျင်းမြို့မှာ ကျွန်မတို့မီဒီယာအဖွဲ့ ရောက်နေချိန်ဟာ ဆူဒန် နိုင်ငံက အကြီးအကဲတွေ၊ နိုင်ငံခြားသား ဧည့်သည်တွေ များပြားနေချိန်ဖြစ် တာကြောင့် လမ်းပေါ်မှာရှိတဲ့ အစိုးရပိုင် အဆောက်အအုံကြီးတွေ ရှေ့မှာစစ် သားတွေဟာ လုံခြုံရေး ယူထားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ၂၄ နာရီ ပတ်လုံး မိုးရွာသည် ဖြစ်စေ၊ နေပူသည် ဖြစ်စေ တာဝန်ယူကြရပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် တာဝန်လွှဲပြောင်း ချိန်မှာလည်း တကယ့် ကို စနစ်တကျ ပုံစံမျိုးနဲ့ပါ။ ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ အင်္ဂလန်က အနီရောင် ၀တ်လုံခြုံရေး ယူထားတဲ့ သူတွေလိုပါပဲ။

ဘေဂျင်းမြို့မှာ တတိယနေ့ အတွက် ပထမဆုံး ခရီးစဉ်မှာတော့ တရုတ် နိုင်ငံ စီးပွားရေး ၀န်ကြီးဌာန၊ အာရှရေးရာ ဌာနက Director General  နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါ တယ်။ Director General  မစ္စတာချန်ဇူ (Mr. Chen Zhou) နဲ့ ကျွန်မတို့ မီဒီယာ အဖွဲ့ မတွေ့ခင်မှာတော့ အဖွဲ့ ခေါင်းဆောင် မရည်မွန်ကို ကိုရဲက မေးခွန်း များ ကြိုတင်ပေးထားစေပါတယ်။ မေးခွန်းတွေ မေးတဲ့ အခါမှာတော့ သိပ်အဆင် မပြေလှပါဘူး။ ဘာသာစကား အခက်အခဲကြောင့်ပဲ မေးခွန်းမေး တဲ့အခါ အဖြေတွေက ဝေ့၀ိုက်နေသလား၊ အမေး တစ်မျိုး၊ အဖြေတစ်မျိုး ဖြစ်နေသလားလို့ ထင်ရ ပါတယ်။ အဲဒါကြောင့်ပဲ ကိုယ်မေးတဲ့ မေးခွန်းကို ပြန်ပြီး သတိပေးရလေ့ ရှိတဲ့ အပြင် ဒုတိယ အကြိမ် အဖြေပြန်ဖြေမယ် လုပ်တဲ့ အခါကျပြန်တော့ လည်း ကျွန်မတို့ရတဲ့ အချိန်ဟာ နည်းနေပါပြီ။

မြန်မာမီဒီယာ အဖွဲ့ကတော့ ဘယ်နေရာ ရောက် ရောက်သုတ်သုတ် သုတ်သုတ်ပါပဲ။ စီးပွားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံမေးမြန်း အပြီးမှာတော့ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို လုပ် ဆောင်ခဲ့တဲ့ CPI (China Power Investment Corporation) ကို သွားရောက်ခဲ့ကြပါတယ်။ CPI မှာလည်း တခြားကုမ္ပဏီတွေလိုပါပဲ။ ကုမ္ပဏီအကြောင်းနဲ့ သူတို့ကုမ္ပဏီတွေကနေ လာ ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေတဲ့ နိုင်ငံတွေ အပေါ် လူမှုရေးအရ တာဝန်ယူဆောင်ရွက်မှုတွေ ရှိကြောင်းစသဖြင့် ရှင်းလင်း ပြောကြားပါတယ်။  တရုတ် ကုမ္ပဏီကြီးတွေဟာ လူမှုရေးလုပ်ငန်း တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေ ကြောင်း အဲဒီလို အပြိုင်အဆိုင် ပြောဆို ကြတာဟာ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပြောဆိုဝေဖန်မှုတွေ ကို တော်တော်လေး ခံထားရတာကြောင့် ပြန်လည် ဖြေရှင်းတဲ့သဘော ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံ မှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေထဲက နိုင်ငံတကာရဲ့ စိတ်ဝင် စားမှုအခံရဆုံး၊ အဝေဖန်ခံရဆုံး သဘာဝဓာတ် ငွေ့နဲ့ ရေနံပိုက်လိုင်း တည်ဆောက်တဲ့ လုပ်ငန်း တွေ၊ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံမေးမြန်း ခွင့်ရခဲ့တဲ့ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ခရီး တစ်ခုဖြစ်ခဲ့ပါတယ်။ CPI ကနေ ဟိုတယ်ကို အမြန်ပြီး လေယာဉ်ကွင်း ဆင်းဖို့ ပြင်ကြရပါတယ်။ မြန်မာနိုင်ငံပဲ မသေချာမရေရာ ဖြစ်တတ်တယ်လို့ ထင်ထားတာ၊ တရုတ်မှာ ပိုဆိုးတယ်လို့တောင် ဆိုရမလားပါပဲ။ ကျွန်မတို့ဟာ မသေချာတဲ့ လေယာဉ်ကို လေယာဉ်ကွင်းမှာ နာရီပေါင်းများစွာ ကြာအောင် စောင့်ခဲ့ကြရပါတယ်။ အဆင်ပြေတာ တစ်ခုကတော့ လေယာဉ်ကွင်းထဲမှာ အင်တာနက် သုံးလို့ရသလို၊ ဘတ္ထရီအား မရှိတော့တဲ့ လျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့ကိုလည်း အားသွင်းနိုင်အောင် ထိုင်ခုံအောက်တွေနဲ့ ပစ္စည်းတင်စရာ နေရာလေး တွေ တော်တော်များများ စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း အင်တာနက် သုံးရင်း၊ အားတွေ ပျော်ပျော်ပါးပါး သွင်းရင်း၊ အိပ် ငိုက်ကြရင်းနဲ့ လေယာဉ်ကို မျှော်ကြရပါတယ်။ ဒီလိုနဲ့ ခန့်မှန်းထားတဲ့ အချိန်ထက် ၂နာရီ၊ ၃ နာရီ လောက် နောက်ကျပြီးမှ ဟူဘေးပြည်နယ်၊ ၀ူဟန့်မြို့ကို တော်တော်လေး ညဥ့်နက်တဲ့ အချိန်မှာ ရောက်ခဲ့ကြပါတယ်။

ဝူဟန့်မြို့ဟာ တရုတ်နိုင်ငံရဲ့ အလယ်ပိုင်းမှာ တည်ရှိပါတယ်။ ၀ူဟန့်မြို့ကို ရောက်တော့ တော် တော်လေး နောက်ကျနေပေမဲ့ ဟူဘေးပြည်နယ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒုတိယ ညွှန် ကြားရေးမှုးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုကြပါ တယ်။ ရှေးခေတ် အပြင်အဆင်တွေနဲ့ ပြင်ဆင်ထားတဲ့ ရိုးရာဆိုင်မှာ တရုတ်ရိုးရာ လက်ဖက် ရည်ကြမ်း၊ ညလယ်စာတို့နဲ့ ဧည့်ခံတာပါ။ ရိုးရာ လက်ဖက်ရည်ကြမ်း ဆိုတာက မိန်းကလေး တစ်ယောက် ကိုယ်တိုင်ထိုင်ပြီး ရေနွေးကြမ်းကို အဆင့် ဆင့် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ညစာစားချိန် ကျော်သွားတာမို့ အဲဒီတစ်ညကတော့ အားလုံး အဆာပြေ စားစရာလေးတွေနဲ့ ကျေနပ်ခဲ့ကြရပါ တယ်။ ရယ်စရာကောင်းတာ တစ်ခုကတော့ ကျွန်မတို့ စီးခဲ့ရတဲ့ လေယာဉ်ပေါ်က ညစာဟာ ကလေးတွေစားတဲ့ မုန့်လုံးလေးတွေ(Snacks) ပါ တဲ့ အထုပ်သေးလေးနဲ့ အအေး တစ်ခွက်တို့ ဖြစ်ပါတယ်။

အားလုံးဟိုတယ်ကို ရောက်တော့ ၁၂နာရီ လောက် ရှိနေပေမဲလည်း နောက်တစ်နေ့ အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရသေးတော့ တကယ်အိပ်ဖြစ်တဲ့ အချိန်ဟာ ၂ နာရီ ၀န်း ကျင်လောက်မှ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ တစ်ခါတည်း အထုပ်အပိုးတွေယူပြီး၊ ဒေါင်ဖန်း(Dongfeng) ကားကုမ္ပဏီကိုသွား ရောက်လေ့လာ ခဲ့ကြပါတယ်။ ဒေါင်ဖန်းကား ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ ဒုတိယနာမည် အကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပြီး၊ ကား အမျိုး အစား စုံစုံလင်လင်ထုတ်လုပ်ပါတယ်။ လုပ်ငန်း သုံး ယာဉ်ကြီးတွေ၊ ဘတ်စ်ကားတွေ၊ ဌာနဆိုင်ရာ အသုံးပြုယာဉ်တွေနဲ့ လူစီးယာဉ်တွေကိုလည်း ထုတ်လုပ်ပါတယ်။ တရုတ် နိုင်ငံမှာအများအားဖြင့် တရုတ်နိုင်ငံထုတ် ယာဉ်များကိုသာ အဓိက အသုံးပြုပြီး၊ နိုင်ငံခြားက တင်သွင်းတဲ့ ကားတွေကိုတော့ ငွေးကြေးတတ်နိုင်သူများက ဇိမ်ခံကားအဖြစ် ၀ယ်ယူကြောင်း သိရပါတယ်။

တရုတ် နိုင်ငံရဲ့ အနိမ့်ဆုံးကား တစ်စီးရဲ့ တန်ဖိုးဟာ မြန်မာငွေသိန်း ၃၀ ခန့်လောက်သာ ရှိတယ်လို့ ဒေါင်ဖန်း ကုမ္ပဏီ၊ နိုင်ငံခြားရေးရာ ဌာနက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပထမဆုံး ဒေါင်ဖန်းကားကုမ္ပဏီရဲ့ ရုံးချုပ်မှာ သွားရောက်လေ့လာ မေးမြန်းခွင့်ရပြီး၊ ကားများထုတ်လုပ်ရာ စက်ရုံတည်ရှိတဲ့ စက်မှုဇုန်မှာလည်း လေ့လာဖြစ်ခဲ့ပါ တယ်။ အဲဒီကားစက်ရုံ ကနေတစ်နေ့ကို ကားအစီးရေ ၁၂၀ ထုတ်လုပ်နိုင် တယ်လို့ ဆိုပါတယ်။ စက်ရုံကို အခန်း ၄ခန်း ခွဲထားပါတယ်။ စက်ပစ္စည်း အားလုံးကို တစ်ခုချင်းစီ ထုတ်လုပ်ပြီး၊ ကားတစ်စီး အဖြစ် တပ်ဆင်တဲ့ အခန်း မှာတော့ အခန်း တစ်ခုစီမှာ ထုတ်လုပ်ခဲ့တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုစည်းပြီး တပ်ဆင်ပါတယ်။ သူတို့က အခန်းတွေလို့ ဆိုပေမဲ့ ကိုယ်တွေ အတွက်ကတော့ အခန်းတစ်ခုက စက်ရုံတစ်ခုစာလောက်ကို ရှိတယ်လို့ မြင်ပါတယ်။

ကားအသစ်တစ်စီး အဖြစ် ပုံပေါ်လာတဲ့ အခါ အင်ဂျင်နီယာတွေကိုယ် တိုင် ကားတွေကို စမ်းသပ် မောင်းနှင်ကြည့်လေ့ ရှိတယ်လို့လည်း သိရပါတယ်။    ကျွန်မတို့ အားလုံးအိမ်နဲ့ ဝေးတာ ၅ရက်လောက် ရှိပြီဆိုတော့ နည်းနည်း တော့ ငြီးငွေ့စ ပြုလာပါပြီ။ အထူးသဖြင့် အစားအသောက်ကို ပိုလွမ်းကြပါ တယ်။ ကျွန်မတို့ မိန်းကလေးတွေကတော့ နေ့လယ်စာ၊ ညစာစားတဲ့ အချိန် တိုင်း ချဉ်၊ ငန်၊ စပ် အရသာပါတဲ့ ဟင်းလျာတွေကို တောင့်တမိကြပါတယ်။ အားလုံးအတွက် ထူးခြားတာ တစ်ခုက ပထမဆုံး အကြိမ်အဖြစ် ဖားဟင်းကို စားဖူး ခဲ့ကြတာပါ။ ဒေါင်ဖန်းကား ကုမ္ပဏီက အပြန် စားရတဲ့နေ့လယ်စာက တော့ တော်တော်လေး အဆင်ပြေသွားစေတယ်လို့ အားလုံးက မှတ်ချက်ပေး ကြပါတယ်။

တကယ်တော့ ဖားဟင်းကို စားတယ် ဆိုတာထက် ဟင်းက အရသာ လေးလေးပင်ပင် ရှိပြီး၊ စပ်လည်း တော်တော် စပ်ပါတယ်။ ဒါ ကြောင့် ကျွန်မတို့ တောင့်တနေတဲ့ ဆန္ဒလေး ပြည့်ဝသွားတာကြောင့် စိတ်များ တောင် အနည်းငယ်ကြည်လင်သွားသလို ဖြစ်ရပါတယ်။ တရုတ်နိုင်ငံမှာ ရောင်းတဲ့ တရုတ်အစားအစာတွေနဲ့၊ မြန်မာနိုင်ငံမှာ ရောင်းတဲ့ တရုတ်အစား အစာတွေက အရသာချင်း မတူပါဘူး။ ကိုယ့်ဆီမှာ ရောင်းတဲ့ တရုတ်စာကိုစား လို့ ရပေမဲ့။ သူတို့ဆီမှာ စားရတဲ့ တရုတ်စာတွေက အရောင်အဆင်းက ဖြူဖပ်ဖြူရော်၊ အရသာက ပေါ့ရွှတ်ရွှတ်နဲ့ပါ။ ကားကုမ္ပဏီကအပြန် နေ့လယ် စာစားပြီး၊ ဟူဘေးပြည်နယ်ထဲက တူဂျား (Tujia) လူမျိုးစုတွေ နေထိုင်ရာ ချောင်ရောင်(Changyang) ခရိုင်ကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ ချောင် ရောင်ခရိုင်ကတော့ မြန်မာနိုင်ငံရဲ့ တောင်ပေါ် မြို့လေးတွေနဲ့ တူပါတယ်။

တောင်ပတ်လမ်းတွေ ကွေ့ကောက်ပြီး၊ ချင်းချောင်းမြစ်ကလည်း ဖြတ်သန်းစီး ဆင်းနေပါတယ်။ တူဂျားလူမျိုးတွေ နေထိုင်တဲ့ ဒေသကတော့တကယ့်ကို သဘာဝအလှတရားတွေ ရှိနေဆဲပါ။ ချောင်ရောင်ခရိုင်ကို ရောက်တော့လည်း ဒုတိယခရိုင်မှူး အပါအ၀င်တာဝန်ရှိ သူတွေက ကြိုဆိုကြပါတယ်။ ချောင် ရောင် ခရိုင်မှာတည်းခိုဖို့အတွက် ဟိုတယ်ကို ညနေ ၅နာရီခွဲ၊ ၆နာရီလောက်မှာ ရောက်ပြီး၊ တာဝန်ရှိသူတွေနဲ့ အတူ ညစာစား သောက်ကြပါတယ်။ အဲဒီကနေ အစီအစဉ်အရ တူဂျားလူမျိုးတို့ရဲ့ ရိုးရာအဆိုအကတွေနဲ့ ဧည့်ခံတဲ့ စားသောက်ဆိုင်ကို သွားရောက်ကြပါတယ်။ ကျေးလက်ရိုးရာ အဆိုအကတွေမို့ ကြည့်ရတာ တစ်မူ ထူးခြား ပါတယ်။ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး တင်ဆက်မှုတွေ ဖြစ်သလို၊ ပရိ သတ်တွေကိုလည်း ကိုယ်တိုင်ပါဝင်စေတဲ့ အစီ အစဉ်တွေကတော့ ပျော်စရာကောင်းပါတယ်။

အရင်နေ့တွေက Facebook သုံးလို့ မရပေမဲ့ အင်တာနက် ရတော့ E-mail သုံးလို့ရပြီး၊ Website တွေလည်း ကြည့်လို့ ရပါသေးတယ်။ ချောင် ရောင်ခရိုင်မှာ တည်းခိုခဲ့ရတဲ့ ဟိုတယ်ကတော့ အင်တာနက် သုံးဖို့ ကြိုးစား ပေမယ့်လည်း သုံးလို့ မရခဲ့ပါဘူး။ တရုတ်နိုင်ငံမှာ ဘာကြောင့် Facebook သုံးလို့ မရတာလဲ ဆိုတာကို အဲဒီမှာ တုန်းက မသိခဲ့ပါဘူး။ ပြန်ရောက်မှပဲ ဆရာ တစ်ယောက်က တရုတ်နိုင်ငံက ဆိုရှယ် မီဒီယာရဲ့ မြန် ဆန်မှုကြောင့် အစိုးရ အနေနဲ့ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်ပွားမှာကို ကြိုတင် ကာကွယ်တဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တစ်နေ့မှာတော့ ချောင်ရောင်ခရိုင်ရှိ Geheyan ရေအားလျှပ်စစ် ဓါတ်အားပေး စခန်းကို
သွားရောက် လေ့လာ ဖြစ်ခဲ့ပါတယ်။ လျှပ်စစ် ဓာတ်အားပေး စခန်းအတွင်း ကြည့်ရှုကြပြီး၊ သိလို တာ မှန်သမျှကိုလည်း မေးမြန်း ဖြစ်ကြပါတယ်။ ကောင်းတာ တစ်ခုကတော့ ရေးအားလျှပ်စစ် ဓာတ်အား ထုတ်လွှတ်ပေးနိုင်ဖို့အတွက် စီမံကိန်း တည်ဆောက်တဲ့ အခါ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေအောင် သစ်ပင်များ စိုက်ပျိုးပြီး ပြန်လည် ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ အဲဒီဆည် ရှိတဲ့ အတွက်ကြောင့် မြစ်ရေလျှံမှုကိုလည်း တော်တော်လေး ကာကွယ် ပေးနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ ရေအားလျှပ်စစ် ဓာတ်အားပေး စခန်းမှာ လေ့လာ ကြည့်ရှုပြီးတဲ့ နောက်မှာတော့ ချင်းချောင်း မြစ်အတွင်း သင်္ဘောစီးပြီး တူဂျားလူမျိုးစုတို့ရဲ့ အထိမ်းအမှတ် နေရာတွေနဲ့ ဈေးတို့ကို သွားရောက် ဖြစ်ခဲ့ပါတယ်။

အဲဒီနေ့ နေ့လယ်စာကိုတော့ ရေ ပေါ်မှာ ၀ါးလုံးများနဲ့ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်မှာ စားဖြစ်ခဲ့ပါတယ်။ ဒီဒေသရဲ့ GDP ဟာ Green GDP ဖြစ်တယ်လို့ ဆိုနိုင်ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေသရဲ့ အဓိက ၀င်ငွေဟာ ခရီးသွား လုပ်ငန်းကနေ ရရှိတာကြောင့် ဖြစ်တယ်လို့ ချောင်ရောင်ခရိုင်ရဲ့ ဒုတိယခရိုင် မှူးက ဆိုပါတယ်။ ချင်းချောင်း မြစ်ထဲမှာ သင်္ဘော ကို အစုန်၊ အဆန်စီးပြီးတဲ့နောက် ရှန်ကျန် (Shenzhen) အထူး စီးပွားရေး ဇုန်ကို သွားဖို့ ၀ူဟန့် မြို့ လေယာဉ်ကွင်းကို သွားကြရပါတယ်။ ချောင် ရောင်ခရိုင် ဒုတိယခရိုင်မှူးနဲ့ တာဝန် ရှိသူတွေဟာ မြို့ပြင် အထိ လိုက်ပါ ပို့ဆောင် ပေးခဲ့ကြပါတယ်။ လေယာဉ်ကွင်းကို သွားဖို့ အတွက် ၆နာရီ၊ ၇နာရီ ခန့်လောက် ကားစီးကြရပါတယ်။ ညစာစား အပြီး၊ လမ်းမှာတင် လေယာဉ်ကွင်းကို စုံစမ်းလို့ရ တဲ့သတင်းအရ လေယာဉ်ဟာ ခန့်မှန်းထားတဲ့ အချိန်ထက် တော်တော်လေး နောက်ကျမှာ ဖြစ် ပြီး၊ ရှန်ကျန် အထူးစီးပွားရေးဇုန်ကို မနက် ၂နာရီ၊ ၃နာရီ ခန့်လောက်မှ ရောက်နိုင်တော့ မယ်လို့ ခန့်မှန်းသိရပါတယ်။ ဒါကြောင့် နောက် တစ်နေ့ မနက် စီစဉ်ထားတဲ့ အစီအစဉ်တွေကို ဖျက်ပြီး၊ နောက်တစ်နေ့ နေ့လယ်မှသာ အစီအစဉ် တွေကို ပြန်လည်စတင်ဖို့ စီစဉ် ခဲ့ကြပါတယ်။

ဒီလိုနဲ့ ဧပြီလ ၂၇ရက်နေ့၊ မီဒီယာ ခရီးစဉ် ရဲ့ ၇ရက်မြောက်နေ့ ပထမဆုံး အစီအစဉ် အဖြစ် ရှန်ကျန် အထူး စီးပွားရေးဇုန် နိုင်ငံခြားရေး ၀န်ကြီး ဌာနကတာဝန်ရှိသူတွေနဲ့ မနက် ၁၁နာရီ လောက် မှာ တွေ့ဆုံမေးမြန်းခွင့် ရတာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာတော့ ရှန်ကျန်ပြတိုက်ကို သွားရောက် လေ့လာဖြစ်ပါတယ်။ ရှန်ကျန် အထူး စီးပွားရေးဇုန် စတင်ဖြစ်ပေါ်လာပုံနဲ့ ရှေးယခင်က ရှန်ကျန် ဒေသရဲ့ အတိတ်ပုံရိပ်၊ သမိုင်းတို့နဲ့ အထူးစီးပွားရေးဇုန်အဖြစ်ဖြစ်ပေါ်လာအောင် ကြိုး စားခဲ့ရတဲ့ အကြောင်းတွေကို ပြတိုက်မှာ ပြသထားပါတယ်။ ပြတိုက်ထဲမှာ ခဏတာ လေ့လာကြည့်ရှုပြီးတဲ့ နောက်တရုတ် နိုင်ငံထုတ် ဖုန်းအမျိုးအစားတွေထဲက မြန်မာနိုင်ငံမှာလည်း နာမည်ရနေတဲ့ ZTE ဖုန်းနဲ့ ၊ နည်းပညာသုံး လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်တဲ့ ကုမ္ပဏီကို သွားရောက် ဖြစ်ခဲ့ပါတယ်။  ZTE ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ မြို့ကြီး တော်တော်များများမှာ ရှိပြီး၊ တခြား နိုင်ငံတွေမှာလည်း ကုမ္ပဏီခွဲတွေအပြင် နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ဆောင်နေတဲ့ လုပ်ငန်းများလည်း ရှိပါတယ်။

လုပ်ငန်းတဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်း တွေ အဆက်မပြတ် လုပ်ဆောင်နိုင်အောင် သုတေသန ဌာနတွေလည်း ဖွင့်လှစ် ထားတဲ့အပြင် ZTE အသုံးပြုသူများ အတွက် အဆင်ပြေအောင် တက္ကသိုလ် လည်း ဖွင့်လှစ် ထားပါသေးတယ်။ ဒီလိုနဲ့ မြန်မာမီဒီယာ အဖွဲ့ဟာ နောက် တစ်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာနိုင်ဖို့ အတွက် ကွမ်ကျိုးမြို့ကို လေယာဉ်နဲ့ တစ်ဆင့် ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ မီဒီယာ ခရီးစဉ်ဟာ အစီ စဉ်အတိုင်း သွားလာကြရတာမို့၊ တစ်နေရာနဲ့ တစ်နေရာကို အချိန်မီအောင် သွားနိုင်ဖို့ကိုပဲ အာရုံ စိုက်ကြရပါတယ်။ ကွမ်ကျိုးမြို့ လေယာဉ်ကွင်း အနီးမှာ ရှိတဲ့ ဟိုတယ် တစ်ခုမှာ တည်းပြီး၊ ညစာကိုလည်း ကွမ်ကျိုးမြို့မှာ လာရောက် ကြိုဆို နေကြတဲ့ တာဝန် ရှိသူတွေနဲ့ အတူ လေယာဉ် ကွင်းထဲက ဆိုင်တစ်ခုမှာ စားဖြစ်ကြပါတယ်။

ကွမ်ကျိုး မြို့ဟာ ရန်ကုန်မြို့နဲ့ ရာသီဥ တုရော၊ ပုံသဏ္ဌာန်ရော ခပ်ဆင်ဆင် တူပါတယ်။ ကွမ်ကျိုးမြို့ရောက်တော့ ရာသီဥတုက သိပ်မအေးတော့ပါဘူး။ အဲဒီမြို့ဟာ ယမကာ အမျိုးမျိုး ထုတ် လုပ်ပြီး၊ ဒီထွက်ကုန်တွေကြောင့်လည်း နာမည် ကြီးပါတယ်။ အဲဒီအပြင် ကွမ်ကျိုးမြို့ဟာ စီးပွားရေးလည်း ဖွံ့ဖြိုးပြီး၊ ကုန်ပစ္စည်းတွေ ဖြတ်သန်း စီးဆင်းရာ မြို့တစ်ခုဖြစ်တာကြောင့် အရေးပါတဲ့မြို့လည်း ဖြစ်ပြန်ပါတယ်။အဲဒီနေ့ညဟာ မြန်မာမီဒီယာအဖွဲ့ရဲ့ တရုတ်နိုင်ငံမှာ နောက်ဆုံးနေထိုင်ရမယ့် ညဖြစ်တာကြောင့် လက်ထဲမှာ ရှိနေတဲ့ တရုတ်ပိုက်ဆံတွေကို အကုန်သုံးရမှာ ပါ။ ည ၉ နာရီ၊ ၁၀နာရီလောက်ဆိုတော့ ဘယ်မှထပ်သွားပြီးတော့လည်း ဈေးမ၀ယ်နိုင်ပါဘူး။ လေယာဉ်ကွင်းထဲက ဆိုင်တွေမှာပဲ လှည့်ပတ်ကြည့်ရှု ပြီး ပိုက်ဆံကုန်အောင် ၀ယ်ကြရပါတယ်။ သယ်ရမယ့်ပစ္စည်းတွေကများတာ ကြောင့်မရည်မွန်နဲ့ အိတ်တစ်ယောက် တစ်လုံးစီ ၀ယ်ဖြစ်ကြပါတယ်။ တစ် ယောက်တည်း ခရီးသွားမှပဲ ရှိသမျှ တာဝန် အကုန် ကိုယ်တစ်ယောက်တည်း ယူရပြီး၊ ရှိသမျှပစ္စည်းလည်း ကိုယ်ပဲသယ်ရမှာမို့ ရှိသမျှ ပစ္စည်းတွေကို ကျစ် ကျစ်လျစ်လျစ် ဖြစ်အောင် လုပ်ထားဖို့ အရေးကြီးပါတယ်။ နောက်တစ်နေ့ မှာ ပြန်ရတော့မှာမို့ အားလုံး ပျော်နေကြတာပါ။

ရန်ကုန်ကို ပြန်ရမယ့်နေ့ ၂၈ရက်နေ့ မနက် ၆နာရီကတည်းက ဟိုတယ် Lobby မှာ ပြန်ချင်လွန်းလို့ မနက်စာတောင် မစားဘဲ ကျန်တဲ့သူတွေကို စောင့် ရင်း အိပ်ငိုက်ရပါတယ်။ လေယာဉ်က ၈နာရီခွဲထွက်မှာ ဆိုပေမဲ့ ကျွန်မတို့ စိတ်ထင် ဟိုတယ်နဲ့ လေယာဉ်ကွင်းက ဟိုဘက်၊ သည်ဘက်မို့ စီစဉ်သူတွေက စိတ်အေးလက်အေး ရှိကြပုံရပါတယ်။ လေယာဉ်ကွင်းမှာ Check In လုပ်တော့ ၇ နာရီခွဲနေပါပြီ။ ဖြတ်ရတာကလည်း အဆင့်ဆင့်ပါပဲ။ တန်းစီနေကြတဲ့ လူ တန်းကြီးကလည်း အရှည်ကြီးပါပဲ။ အဲဒီအချိန်က ကွမ်ကျိုးမြို့မှာ ကန်တုံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ကျင်းပနေတာကြောင့် နိုင်ငံခြားသား အ၀င် အထွက် အများဆုံးအချိန်လည်း ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ရောက် တော့ ကျွန်မတို့ စီးမယ့်လေကြောင်းလိုင်းက တာ ၀န်ရှိသူတွေဟာ ကျွန်မတို့ကို အမြန်လုပ်ဖို့လော နေကြပါတယ်။

ဖြတ်သန်းရတဲ့ ဂိတ်အဆင့်ဆင့်ဟာ ကြာတဲ့ အပြင် Sky Net က အစ်မနှစ်ယောက် မှာ သယ်ပိုးစရာ အထုပ်သေးလေးတွေ များနေတာကြောင့် အားလုံး တစ်ယောက်တစ်လက် ၀ိုင်းသယ်ပေးကြပေမဲ့လည်း လက်အံတွေသေ အောင် အထုပ်တွေသယ်ခဲ့ရတာတော့ အခုထိ အမှတ် ရနေမိပါတယ်။ ဒီလိုနဲ့ Immigration ရောက်တဲ့ အချိန်မှာ ကျွန်မတို့ စီးမယ့်လေယာဉ် ကြီးဟာ ရန်ကုန်ကို ထွက်ခွာသွားခဲ့ပါပြီ။ ကျွန်မ တို့လည်း လေကြောင်းလိုင်းနဲ့ ဆွေးနွေးခန်း တော် တော်ရှည်ရှည်လေး လုပ်လိုက်ရပါတယ်။ နောက် ဆုံးတော့ ကွမ်ကျိုးမြို့က တာဝန်ရှိသူတွေဆီ ဆက်သွယ်ပြီး၊ နေ့လယ် ၁၂ နာရီကျော်၊ ၁နာရီ လောက်အထိ စီစဉ်ပေးမယ့်သူကို စောင့်ရင်း နောက်ဆုံး လက်ကျန်ရှိနေတဲ့ ခေါက်ဆွဲဘူးလေးကို လေယာဉ်ကွင်းမှာ အလကား ရတဲ့ ရေနွေးနဲ့ အရည်ဖျော်ပြီး စားခဲ့ရတာတော့ အမှတ်တရပါ။

လေယာဉ်ကွင်းကို လိုက်ပို့ပေးတဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးဌာနက မစ္စ၀ူမင်ကပဲ နောက်တစ်ခေါက် ကျွန်မတို့ကို ပြန်လာခေါ်ပြီး၊ စီစဉ် ပေးပါတယ်။ ကျွန်မတို့စုံစမ်းထားသလောက်ကတော့ နောက် ၄ရက် လောက်နေမှ ကွမ်ကျိုး၊ ရန်ကုန်လေယာဉ် ရှိမယ်လို့ သိထားတာ ကြောင့် အားလုံး တော်တော်လေးကို စိတ်ပျက် လက်ပျက် ဖြစ်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ ကွမ်ကျိုး မြို့မှာ နောက်တစ်ရက်ထပ်နေဖို့ ဖြစ်လာပြီး၊ ဘာ အစီအစဉ်မှ မရှိဘဲ လွတ်လွတ်လပ်လပ် တစ်ရက် ထပ်နေခွင့်ရခဲ့ပါတယ်။ ကွမ်ကျိုးမြို့မှာ ကိုလိုနီ ခေတ် အဆောက်အအုံများစွာရှိပြီး၊ စိတ်ဝင်စား စရာလည်းကောင်းပါတယ်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ဖို့ အကြိုက်တွေ့နိုင်တဲ့ နေရာ တစ်ခုပါပဲ။ အဲဒီနေ့မှာပဲ ကျွန်မတို့ အားလုံးနောက် တစ်နေ့မှာ ပြန်နိုင်ဖို့ကို မစ္စ၀ူမင်တို့က ကြိုးစား ပေးကြပါတယ်။

ကံကောင်းစွာနဲ့ပဲ လေယာဉ် လက်မှတ်များ ရခဲ့ပေမဲ့ ၅ယောက်က လေ   ယာဉ်တစ်စီး၊ တစ်ယောက်တည်းက လေယာဉ် တစ်စီးစီဖြစ်နေတာမို့တစ်ယောက်တည်း ပြန်ရ မယ့်ကိစ္စကိုလည်း တော်တော်လေး ညှိနှိုင်းလိုက် ရပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့အခေါ် ပီဒီ ကောင်း(ကိုကောင်းမြတ်ထွဋ်)က တစ်ယောက် တည်းပြန်ဖို့သဘောတူလိုက်ပါတယ်။ ကိုကောင်း က မနက်အစောကြီး လေယာဉ်နဲ့ ပြန်ရမှာ ဖြစ် ပြီး၊ ကမ္ဘောဒီးယားမှာလည်ွးှမညျေငအ လုပ်မှာမို့ အကြာကြီးနေရမှာပါ။ ကျန်တဲ့ ၅ယောက်ကတော့ မနက် ၉နာရီမှ လေယာဉ်ကွင်းဆင်းရမှာဖြစ်ပြီး ရန်ကုန်ကို တိုက်ရိုက် ပြန်ကြရမှာပါ။ ကျွန်မတို့ ၅ယောက်ကတော့ MAI လေကြောင်းလိုင်း၊ Business class နဲ့ ပြန်ရမှာမို့ ပျော်နေကြပါတယ်။

လေယာဉ်ပေါ် တက်ပြီးမှ စက်ပိုင်းဆိုင်ရာ စစ် ဆေးမှုများ ပြုလုပ်မှာမို့ ၁နာရီလောက် ဆင်းပေးကြဖို့ ပြောတာကြောင့် လေယာဉ်ပေါ်မှာ ထိုင်ပြီးမှ ပြန်ဆင်းရပါ သေးတယ်။ ပြန်ရနိုးနိုးနဲ့ ဘုရားစာတွေ ရွတ်ကြ၊ ကောင်တာကို ထကြည့်လိုက်ကြနဲ့ အငြိမ်မနေနိုင်ဖြစ်ကြရပါတယ်။ အဲဒီနေ့ကလည်း ကျွန်မတို့ ရန်ကုန်ကို မပြန်ဖြစ်ကြပါဘူး။ ဒီလိုနဲ့ MAI လေကြောင်းလိုင်းကနေ စီစဉ်ပေးတဲ့ ဟို တယ်တစ်ခုမှာ တစ်ညထပ်အိပ်ရပါတယ်။ လေ ယာဉ်ပျံသန်းခါနီးမှာ ဆီပိုက်က ဆီယိုစိမ့်နေတဲ့ လက္ခဏာတွေ့တာကြောင့် လေယာဉ်ပျံသန်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါ တယ်။ ခရီးသွားရင်းခင်ခဲ့တဲ့ အန်တီတစ်ယောက် နဲ့ အတူ အိပ်ရင်း၊ မနက် ၄နာရီ လေယာဉ်ကွင်း ပြန်ဆင်းရမှာမို့ တစ်ညလုံး မအိပ်ဘဲ စကားတွေ ထိုင်ပြောဖြစ်ကြပါတယ်။

တကယ်တော့ အခက် အခဲတွေက အများကြီးပါ။ ပြောပြရင်တော်တော် ရှည်ပါမယ်။ ကျွန်မလည်း ပင်ပန်းလွန်းလို့ လေ ယာဉ်ကွင်း ကြမ်းပြင်မှာတောင် အိပ်ပျော်သွားရတဲ့ အထိပါပဲ။ တကယ်တော့ အစီအစဉ်အရ ကျွန်မ တို့ပြန်ရမယ့်နေ့ဟာ ဧပြီလ ၂၈ရက်နေ့ပါ။ တကယ်ပြန်ဖြစ်မယ့်နေ့ ဧပြီလ ၃၀ ရက်နေ့မှာ လည်း မပြန်ဖြစ်တော့မလို ဖြစ်ရပါသေးတယ်။ အဲဒီနေ့ ပျံသန်းမယ့် လေကြောင်းလိုင်း စာရင်းထဲ မှာ မပါတော့၊ ပျံသန်းခွင့် မရှိဘူးလို့ ဆိုတာကြောင့် လေကြောင်းလိုင်းနဲ့ လေကြောင်း ထိန်းသိမ်းရေး ဌာနတို့ အကျိတ်အနယ် ဆွေးနွေးလိုက်ပုံ ပေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကတော့ ရင်တုန်စွာနဲ့ ပဲ လေယာဉ်ပေါ်မှာ ဘုရားစာတွေ ရွတ်ရင်း ရန်ကုန်ကို ချောချောမောမော ပြန်ရောက်ခဲ့ကြပါ တယ်။ ကျွန်မအမေကတော့ ဒီရက်အတော အတွင်း ကျွန်မကြောင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကဌာန တော်တော် များများနဲ့ ရင်းနှီး သွားပုံပါပဲ။

ခင်ဆုမြတ်ထွန်း
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်ဆုမြတ်ထွန်း
About the author: