|
Written by ကချင်လေး၊ဆေး-မန်း၊
|
|
Thursday, 12 July 2012 15:29 |
“No man is an island” လူဆိုတာ ကျွန်းမဟုတ်၊ သီးခြားနေလို့ မရ၊ အသည်း မမာနိုင်တာမျိုးတဲ့။ မှန်တာပေါ့နော်။
argaiv1835
လူအချင်းချင်း ကူညီ ရိုင်းပင်း ချစ်ခင် ပျော်ရွှင်ကြခြင်းက အထီးကျန် ဆန်ခြင်းကို တွန်းလှန်နိုင်ပြီး ဘ၀ကိုအဓိပ္ပာယ်ရှိရှိ ဖြတ်သန်း နိုင်ကြတယ်လေ။ Solitary Life (တစ်ယောက်တည်းနေတဲ့ဘ၀)ကို ခင်တွယ် နေတတ်ပြီ ဆိုရင်တော့ သူဟာ အစွန်းရောက်သူ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကြောင့် ဘ၀မှာ မိတ်ဆွေစစ် မိတ်ဆွေကောင်းများများ ရှိသင့်ပါတယ်။ သူငယ်ချင်း ဆိုတာကို လူတွေက အမျိုးမျိုး ဖွင့်ဆိုကြတယ်။ “A Friend in need is friend indeed” မိမိ အကူအညီ လိုချိန်မှာ ကူညီတတ်သူဟာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းပါတဲ့။
“A Friend is someone who makes your Heart Happy” မင်းကို သာယာပျော်ရွှင်စေအောင် အပူအပင်တွေ ကင်းအောင် ပြုလုပ်ပေးသူက သူ ငယ်ချင်းပါတဲ့။ ကျွန်တော်က ဒီလိုအဓိပ္ပာယ်ဖွင့် ချင်တယ်။ "Don't walk infront of me" I may not fallow Don't walk behind me I may not lead Walk beside me And just be my friend ငါ့ရှေ့က မလျှောက်ပါနဲ့။ ငါနောက်လိုက် မလုပ်ဘူး။ ငါ့နောက်ကလည်း မလျှောက်ပါနဲ့။ ငါ ဦးမဆောင်ချင်ဘူး။ ငါနဲ့ဘေးချင်းကပ်လျှောက်ပြီး ငါ့သူငယ်ချင်းအဖြစ် ရပ်တည်ပေး ပါလို့”
သူငယ်ချင်းရေ ငါတို့ရဲ့အဖြူရောင်ချစ်ခြင်းနဲ့ တောင်တွေကို ဖြို၊ မီးပင်လယ်ကိုဖြတ်ပြီး ဆူး ခင်းလမ်းကို လျှောက်ကြမယ်။ ဘ၀ရဲ့ ကျန်ရှိနေတဲ့ အချိုးအကွေ့တွေကို ငါတို့ရဲ့ခင်မင်မှုနဲ့ ချီတက် ကြမယ်။ လူငယ်ဘ၀ရဲ့ ပျော်ရွှင်မှုကို တို့တစ်တွေ အပြည့်အ၀ မျှဝေခံစားမယ်။ “ခေါက်ရှာငှက်ပျံ လောကဓံ”ဆိုတာကြီးကို မေ့ထားလိုက်။ မနေ့က မှားခဲ့တဲ့ အမှားတွေကို ဒီနေ့ရဲ့သန့်ရှင်းတဲ့နေရောင် ခြည်တွေနဲ့ ဆေးကြောပစ်လိုက်။ "Life Is Like that..." ဘ၀ဆိုတာ ဒီလိုပါပဲတဲ့။ ငါတို့တွေက လူသားတွေပဲလေ။ မလွဲမသွေလောက်တော့ လောကဓံရဲ့ ထိုးနှက်မှုကိုခံရမှာပဲ။ ဒါကိုငါတို့ ရှောင်ကွင်းလို့မှ မရတာ။ အကောင်းဆုံးက တို့တစ်တွေ ပူးပေါင်းပြီး ကြုံလာတဲ့ အတားအဆီးတို့ကို ဖြေရှင်းနိုင်ဖို့ပဲ။
ဆရာဇော်ဂျီရေးခဲ့တဲ့ဗေဒါလမ်း ကဗျာလေးကိုပဲ ကြည့်။ မဗေဒါခမျာ ဒီရေလှိုင်း တို့ကြောင့် ဒုက္ခရောက်၊ အုန်းလက်ကြွေတို့ကြောင့် လည်း ခါးနာခဲ့ရသေး။ ဒါတင်မကသေးပဲ ဒီရေ လှိုင်းလုံးကြီး ဖုံးလိုက်ပြန်ရော။ ဒါပေမဲ့ သူမ အားတင်းပြီး ခရီးဆက်ခဲ့တယ်လေ။ ဟောနောက် ဆုံးဘဲတွေရဲ့ အထိုးအဆိတ်ကို ခံရပြန်ပါရော။ သူမရဲ့ဇွဲကတော့ အံ့သြစရာပဲကွ။ ဒုက္ခတွေတစ် လှေကြီး ကိုပန်းပန်မပျက်ဘဲ လိုရာခရီးကိုဆက် နိုင်ခဲ့တယ်လေ။ တချို့လူတွေက တစ်ခါကျရှုံးမိ ရင် ကိုယ်ရည်ရွယ်ထားတဲ့မျှော်လင့်ခြင်းတွေ မှေး မှိန်ပျောက် ရှသွားတတ်ကြတယ်ကွ။ အဲသလို မဖြစ်ရအောင် ဆရာဇော်ဂျီက ဗေဒါလမ်းကဗျာ လေးကို ရေးဖွဲ့ခဲ့တာ။ "Success is sweet but its secret is sweat" အောင်မြင်ခြင်းက ချိုမြိန်ပေမဲ့ သူ့အတွက်အရင်း အနှီးကတော့ ချွေးစက်တွေပဲ တဲ့။ မြန်မာ စကားပုံလိုဆိုရင် အရိပ်လိုချင် နေပူ ထဲကစောင်ပေါ့ကွာ။ အောင်မြင်ခြင်းရဲ့ ချိုမြိန်မှုကို ဒုက္ခရဲ့ခါးသီးခြင်းတွေနဲ့ လဲရတဲ့ သဘောပါပဲ။
No matter how your heart is grieving If you keep on believing The dream that you wish Will come true... အမျိုးမျိုးသော အခက်အခဲတွေကြောင့် မင်းစိတ်ဝိညာဉ်နှလုံသား ဘယ်လိုပဲ နာကျင်ခံစား နေရပါစေ။ ကိုယ်ယုံကြည်ရာ စိတ်ကူးယဉ်အိပ် မက်တို့ကို စွဲမြဲယုံကြည်မယ်ဆိုရင် မင်းရဲ့မျှော် လင့်ခြင်းတွေ အမှန်တကယ် ဖြစ်လာမှာတဲ့။ English movie တစ်ခုထဲကပဲကွ။
သူငယ်ချင်းရေ၊ မင်းစိတ်တွေ ပင်ပန်းလို့ ဒုက္ခ ရောက်ရချိန်မှာ မင်းရဲ့ ညာဘက်ကိုကြည့် လိုက်။ ငါတို့ ရှိနေတယ်။ ဘယ်ဘက်ကို ကြည့်လိုက် ရင်လည်း ငါတို့ ရှိနေမှာပဲ။ ငါတို့ရဲ့ သောကတွေ ဒုက္ခတွေကို မျှဝေ ခံစားကြမယ်။ ပျော်ရွှင်စရာ သုခတွေကိုလည်း ဝေမျှ စားသောက်ကြမယ်လေ။ မင်းမသိသေးတဲ့ အရာတွေ အတွက် သောက ရောက်မနေနဲ့။ ငါတို့ ပြောပြဖို့ အဆင်သင့်ပဲ။ မင်း သိထားတဲ့ ဗဟုသုတတွေကိုလည်း ငါတို့ကို ဝေမျှပေးပေါ့။
သူငယ်ချင်းရေ၊ တစ်ကြိမ်တစ်ခါကျရှုံးမိသူ သာ အောင်မြင်ခြင်းရဲ့ အရသာကို ကောင်း ကောင်းသိသတဲ့။ တစ်ခါက အိမ်ဘေးက ကောင် မလေး ဆယ်တန်းကျလို့ သူ့အမေက ရိုက်လိုက် တာဆိုတာလေ ကောင်မလေးခမျာ။ မေ့မျောသွား မတတ်ပဲ။ တကယ်တော့ ဆယ်တန်းကျတဲ့ လူ တစ်ယောက်က တခြားကျွမ်းကျင်ရာ ဘာသာရပ် တစ်ခု၊ အတတ်ပညာတစ်ခုမှာ တော်နေတတ် တာပဲလေ။ ဆရာဝန်တွေ အိမ်ဆောက်တတ်သလို အင်ဂျင်နီယာတွေလည်း ဆေးမကုတတ်ပါဘူး။ စာတွေအရမ်းတော်တဲ့ ပါမောက္ခကြီး ရေမကူး တတ်လို့ ရေနစ်သေရတဲ့ ပုံပြင်ကို မင်းလည်းကြား ဖူးမှာပါ။
"If someone loses wealth He loses nothing If he loses health He loses something If he loses character He loses everything"
စီးပွားဥစ္စာ ဆုံးရှုံးတာက ဆုံးရှုံးခြင်းမမည် ဘူး။ ကျန်းမာရေးချို့တဲ့တာက တစ်ခုခုကို ဆုံးရှုံး လိုက်ရတယ်။ အကျင့်စာရိတ္တ ပျက်ပြားသူသာ အရာအားလုံးကို ဆုံးရှုံးခြင်းမည်တယ်တဲ့။ ဒီတော့ ဆယ်တန်းကျတယ် ဆိုတာ ဘာဟုတ်သေးလဲ သူငယ်ချင်းရာ။ ဘ၀စာမျက်နှာတွေထဲမှာ ဆယ်တန်း ဆိုတာအစက် အပြောက် တစ်ခုပါပဲ။ ဒီလိုပြောတာက မင်းကိုကျရှုံးခိုင်းတာ မဟုတ်ရပါဘူး။ မင်းကျရှုံးခဲ့ရင် စိတ်ဓတ်မကျဖို့ ပြောချင်တာပါ။ ဖိနပ်ချုပ် တဲ့အလုပ်နဲ့ ကြီးပွားချမ်းသာတဲ့ ကမ္ဘာကျော်ဘာတာသူဌေးဆိုတာ ရှိခဲ့ဖူးတယ် ကွ။ သူငယ်ချင်းရေ “လဲနေသူထူပေးပါ။ အားငယ်သူ အားပေးပါ”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ငါတို့ရဲ့ သန့်စင်တဲ့လက်တို့နဲ့ သူတစ်ပါးကို ကူညီကြမယ်။ မေတ္တာငတ်မွတ်နေတဲ့ ကလေးငယ်တွေ၊ မျှော်လင့် ခြင်းတွေ အဆိပ်တက်လို့ ဘ၀ကိုတည်ဆောက်ဖို့ အားအင်ချည့်နဲ့သူတွေကို တို့တတွေတတ်နိုင်သမျှ အားပေးကူညီကြမယ်။“မျှော် လင့်သော တို့ရဲ့လက်တွေတွဲထား၊ မဆုံးသော ဒုက္ခမြစ်ရေစီးစမ်း”ဆိုတဲ့ စာသားက တကယ်မိုက်တယ်ကွ။ ဘယ်လောက်ပဲ ရက်စက်တတ်တဲ့ ကြမ္မာနတ်ဆိုးတွေ ၀င်ရောက်ဖျက်ဆီးပါစေ။ တို့တစ်တွေရဲ့ တွဲလက်တွေမြဲနေရမယ်လေကွာ။
သူငယ်ချင်းရေ။ ပြောစရာတစ်ခုရှိတာက ငါတို့တွေရဲ့ အနှိုင်းမဲ့သံယော ဇဉ်ကိုတော့ ဘာနဲ့မှစည်းသတ်ချက်တွေ မလုပ်ပါနဲ့။ မင်းကဘာ ကြီးပဲ ဖြစ်နေပါစေ။ တို့တွေရင်ထဲ ငါတို့တွေရဲ့ အမြင်မှာတော့ မင်းဟာ ငါတို့ရဲ့ သူငယ်ချင်းပဲ။ ညီညွတ်တဲ့တို့တွေရဲ့ ချစ်ခြင်းမေတ္တာကို မင်းကြောင့်လမ်းခွဲ မထွက်မိပါစေနဲ့။ ဒါပေမဲ့ မျဉ်းပြိုင်နှစ်ကြောင်းတောင် အနန္တအကွာအဝေး (Infinity) မှာ ဆုံနိုင်ကြသေးတာပဲ။ မင်းငါတို့ကို စွန့်ခွာလို့ ထားရစ်ခဲ့ရင်လည်း မင်းပြန်လာမယ့်အချိန်ကို ငါတို့စောင့်မျှော်နေမှာပါ။ အခုဆိုရင် ငါတို့ရဲ့ဘ၀ ပန်းတိုင်အတွက် ခဏတာခွဲခွာကြရပေမဲ့ ငါတို့ရင်ထဲမှာ မင်းကအမြဲရှိနေမှာ ပါ။ ကိုယ် ရှင်သန်ရာ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော် ကြရမှာ ပဲလေ။ မင်းလည်း ကြိုးစားပါ။ ငါလည်း ကြိုးစားမယ်။ တို့တတွေဘ၀ စက်ဝိုင်းကြီးရဲ့ တစ်ဆစ်ချိုးကွေ့မှာ ပြန်တွေ့ကြမယ်။ အဲဒီအချိန်ကြရင် ငါတို့ရဲ့ ရွှေရောင် အနာဂတ်တွေကို ဖန်တီးကြရအောင်ကွာ။
To meet is to part တွေ့ဆုံခြင်းဟာ ခွဲခွာရဖို့ အတွက် အစပျိုးခြင်းတဲ့။ တို့တွေ မတတ်သာလို့ ခွဲကြရချိန်မှာ မင်း နှလုံးသားမှာ ငါတို့ရှိနေပါစေ။ ငါတို့နှလုံးသားမှာ မင်း ရှိနေမယ်။ မင်းအဝေး ရောက်နေလို့ စိတ်အားငယ်ရတဲ့ အခါ ငါတို့ကို တမ်းတလိုက်ပါ။ စိတ်ချင်းဆက်နေတဲ့ တို့သူငယ်ချင်းတွေ မင်းဆီအရောက်ပြေးခဲ့မယ်။ သူငယ်ချင်းရေး တို့တွေကွဲကွာနေတာ နှစ်အနည်း ငယ်ရှိသွားပြီနော်။ ကြိုးစားပါ သူငယ်ချင်းရာ။ ကျရာဇာတ်ရုပ်ကိုတို့တွေ ကပြ အသုံးတော်ခံကြရမှာပဲ။ မင်းရဲ့ရွှေရောင်သန်းတဲ့အနာဂတ်ကို တို့စောင့်ကြို နေပါတယ်။ ငါ့အတွက်ရော မင်း တောင်းဆုပြုပေးပါ။ အခုမင်းတို့သတိရ လွန်းလို့ စာတစ်ပုဒ်ကို အစီအစဉ်မကျ ငါရေးနေမိတယ်။ မျက်ရည်တွေတောင် ကျလို့ သူငယ်ချင်းရာ။ ဒီစာကို မင်းဖတ်မိရင် ငါ့ကိုသတိရပေးနော်။ ကမ္ဘာ ပေါ်မှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေလည်း တစ်ဦးနဲ့တစ်ဦး အမြဲဆက်သွယ် ခင်မင်ပျော်ရွှင်နိုင်ကြဖို့ ငါဆုတောင်းပေးပါတယ်။ ကဲ သူငယ်ချင်းရေ၊ အနာဂတ်ရဲ့ ငွေကြယ်ပွင့်တွေဖြစ်ဖို့ တို့တွေကြိုးစားစို့နော်။ မင်းရဲ့အချစ်ဆုံး သူငယ်ချင်း။
ကချင်လေး၊မန်း-ဆေး၊ (Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|