(July-2012)ထာဝရ အတွက် ပထမခြေလှမ်း PDF Print E-mail
Written by ရာပြည့်   
Thursday, 12 July 2012 14:39
Share |

အခန်း (၃) Stratford ငွေကြယ်ပွင့်
အံ့ဖွယ် သရဲထူး ကဲလှတဲ့ ကျွန်တော်တို့ရဲ့  အက တာဝန်ခံ  Jamaica Craft  ဟာ လမ်းပေါ်ကနေ စခဲ့ ရသူပါ။

cialis online heretadalafil best price viagra canada cialis online
argaiv1356

ဘယ်အက သင်တန်းကိုမှ တက်ရောက် သင်ကြားခဲ့ဖူးတာ မရှိပါဘူး။ သူ့စိတ်ထဲမှာ ခံစားရတဲ့ အတိုင်း ကလိုက်တာပါပဲ။ ဒါကိုပဲ တချို့လူကြီးတွေ အပါအ၀င် လူအတော်များများက သဘော ကျခဲ့ကြတာ ဖြစ်ပါတယ်။ Jamaica  ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အကပညာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့တာပါ။ နှစ်အနည်းငယ်လောက် နေတော့ တချို့ နာမည်ကျော်တွေ သူ့ဆီ ချဉ်းကပ်လာပြီး “ဒီတစ်ကွက်လောက် ကိုယ့်အတွက် ကပေးနိုင်မလား”လို့ မေးလာကြပါတယ်။ တကယ့် ပါရမီရှင်ပါပဲ။ Jamaica လုပ်သမျှ၊ လှုပ်ရှားသမျှဟာ ကပြနေတဲ့ အတိုင်းပဲ။

မတ်တတ်ရပ် စကားပြောနေတာတောင် သူ့ရဲ့ သံပရာ စိမ်းရောင် လက်သည်းလေးတွေက ကပြ နေသလို ဖြစ်နေတာပါ။ ဘယ်လိုများ ဒီလိုဖြစ်အောင် လုပ်တာလဲလို့ သူ့ကိုမေးရင် “ဓာတ်ပြား သာနားထောင်ပါ၊ ဘယ်လို လုပ်ရမယ်ဆိုတာ ပြောပြမယ်”လို့ သူက ဆိုတတ်ပါတယ်။ Jamaica  ကို ကျွန်တော် စတွေ့တဲ့နေ့က၊ သူ့ခြေထောက် ကျိုးနေပါတယ်။ သူ့ဘာသာသူတောင် ဘယ်လိုဖြစ်လို့ဖြစ်မှန်း မသိပါဘူး။ သူက မတ်တတ်ရပ်ပြီး Scooter နဲ့ စကား ပြောနေတာ။ ခြေထောက်ကျိုးလို့ သီတင်း ၁၂ ပတ်လောက်နား ရမှာလေ။ နယ်လှည့် ဖျော်ဖြေပွဲ အတွက် အစမ်းလေ့ ကျင့်နေရာမှာ သူကရပ်ကြည့်နေရင်း ကျွန်တော့်ကို လေထဲမှာ ပျံဝဲတဲ့အတွက် (ကြိုပြောလိုက်လို့ အံ့အား သင့်စရာတစ်ခု ဆုံးရှုံးသွားရတာ စိတ်မ ကောင်းပါဘူး)ကို Nick နဲ့ Mike တို့နဲ့အတူ  အစမ်း လေ့ကျင့်ကြည့်ဖို့ ပြောလာပါတယ်။ Nick နဲ့ Mike တို့က နောက်ခံအကသမားတွေပါ။

“ကတဲ့သူတွေဟာ အားကစားသမားတွေလိုပဲ” လို Jamaica   က ကျွန်တ်ာတို့ကို သတိပေးပါတယ်။ “တို့တစ်တွေက အားကစားသမားတွေလို ဂရုစိုက်ခံရတာမဟုတ်ဘူး။ ဒီမှာ ဘယ်သူကမှ မင်းတို့ကို နင်းနှိပ်ပေးမှာ မဟုတ်ဘူး။ ပွဲပြီးရင်လည်း ဘယ်ရေချိုးခန်းကိုမှ သွားရမှာမဟုတ်ဘူး။

ဒါပေမဲ့ အားကစားသမားတွေ ထိခိုက်ဒဏ်ရာ ရသလိုမျိုးတို့လည်းပဲ ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြပါ။ တစ်ယောက်ကို တစ်ယောက်လည်း အပြန်အလှန်ဂရုစိုက်ကြပါ” လို့လည်း သူကဆက်ပြီး သတိပေးပါတယ်။
သူ့အမှာစကားကို ကောင်းကောင်းနားလည်ထားတဲ့ ကျွန်တော်တို့ တစ်တွေဟာ ဒီပွဲအတွက် တစ်ရက်ကို ၁၂ နာရီလောက် လေ့ကျင့်ကြပါတယ်။ ကျွန်တော်တို့ လိုက်နာရမယ့် ဘေးအန္တရာယ် ကင်းရှင်းရေး သတိပေးချက် တွေကလည်း များမှများပါပဲ။ ကကွက်တစ်ခုမှာ သိုင်းကြိုးချည် ထားတဲ့ ကျွန်တော့်ကို ပေးသုံးဆယ်လောက် အမြင့်ကနေ ဦးစောက် ကျွမ်းပြန်လုပ်ပြဖို့ ပါပါတယ်။

ကျွန်တော်ဟာ အဲဒီ ကကွက် အတွက်ရော၊ စင်ပေါ်မှာ ကိုယ့်ရဲ့ ဖျော်ဖြေ သီဆိုမှုအတွက်ရော၊ နှစ်ခုစလုံးအတွက် အဆင်ပြေအောင် တော်တော်လေး ကြိုးစားရပါတယ်။ ဖျော်ဖြေ တင်ဆက်ရာမှာလည်း တကယ့်ကို ပင်ပင် ပန်းပန်းကြိုးစား လှုပ်ရှားရပါတယ်။ ၇၅ မိနစ် ကြာမြင့်တဲ့ ဖျော်ဖြေ တင်ဆက်မှုဟာ တကယ်တော့ လွယ်လှတာ မဟုတ်ပါဘူး။ အစမ်း ဇာတ်တိုက် လေ့ကျင့်ရာမှာ ကျွန်တော် မခိုမကပ် ကြိုးစား ထားတာတောင်မှ ပွဲပြီးတဲ့ အခါ လူက အတော်လေး ပန်း ကျန်ခဲ့တာပါပဲ။ ဖျော်ဖြေချိန် ၇၅ မိနစ်တာ အတွင်း ဇာတ်ခုံ တစ်ခုလုံးနေရာ အနှံ့ သီဆို ကပြရတယ်။ တစ်ချက်ကလေးမှ အပါးမခိုခဲ့ပါ ဘူး။ အကူးအပြောင်းတွေ အားလုံးသေသေချာချာ ဇာတ်တိုက်လေ့ကျင့် ထားတာဆိုတော့ ပရိသတ် အနေနဲ့ တစ်စက္ကန့်လောက်တောင် ပျင်းရဖို့မရှိပါဘူး။

ဒီပွဲကို အစစ အရာရာ ပြည့်စုံချောမွေ့အောင် ၀ိုင်းဝန်း ဆောင်ရွက်ပေးကြရသူပေါင်း ငါးရာကျော်လောက် ရှိပါတယ်။ Nick,Mike နဲ့ ကျွန်တော်တို့သုံးယောက်သား လေထဲမှာပျံဝဲနိုင်ဖို့ အတွက် ကိုယ်မှာ သိုင်းကြိုးတွေ ၀တ်ဆင်ချည်နှောင်ရပါတယ်။ Jamaica   က ကျွန်တော်တို့ သုံးယောက် တင်ပါးတွေကို လက်နဲ့ပုတ် အားပေးပြီး “ချလိုက်စမ်းကွ” လို့ ဆိုပါတယ်။ သီချင်းသံကစပြီး ထွက်ပေါ်လာပါပြီ။ ကျွန်တော့်ကို သိုင်းကြိုးနဲ့ လေထဲ ဆွဲတင်သွားလိုက်တာ တဖြည်းဖြည်းချင်း မြင့်မြင့်တက်သွားပြီး ဇာတ်ရုံ အမိုးကိုင်းတွေနဲ့ ဆယ်ပေလောက် အကွာအထိ ရောက်လာခဲ့တယ်။

အောက်ခြေကိုတောင် ငုံ့မကြည့်ရဲလောက်အောင် မြင့်ပါတယ်။ စိတ်ထဲမှာ တစ်ခုခု လွဲနေသလို ခံစား လိုက်ရပါတယ်။ ကျွန်တော် ကိုယ်ကိုစောက်ထိုး လှည့်မယ်လုပ်တော့၊ သိုင်းကြိုးက နေရာမှန်မှာ ရှိမနေတာ
တွေ့လိုက်ရတယ်။

“ဟေး- ဟေ့လူတွေ၊ လုပ်ပါဦး တစ်ယောက်ယောက်”။ ကျွန်တော် အော်နေပေမဲ့ သီချင်းသံက ကျယ်လောင်လွန်းလို့ ဘယ်သူကမှ ကိုယ့်အသံ မကြားကြပါဘူး။
“ဟေ့လူတွေ၊ ဒီမှာပြဿနာတစ်ခုခုရှိနေပြီ” ကျွန်တော် ဆက်အော်တာပါ။

Nick နဲ့ Mike  တို့ကို လှမ်းကြည့်တော့၊ သူတို့လည်း လေထဲမှာ ခြေထောက်မြှောက်ပြီး ကိုယ်လုပ်စရာ ရှိတာပဲ အာရုံစိုက် လုပ်နေကြလေရဲ့။ ကျွန်တော့်ဘက်ကို ဘယ်သူမှ မကြည့်ကြဘူး။ တစ်ယောက်ယောက် မြင်ရင် သဘော ပေါက်အောင်လို့ ကျွန်တော့်ကို ချက်ချင်း အောက်ပြန်ချပေးဖို့ ခြေဟန်လက်ဟန် လုပ်ပြလိုက်တယ်။ အဲဒီ တော့မှ သီချင်းသံ ရပ်သွားတော့တယ်။

“အပေါ်မှာ အဆင်ပြေရဲ့လား”လို့
Jamaica    က အော်မေးလာပါတယ်။

“မပြေဘူး။ ဒီမှာ သေတော့မလိုဖြစ်နေတာ၊ ကျွန်တော့်ကို အောက်ပြန်ချပေး”

ကြမ်းပြင်ပေါ် ချောချောမောမော ပြန်ရောက်တဲ့အထိ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ် ရင်ခုန်နေတုန်းပါပဲ။ ကြောက်စရာပဲ၊ ဒါတောင် နည်းနည်းလေး ပဲရှိသေးတယ်။ တော်တော် ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တာလေ။ မေမေဟာ မိခင် တစ်ယောက်ရဲ့ စိုးရိမ်ပူပန်စိတ် အထင်းသားပေါ်လွင် နေတဲ့မျက်နှာနဲ့ ကွင်းထဲကို ပြေးဝင်လာတယ်။

“သားလေး ဘာဖြစ်တာလဲ၊ သိုင်းကြိုးများ တစ်ခုခု အမှားအယွင်းဖြစ် သလား”လို့ မေမေက မေးပါတယ်။

“သူ အဆင်ပြေပါတယ်”လို့ Jamaica က ၀င်ဖြေရင်း ကျွန်တော့်ကုပ်ကို နောက်ကနေ သိုင်းဖက်လိုက်ပါတယ်။ “မင်း ဘာမှမဖြစ်ပါဘူး။ ကြိုးက အသေအချာ ချိတ်ထားတာပါ။ ပြုတ်ကျစရာ မရှိပါဘူး။ မိုက်ခရိုဖုန်းဘူးနဲ့ ကြိုးတချို့ ရှုပ်သွားပြီး နေရာမှန်အတိုင်း မရှိတာပါ” လို့လည်း ရှင်းပြပါတယ်။ ကျွန်တော်က “အိုကေပါ” လို့ ဆိုပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ငါးမိနစ်လောက် အနားတောင်းလိုက်ပါတယ်။ Jamaica က သိုင်းကြိုး ဖြေရင်း“အဆင်ပြေသွားမှာပါ”လို့ ခပ်အေးအေးဆိုပါတယ်။ “ကတယ်ဆိုတာ သွေးခုန်နှုန်းတော့ တိုးတက်စေတယ်လေ။ ဒါပေမဲ့...”

“ဒီလိုမဟုတ်ပါဘူး”လို့ ကျွန်တော် ဖြတ်ပြောလိုက်မိတယ်။
“မဟုတ်ပါဘူး၊ အဲဒီလိုမဟုတ်ပါဘူး၊ မင်း အဆင်ပြေပါတယ်” လို့ Jamaica က ဆိုပါတယ်။

“၀ှီး- ဟော်ကီကစားတာပဲ အန္တရာယ်ရှိ တယ်လို့ ထင်နေခဲ့တာ” လို့ ကျွန်တော့်နှုတ်ကနေ ဆီမန်းမန်းသလို မပီမသရေရွတ်ရင်း ဇာတ်စင် နားက ထွက်လာခဲ့ရပါတယ်။

ကျွန်တော် သဘောကျတဲ့ မိန်းကလေး
ဟောကီကစားနည်းလောက် ကျွန်တော့်စိတ်ကို (ကောင်းတဲ့နည်းလမ်းနဲ့) လှုပ်ရှားစေတဲ့အရာ မရှိပါဘူး။ Beyonce'   မှ တစ်ပါးပေါ့။ ဒါပေမဲ့ အဲဒါလည်း ကျွန်တော့်အသက် ၁၂ နှစ်လောက် မှပါ။ တစ်ရက်မှာ ကျွန်တော့်မျက်လုံးတွေ ဗြုန်းဆို ဖွင့်လိုက်မိသလိုပဲ။ ကမ္ဘာကြီးမှာ မိန်းမ လှလေးတွေ အများကြီးဆိုတာ သတိပြုလိုက်မိခဲ့တယ်။ အဲဒီကတည်းက တခြား အကြောင်းတွေထက် ပိုပြီး စဉ်းစား နေမိတော့တယ်။

ကျွန်တော် အသက် ၁၂ နှစ်အရွယ်မှာ ပြင်သစ်ကျောင်းကနေ ထွက်ခဲ့ပါတယ်။ အဲဒီကနေ Stratford မြို့အနောက် မြောက်ပိုင်းက အစိုးရ အလယ်တန်း ကျောင်းတစ်ကျောင်းကို ပြောင်းခဲ့တယ်။ Chaz, Ryan  နဲ့ ကျွန်တော်တို့ သုံးယောက်စလုံး မြို့တွင်းဟော်ကီ ပြိုင်ပွဲကနေ ပိုပြီး ကျယ်ပြန့်တဲ့ ဟော်ကီပြိုင်ပွဲ တွေဆီ ပြောင်းကစားကြတယ်။ တခြားမြို့တွေဆီ ဟော်ကီ သွားကစားဖို့ ဘတ်စ်ကား စီးသွားကြတဲ့ အခါ ဘိုးဘိုးလည်း လိုက်လာတော့ ရှိတယ်။ ဟော်ကီပွဲတွေမှာ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကစားကြပါတယ်။ အပြန်လမ်း ဘတ်စ်ကားစီး လာရင်း လမ်းမှာ ဟော်ကီပွဲအနိုင်၊ အရှုံးအကြောင်း တွေ၊ ကစားရင်း အကန်ခံရတာတွေ၊ ရန်ဖြစ်ရတာတွေ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့။

ကျွန်တော်တို့ ကစားသမားတွေက ဘတ်စ်ကားနောက်ပိုင်းမှာ ထိုင်ကြ ပြီး၊ အတူပါလာတဲ့ မိဘတွေကရှေ့ဖျားမှာ ထိုင်လေ့ရှိကြပါတယ်။ ကျွန်တော် တို့တတွေ အနောက်ဘက်မှာ ပြောချင်ရာ လွတ်လွတ်လပ်လပ် ပြောနိုင်အောင် ဖြစ်မှာပေါ့။ ဟုတ်ပါတယ်။ ပြောနေကြတာတွေကလည်း ယောက်ျားလေး စကားဝိုင်းကိုး။ ကျွန်တော်တို့ အားလုံးဟာ မိန်းကလေးတွေ အကြောင်းတွေးပြီး စိတ်ကူးယဉ်နေ ကြတယ်။ ပြောင်းလဲ လာလိုက်ပုံက လန့်စရာ တောင်ကောင်းသေးရဲ့။ ပိုပြီး ထိတ်လန့်စရာ ကောင်းတာက မိန်းကလေးတွေ ပြောင်းလဲလာ ပုံပါ။ ကျွန်တော်တို့တစ်တွေကလည်း အရိပ်သုံး ပါးနားမလည်ခဲ့တဲ့ လူနုံ လူအတွေလေ။

ကျွန်တော့်မှာ အားသာချက် တစ်ခုရှိတယ်။ အဲဒါက မိန်းကလေးတွေ ကြားမှာ ကျွန်တော့် တစ်ဘ၀လုံး ရေပန်းစားခဲ့တာပါပဲ။ မေမေက ကျွန်တော့်ကို မိန်းကလေးတွေ အကြောင်း ပွင့်ပွင့် လင်းလင်း ပြောပြလေ့ရှိတယ်လေ။ ဒါကြောင့်လည်း ကျွန်တော်ကသာမန်ရွယ်တူ ယောက်ျား လေးတွေနဲ့စာရင် မိန်းကလေးတွေ အကြောင်း ပိုသိ နေတတ်တာပေါ့။ မိန်းကလေးတွေနဲ့ စကား ပြောဖို့ တွန့်ဆုတ်မနေတတ်ဘူး။ အတူတွဲလည် ဖို့လည်း မရွံ့တတ်ဘူး။ အရော တ၀င်လည်း နေ တတ်တယ်။ ဒါပေမဲ့ မိန်းကလေးတွေကို ဘယ်လို အချိန်မှာ အတူထွက် မလည်သင့်ဘူးလဲ၊ အရော တ၀င် မလုပ်သင့်ဘူးလို့လည်း သိတတ်ပါသေး တယ်။

တချို့ ယောက်ျားလေးတွေ ကျတော့ မိန်းကလေး တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို နာကျင် စေတတ်သလို၊ အရူး ဖြစ်အောင်လည်း လုပ်တတ်ကြတယ်။ သူတို့က လူအေးလေးဖြစ်အောင် အရမ်းကြိုးစားကြတာကိုး။ ကျွန်တော်ကတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ တာနဲ့ မောက်မာဝင့်ကြွားတာရဲ့ ကွာခြားပုံကို မေမေက ကျွန်တော့်ခေါင်းထဲ အသေ ရိုက်သွင်း ထားတာလေ။ ကျွန်တော်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ဘက်မှာ အမြဲရှိအောင်သာ ကြိုးစား တတ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း အောင်မြင်တာတော့ မဟုတ်ဘူးပေါ့။ တစ်ခါတလေမှာ ကျွန်တော်က မောက်မာတဲ့ လုပ်ရပ် ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။

ဒါပေမဲ့ အဲဒီစိတ်ထား နှစ်ခုကြား မျှခြေမှာရှိတဲ့ လူကောင်းတစ်ယောက် အဖြစ် ရောက်ဖို့ ကျွန်တော် တကယ်ကြိုးစားခဲ့ပါတယ်။ ဆန့်ကျင်ဘက် လိင်နဲ့ ပတ်သက်တဲ့ အောင်မြင်မှုတချို့ကနေ ရိုးရှင်းတဲ့ အယူအဆလေး တစ်ရပ် ဖြစ်ပေါ်လာပါတယ်။ လူနုံလူအ မဖြစ်ပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို အမှန်တကယ် အလေးထားလိုစိတ် ရှိတယ်ဆိုရင် သူ့ခံစားချက်ကို အရမ်းကို ဂရုစိုက်နေသယောင် ဟန်ဆောင်ပြဖို့ မလုပ်ပါနဲ့။ မိန်းကလေးတွေနဲ့မှသာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ ဒီအယူအဆဟာ တခြားလူတွေနဲ့ ဆက်ဆံရာမှာလည်း အသုံးဝင်ပါတယ်။

One Less Lonely Girl   အမည်ရ ဗီဒီယိုမှာ ရယ်စရာ အကွက်အတော်များ များ ထည့်ရိုက်ထားပါတယ်။ အဲဒီ ဗီဒီယိုမှာ ချောမော လှပတဲ့ ၁၆ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို ကျွန်တော်နဲ့အပြိုင် သရုပ် ဆောင်စေပါတယ်။ ဇာတ်လမ်းထဲမှာ ကောင်မလေးက ပိုက်ဆံပေးပြီး အ၀တ်လျှော်စက်နဲ့ ကိုယ်တိုင် လျှော်ရတဲ့ Laundromat   ဆိုင်တစ်ဆိုင်မှာ ပစ္စည်းတစ်ခု ကျကျန်ရစ်ပါ တယ်။ (ဘာများကျခဲ့တာလဲလို့ စိတ်လှုပ်ရှား မသွားပါနဲ့၊ ခေါင်းစီးပ၀ါ တစ်ထည်ကျခဲ့တာပါ) ကျွန်တော်ကအဲဒီပ၀ါကို သူ့ဆီပြန်ပေးရင်း လိပ်ဥတူးလိုက်တာပေါ့။ တချို့ကတော့ အဲဒီဗီဒီယိုကို “အပျိုဖြန်းမတမ်းလေးတွေအကြိုက် ရိုက်ကူးထားတဲ့ သီချင်းရုပ်ရှင်” အဖြစ် ပြောဆိုကြပါတယ်။

အဲဒါဟာ သူတို့ကကိုယ့်ကို ပုတ်ခတ်ပြောကြားလိုက်တာပဲလို့ ကျွန်တော် ချက်ချင်းသဘော မပေါက်လိုက်ဘူး။ ဇာတ်ဝင်ခန်းတစ်ရပ်မှာ အိမ်မွေးခွေးလေးတွေလည်း ပါဝင်ပြီး အိမ်မွေးတိရစ္ဆာန်တွေ ရောင်းတဲ့ဆိုင်မှာ ကျွန်တော်က “ဘာရယ်။ ဘယ်သူက ခွေးလေးတွေကို မချစ်တာလဲ။ ခွေးလေးတွေကို မချစ်တတ်ဘူးလို့ ဟန်ဆောင်ပြရင် မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်မယ်လို့ ဘယ်သူက ထင်သလဲဆိုတာက ပိုအရေးပါပါတယ်”လို့ ပြောလိုက်တာကို ဝေဖန်သူတွေက မနှစ်မြို့နိုင်တာပါ။ စာသားတွေဟာ ကျွန်တော့်မူရင်း စာသားတွေ မဟုတ်ဘူး လို့လည်း သူတို့က တွေးထင် နေခဲ့ကြပါတယ်။

(သီချင်းသံ) “မင်းကို ကိုယ်ပထမ ဦးစားပေးပါ့မယ်၊ မင်းတန်ဖိုးကို ကိုယ်ပြပါ့မယ်” သူတို့ရဲ့ အကြံပြုဝေဖန်ချက်တွေကို အသေအချာပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုမျိုးဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။

(သီချင်းသံ) “Xboxကို ကိုယ်ပထမဦးစားပေးပါ့မယ်၊ မင်းကို ကိုယ် အမှိုက်တစ်ခုလို ခံစားရစေမယ်”
ဟုတ်ပါတယ်။ ဒါကမှ တကယ်အဓိပ္ပာယ် ပိုရှိတာပါ။ ကျွန်တော်က သူများကူမှရမယ့်လူပါ။ မိန်းကလေး တစ်ယောက်ကို တကယ်စိတ်လည် လာစေနိုင်သူက သူ့ခံစားချက်တွေကို ဂရုမစိုက်တဲ့၊ ခွေးလေးတွေကို မုန်းတတ်သူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီအစီအမံအတိုင်းသာဆိုရင်တော့ တစ်နေ့နေ့ မှာ ကျွန်တော်ဟာ အဲဒီဝေဖန်ရေးဆရာရဲ့ မိန်းကလေးတွေအပေါ် အောင်မြင်မှု အဆင့် သတ်မှတ်ချက်ဝင်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အိုး... ခဏ တော့ စောင့်ပါဦး။ ကျွန်တော်က အပိုမကျတဲ့ အဘိုးကြီးမဖြစ်သေးပါဘူး။
ရှေ့ဆက်လိုက်ကြဦးစို့။

တစ်ခုခုကို စလုပ်ချင်ပြီလား
အလယ်တန်းမှာတုန်းက မိန်းကလေး အများစုဟာ ကျွန်တော့်ထက် အရပ်ရှည်ကြပါတယ်။ ကျွန်တော် လုပ်ချင်တာတွေထဲက နောက်ဆုံးတစ်ခုကတော့ သူတို့နဲ့ အတူ ထွက်မလည်ရအောင် အကြောင်းပြချက် တစ်ခုပေးဖို့ပါပဲ။ သဘောကောင်းတဲ့ သူတစ်ယောက် အဖြစ်နဲ့သာ နေဖို့စိတ်ကူးဟာ စိတ် ကူးကောင်းတစ်ခု ဖြစ်ဟန်တူပါတယ်။ ဂီတ အလုပ်ကိုပဲ စွဲစွဲမြဲမြဲလုပ်နေဖို့နဲ့ အေးအေးဆေးဆေးလို့ ကိုယ်သိထားတဲ့နောက် အလုပ် တစ်ခုက အားကစားပဲလို့ ကျွန်တော် တွေးမိပါတယ်။

ဒီလို အသက် အရွယ်မှာ ယောက်ျားလေးတွေက မိန်းကလေးတွေ လောက် စိတ်ကစားကြလေ့ မရှိဘူး။ ဒါပေမဲ့ ကိုယ်လည်း စိတ်ကစားရော၊ ဆော်ခံ ထိတော့ပါပဲ။ တချို့တွေ ကျတော့လည်း သူတို့ကို သူတို့ ကြီးလှချည်ရဲ့လို့ ခံစားဖို့ လိုအပ်တယ်လေ။ အဲဒီတော့ ကိုယ့်ထက် အလုံး အရပ် ငယ်သူတွေ ရှာတွဲ ရတော့တာပေါ့။ တစ်ချိန်က ကြေးစား လက်ဝှေ့သမားဖြစ်ခဲ့ဖူးတဲ့ ဖေဖေက ကျွန်တော့်ကို သူ့လေ့ကျင့်ရေး ရုံတွေဆီ ခေါ်သွားလေ့ ရှိတာက ကျွန်တော့်အပေါ် ဗိုလ်ကျ ချစ်သူတွေ အတွက် ကံမကောင်းတာလို့ ဆိုရမှာပါ။ တချို့ ခပ်ငယ်ငယ်ကလေးတွေ ဗိုလ်ကျ မခံရအောင် ကြိုးစား နေရတုန်းမှာပဲ။ ကျွန်တော်က ဗိုလ်ကျလို့ မရတဲ့ ကောင်လေးတစ်ယောက် အဖြစ် တစ်မုဟုတ်ချင်း ကျော်စော လာခဲ့တယ်။

ကျွန်တော်ဟာ ခန္ဓာကိုယ်အလုံးအရပ်ငယ်ပေမဲ့ အရွယ်ကြီးတာ၊ ငယ်တာကို ပဓာနထားစရာမလိုဘဲ ကိုယ်လိုချင်တာကို ရအောင် လုပ်ယူရာမှာ အရွယ်ငယ်တာက မဟန့်တားနိုင်ဘူးဆိုတဲ့အသိကို တော်တော်ငယ်ငယ်ကတည်းက သိခဲ့တယ်လို့ ထင်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး သူတို့တွေကို ကျွန်တော်က သက်သေပြနေစရာ ဘာမှမရှိပါဘူး။ အခုလက်ရှိအချိန်မှာလည်း ကျွန်တော့်ကို တစ်စစီတွယ်ဖဲ့ချင်လောက်အောင် မလိုမုန်းထားဖြစ်နေသူတွေကို သက်သေပြစရာ ဘာမှမရှိသလိုပေါ့။ သာမန်အားဖြင့်တော့ ကျွန်တော်ဟာ အသတ်အပုတ်သန်သူတစ်ယောက် မဟုတ် ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ခုကို ယုံကြည်လက်ခံမိရင် အဲဒီယုံကြည်မှုအတွက် အမြဲမားမားမတ်မတ်ရပ် ရင်ဆိုင်ရဲတယ်။ တစ်ယောက်ယောက်ကများ ကျွန်တော့်သူငယ်ချင်းတွေအကြောင်းဖြစ်စေ၊ မေမေ့အကြောင်းဖြစ်စေ သွား ပုပ်လေလွင့်ပြောလာမယ်ဆိုရင် သူတို့ကို ကျွန်တော့်အကြောင်း သိသွားစေ ရမှာပေါ့။ တစ်ယောက်ယောက်က ကျွန်တော့်ကို တွန်းတိုက်လာခဲ့ရင်၊ ကျွန်တော်က ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ပစ်မှာပဲ။

တစ်ခါကတော့ ကျောင်းအပြင်ဘက်မှာ ရန်ပွဲဖြစ်ကြတယ်။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာနဲ့ ကျွန်တော်က ဘာဖြစ်လို့ ၀င်ပါရတာလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ အုပ်စုလိုက်ကြီး ရန်ဖြစ်ကြတာကို လက်ကိုင်ဖုန်းနဲ့ ဗီဒီယို၊ ဓာတ်ပုံ ရိုက်သူတွေကလည်း အများကြီးပဲ။ ပြီးတော့ တစ်ယောက် ယောက်က အဲဒီရန်ပွဲ ဗီဒီယိုကို  You Tube   ပေါ် တင်လိုက်တယ်။ ဘာရယ် မဟုတ်တဲ့ အကြောင်းနဲ့ပေါ့။ သူတို့လည်း ကျွန်တော့်လို ရန်ဖြစ်ပြီး ဆရာ၊ ဆရာမတွေ မြင်သိ မသွားစေဖို့ ကျွန်တော် တွေးပေးပါတယ်။

အဲဒါဟာ You Tube   ရဲ့ အကြောင်းပဲ။ ဘယ်သူက တင်လိုက်တယ်ဆိုတာကို မသိနိုင် ဘူး။ ဒါဟာ ကောင်းတာလည်းဖြစ်နိုင်သလို၊ ဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ အခြေအနေပေါ်မူတည်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှတော့ ပြင်းပြင်း ထန်ထန် အနာတရ မဖြစ်ခဲ့ကြပါဘူး။ ဒါပေမဲ့ ကုတ်ရာခြစ်ရာတွေ၊ အရှိုးတွေ၊ အစင်းတွေတော့ အတော်များများ ကျန်ရစ်တာပေါ့။ ဗီဒီယို ပြကွက်ကတော့ Mortal Kombat ရုပ်/သံဇာတ်လမ်းထဲ အတိုင်းပါပဲ။ ရန်ပွဲဗီဒီယိုဟာ အတော် ကြည့်လို့ ကောင်းတာပဲလို့ ကျွန်တော်တို့အားလုံး ထင်ကြေးပေးကြတာ ကျောင်းအုပ်ချုပ်သူတွေက အိမ်ကို စာပို့ဆင့် ခေါ်တဲ့ အထိပါပဲ။ ပြီးတော့ ရန်ပွဲမှာမပါပါဘူး ဆိုသူတွေကိုလည်း ရှောင်တခင် ခေါ်ယူစစ်ဆေး ခဲ့တယ်။ သူတို့ပုံတွေက ကင်မရာ မြင်ကွင်းထဲမှာ ပေါ်နေတာလေ။ (ဒီသင်ခန်း စာလေးကို စာရှုသူ လက်တွေ့ကြုံရတဲ့အခြေအနေ တစ်ရပ်ရပ်မှာ အထောက် အကူဖြစ်မယ်ဆိုရင် အသုံးပြုကြည့်ပါ)

ကျွန်တော်တို့ ကနေဒါသားတွေဟာ ယေဘု ယျအားဖြင့်တော့ ခပ်ကြမ်းကြမ်းတွေပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အသတ်အပုတ် သန်သူ တစ် ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ ကျွန်တော့်ဖေဖေက အမြဲပြောလေ့ ရှိတယ်။ သူ ငယ်ငယ်ကတည်းက သူ့အတွက်တင်သာမက၊ ကျွန်တော့် အတွက်ပါ သတ်ခဲ့ ပုတ်ခဲ့ပြီးပြီးတဲ့။ ကျွန်တော်က သတ်ပုတ်တိုက်ခိုက်တာထက် ဘတ် စကက်ဘော ကွင်းမှာ ယှဉ်လိုက်ရတာမျိုး၊ ဒါမှ မဟုတ် ကျွန်တော့် ဟောကီစွမ်းရည်နဲ့ ယှဉ်ပြိုင် ရိုက်လိုက်၊ ခုတ်လိုက်ရတာမျိုးကိုပဲ ပိုပြီး နှစ်သက် ပါတယ်။ ဟော်ကီပွဲမှာဆိုရင် ကျွန်တော်က အများ တကာထက် အလုံးအဖန် တော်တော်ငယ်သူပါ။ ဘတ်စကက်ဘော အသင်းမှာလည်း ရှေ့တန်းက မကစားရပါဘူး။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်တော့် ကိုမိအောင် ကာမထားနိုင်ကြပါဘူး။

သူတို့တစ်တွေ လောက် ကျွန်တော် ဘယ်တော့မှ အရပ် ရှည်လာ မယ်မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ဒါပေမဲ့ သူတို့ထက်ပိုမြန်ပြီးပိုကောင်းအောင် ကစားနိုင်ပါတယ်။ သူတို့တွေကို ၀ိုင်းကြီးပတ် ချာလှည့်နိုင်အောင်၊ ဒါမှမဟုတ် သူ့ဆီကဘော လုံးလုယူပြီး သူ့လက်မောင်းအောက်ကနေ ထွက် သွားနိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်။ အဲဒါကျွန်တော့်ဘိုးဘိုး အမြဲပြောလေ့ရှိတဲ့စကား တစ် ခွန်းဖြစ်ပြီး စာရှုသူရဲ့ဘ၀မှာလည်း အသုံးတည့် ကောင်းတည့်မယ့် စကားဖြစ်ပါတယ်“ကိုယ့်မှာရှိ တာကို အများဆုံးအသုံးချပါ”တဲ့။ဘယ်လိုပဲ ဖြစ် ဖြစ်ပေါ့၊

အဲဒီကတည်းက စပြီး နောက်နောင် ကျောင်းမှာ တစ်ခုခုဖြစ်ရင် ကျွန်တော်ဝင်မပါဖြစ် အောင် ရှောင်လွှဲနေတတ်လာပါတယ်။ ကိုယ့်ဖာ သာကိုယ်ရှာတဲ့ဒုက္ခနဲ့တင် လုံလောက်နေပြီလေ။ ဒါပေမဲ့ အဲဒါတွေက ပြဿနာ ကြီးကြီးမားမား တော့မဟုတ်ပါဘူး။ အများအားဖြင့်တော့ အတန်း ထဲမှာ ဟာသလုပ်တာမျိုးပါပဲ။ အပြင်မှာဆို ကျွန်တော်က စကိတ်စီး၊ ဘောလုံးကန်၊ သူငယ် ချင်း Chaz eJY Ryan   တို့နဲ့လျှောက်မွှေနဲ့ပေါ့။ ဒါတွေ က ကျောင်းအဆောက်အအုံထဲမှာဆို ပိတ်ပင်ဖို့ရာ ခဲယဉ်းတယ်လေ။ ကျွန်တော်ဟာ အစွမ်းအစရှိသူ တွေထဲကတစ်ယောက်ပါ။ ကျောင်းမှာ ပြဿနာ တစ်ခုခုတက်တယ် ဆိုရင်လည်း အဲဒါဟာ ဆိုးလို့ သွမ်းလို့ မဟုတ်ပါဘူး။ ရယ်စရာ လုပ်ပြတာကြောင့်ပါ။

ဒါမှမဟုတ်လည်း တခြား တစ်ယောက်ယောက်ကို ရယ်အောင် လုပ်တာကြောင့်ပါ။ ဒါမှမဟုတ် လည်း ကျောင်းခန်းမ သွားရာလမ်းမှာ ကခုန်နေလို့၊ စားပွဲခုံကို ဒရမ်လုပ်ပြီး  ခေါက်နေလို့၊ စာကြည့်တိုက်မှာ သီချင်းညည်းနေလို့စတဲ့ ပြဿနာတွေပဲ ဖြစ်ပါ တယ်။ အခြေခံ အားဖြင့်တော့ ကိုယ့်ကိုယ်ကိုပဲ ဒုက်္ခပေးတာဖြစ်လို့၊ ကျွန်တော့် အတွက် တရားတဲ့ဟန် မရှိခဲ့ပါဘူး။ တစ်ခါတော့ လူပြက် အလုပ်ကောင်းလို့ ကျောင်းအုပ်ကြီး ရုံးခန်းကို ကျွန်တော် သွားရပါတယ်။ ကျွန်တော် စာသင်ခန်းမ ကနေ ရုံးခန်းဆီကို လမ်းလျှောက် သွားပါတယ်။ နောက်တော့မရပ်ဘဲ ဆက် လျှောက်သွားတယ်။ အကြာကြီးပေါ့။ တံခါးပေါက်ကနေ ထွက်၊ လမ်းပေါ် ရောက်၊ မြို့ထဲလမ်းမတွေပေါ်လျှောက်သွားနေလိုက်တာပေါ့။ နောက်ဆုံးဘိုး ဘိုးတို့အိမ် အထိ ရောက်သွားခဲ့တယ်။ ဘိုးဘိုးဆီ ရောက်ရင်တော့ ကျွန်တော့် အပေါ် ကြင်နာမှုလေး ရကောင်းရဲ့ ဆိုတဲ့ အတွေးနဲ့ပါ။ အခွင့်မသာပါဘူး။ ဧည့်ခန်းထဲ ကျွန်တော် ခြေချလိုက်တယ် ဆိုရင်ပဲ TV ကြည့်နေတဲ့ ဘိုးဘိုးက အရမ်း အံ့အားသင့် သွားခဲ့ပါတယ်။ ဘိုးဘိုးက ကျွန်တော့်ကို ကားပေါ်တင် ခေါ်ပြီး ကျောင်းပြန်ပို့ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းအုပ်ကြီးနဲ့ပြန်ပြီး မျက်နှာချင်း ဆိုင်ရပြန်ရောပေါ့။

(ဆက်လက်ဖော်ပြပါမည်)
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
ရာပြည့်