အောင်မြင်မှု အရသာကို ခံစား မနေဘူး PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 03 July 2012 13:47
Share |

အပြောင်းအလဲ ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လို ပုံစံမျိုး ပြောင်းမယ် ဆိုတဲ့ စိတ်ကူးတွေ ရှိတာပါ။

free cialis samplesbuy cialis professional online generic viagra no prescription cialis medication
argaiv1116

၂၀၁၂ ခုနှစ်မှာ အရင်က လုပ်ခဲ့တဲ့ ပုံစံတွေနဲ့ မတူတဲ့ ပုံစံမျိုးတွေ လုပ်ဖို့ နေမင်းက စီစဉ် ခဲ့ပါတယ်။ ၂၀၁၁ နိုဝင်ဘာလလောက်ကတည်းက စတင် အခြေပြုခဲ့ပြီး ပြောင်းလဲမှုတွေ စတင်တဲ့ နေမင်းက ၂၀၁၂ နှစ်လယ်ပိုင်း မှာတော့ ပြောင်းလဲမှုတွေ အရာ ထင်လာပါပြီ။ ဇာတ်ကားရိုက်ကူး မှုပုံစံ၊ ဇာတ်လမ်း အနေအထား၊ ၀တ်စား ဆင်ယင်မှု၊ ဆံပင်ပုံစံတွေက အစ ပြောင်းလဲ လာပါတယ်။

၂၀၁၂ ဇူလိုင်လ ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံ ရိုက်တော့လည်း မျက်နှာ တည်တည်ထက် အပြုံးတွေကို ပိုပြီး သုံးထားပါတယ်။ ရွှေအမြုတေ မျက်နှာဖုံး ဓာတ်ပုံတွေကို ပြင်ဦးလွင်ရှိ ပိုးဥတောင် ဆိုတဲ့ ရှမ်းရွာလေး တစ်ရွာမှာ ရှိတဲ့ နာနတ်ခင်းနဲ့ ထင်းရှူးတောထဲမှာ ရိုက်ထား တာပါ။ ဓာတ်ပုံ ကိုလင်း (Studio-K) ကလည်း ပြင်ဦးလွင်ကို သွားပြီး ရိုက်ကူး ပေးထားပါတယ်။ ပိုးဥတောင် ရွာမှာရှိတဲ့ နာနတ်ခင်းတွေကို သဘောကျသလို အဲဒီရွာမှာ ရှိတဲ့ တိုင်းရင်းသားတွေလို ၀တ်ဆင်ပြီး ဓာတ်ပုံ အချို့ကိုလည်း ရိုက်ကူးထား တာပါ။ ပြင်ဦးလွင်မှာ နှစ်လ နီးပါးနေပြီး ဇာတ်ကားတွေ ရိုက်ဖြစ်တဲ့ နေမင်းက ၂၀၁၂အတွက် ပြောင်းလဲမှုများနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

“၂၀၁၂ ထဲမှာ အရင်လုပ်တာထက် ပိုနိုင်သလောက် အာရုံစူးစိုက်မယ်။ အလုပ်ကို ဒီထက်ပိုပြီး အင်နဲ့အားနဲ့ လုပ်မယ်။ ခန္ဓာကိုယ် ထဲမှာရှိတဲ့ Energy (အင်အား) အကုန်လုံးနီးနီးကို သုံးလို့ ရသလောက် သုံးမယ်ဆိုပြီး ကြိုးစားကြည့်တယ်။ ကြိုးစားသလောက် ပရိသတ် အသိအမှတ်ပြု ပေးတဲ့ အတွက် ကြိုးစားချင်စိတ် ပိုဖြစ်လာတာ”လို့ နေမင်းက ဆိုပါတယ်။

၂၀၁၂ မှာ ပြောင်းလဲ မှုတွေ လုပ်မယ်လို့ စဉ်းစား ခဲ့တာလဲ။

လူဆိုတာ ကိုယ်ရှိတဲ့ အနေအထားတစ်ခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ အစောကြီးကတည်းက ဆုံးဖြတ်ခဲ့တာ။ ၂၀၁၂ မှာ အရင်ကထက် ပရိသတ် အာရုံ စူးစိုက်မှု ရှိလာမယ်။ ကိုယ့်ကိုလည်း ပိုပြီး သိလာမယ်လို့ မျှော်လင့်ခဲ့တယ်။ မျှော်လင့်တာထက် စာရင် ယုံကြည်တယ်။ ဘာမှ မမြင်နိုင်တဲ့ အရာ တစ်ခုကို ကြိုပြီး ယုံကြည်မှု တစ်ခု မျှော်လင့်ချက် ထားတာ။ အဲဒီ မျှော်လင့်ချက် ရှိမှလည်း အသက်ရှင်မှုက အရသာ ရှိမှာကိုး။ အဲဒီ မျှော်လင့်မှုကို ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်က ကိုယ့်ကို တွန်းအားပေးတဲ့ သဘော ဖြစ်နေတာကိုး။

နေမင်း မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး ဆိုရင် ပြောင်းလဲမှုတွေ လုပ်ဖြစ်ဦးမလား။ ဒီအတိုင်းပဲ သွားမလား။

ဒီအတိုင်းတော့ မသွားဘူးဗျ။ ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူး ဆိုကတည်းက တစ်ခုခုတော့ လွဲနေပြီ။ လွဲတယ် ဆိုတာက ကိုယ်လွဲတာလား၊ ကိုယ့်ရဲ့ လုပ်ရပ်က လွဲတာလား၊ ကိုယ့်ဦးနှောက်က လွဲတာလား၊ ကိုယ်နဲ့ လက်တွဲနေတဲ့ လုပ်ဖော် ကိုင်ဖက်က လွဲတာလား၊ လွဲတဲ့ တစ်ခုခု မှားတဲ့ တစ်ခုခုတော့ ရှိနေမှာပဲ။ အဲဒီအမှားတစ်ခု၊ ပြစ်ချက်တစ်ခုကို ဖယ်ပြီး နောက်တစ်ခုကို ပြန်ပြောင်းရမှာပဲလေ။

မျောလွင့်နေတဲ့တိမ် ဇာတ်ကားကို အားသွန်ခွန်စိုက် လုပ်ထားပေမဲ့ ထွက်ထွက်ချင်းမှာ ပရိသတ်မှာ ပရိသတ်ရဲ့ အာရုံ စူးစိုက်မှု မရခဲ့ဘူးနော်။

ဟုတ်တယ်။ အဲဒီ အတွက်လည်း ကျွန်တော်ကိုယ်တိုင် တော်တော်ကြီးကို ခံစားရတယ်။ ဒီဟာက တကယ်ကို မျှော်လင့်ထားတယ်။ ကိုယ်လုပ်နိုင်သလောက် အားသွန်ခွန်စိုက် လုပ်ထားတယ်။ အခွေ ထွက်ထွက်ချင်းမှာ တော့ ခံစားရတယ်။ ဒီနှစ်သင်္ကြန် ရန်ကုန်မှာ နေဖြစ်တဲ့ အချိန်မှာ သင်္ကြန်လည်တဲ့ ယောက်ျားလေး ပရိသတ် အကုန်၊ လူတန်းစား မရွေးက မျောလွင့်နေတဲ့ တိမ်ကို ကြိုက်ကြတယ်။ တအိအိနဲ့ သွားတာဆိုတော့ အနုပညာ အရ ကျန်တဲ့ ကားတစ်ကားလို့ ပြောလို့ ရတာပေါ့။

လက်တွဲနေကျ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာတွေနဲ့ Group လေး တစ်ခုဖွဲ့ပြီး ရိုက်တော့ နေမင်း လက်ရှိ ရိုက်ကူးမှု အနေအထားက ကိုယ့် Group နဲ့ ကိုယ်ပဲ လှုပ်ရှားတာလား

ကျွန်တော် အရင်က တည်းက အဲဒီလိုပဲ လုပ်တာ။ ကျွန်တော်နဲ့ ရိုက်တဲ့ ဒါရိုက်တာတွေ အားလုံးက ညီအစ်ကိုလိုပေါင်းတယ်။ မိသားစုလို ခင်တဲ့ သူတွေနဲ့ပဲ ရိုက်ဖြစ်တာပဲ။ အဲဒီလိုမျိုးက အစုအဖွဲ့ အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ရုပ်ရှင်လောကက ကိုယ့်မိသားစုပဲ။ အထဲမှာ အသေးစိတ်ကြည့်မယ် ဆိုရင် လူနည်းစု တစ်ခုပေါ့။ အကုန်လုံးက ကိုယ့်မိသားစုလို သတ်မှတ်ထားတော့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အကုန် အဆင်ပြေတယ်။

နေမင်းက ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့ ဇာတ်ကား ရိုက်ဖြစ်တော့ အခုအချိန်မှာ ငွေကြေး ပြန်ရမှုရယ်၊ ပရိသတ် အားပေး အောင်မြင်မှု ဘယ်ဟာကို ပိုလိုချင်လဲ။

အမှန်အတိုင်း ပြောရရင် ပရိသတ် အသိအမှတ်ပြုမှုကို ပိုပြီးလိုချင်တယ်။ အောင်မြင်မှုဆိုတာက တစ်ချိန်ကျရင် ကျရှုံးမှာပဲလေ။ ဒါပေမဲ့ ကိုယ်ရိုက်ခဲ့တာတွေက ကိုယ့်အတွက်တော့ ရည်ရွယ်တာပေါ့။ ဒါပေမဲ့ ကြည့်တဲ့သူ အတွက် အဆင်ပြေမှု တစ်ခုခု ရစေချင်တယ်။ ကိုယ်ရိုက်တဲ့ ကားကိုကြည့်ပြီး ဘာကားမှန်း မသိဘူးလို့ဆိုတာမျိုး အပြောမခံရရင် ကိုယ်လုပ်ရတာ လုပ်ရကျိုး နပ်တယ်။ မဆိုးဘူး။ ဒီကားလေး ကောင်းတယ်ဆိုရင်ပဲ မဆိုးဘူးပေါ့။

နေမင်း အခုအချိန်မှာ ရရှိနေတဲ့ အောင်မြင်မှု အရသာက ဘယ်လို ပုံစံမျိုး ရှိတယ်လို့ ခံစားရလဲ။

အမှန်အတိုင်း ပြောရရင် နေမင်းလေး ချောလိုက်တာလို့ ပြောတာမျိုးထက် စာရင် တွေ့တဲ့ ပရိသတ်က ဘယ်ကားထဲက ဘယ်အခန်းမှာ ဘယ်လို စကားလုံးပြောသွားတာ ဆိုရင် အရမ်းပီတိ ဖြစ်တယ်။ စကားလုံးကို ရူးသွပ်ရ ကျိုးနပ်တယ်။ ပရိသတ်တွေ သတိထားမိတဲ့ အရသာကို အောင်မြင်မှုလို့ ပြောရင် အဲဒါ အောင်မြင်မှုရဲ့ အရသာပေါ့။ အရသာ ချိုလား၊ ခါးလား ဆိုတာထက် နောက်ထပ် ဇာတ်ကားတစ်ကားရိုက်ဖို့ အတွက် အားထပ်ဖြည့်ပေး တယ်လို့ ခံစားရတယ်။ နောက်ထပ် တွန်းအားတစ်ခု ထပ်ရတယ်လို့ပဲ ခံစားရ တယ်။ တကယ်တော့ အောင် မြင်မှုဆိုတာ အရသာခံစရာမှ မဟုတ်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ခဲလုံး တစ်လုံးကို အပေါ်ပစ်တင်လိုက်ဆိုရင် အရှိန်ရှိသလောက် မြင့်တက်နေမှာပဲ။ အရှိန်ကုန်တဲ့ တစ်ချိန်ကျရင် ပြန်ကျလာမှာပဲ။ နောက်ဆုံး ကိုယ်က လက်နဲ့ ပစ်တင်လိုက်တဲ့အတွက် မြေ ပြင်နဲ့ အကွာအဝေးက မြင့်ချင်လည်း မြင့်နေဦးမယ်။ သူ ပြုတ်ကျတဲ့ အချိန်ကျရင် မြေပြင်ပေါ်ကျသွားရင် ခုန ကပစ်တင်တဲ့ နေရာထက် တောင်မှ ထပ်ပြီး နိမ့်ချင် နိမ့်သွားနိုင်သေးတာပဲလေ။ အဲဒီတော့ အောင်မြင်မှု အရသာကို ချိုသည်ခါးသည် မခွဲခြားဘဲနဲ့ ကိုယ်ရောက် နေတဲ့ နေရာလေးနဲ့ ကိုယ် ရောက်နေတဲ့ အတိုင်းအတာလေး တစ်ခုမှာ ကိုယ်လုပ်နိုင် သလောက်နဲ့ အကောင်းဆုံး ဘယ်လို လုပ်မလဲ။ ကြည့်တဲ့ ပရိသတ်က ဘာကို လိုအပ်လဲ။ သူတို့အတွက် ဘာကို ရိုက်ပြလို့ရှိရင် သူတို့ပိုပြီး စိတ်ဝင်စားမလဲ။ သူတို့ရဲ့ နားလည်မှု၊ သူတို့သိချင်တဲ့ ကြည့်ချင်တဲ့ ပုံစံက ဘယ်လို လဲဆိုတာ စဉ်းစားပြီး ရိုက် မယ်ဆိုရင် ပိုပြီးကောင်းမယ် ထင်တယ်။ အဲဒီတော့ အောင် မြင်မှုနဲ့ သတ်မှတ်မယ်ဆိုရင် အဲဒီလို အသစ် အသစ်တွေ သူတို့စိတ်ဝင်စားမှုကို ပေးနိုင် နေမယ့်မင်းသားတစ်ယောက် ကို တခြားသော မင်းသား တွေထက် အချိန် ကြာရှည်စွာ သူတို့ပိုပြီး ကြည့်ကြမှာပေါ့။ အဲဒီလို ဆိုရင်လည်း အောင် မြင်မှုလို့ ပြောတဲ့ဟာက နည်းနည်း ရှည်ကြာ သွားမှာပဲ။

ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့ ဆိုတော့ ပစ္စည်းတွေ ၀ယ်စု နိုင်တယ်။ တခြား မင်းသားတွေလို စာချုပ်မင်းသား ဆိုရင် အဲဒီလို လုပ်နိုင်မယ် ထင်လား။

ကျွန်တော့် စိတ်နဲ့က မဖြစ်ဘူး။ အခု ပါဝါကင်း ထုတ်လုပ်ရေးနဲ့ စာချုပ်အရ ၃ ဆလျော်ရမယ် ဆိုရင် ၃ ဆလျော်ပြီး ပြန်အမ်းလိုက် တာပဲ။ ကိုယ်လုပ်ချင်တဲ့ ရူးသွပ်မှု၊ သူတို့ သွားချင်တဲ့ လမ်းကြောင်းက အဆင် မပြေဘူး။ ဒီအနုပညာကို ထုတ်ကုန် တစ်ခုလိုမျိုး၊ စားသောက်ကုန် တစ်ခုလို ပုံမှန် လည်ပတ်တဲ့ စက်ယန္တရား တစ်ခုက ထွက်တဲ့ ပစ္စည်း တစ်ခုလို သတ်မှတ်ပြီး ထုတ်လုပ်တဲ့ လူမျိုးဆိုရင် ကျွန်တော်တို့နဲ့ က သိပ်အဆင်မပြေလောက် ဘူးလေ။ အစောကြီးက အနုပညာ ဆိုတာ ရူးသွပ်မှုနဲ့ ဖန်တီး မှုဘက်ကို ဦးတည်တာကိုး။ ဖန်တီးမှုကောင်းလေ ပရိသတ် အာရုံ စူးစိုက်မှုကောင်းလေ၊ ကိုယ့်ကို အားပေးလေဖြစ် မှာပဲလေ။ ဖန်တီးမှု ဆိုတာကလည်း ပစ္စည်း ပံ့ပိုးမှု၊ လိုချင်တဲ့ ထောင့်ကနေ ဖြည့်ပေးမှု ဆိုတာ ရှိနေသေးတာပဲလေ။

သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်ကို ဘာ့ကြောင့် လက်ခံခဲ့တာလဲ။


ဟိုးငယ်ငယ်ကတည်းက သေလောက်အောင် သွားချင်တဲ့ အင်္ဂလန်တို့၊ သြစ တြေးလျတို့က နှစ်နှစ်လောက် ကြိုးစားပြီး ဗီဇာ မရလို့ မသွားရဘဲ ကိုရီးယား သွားခဲ့ရတာ။ အခု တစ်လလုံး သွားရမယ်။ သူငယ်ချင်းတွေနဲ့ လည်ပတ် ချင်တာလည်း ပါတယ်။ သြစ တြေးလျကို သွားရတဲ့ အကြောင်းအရင်းက ကိုပြေတီဦးတို့ အငြိမ့် အကျိုးဆက်နဲ့ သွားရတာ။ လေးပွဲမှာ လူရွှင်တော် လုပ်ပေးရမှာပဲလေ။

ပြည်ပမှာ လူရွှင်တော် အနေနဲ့ ဖျော်ဖြေဖို့ ယုံကြည်မှု အပြည့် ရှိသွားပြီလား။

ကျွန်တော့်ကို အမြဲတမ်း တွေ့နေကျ ပရိသတ်တွေတောင်မှ လူရွှင်တော် လုပ်တာကို နှစ်နှစ်သက်သက်နဲ့ ကျေကျေနပ်နပ် ရှိကြတာဆိုတော့ ပြည်ပ ရောက်နေတဲ့ မြန်မာတွေ အနေနဲ့ ဒီအတိုင်း မတ်တတ် သွားရပ်ရင်တောင် ပျော်ပြီး ကျေနပ်ကြ တာကိုး။ ကိုယ့်ရဲ့ မှားယွင်း ချွတ်ချော်မှု အားလုံးကို နား လည်ခွင့်လွှတ်ပြီး ကြည့်ကြ မှာပဲလေ။ အဲဒီတော့ သူတို့နဲ့ တွေ့ဖို့က အဓိကဖြစ်နေတယ် လေ။ ကျွန်တော် ပြက်တတ် သည်ဖြစ်စေ၊ မပြက်တတ် သည်ဖြစ်စေ သူတို့က အား ပေးမှာပဲလေ။ အဲဒီစိတ် ကြောင့်ပဲ ဟိုရောက်ရင် ပြက်လုံးတွေက ချောချောမွေ့မွေ့ နဲ့ အဆင်ပြေသွားမှာပါ။

မြန်မာပြည်မှာ လူရွှင်တော် အနေနဲ့ ထပ်လုပ်ဖို့ ကမ်း လှမ်းလာရင်ရော။

မလုပ်ဖြစ်လောက်ဘူး ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတစ်ပွဲ လုပ်ဖို့ စိတ်ရောလူရော အကုန် ကုန်ခန်းတယ်။ ကြိုးစားရတဲ့ အချိန် ရက်ကလည်း အရမ်း တိုတာကိုး။ ရက်တိုတိုလေး အတွင်းမှာ ကိုယ့်ဘက်က လေ့လာရ တာရော၊ ဘေးမှာရှိတဲ့ အစ်ကိုတွေနဲ့ တိုင်ပင်ရတာ။ ဒါတောင်မှ ၀ိုင်းဝန်းပြီးကူညီကြ လို့ ဒီလောက် အနေအထား ဖြစ်သွားတာ။ နောက်ထပ် တစ်ခါသာ ဆိုရင် ကိုယ့်ကိုယ် အသစ်တစ်ယောက် အနေနဲ့ သတ်မှတ်တော့မှာ မဟုတ်ဘူးလေ။ အားလုံးကလည်း ကိုယ့် ကိုသိပြီးသား လူတစ်ယောက် လို့ သတ်မှတ်လိုက်ရင် ကိုယ့် အားနည်းချက်တွေကို ၀ိုင်းပြီး ပံ့ပိုးပေးဖို့ ဆိုတာ အရင်လောက် အားရှိမှာ မဟုတ်ဘူး။ အဲဒီတော့ သေချာ ပြင်ဆင်လေ့လာ ပြီးမှပဲပြန်ပြီး လုပ်ဖြစ်လိမ့် မယ်ထင်တယ်”လို့ နေမင်းက ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ကားကို နေတိုးနဲ့ ရိုက်ဖို့ စီစဉ်ထားပြီး တစ်ခါမှ တွဲမရိုက် ဖူးသေးတာကြောင့် စီစဉ်တာလို့ သိရပါ တယ်။ ရွှေအမြုတေမဂ္ဂဇင်း အတွက် ဓာတ်ပုံကို ပြင်ဦးလွင် အထိသွားရောက် ရိုက်ကူးပေးတဲ့ နေမင်း ဂျီကျသမျှခံတဲ့ ဓာတ်ပုံကိုလင်း(Studio-K) ကို လည်း ကျေးဇူးအထူးတင်ရှိပါ ကြောင်းဆိုပါရစေ။

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: