ရွက်ဝါကြွေ PDF Print E-mail
Written by ကိုငြိမ်း (မန္တလေး)   
Monday, 02 July 2012 11:24
Share |

(တစ်)
ငတင်...သူ့ကြောင့်
အိပ်မော ကျနေတုန်း ညအချိန် မတော်မှာ ရုတ်တရက် ပေါက်ကွဲ ထွက်လာတဲ့ အသံကြီးကြောင့် ကျွန်တော် လန့်နိုးကြောက်ကာ အမေ့ကို တအား ဖက်ထားလိုက်မိတယ်။

buy cheap cialis without a prescriptioncialis online buy brand viagra order cialis online
argaiv1039


“အမေ...အမေ... အမေ...”

အမေ့ကိုလည်း ကျွန်တော် တအား လှုပ်နှိုးနေမိတယ်။ ကျွန်တော် ကြားနေရတဲ့ ဆူညံ ပေါက်ကွဲသံက ကျွန်တော်တို့အိမ်ရဲ့ အောက်ကမှန်း ကျွန်တော် သိတယ်။ ကျွန်တော်နဲ့ အမေက တစ်ထပ် အိမ်ကလေးရဲ့ ထပ်ခိုးပေါ်မှာ သားအမိ အိပ်ကြတာလေ။ ကျွန်တော့်က အငယ်ဆုံး သားလေး။ ကျွန်တော် ကြားနေရတဲ့ အသံတွေက ထုသံ၊ နှက်သံတွေသာမဟုတ် တစ်စုံတစ်ရာကို သံတူရွင်းနဲ့ ကလော်ထုတ်နေတဲ့အသံ။ ပြီးတော့ သံပြားတွေကို အဝေး လွှင့်ပစ်တဲ့အသံတွေ အပြင် အိမ်တစ်လုံးပါ ယိမ်းထိုးကာ ခေါင်မိုးသွပ်ပြားတွေရဲ့ တကျွိကျွိ မြည်သံတွေကိုပါ ပြင်းပြင်းထန်ထန် ကြားနေရတယ်။ “အမေ...အမေ... အမေ...”

ကျွန်တော်က ကြောက် ကြောက်နဲ့ အမေ့ကို တွန်းဖက် ပြီး တအားအော်နှိုးနေမိတယ်။  အမေ အိပ်မော ကျနေတယ် ထင်လို့ပါ။ အမှန်တော့ အမေ မအိပ်ပါ။ အမေက မအိပ်တဲ့ အပြင် လက်ဝါးနဲ့ ကျွန်တော့် ဖင်ကို တစ်ချက် ဆော်လိုက် ပါသေးတယ်။ ဆော်ပြီး “လူလေး...အိပ်စမ်း၊ ငြိမ်... ငြိမ်...”

ကျွန်တော် အမေ့ကို နား မလည်တော့ဘူး။ ကျွန်တော်တို့ အိမ်ကို ညအချိန်မတော် ကြီး တစ်ဦး တစ်ယောက်က  အခုလို အိမ်လာဖျက်နေတာ ကို အမေက ဘာလို့ ငြိမ်နေရတာလဲ။ ကျွန်တော့်ကိုလည်း ဘာကြောင့် ငြိမ်ခိုင်းထားရ တာလဲ။ နားမလည်ဘူး။ အမေ့ကို နားမလည်တော့ ဘူး။ ဒါပေမဲ့ မနက်လင်း တော့မှ ညက အိမ်ဖျက်ခံရ တယ်လို့ ထင်မိတဲ့ ကိစ္စကို မျက်ဝါးထင်ထင် တွေ့မြင်ရ ပြီး အခြေအနေကိုလည်း သိ ရတော့တယ်။

မနက်မိုးလင်း ထပ်ခိုးပေါ်က ကျွန်တော် အောက်ဆင်းတော့ ကျွန်တော်တို့အိမ် မှာ တံခါးရွက်တွေ လုံးဝ မရှိ တော့ဘူး။ အိမ်ရှေ့က လမ်းပေါ်မှာ တံခါးရွက် နှစ်ရွက် ရောက်နေတာတွေ့ရတယ်။ သဘောက တံခါးရွက်တွေ ဖြုတ်လွှင့် ပစ်လိုက်တဲ့သဘော ပါ။ အမေ့မျက်နှာ ဆိုတာ လုံးဝ မကောင်းဘူး။ ကျွန်တော်က အမေ့ကို အကျိုးအကြောင်း မေးကြည့်တော့ အမေက-
“ငတင်လေ...ငတင် ကြောင့်...”

အမေပြောတဲ့ ငတင် ဆိုတာ ကျွန်တော်တို့ အစ်ကို ကြီး ကိုတင်ကို ပြောတာပါ။ ကျွန်တော်တို့အိမ်မှာက အဖေရယ်၊ အမေရယ်၊ ကိုတင်ရယ် နဲ့ ကျွန်တော် မိသားစု လေးယောက် နေကြပါတယ်။ ကိုတင်က အသက်သုံးဆယ် လောက်ရှိပါပြီ။ ကိုတင်ဟာ အရမ်းမူးသူ၊ အရမ်းဆိုးသူ တစ်ဦးပါ။ အမေကလည်း သူ့သားကြီးကို ခေါ်တော့သာ ငတင်...၊ ကိုတင့်ကို အလို  လိုက်တဲ့ နေရာမှာတော့ ဘယ်ကမ္ဘာ့အမေတကာမှ ကျွန် တော့်အမေကို လိုက်လို့ မီမှာ မဟုတ်ဘူး။ အခုလို တစ်ရပ် ကွက်လုံး လန့်နိုးကုန်အောင် အချိန်မတော်ကြီး အိမ်တံခါး ရွက်တွေ ရိုက်ဖြုတ် လွှင့်ပစ် သူက ကျွန်တော့်အဖေက လွဲ ပြီး ဘယ်သူ ရှိဦးမလဲ။ ဒါ လောက် ကြီးကြီးကျယ်ကျယ် ကြီး ဖြစ်သွားတာတောင် အမေက “ငတင်လေ၊ ငတင် ကြောင့်”နဲ့ ပြီးသွားတာ။

ဟုတ်တယ်။ ဒီလိုနဲ့ ကိုတင့် ကြောင့် ကျွန်တော်တို့ အိမ်ကလေး အိမ်တံခါး မရှိတာ တစ်လနှစ်လတောင် ကြာ သွားတယ်။ တံခါးမဲ့ အိမ်လေ။ လူမြင်မကောင်း၊ လူကြားမကောင်းလို့ ရပ်ကွက် ကလူတွေ အိမ်တံခါးကို သူ တို့ပဲ ပြန်တပ် ပေးပါရစေ ပြောတော့ အဖေက လက်မခံဘူး။ အဲသလို မေတ္တာနဲ့ တံခါးပြန် တပ်ပေးချင်သူတွေကို အဖေက ဒီလို ပြန်မေးသေးတာ။

“ဇရပ်ကို တံခါး တပ်တယ်လို့ မင်းတို့ ကြားဖူး လား”

ကျွန်တော်ကတော့ အဖေ ပြောတဲ့ ဇရပ်တံခါး တပ်တာ မတပ်တာထက် ကျွန်တော်တို့ အိမ်ကိုတော့ တံခါး တပ်စေချင်တာပေါ့။ ကျွန်တော်တို့ အိမ်ဆိုတာကလည်း အဲသလို တံခါး မရှိတဲ့ နေ့ကစပြီး တိတ်ဆိတ်သွား လိုက်တာ မပြောပါနဲ့တော့။ အဖေ့ဆီက ကြားနေကျ အသံ တွေလည်း မကြားရတော့ပါ ဘူး။ ကျွန်တော့် အစ်ကိုကြီး ကိုတင်ဆိုတာကလည်း အဲဒီ နေ့ညက စပြီး ပျောက်ခြင်း မလှ ပျောက်သွားလိုက်တာ ပေါ်ကို မလာတော့ဘူး။ အမေက သူ့သားကြီးကို စုံ စမ်းရှာပါသေးတယ်။ အစ အနတောင် မတွေ့ရတော့ ဘူး။ ပထမတော့ ကိုတင်  အဝေးကြီးကို ခရီးထွက်သွား သလိုလို၊ ဘာလိုလို။ ဒီလို နဲ့ ရက်ကို လစား၊ လကိုနှစ် စားနဲ့ ကာလ ရှည်လာတော့ ကိုတင် အဝေးမှာ ကွယ်လွန် သွားသလိုလို သတင်းတွေ ကြားလာရတယ်။အတည်ပြု ရလောက်အောင် ခိုင်မာတဲ့ သတင်းမျိုးတော့ မဟုတ်ပါဘူး။

အခုတော့ အဖေလည်း အိမ်တံခါးရွက်တွေကို သူ့ဘာ သာ စိတ်လိုလက်ရနဲ့ ပြန်တပ် လို့ ပြီးပါပြီ။
အဲသလို အိမ်ကို တံခါး ရွက်တွေ ပြန်တပ်ပြီးမှ အမေက အဲဒီနေ့ည အကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ အမေပြောတဲ့ သူ့သား လူဆိုးကြီး အကြောင်းတွေက တော့ စုံနေတာပါပဲ။ ငတင် အရက်ကို တစ်နေကုန်သောက် တဲ့အကြောင်း၊ ငတင်က အရက်မူးရင် ဖအေကိုလည်း မလေးမခံ့လုပ်တတ်တဲ့ အကြောင်း၊ ရပ်ကွက်ထဲက လူတွေနဲ့လည်း မကြာခဏ ရန်ဖြစ်တတ်ကြောင်း၊ သူ့ အပေါ်မှာ အလွန့်ကို အနွံတာ ခံပြီး သူ့ကို မကြာခဏအရက် တိုက်လေ့ရှိတဲ့ သူ့အချစ်ဆုံး သူငယ်ချင်း ကျောက်ဒိုးနဲ့တောင် ရန်ဖြစ်ဖူးကြောင်း၊ ကျောက်ဒိုးက  အရက်သမား ဖြစ်ပေမဲ့ ငတင်လို ရမ်းရမ်း ကားကား မဟုတ်ကြောင်း၊ ဖအေကလည်း အရက် သောက်ရင် အလွန်အကျွံ မသောက်ဖို့နဲ့ ညကိုးနာရီအမီ အိမ်ပြန်အိပ်ဖို့ သတ်မှတ်ပေး ထားကြောင်း၊ ငတင်ကလည်း ဖအေထုတ်တဲ့ စည်းကမ်းကို သုံးရက်လောက်သာ လိုက်နာ ပြီး နောက်နေ့တွေမှာ သူ ပြန် ချင်တဲ့ အချိန်ကျမှ ပြန်လာ တတ်ကြောင်း၊ အချိန်လွန်မှ ပြန်လာရင်လည်း များသော အားဖြင့် ကျောက်ဒိုးနဲ့ ပြန်လာ တတ်ကြောင်း၊ ကျောက်ဒိုးက သီချင်းတအေးအေးနဲ့ ပြန် လာတတ်တာမို့ သီချင်းသံနဲ့ အတူ ငတင်ပါလာမလား ဆို ပြီး အဖေ မသိအောင် အမေ က တံခါး ထဖွင့်ပေးရတဲ့ အကြောင်း၊ ကျောက်ဒိုးက တော့ အမေတစ်ခု သားတစ်ခုမို့ ကြောက်ရသူမရှိဘဲ ရဲရဲ လာ ရဲရဲပြန်လို့ရပေမဲ့ ငတင် ကတော့ အချိန်လွန်ရင် ခပ် ကုပ်ကုပ်သာ ပြန်လာတတ် ကြောင်း၊ ပြဿနာဖြစ်တဲ့ည ကလည်း ကျောက်ဒိုး သီချင်းသံလေး ငြိမ်သွား တော့ ငတင်ရဲ့ “အမေ့... အမေ့...”ဆိုတဲ့ ခပ်တိုးတိုး နှိုးသံလေး ပေါ်လာကြောင်း၊ အမေက ခြေဖွဖွနင်းပြီး တံခါးကို အသာ ထဖွင့်ပေးကြောင်း၊ ဒါကို အဖေ သိသွားပြီး ၀ုန်းဒိုင်းကြဲတော့ ကြောင်း၊ အဲဒီညမှာပဲ အဖေ က တံခါးရွက်တွေ ရိုက်ဖြုတ်ပြီး တံခါးချပ်တွေ လမ်းပေါ် လွှင့်ပစ်လိုက်ကြောင်း... ကြောင်း... ကြောင်း...။

အမှန်တော့ ဒါတွေက ကြာခဲ့ပါပြီ။ ကိုတင်လည်း စုပ်စမြုပ်စပျောက်သွားလိုက် တာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုတင့်ကို လွမ်းတယ်။ ကိုတင်က သူ ကိုယ်တိုင်သာ မကောင်းတာ။ သူ့ညီကလေးဖြစ်တဲ့ ကျွန်တော့် ကိုတော့ ချစ်ရှာတယ်။ သူ့လို မဖြစ်ဖို့ ဆုံးမပဲ့ပြင်တာတွေ လုပ်တာကိုလည်း ကျွန်တော် မှတ်မိနေတယ်။ ကျွန်တော့်ကို တောက်တိုမည်ရတွေ ခိုင်း တတ်ပေမဲ့ အရက်ဝယ်ခိုင်း တာမျိုးတော့ ကိုတင်က မခိုင်းပါဘူး။ ဒါကြောင့် ကိုတင်ကို အမေက ကျွန်တော့် ထက်ပိုပြီး ချစ်တာတွေကို လည်း ကျွန်တော် သ၀န်မတို မိပါဘူး။ ကိုတင့်ကို သနားတယ်။ တခြား အမေတွေဆိုရင် သားအထွေးဆုံး၊ အငယ် ဆုံးကိုမှ ပိုချစ်ကြတာ မဟုတ်လား။ ကိုတင့်မှာက ချစ်မယ့် သူဆိုလို့ ဒီအမေပဲ ရှိတာလေ။ အဖေကလည်း ကိုတင့်ကို မုန်းတယ်။

အရပ်ထဲက လူ တွေကလည်း ကိုတင့်ကို မုန်းတယ်။ အဖေ အိမ်တံခါး ရွက်မဖျက်ခင် နှစ်ရက်သုံး ရက်လောက်က အဖေနဲ့ အမေ အော်ကြီးဟစ်ကျယ် ရန်ဖြစ် ကြတာ ကျွန်တော် မှတ်မိတယ်။ ရန်ဖြစ်ရတဲ့အကြောင်း ရင်းက တခြားမဟုတ်ပါဘူး။ ကြက်သားပြုတ်ကြော် ဟင်းထဲ ခွေးတောက်ရွက် ထည့်ပြီး ချက်ထားလို့ပါ။ အဲဒီခွေး တောက်ရွက်ထည့်တာကို အဖေက အရက်သမား အား ပေးတယ်။ အရက်ချိုး ကျပြီး ပိုသောက်အောင် လုပ်တယ် ပြောပြီး စကားများကြတာ ပါ။ အဖေက ခွေးတောက် ရွက်မကြိုက်ဘူး။

ကျွန်တော်က ဒီကိစ္စကို အမေ့ မေးကြည့်တော့လည်း အမေက ရိုးရိုးသားသားပဲ အမှန်အတိုင်း ပြောရှာပါ တယ်။ ခွေးတောက်ရွက် ဘာလို့ထည့်တာလဲ ဆိုတဲ့ ကျွန်တော့်အမေးအပေါ်ကို လည်း အမေက စကားလုံး သုံးလုံးတည်းနဲ့ ပြည့်စုံအောင် ဖြေပါတယ်။

“ငတင်ကြောင့်...”

(နှစ်)
မရဏသီချင်း ညင်းလေမြူးသလို
အမေ့မှာက လူတကာ ထက်ပိုတဲ့ အလွန်အကျွံ ဖြစ်တာကြီး နှစ်ခုရှိတယ်။ အမေ သူ့သား ကိုတင် အလွန်အကျွံ ချစ်တာတွေကိုတော့ ပြောပြီး ခဲ့ပြီးပါပြီ။ အမေက သူ့သား ကြီးကို အမေတကာထက် ပိုချစ်တာ။

ဒါ့အပြင် နောက်ထပ် လူတကာထက်ပိုပြီး အလွန် အကျွံဖြစ်တဲ့ ကိစ္စ တစ်ခုရှိ သေးတယ်။ အဲဒါက တစ္ဆေ သရဲဆိုရင် အလွန်အကျွံ ကြောက်ရွံ့တဲ့ကိစ္စမှာ။ အမေ အသက်ခြောက်ဆယ်ကျော်တဲ့ အထိ သင်္ချိုင်းဆိုတာကို တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ပြီးတော့ ဘယ်အသုဘအိမ် မှာလည်း အသုဘရှု မသွား ဘူး။ ကုန်ကုန် ပြောရရင် အရပ်ထဲမှာ အသုဘအိမ် ရှိရင် သွားစရာ ရှိတာတေင် အသုဘ အိမ်ကို ရှောင်ကွင်းပြီး သွား တယ်။ ကိုယ့်အိမ်နီးချင်း အိမ် မှာ အသုဘ ရှိတယ်ဆိုရင် အမေက ကိုယ့်အိမ်မှာတောင် ကိုယ် အိပ်ရဲသူ မဟုတ်ရှာ။ သူ့ဆွေမျိုး နီးစပ်အိမ်တွေ  ပြောင်းအိပ်တာ။ အမေ အဲသလောက် ကြောက်တတ် ရှာတာလေ။ တစ္ဆေသရဲနှင့် အသုဘမျိုးစုံ အမေ အကုန် ကြောက်တယ်။

အဲ...အဲသလို ကြောက်တာတွေထဲမှာ အမေက အခုတော့ ကျောက်ဒိုးကို အကြောက်ဆုံး။ အခုတော့ ကျောက်ဒိုးကို အကြောက် ဆုံး။ ကျောက်ဒိုးကို အကြောက်ဆုံးဆိုလို့ ကျောက်ဒိုးက သရဲတစ္ဆေလားဆိုတော့ မဟုတ်ပါဘူး။ ကျောက်ဒိုး က အမေ့သား ကိုတင်ရဲ့ သောက်ဖော်သောက်ဖက် အရက်သမား တစ်ဦးပါ။ ကျောက်ဒိုးက မသေသေး ဘူး။ အရှင်လတ်လတ်ကြီး ပါ။ ဒါကိုပဲ အမေက ကျောက်ဒိုးကို သရဲတစ္ဆေ ထက် ပိုကြောက်နေတယ်။ အမှန်တော့ ကျောက်ဒိုးကို ကြောက်တာ အမေတစ် ယောက်တည်းတော့ မဟုတ် ပါဘူး။ ရပ်ကွက်ထဲက သရဲ တစ္ဆေကြောက်တတ်ကြတဲ့ လူတော်တော်များများက ကြောက်ကြတာ။ အခုဆို ညမိုးချုပ်ချုပ်များ ရပ်ကွက် ထဲ ကျောက်ဒိုး သီချင်းဆိုပြီး မူးဝင်လာပြီဆိုရင် အမေ အပါအ၀င်ကြောက်တတ်လန့် တတ်သူတွေအားလုံး ထိတ် ထိတ်လန့်လန့်နဲ့ ငြိမ်ကုပ်ကုန် ကြရတာ။

အင်း...ကျောက်ဒိုး အကြောင်းကို နည်းနည်း တော့ ပြောရဦးမယ်။ ကျောက်ဒိုးက လူပျိုကြီး။ အလုပ်က ဖိနပ်သဲကြိုးချုပ် တာ။ ကျောက်ဒိုးအသက်က ကျွန်တော့်အစ်ကို ကိုတင်နဲ့ ရွယ်တူ။ လူပျိုကြီး ကိုတင် နဲ့ သူ့အမေ အပြန်အလှန်အဖြစ် သည်းကြသလို လူပျိုကြီး ကျောက်ဒိုးနဲ့ သူ့အမေက လည်း အပြန်အလှန် အဖြစ် သည်းသည်းကြီး ချစ်ကြ တာ။ ရပ်ကွက်ထဲကလည်း ဒီသားအမိ အတွဲ နှစ်တွဲကို “စံချိန်လွန် ချစ်မြားရှင်တွေ” အဖြစ် အသိအမှတ်ပြုထားကြ ရတာ။

ပြောရဦးမယ်။ ကျောက် ဒိုးက ခွေးအလွန်ချစ်တတ် တယ်။ ညမိုးချုပ် ကျောက်ဒိုး မူးပြီး သီချင်းဆိုပြန်လာရင် သူ့နောက်မှာ ခွေးတစီစီနဲ့ပေါ့။ ကျောက်ဒိုး ဘယ်အချိန် ပြန် လာလာ၊ သူ့လက်ထဲမှာ သူ့ အမေကြိုက်တဲ့ လက်ဖက် ရည်ထုပ်ကလေးနဲ့ ခွေးတွေ ကျွေးဖို့ စားစရာတစ်ခုခု အမြဲ ပါလာတတ်တာကိုး။ ဒီတော့ ခွေးတွေကလည်း  ကျောက် ဒိုးမို့ သီချင်းဆိုလာပြီဆိုရင် တစ်ရပ်ကွက်လုံးက ခွေးတွေ ၀ိုင်းအူကြတာပေါ့။ သူက ခွေးတွေကို အရက်ဆိုင်က ၀ယ်လာတဲ့ အမြည်းတွေ ချ ကျွေးဆိုတော့ ခွေးနဲ့လူနဲ့ဆို တာ လုံးထွေးနေကြတာလေ။ အဲသလို ခွေးတွေနဲ့ လုံးရင်း ထွေးရင်းကပဲ သီချင်းလေး ဆိုလိုက်၊ “အမေရေ သား ပြန် လာပြီ”လို့ အော်လိုက်နဲ့ပေါ့။ လူကတော့ မဟန်နိုင်လောက် အောင် အမြဲယိုင်ရွဲနေတာလေ။ သူ အဲသလို ခွေးအုပ်ကြီးထဲ လုံးထွေးပြီး လဲကျသွားရင် လည်း သူ့အမေအတွက် လက် ဖက်ရည်ထုပ်ကတော့ ဘယ် တော့မှ ကွဲထွက်မသွားဘူး။

အဲ... ကျောက်ဒိုးအမြဲ ဆိုတဲ့ သီချင်းကိုလည်း ရပ်ကွက်ထဲက နာမည်ပေးထား တာ ရှိတယ်။ ရပ်ကွက်က ပေးတဲ့နာမည်က “ရွက်ဝါကြွေ”တဲ့။ အလွယ် ခေါ်ကြတာပါ။ သီချင်းနာမည်အမှန် က “မုန်းရစ်လေဦး” ဆိုလား ဘာလားပါ။ ကျွန်တော်လည်း အသေအချာတော့ မသိဘူး။ ညအချိန်မတော် ကျောက်ဒိုးက-

ရွက်ဝါကြွေxxx နွေဦး xxx ညင်းလေမြူးသလို ပါပဲxxx မပျော်နိုင်ဘူး သက် လျာxxx
အဲဒီသီချင်းကို ကျောက်ဒိုး ဟဲလိုက်ရင် အစ ကတော့ လူတွေက သိပ် သဘောကျကြတာ။ လူပျို ကြီးလည်း ဖြစ်တယ်၊ ဆိုပုံက လည်း ချွဲပျစ်ပျစ် ဆွဲဆွဲငင်ငင် ရှိလှတာမို့ အဆွေးဓာတ်ခံရှိ သူတွေအဖို့ အင်မတန် ခံစား လို့ကောင်းတဲ့ အသံနဲ့ သီချင်း ပါပဲ။ သူကလည်း ဒီ ရွက်ဝါ ကြွေ တစ်ပုဒ်တည်းပဲ ရတာနဲ့ တူပါတယ်။

မည်သို့ပင်ဖြစ်စေ “လူ တွေကြိုက်တဲ့ ဒီရွက်ဝါကြွေ” ဟာ အခုတော့ “လူတွေ ကြောက်တဲ့ ရွက်ဝါကြွေ” အဖြစ် သီချင်းတစ်ပုဒ်ရဲ့ဘ၀ဟာ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
ဒီလို သီချင်းတစ်ပုဒ် တမျှဉ်းမျှဉ်း ဘ၀ပြောင်းလဲ သွားခြင်းမျိုး မဟုတ်ဘဲ တမံ တုတ်မရအောင် ဗြုန်းစားကြီး ပြောင်းလဲသွားတာကလည်း ကျောက်ဒိုးအမေဆုံးလို့ မြေ ချတဲ့နေ့က စလိုက်တာပါပဲ။

ကျောက်ဒိုးတို့က အမေ တစ်ခုသားတစ်ခုလည်း ဖြစ်။ ပြီးတော့ လူပျိုကြီးကလည်း ဖြစ်ပြန်ဆိုတော့ ကျောက်ဒိုး အရမ်းခံစားရတယ်။ ဘ၀ တစ်ခုလုံး ပြန်ဆက်လို့ မရအောင် အစိတ်စိတ် အမြွှာမြွှာ မွစာကြဲသလိုထိ ကျောက်ဒိုး ခံစားလိုက်ရတယ်။ ကျောက် ဒိုးခမျာ စိတ်ဆိုလည်း စိတ်အမှုန် စိတ်အမှုန့်တွေနဲ့။ အသည်းဆိုရင်လည်း အသည်း အမှုန်၊ အသည်းအမှုန့်တွေနဲ့။ ကျောက်ဒိုး ဘာလုပ်ရမှန်း မသိတော့ဘူး။ လူတွေက “မင်းအမေ ၀ိညာဉ်ပြန်ခေါ်ဖို့ သစ်ခက်တစ်ခက်ချိုးခဲ့”ပြော တော့လည်း ကျောက်ဒိုး သင်္ချိုင်းက သစ်ခက်တစ်ခက် ချိုးခဲ့တာပါပဲ။ လူတွေက “အဲ ဒီသစ်ခက် မင်းအမေ ရက်လည်ပြီးရင် သင်္ချိုင်း ပြန်ပို့ရ မယ်” ပြောတော့လည်း ကျောက်ဒိုးက “ဟုတ်ကဲ့” ဆိုပြီး ပြောလိုက်တာပါပဲ။

ရွက်ဝါကြွေ သီချင်း ဘ၀ ပြောင်းလဲ သွားတာ လဲ ဒီသစ်ခက်ကြောင့်ပဲ ဖြစ် ပါတယ်။
ကျောက်ဒိုးက သူ့အမေ ၀ိညာဉ် ပူးကပ်နေတယ်ဆိုတဲ့ သစ်ခက်ကလေးကို သူက ကိုယ်နှင့်မကွာ ထားတော့ တာ။ ရက်လည်ပြီးလည်း သစ်ခက်ကို သင်္ချိုင်းပြန်မပို့ တော့ဘူး။ အမေ့ကို ငါ့ဆီမှာ ပဲ ထားမယ်ဆိုပြီး သင်္ချိုင်းပြန် မပို့တော့တာပါ။ သူ ဘယ် သွားသွား သစ်ခက်ကလေး ပါတယ်။ အရက်ဆိုင်သွား လည်း သစ်ခက်ကလေးပါ တာပဲ။ ကြာတော့ ရပ်ကွက် ထဲ ကြောက်တဲ့လူတွေ၊ အယူ သီးတဲ့လူတွေ၊ ကလေးသူ ငယ်တွေက ဒီသစ်ခက်ကို လန့်ကုန်ကြတယ်လေ။ ဒီသစ် ခက် ညအချိန်မတော် ရပ် ကွက်ထဲ ၀င်လာတော့မယ်ဆို ရင်လည်း ရှေ့ပြေးသီချင်းက ရွက်ဝါကြွေပဲလေ။ သူ ရွက် ၀ါကြွေလို့ အော်လိုက်တာနဲ့ ခွေးတွေကလည်း ၀ိုင်းအူ တော့တာပါပဲ။ ကြောက် တတ်လူတွေကလည်း “ရွက် ၀ါကြွေလာပြီ၊ ရွက်ဝါကြွေ လာပြီ”ဆိုပြီး အိမ်တံခါးတွေ  ဆွဲပိတ်သူပိတ်။ ကြောက်တတ်တဲ့ ကလေးတွေကလည်း “အမေရေ...ရွက်ဝါကြွေ လာပြီ”ဆိုပြီး ဖအေမအေ ပြေးဖက်သူက ဖက်၊ လည်ပင်း တွယ်တက်သူကတက်။ ရွက် ၀ါကြွေကို အဲသလောက် ကြောက်ကြတာ။

ရွက်ဝါကြွေကို ကြောက်တဲ့ လူတွေထဲမှာ ကျွန်တော့် အမေက ထိပ်ဆုံးကပေါ့။ ညည အမေ မအိပ်ရဲပါဘူးဆို။ အချိန်မတော်ရင် လာပြီ ရွက်ဝါကြွေ။ ခွေးအူသံ တစီစီနဲ့။ ပိုဆိုးတာက ကျောက်ဒိုး တို့အိမ်က ကျွန်တော်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်။ ကျောက်ဒိုးတို့ အိမ်ရှေ့က ဓာတ်မီးတိုင် ကလေးကတော့ အမှောင်ထဲ မှာ ခပ်မှုန်မှုန်လေး လင်းနေ  တတ်ပါတယ်။ ကျောက်ဒိုး ဟာ အဲဒီဓာတ်တိုင်အောက်မှာ တစ်ညလုံး သူ့အမေနဲ့ စကား တွေပြောလိုက်၊ သီချင်းတွေ ဆိုလို့ဆို၊ ငိုလို့ငိုတွေနဲ့ပေါ့။ ဒီအထဲမှာ ကျွန်တော့်အမေ အတွက် ပိုပြီး ကြောက်စရာ ဖြစ်စေတာက ကျောက်ဒိုးရဲ့ လက်ဖက်ရည်ပါဆယ်ထုပ် ပေါ့။ ကျောက်ဒိုးကလည်း သူ့အမေ သေတာတောင် သူ့ အမေ့သောက်ဖို့ လက်ဖက်ရည်က ၀ယ်မြဲ ၀ယ်လာနေလို့ပါ။ သစ်ခက်ကလေးနဲ့ ဓာတ် တိုင်ကို တဖြန်းဖြန်းရိုက်ရင်း...

“အမေရေ... လက်ဖက်ရည်သောက် ထပါဦး လား၊ ဖိနပ်သဲကြိုး ရောင်းမကောင်းပေမဲ့ အမေ့အတွက် လက်ဖက်ရည်တော့ ပါလာပါတယ် အမေ...”
ကျောက်ဒိုးဆီက ဒီလို အသံမျိုးလည်း ထွက်တတ် တယ်။ ဒီလိုအသံမျိုးတွေ ကြောင့် အမေနဲ့ ကြောက် တတ်သူတွေက ကျောက်ဒိုးရဲ့ အမေ သရဲဘ၀နဲ့ တကယ်ပြန် ရောက်လာတယ်လို့ ထင် ကြောက်ကြတာ။ ဒီလို အမေ နဲ့ မျက်နှာချင်းဆိုင် စကား ပြောသလိုတွေလုပ်ပြီး အားရ တော့ ကျောက်ဒိုး အိပ်သွား ပြီလို့ မထင်နဲ့။ ပြန်ပြီး လာပြန် ကရော...။

xxxရွက်ဝါကြွေxxx နွေဦးxxxညင်းလေမြူးသလို ပါပဲxxxမပျော်နိုင်ဘူး သက် လျာxxx
ဒီလိုမျိုးတွေနဲ့ ကျောက် ဒိုး ဘယ်အချိန်အိမ်ထဲဝင် အိပ်ပျော် သွားသလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ကျောက်ဒိုးကလည်း သူ့အမေ ကွယ်လွန်ပြီးသွားတာတောင် အမေ သောက်ဖို့ လက်ဖက် ရည် ပါဆယ်ဆွဲတုန်း။ ၀တ်မပျက်ဘူး။ ခွေးတွေကလည်း အူဆဲ။ ရွက်ဝါကြွေကလည်း ကြွေဆဲ။

ဒီလိုနဲ့ ကျောက်ဒိုးအမေ သေပြီး ရက်နှစ်ဆယ်လောက် အရမှာ ကျွန်တော်တို့ အရပ် ထဲ ကျွန်တော့်အစ်ကို ကိုတင် ပြန်ရောက်လာပြီ ဆိုတဲ့ သတင်းရပ်ကွက်ထဲမှာ တစ်မု ဟုတ်ချင်း ပျံ့နှံ့သွားတယ်။ အမေဆိုတာလည်း အကြောက် ပျောက်ပြီး “ငတင် ငတင်” ပြန်ဖြစ်လာပြီလေ။ ဒါပေမဲ့ ကိုတင်က ကျွန်တော်တို့အိမ် ကို လာရဲရှာတာ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ ရပ်ကွက် ထိပ်က အရက်ဆိုင်မှာ နေတာလို့ သိရတယ်။ နောက် ထပ်ကြားရတဲ့ သတင်းက ကိုတင်တစ်ယောက် အတော် ကို မကျန်းမမာနဲ့ ပြန်ရောက် လာတယ်ဆိုတာပါပဲ။ အဖေ က အိမ်တံခါးတွေ ဖျက်ပြီး လွှင့်ပစ်ပြီးကတည်းက ကို တင် ထွက်သွားလိုက်တာ၊  အခုဆို အတော်ကြာသွားခဲ့ပြီ ပေါ့။ အရက်ဆိုင်ကလည်း ကိုတင်ကို သူ့ဖောက်သည် ဟောင်းကြီးဖြစ်လို့ ကိုတင် ကို ပြန်စောင့်ရှောက်တဲ့သ ဘောပါ။ အဲသလို ကိုတင် မကျန်းမမာနဲ့ အရက်ဆိုင် ပြန် ရောက်နေတယ်ဆိုတော့ အမေက ဘာလုပ်တယ်မှတ် သလဲ။

ကျွန်တော့်ကိုခေါ်ပြီး “ငါ့သား မင်း မင်းအဖေနဲ့ သွားအိပ်”လို့ပြောပြီး ကိုတင် ရှိတဲ့ အရက်ဆိုင်ကို အိပ်ရာ လိပ်ကလေးရွက်ပြီး ထွက် သွားတော့တာပါပဲ။ အမှန် တော့ ကိုတင်နဲ့ ကျွန်တော်က ညီအစ်ကိုဆိုပေမဲ့ ကြားမှာ ညီ အစ်ကို မောင်နှမ သုံးယောက် ခြားပါတယ်။ အဲ ခြားတဲ့သုံး ယောက်က အိမ်ထောင်ခွဲ အိမ်ခွဲသွားကြလို့ ကျွန်တော် နဲ့ ကိုတင်သာ ကျန်ခဲ့တာ။ အရက်ဆိုင်ကလည်း ကိုတင် နဲ့ ကျွန်တော့်အမေအပေါ် ဘယ်လောက်ကောင်းသလဲဆို ရင် အမေတို့သားအမိ နေဖို့ သူ့အရက်ဆိုင်ကို အဖီကလေး ချပေးထားသေးတာ။ အဖီချ တယ်ဆိုတာ ဆွယ်ချထား တာကို ပြောတာပါ။ ဆွယ်ချ တယ်ဆိုတာ မူလအိမ်ကို မြှောင်ပြီး တစ်ဖက်ရပ် သဘော ဆောက်ထားတာကို ခေါ်တာ။ အဲဒီအဆွယ်လေး ထဲမှာ အမေက နာမကျန်းသူ သူ့သားကို ချက်ပြုတ်ကျွေးပြု စုပေါ့။ အရက်ကြိုက်တဲ့ သား အတွက် သားအမိနှစ်ယောက် အရက်ဆိုင်ကို အိမ်လုပ်နေ ကြတာလေ။ အရက်ဆိုင်ကို အိမ်လုပ်သောက် ဆိုတာ အဖေ့စကားပါ။ အဖေက ဟို တုန်းက ကိုတင်ကို “ငတင် မင်း အိမ်ပြန်မလာနဲ့၊ အရက် ဆိုင်သာ အိမ်လုပ်သောက်”လို့ ဆိုဖူးတာကို ကျွန်တော် မှတ်မိနေတယ်။ အခုတော့ ကိုတင်သာမက အမေကပါ သူ့သားနဲ့ လိုက်ပြီး အရက်ဆိုင် အိမ်လုပ်နေကြပြီလေ။

ဒါပေမဲ့ ကိုတင်တို့သား အမိ အရက်ဆိုင်ကို အိမ် အကြာကြီး အိမ်မလုပ်လိုက် ရတော့ပါဘူး။ အရက်ဆိုင် အိမ်မှာ ဆယ်ရက်ကျော်ကျော် အိမ်သားလုပ်ပြီး ကိုတင် ဆုံး ပါတယ်။ ကျွန်တော်ဖြင့် ကို တင်ရော အမေ့ကိုပါ သနား လိုက်တာလေ။ အရက်ဆိုင် ကလည်း ကိုယ့်အိမ်ထဲ အသု ဘပြင်ပြီး ထားပေးဖို့ အထိ တော့ သဘောမကောင်းဘူး ပေါ့။ ဒီတော့ ရပ်ကွက်လူ ကြီးတွေနဲ့အတူ ကိုတင့် အလောင်းကို ရပ်ကွက်ထိပ် က ကင်းတဲလေး ရွှေ့ပြီး ပြင် ထားရတယ်။ ကိုတင့်ရုပ်က လာပ်ကို အိမ်ယူဖို့ အဖေ့ကို ဘယ်သူမှ မပြောရဲကြဘူး။  ဒါနဲ့ ကျွန်တော်လည်း ဒီကိစ္စ  အဖေ့ကို ပြောစမ်းကြည့်မယ် လို့ စိတ်ကူးတယ်။ အမေက ကိုတင့်အချစ်ဆုံးဖြစ်ပေမဲ့ အဖေက ကျွန်တော့်အချစ်ဆုံး ဆိုတာ ကျွန်တော် နားလည် တယ်။ ဒါကြောင့် အဖေ့ကို ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ မပြောခင်မှာ စိတ်ကြိုက် စကားတွေ ကျွန်တော် တွေး ရွေးတယ်။ အဲ စကားတွေထဲ မှာ “အဖေ့ကို ကျွန်တော် ဘာမှ မတောင်းဆိုခဲ့ဘူး”ဆိုတာ ပါတယ်။ “အိမ်အလုပ်တွေ ကူလုပ်ပါ့မယ်”ဆိုတာတွေ ပါတယ်။

အထူးသဖြင့် “ကျောင်း စာကိုလည်း အခုထက် ပိုကြိုး  ပါမယ်လို့ ကတိပေးပါတယ်” ဆိုတာတွေ ပါတယ်။ ဒီ စကားလုံးတွေ အကုန်လုံးကို ကျွန်တော် အဖေ့ခြေထောက် ကိုင်ပြောတယ်။ ကျွန်တော် ဒီလိုတွေ ပြောနေပေမဲ့ ဟီး ခနဲ ဟင်းခနဲ နေအောင် တစ် ချက်မှ အသံထွက် မငိုဘူး။ ဒါ ပေမဲ့ ကျွန်တော့်မျက်လုံးက သွန်ချနေတဲ့ မျက်ရည်ထဲမှာတော့ ကျွန်တော့်ပါးက နစ် နေတယ်။ ဒီတော့ အဖေက ကျွန်တော့်ခေါင်းကို လက်နဲ့ ပွတ်ရင်း ပြောတယ်။

“ငါ့သား မင်းသဘော အတိုင်းလုပ်၊ ငတင် အခု ငါ့ကို မဆဲတော့ဘူး၊ ဒီ ကောင် လူကောင်းဖြစ်သွားပြီ”

ဒီလိုနဲ့ ကိုတင့် ရုပ်ကလာပ် ကျွန်တော်တို့အိမ် ရောက်လာတယ်။ အမေဆို တာ ကျွန်တော့်ပါးကို နမ်း လိုက်တာ တအားပဲ။ ကျွန်တော့်မှာ “ငတင် အသေး လေး”ကိုဖြစ်လို့။“ငတင် သေးသေးလေး”ကို ဖြစ်လို့။
ကိုတင့်ရုပ်ကလာပ်ကို တော့ ရေမိုးချိုး ပေးပြီး ဆုံး တဲ့နေ့မှာပဲ ကျွန်တော်တို့ သင်္ဂြိုဟ်လိုက်ကြတယ်။ ထုံး စံအတိုင်း ကိုတင့် အသုဘမှာ တော့ “အခြားငတင်တွေ” အများကြီးနဲ့ စည်ကားတို့ ပေါ့။ အခြား ငတင်တွေက လည်း မျက်ရည်ဆိုတာ ဖွယ်ဖွယ်ရာရာတွေချည်းပါ။ သူ တို့ရဲ့ခံစားမှုဆိုင်ရာ စကား လုံးတွေဆို တင်းကြမ်း။ ကျောက်ဒိုးကလည်း ဘာမှ မဆိုင်ဘဲ ၀င်ပြီး “ရွက်ဝါ ကြွေ”လုပ်လိုက်သေးတာ။

ဘာပဲဖြစ်ဖြစ် ကိုတင်က တော့ အဖေရယ်၊ ကျွန်တော် ရယ် သူ သိပ်ချစ်တဲ့အမေ ရယ်ကို ထားပြီး ပြန်မလာ တော့မယ့်ခရီးရှည်ကြီးကို ထွက်ခွာသွားပါပြီ။ သူ သေ တုန်းက သူနဲ့အတူ လိုက် သေကြမယ်ဆိုတဲ့ အခြား ငတင်တွေကိုလည်း ကိုတင် က ထားခဲ့ပါပြီ။

ဘယ်သူတွေက ကိုတင် ပြန်မလာတော့ဘူး ထင်ထင်၊ အမေကတော့ သူ့သား ငတင် သူ့ဆီ ပြန်လာဦးမယ်လို့ ထင် နေရှာတုန်းသာ။ ဒီနေ့ ကိုတင့် ရုပ်ကလာပ်မြေချတဲ့နေ့ဆို တော့ ကျွန်တော့်အိမ်မှာ အရမ်းတိတ်ဆိတ်နေတယ်။ မိသားစုဝင်တွေကလည်း တစ်ယောက်ကိုတစ်ယောက် သိပ်စကားမပြောမိကြဘူး။ ကိုယ့်ခံစားမှုကိုယ် ငြိမ်သက် လို့ပေါ့။ အမေကတော့ အိမ် ရှေ့ကွပ်ပျစ်ကလေးပေါ်ထိုင် ရင်း ကိုတင်ပြန်လာနေကျ အရှေ့ဘက်က လမ်းကလေး ဆီကို ငေးလို့ပေါ့။ ညကိုးနာ ရီလောက်ရောက်တော့ အဖေ  က ၀င်အိပ်သွားပြီ။ အမေက ထိုင်ငေးနေတုန်း။ ကျွန်တော် က အမေ့ကို အိပ်ဖို့ပြောတဲ့ အခါ အမေ လက်မခံဘူး။ “ငတင် ပြန်လာချင်လာမှာ” လို့ ပြောတယ်။

ဆယ်နာရီ လောက်ကျတော့ ကျွန်တော် လှဲနေချင်တဲ့စိတ် ၀င်လာတယ်။ ဒါနဲ့ ထပ်ခိုးပေါ် တက်ပြီး လှဲနေလိုက်တယ်။ ထပ်ခိုးရဲ့ရှေ့မှာ သံဆန်ခါ ကာထားတာမို့ ကျွန်တော် လှဲနေတဲ့ နေရာကနေ အမေ့ ကို လှမ်းမြင်ရပါတယ်။ အမေ မတုန်မလှုပ်။ အမေ့ကို စိတ်မချလို့ ကျွန်တော်လည်း မအိပ်ဘဲ စောင့်ကြည့်နေ တယ်။ အရင်က အသုဘရှိ ရင် အရမ်းကြောက်တတ်တဲ့ အမေက အခု ဘာလို့သတ္တိရှိ နေတာပါလိမ့်။ အမေ့ကို ဒီမေးခွန်း ကျွန်တော်မေးရင် လည်း “ငတင်လေ...ငတင် ကြောင့်...”လို့ပဲ ဖြေမှာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော် မမေးတော့ပါဘူး။ ညဥ့်ကာလ ရင့်သည်ထက် ရင့်လာတာတောင် ကြောက် တတ်တဲ့အမေ၊ သတ္တိပြဆဲပါ ပဲ။ ကင်းတဲက ဆယ့်နှစ်နာ ရီခေါက်သံ။ အမေ ထိုင်နေ တုန်း။ ကင်းတဲနာရီပြန် တစ် ချက် ဒေါင်ခနဲ ခေါက်လိုက် သံ။ အမေ ငေးတုန်း။ အကြောက်တွေအပြင် နာရီ ခေါက်သံတွေ အားလုံးကိုပါ အမေ မေ့သွားပြီလား... ဟင်။ ကျွန်တော်က အဲသလို သာ မေးလိုက်ချင်တော့တာ။ ဟုတ်တယ်၊ ကျွန်တော် အဲသ လိုသာ အမေ့ကို မေးလိုက် ချင်တော့။ အမေ သဲ့သဲ့က လေး မဲ့မဲ့သာငေးတုန်း။

အဲသလို တွေးမိနေစဉ်မှာပဲ ရပ်ကွက် အရှေ့ထိပ်ဆီ က ခွေးအူသံကြီးတွေ ဆိုင်း မဆင့် ပျိုးမခံဘဲ ရုတ်တ ရက်ကြီး ကြက်သီးဖြန်းဖြန်း ထစဖွယ်ပေါ်လာတာကြောင့် ကျွန်တော့်ခန္ဓာကိုယ် တောင့် ခနဲဖြစ်၊ ခြေဖျားလက်ဖျား အေးစက်ကုန်တော့တာပါပဲ။ ကျွန်တော်ကြောက်လိုက်တာ။ စိုးရိမ်စိတ်နဲ့ အမေ့ကို လှမ်း ကြည့်လိုက်တော့ အမေ အေး အေးဆေးဆေး တွေးတွေးငေး ငေးနဲ့ အေး...ဆေး...တွေး ...ငေး...တွေမပျက်။ ဟင်း ကျွန်တော်ကဖြင့် ဒီခွေးအူသံ တွေကြောင့် အမေ့ ၀ိညာဉ်က အပြင်ဆောင့် ထွက်ဖို့ အမေ့ပါး စပ်ထဲတောင် အသင့် နေရာယူ ပြီးပြီလို့ ထင်နေတာ။ အမေ ဆိုတာ တစ်ချိန်ကတော့ “အကြောက်”ဆိုတဲ့ ထိုင်ခုံပေါ် မှာ “ထိုင်ခုံခါးပတ်”ပတ်ထိုင် ပြီး ကျကျနန ကြောက်ခဲ့တဲ့ အမေလေ။ အခုတော့ ဒါ လောက်ကြောက်စရာ ထိတ် လန့်စရာကောင်းလှတဲ့ ခွေးအူ သံတွေကိုတောင် အမေ မကြောက်တော့ပါကလား။ သြော် သားချစ်၊ သားချစ် ညအချိန်မတော် ခွေးအူသံတွေ ကတောင် အမေ့ဣရိယာပုတ် လှုပ်အောင်တောင် မတတ်နိုင် ရှာတော့ပါလား။ အမေ အာမေဋိတ်မဲ့လွန်းနေတယ်။  ကျွန်တော် ကိုယ်တိုင်လည်း မိခင်တွေရဲ့ မိခင်မေတ္တာ အထူးတလည် အံ့သြနေမိ။ အာမေဋိတ်တွေ ခုန်ပေါက် ရင်း။

ခဏကြာတော့ ခဏကြာတော့မှ ကျွန်တော်လည်း ဖြစ်ရပ်အမှန်နဲ့ နီးစပ်အောင် တွေးယူနိုင်တော့တယ်။
ဒါ ကိုကျောက်ဒိုး ပြန်လာတာ ဖြစ်ဖို့များတယ်။ ဒီ အသံတွေ ထွက်ပေါ်ရာအရပ်ကလည်း ကိုကျောက်ဒိုးနဲ့ သူ့ခွေးတွေ လုံးထွေးနေတဲ့ အရပ်က ထွက်နေတာ ဖြစ် မယ်။ ကိုကျောက်ဒိုး ပြန်လာ ရင် သူ့အမေ၀ိညာဉ် ပူးကပ်နေတယ်ဆိုတဲ့ သစ်ခက်က လေးကလည်း ပါလာဦးမယ်။ ပြီးတော့ ကိုကျောက် ဒိုးက သူ့အမေအတွက် လက် ဖက်ရည်ပါဆယ်တစ်ခွက် လည်း ပါလာဦးမယ်။ “အမေ လက်ဖက်ရည် ထသောက်ပါဦး လားဗျ”လို့လည်း   တစ်ရပ်ကွက်လုံးကြားအောင် အော်ဦးမယ်။

ဟုတ်တယ်၊ ဟုတ် တယ် ကျွန်တော် ထင်တာ ဟုတ်နေပြီ။ ခွေးအူသံတွေက ပိုပြီးနီးနီးကပ်လာ နေတယ်။ အမေကလည်း အခုထိ ထိုင် တုန်း။ ခဏကြာတော့ ခွေးအူ သံတွေ ငြိမ်သက်ပြီး လူသံ သူသံကို စကြားရတယ်။ ကြားရတဲ့အသံက သံစဉ် လေးတစ်ခု အသံထစ်ထစ်ကလေးနဲ့...
“ရွက်...ရွက်
.............
ရွက်..၀ါ..ကြွေ..”

ကိုငြိမ်း၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)