Written by သင်းပပ
Friday, 29 June 2012 13:10
ခေတ်ရဲ့တောင်းဆိုမှု၊ ပရိသတ်ရဲ့တောင်းဆိုမှုနဲ့ မိမိရဲ့ အနုပညာတွေကို အားပါးတရ ပြခွင့်ရတဲ့ သူက ဘန်နီဖြိုးပါ။
argaiv1907
ယနေ့ခေတ် Hip Hop အဆိုရှင်တွေ ဖန်တီးလေ့ ရှိတဲ့ Underground ခွေတွေ ဖန်တီးရင်း Hip Hop Show တွေမှာ ပါဝင် သီဆိုရင်း ပရိသတ် အားပေးမှု ရရှိခဲ့ပြီး ချစ်တယ်ဟုတ် ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးခွေကိုလည်း Audio CD အနေနဲ့ ပရိ သတ်တွေဆီ ပေးပို့ နိုင်ခဲ့ပါပြီ။ လူငယ် အဆိုရှင် ဘန်နီဖြိုးကို ရွှေအမြုတေ ဂီတ ကဏ္ဍအတွက် ဆရာဦးဝင်း ငြိမ်းက ဇူလိုင်လကို ရွေးချယ် ပေးပါတယ်။ ထူးခြားတဲ့ တိုက်ဆိုင်မှုကတော့ ဆရာ ဦးဝင်းငြိမ်းက ရွှေအမြုတေ မျက်နှာဖုံးနဲ့ အနုပညာ ကဏ္ဍတွေ အတွက် ရွေးချယ်ပေးရာမှာ အနုပညာရှင် တချို့ရဲ့ မွေးလကို ကြိုသိထားပြီး အဲဒီ လတွေမှာ မွေးနေ့လက်ဆောင် အဖြစ် ထည့်ပေးတတ်ပါ တယ်။ ဒါပေမဲ့ လူငယ်အဆို ရှင် ဘန်နီဖြိုးရဲ့ မွေးလကို တော့ ဆရာဦးဝင်းငြိမ်း ကိုယ်တိုင်လည်း မသိထားခဲ့ သလို အင်တာဗျူးမယ့် ကျွန်မ ကိုယ်တိုင်လည်း မသိ ထားခဲ့ပါဘူး။ ဘန်နီဖြိုးကို ရွှေဂီတ အတွက် အင်တာဗျူး ပြီး ဓာတ်ပုံရိုက် အပြီးမှာတော့ ဘန်နီဖြိုးက “အစ်မ ဒါက ဘယ်လ အတွက်လဲ။ ကျွန်တော် ဘယ်လထုတ်မှာ ပါမှာလဲ”လို့ မေးခဲ့ပါတယ်။ “ဒါ ဇူလိုင်လ အတွက်ပေါ့” လို့ ဆိုတော့ ဘန်နီဖြိုးက အံ့သြသွားတဲ့ ပုံစံနဲ့ “အဲဒါ ကျွန်တော့်ရဲ့မွေးလလေ။ ဇူလိုင်လ ၉ ရက်နေ့က ကျွန်တော့် မွေးနေ့ပါ”တဲ့။ “ဟာ ဒါဆို ရွှေအမြုတေရဲ့ မွေးနေ့ လက်ဆောင်ပေါ့”လို့ ပြန်ပြောမိ ပါတယ်။ ရွှေအမြု တေ မဂ္ဂဇင်းနဲ့ ဘန်နီဖြိုးရဲ့ ပထမဆုံး တွေ့ဆုံမှုဟာ ဘန်နီ ဖြိုး အတွက် အမှတ်တရ တစ်ခု ဖြစ်ခဲ့တာကိုလည်း ကျေနပ် မိပါတယ်။
ဘယ်အရွယ်လောက် ကတည်းက သီချင်းတွေ စလုပ်ဖြစ်ပြီး ပထမဆုံး တက်ခဲ့တဲ့ ရှိုးပွဲကရော ဘယ် အချိန်လောက်ကလဲ။ ကျွန်တော် ၁၀ တန်း အောင်အပြီး ၂၀၀၈ လောက် မှာ သူငယ်ချင်းတွေနဲ့ Underground အခွေဆိုပြီး လုပ်ကြတယ်။ အဲဒီ အချိန်ကတည်းက သီချင်းတွေ စလုပ် တာပဲ။ ၂၀၀၈ ခုနှစ်ကုန်ပိုင်း လောက်မှာပဲ Show ဆို ဖြစ် တယ်။ ကျွန်တော်နဲ့ ကိုထိန်ဝင်းနဲ့ Underground တစ်ခွေ ထွက်တယ်။ အဲဒီထွက်တဲ့နေ့ မှာပဲ Show စ ဆိုဖြစ်တာပါပဲ။ သီတင်းကျွတ် လပြည့်နေ့ ရှိုး ပေါ့။ ပထမဆုံးဆိုတာက ကျွန်တော့်မှာ ၂ မျိုးရှိတယ် ဗျ။ ပထမဆုံးရဲ့ ပထမဆုံးက သူငယ်ချင်း တစ်ယောက်ရဲ့ ရှိုးမှာ Featuring ဆိုဖို့ ခေါ် တယ်။ အဲဒါကိုတော့ ဒီလိုပဲ တက်ဆိုပြီး ပြန်ဆင်းလာတာပဲ။ ဒါပေမဲ့ အဲဒီရှိုးမှာ အမှတ် တရဖြစ်ခဲ့တာက CD ပျက်တာပေါ့။ ဒီတော့ ဆိုလို့ ရ ဘူး။ ကျွန်တော့် သူငယ်ချင်း စေတန်က အပြင်မှာ CD တစ်ချပ် သွားပြန် ခုတ်လာပြီးမှ ပြန်ဆိုရတယ်။ ပထမဆုံး အမှတ်တရပါပဲ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ စဆိုဖြစ်တဲ့ Show မှာလည်း CD ပျက်ပြန်တယ်။ ၂ ပုဒ်ဆို ရမှာကို တစ်ပုဒ်တည်း ဆိုပြီး ပြန်လာရတယ်။ တခြား ပရိသတ် ကြောက်မှာတွေ ဘာတွေ မရှိဘူး။ အဲဒီ CD ပျက်သွားတဲ့ အတွေ့အကြုံပဲ ရှိတယ်။ ပထမဆုံး ဆိုတဲ့ အတွေ့ အကြုံ လူတော်တော်များများရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ ပထမဆုံး အတွေ့အကြုံကြောင့် နောက်ဆုတ် သွားရတဲ့ သူတွေ ရှိသလို အဲဒါကြောင့် ရှေ့ဆက် လှမ်းနိုင်ကြသူတွေလည်း ရှိတယ်။ ကျွန်တော့် ပထမဆုံး ရှိုး မှာက သူငယ်ချင်းတွေ အများကြီးလည်း ရှိတယ်။ ပြီးတော့ အဲဒီတုန်းက သီချင်း က အမြူး။ ဘာရယ် မဟုတ် ဘူး။ ရှိုးလာတဲ့ သူတွေက လည်း သီချင်းသံတွေ ကြား ရင် ကကြတာပဲ။ အဲဒီလိုပဲ ပြီးသွားတယ်။ ကျွန်တော်က ပရိသတ်ကို ကြောက်တာတွေ ဘာတွေ မရှိခဲ့ဘူး။ ဆိုစရာ ရှိ ဆိုလိုက်တာပဲ။ CD ပျက် သွားတော့လည်း သြော် မဆို ရတော့ဘူးပေါ့ဆိုပြီး စကား လေးပြောပြီး ပြန်ဆင်းလာ တာပဲ။ အဲဒါကြောင့် စိတ် ဓာတ်ကျသွားတာတွေ ဘာ တွေ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ဆက်လုပ်မယ် ဆိုတဲ့ စိတ်နဲ့ အစကတည်းက လုပ်တာဖြစ်တဲ့အတွက် ဆက်လုပ်မှာပဲ။ ဒါကိုလည်း တောက်လျှောက် လုပ်မှာပဲဆိုပြီး ဆက်လုပ်ခဲ့ တာ။ ဘန်နီဖြိုးက ရှိုးပွဲ အတွေ့အကြုံတွေ အများကြီး ရပြီးမှ အခွေလုပ်ခဲ့တာနော်။ ဘန်နီ့ကို ရန်ကုန်ရှိုးမှာ ပို အတွေ့များသလိုပဲ။ အခွေကတော့ ၂၀၀၉ သင်္ကြန်မှာစတည်ဖြစ်တာ။ အိမ်ကလည်း အဲလိုကြီးပဲ လုပ်မနေနဲ့ပေါ့နော်။ အခွေ လည်း လုပ်လိုက်တော့ဆိုပြီး အိမ်က ၀ိုင်းလုပ်ပေးတယ်။ ရှိုးတွေကတော့ အခွေလုပ်နေ တုန်း တစ်လျှောက်လည်းဆို ဖြစ်နေတာပဲ။ နယ်ရှိုးတွေ လည်း ထွက်ဖြစ်တယ်။ ၂၀၀၉ မှာ မန္တလေး ရှိုးကို စဆိုဖြစ်တယ်။ အခွေထွက်ပြီး နောက်ပိုင်း နယ်တွေ ပိုသွား ဖြစ်တယ်။ ဘန်နီဖြိုးတို့ခေတ်က ဘန်နီဖြိုးတို့ အရွယ်မှာ ပေါ်လာတဲ့ ဂီတက Hip Hop လူငယ်တွေက Rap တွေ ရွတ်ပြပါတယ်။ ဘန်နီဖြိုးက ဒီလူငယ်အဖွဲ့ထဲမှာ အတူတကွ နေထိုင်ပေမဲ့ Pop တွေ ဆိုတယ်၊ မယ်လိုဒီတွေ ရွတ် တယ်။ ဘယ်သူ့ အကြံပေးမှု နဲ့လဲ။ ဘန်နီကိုယ်တိုင် စိတ် ကြိုက် ရွေးခဲ့တဲ့ လိုင်းလား။ သူငယ်ချင်းတွေနဲ့ စစ ချင်းလုပ်တုန်းက Rap တွေ လုပ်ဖြစ်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်း လုပ်ရင်းကမှ သူ များနဲ့ မတူချင်တော့ Melodic Rap ဆိုပြီး လုပ်တယ်။ Melodic ဆိုရင်းကနေပြီးမှ Melody ဖြစ်သွားတယ်။ ဒီဟာကိုပဲ အဓိက ထားလုပ် ဖြစ်သွားတယ်။ အဓိက ကတော့ Pop, R & B ကိုပဲလုပ်မယ်။ အဲဒါနဲ့ ဆက်နွယ်တဲ့ အရာတွေကိုပဲ ဒီအမျိုးအစား အပေါ်မှာပဲ တစ်မျိုးမျိုး ပြောင်းသွားပြီး လုပ်မယ်။ လုံးဝကြီး Rap ပြန်ဆိုတာမျိုး တော့ သိပ်ရှိမယ် မထင်ဘူးဗျာ။ မယ်လိုဒီကို ကိုယ်တိုင်လည်း ကြိုက်ဖြစ်တာပေါ့။ Rap ကို စလုပ်ဖူးတယ်။ ဆိုပေမယ့် ပြန်မလုပ်ဖူးပေါ့။ ကျွန်တော် ကိုယ်တိုင် တော့ Rap ဆိုဖို့ မရှိဘူးဗျ။ ဒီ Music ကိုပဲ ကြိုက်တယ်။ ကျွန်တော်တို့ ငယ်ငယ်က ကိုစည်သူတို့ ကိုဆောင်းဦး လှိုင်တို့ ပေါ့ပ်သီချင်းတွေကို နားထောင်တယ်။ Pop က တော့ နားထဲမှာ ၀င်ပြီးသား။ အရမ်းကြိုက်တယ်။ တခြား Music တွေလည်း ကြိုက်ပါ တယ်။ Heavy Metal က အစ ကြိုက်တယ်။ Hip Hop တွေမှာလည်း အမျိုးအစား ပေါင်းစုံရှိတယ်။ အဓိက ကိုယ်လုပ်ဖြစ်တာကျတော့ ကိုယ်နဲ့လည်း အဆင်ပြေတယ်။ ပရိသတ်ကလည်း ဘန်နီဖြိုး က ဒီသီချင်းမျိုး ဆိုတယ် ဆိုတာမျိုးကိုပဲ အဓိ ထား ဆိုဖြစ်တယ်ဗျ။ အရင်က Underground ခွေနဲ့ စင်ပေါ် တက်လာကတည်းက ဘန်နီဖြိုး ဆိုတာ ဖြစ်ခဲ့ပေမဲ့ အခု ချစ်တယ်ဟုတ် တစ်ကိုယ်တော် တေးစီးရီး ထွက်အပြီးမှာ အခြေအနေ ပြောင်းလဲသွားတာမျိုး ရှိလား။ အဲဒါမျိုးကြီးတော့ မပြောတတ်ဘူးဗျ။ ကျွန်တော့် အရင်က သီချင်း တွေသိထားတဲ့ ပရိသတ်တွေ က ချစ်တယ်ဟုတ် စီးရီးထဲ က သီချင်း တော်တော်များများကိုလည်း သိထားကြတယ်။ Audio CD ကတော့လေ ကျွန်တော့် အထင်က အရမ်း ကြီး ထူးခြားမှု မရှိဘူးလို့ ထင်တယ်ဗျ။ ဒါကြောင့် အခု ဗီစီဒီကို ကျွန်တော် အထူးခြားဆုံး ဖြစ်အောင လုပ်နေတယ်။ ဗီစီဒီကျမှပဲ အဲဒီ ရလဒ်ကို ထပ်မျှော်လင့်တော့မယ်ဗျ။ ဒါဆိုရင် ဗီစီဒီကို တော်တော် ထူးထူးခြားခြားလေး လုပ်ထားတယ် ထင်ပါရဲ့။ ဗီစီဒီက ထူးခြားသလားတော့ မမေးနဲ့။ ပိုက်ဆံတွေ ကုန်လိုက်တာလည်း သောက်သောက်လဲပဲ။ များသောအားဖြင့် ကိုယ့်ရဲ့ ကြိုးစားမှု အတွက် ပေးဆပ်မှု ဆိုတာကတော့ အများစု ပြောကြတဲ့ စကား ပေါ့။ ဘန်နီ့ အနေနဲ့ရော ဒီထက်ပိုတဲ့ အဓိပ္ပာယ်နဲ့ စကားလုံးတွေ ပြောဖို့ရှိလား။ ဘယ်လိုပြောမလဲ။ နေ့ မအိပ်ညမအိပ် လုပ်ထားတဲ့ သီချင်းတွေတောင် ပါတယ် ဗျာ။ တချို့ သီချင်းတွေကို ကျွန်တော်ပုံမှန်ရိုက်လိုက်ရင်ရ တယ်။ ကျွန်တော့် အခွေထဲ မှာ ကျွန်တော်နဲ့ အများဆုံး တွဲရိုက်ဖြစ်တာက ကိုအောင် မြတ်။ ကျွန်တော် ဒါရိုက်တာ လုပ်ရင်လည်း သူ ကင်မရာ ကိုယ်ပေးတယ်။ အပြန်အလှန် လုပ်ပေးကြတာများပြီး ညီ အစ်ကိုလိုနေကြတာ။ သူဆိုရင် ကျွန်တော့်ကို ဘန်နီရယ် တဲ့။ ဒီဟာကို ရိုးရိုးလေး ရိုက်လိုက်ရင်ရတာပဲတဲ့ ဘာလို့ ဒီလိုရိုက်လဲပေါ့။ အများနဲ့ မတူချင်ဘူး။ ပွင့် ပွင့်လင်းလင်းပြောရရင် Audio ကို စိတ်တိုင်းမကျခဲ့ ဘူး။ ဒါက ကျွန်တော် လုပ် ချင်သလောက် မလုပ်ခဲ့ရလို့ ပါ။ အခွေကာဗာကအစ ဒီ ထက်အများကြီး မှန်းထား တာ။ အချိန်မရခဲ့လို့ မလုပ်ဖြစ် ခဲ့ဘူး။ ဒီတော့ ဗီစီဒီမှာ ကျွန်တော် လုပ်ချင်တာကို လုပ်ဖြစ်အောင် လုပ်မယ်ဗျာ။ ဒါကြောင့် ကျွန်တော် Show ဆိုတယ်။ ရတဲ့ ပိုက်ဆံနဲ့ ဗီစီဒီ ရိုက်တယ်။ ပိုက်ဆံကုန် သွားရင် ပြန်ထိုင်နေတယ်။ Show ပြန်ဆိုတယ်။ ပြန်ရိုက် တယ်ဒါနဲ့ပဲ သံသရာ လည် နေတာဗျ။ ဒါရိုက်တာတွေကရော။ ကိုရဲမြင့်သူပါမယ်။ ကိုစိုင်းစိုင်းခမ်းလှိုင်၊ ကိုအောင်မြတ်၊ ကိုဝင်းလွင် ထွဋ်။ ကျွန်တော်က ရိုက် တယ်ဆိုပေမဲ့ ဒီညီအစ်ကိုတွေ အကုန်လုံးရဲ့ကူညီပံ့ပိုးမှုနဲ့ပဲ ရိုက်တာပါ။ ဒါရိုက်တာ မဟုတ်တဲ့အတွက် ကိုယ်လိုချင် တဲ့ ဇာတ်လမ်းတွေ၊ ပုံစံတွေ ကို သူတို့ကို ပြောပြတာပေါ့။ ပြီး တော့ ရှိသမျှ သူငယ်ချင်း ဓာတ်ပုံဆရာတွေ အားလုံးကို ခေါ်ပြီး ရိုက်တာပဲ။ ကိုအောင် မြတ်နဲ့ ကျွန်တော်နဲ့က အဓိက ပေါ့။ အပြန်အလှန်ရိုက်ကြတာ။ ပုဒ်ရေများတယ်။ ဘန်နီကိုယ်တိုင် စိတ်ကြိုက် ရိုက်ခဲ့တာ ဘယ်နှပုဒ် ပါမလဲ။ စီးရီး Title ချစ်တယ်ဟုတ် ကိုရော ဘယ်သူ ရိုက်မှာလဲ။ ချစ်တယ်ဟုတ်က ကိုအောင်မြတ် ရိုက်မှာ။ die die ကတော့ နှစ်ယောက်ပေါင်း စဉ်းစားကြတာပါပဲ။ ကျွန်တော့် အခွေမှာ ၀င်လုပ် ကြတဲ့ သူတွေက အလုပ် သဘောနဲ့ ၀င်လုပ်ကြတာ မဟုတ်ဘူးဗျ။ အပြင်သွားလည်း အတူတူ၊ ထမင်းသွားစား လည်း အတူတူ၊ လျှောက် လည်လည်း အတူတူ ဆိုတော့ အဆင်ပြေတယ်။ စည်းစည်း လုံးလုံး လုပ်ခဲ့ကြတာပါပဲ။ Hip Hop အများစုက MTV ဆန်ဆန်၊ မှတ်တမ်းပုံစံ လွတ် လွတ်လပ်လပ် လုပ်ကြတာ များတယ်။ Story နည်းတယ်။ ဘန်နီကရော ဘယ်လို ပုံစံနဲ့ သွားမလဲ။ ကျွန်တော့် အခွေထဲမှာ အစက စဉ်းစားတာက တစ်ပုဒ်မှ Story မထည့်ဘူးလို့ စဉ်းစားထားတာ။ အဆိုတွေ MTV ပုံစံတွေနဲ့ပဲ ရိုက်မယ်ပေါ့။ သူငယ်ချင်းတွေက မလုပ်ပါနဲ့ ဖြည်းဖြည်းချင်းပဲ လုပ်ပါဆိုပြီး ပြောတော့ တစ်ဝက်စီ ပြန်လုပ်ဖြစ်တာ။ ကိုယ်တိုင် သရုပ်ဆောင်တာက တစ်ပုဒ်၊ နှစ်ပုဒ်နဲ့ အဆိုတွေပဲ များတယ်။ သရုပ်ဆောင်ဘက်က သူငယ်ချင်းတွေ၊ အဆိုတော်ဘက်က သူငယ်ချင်းတွေ အားလုံးကို အတင်းမရမက ခေါ်ပြီးတော့ကို ရိုက်ထားတာ။ရိုက်ပြီး ခဲ့သမျှတွေထဲမှာ အမှတ်တရ ဥပမာ ဆက်ပြီး မရိုက်ချင်တော့လောက်အောင် ဖြစ်တာမျိုး ဒါမှမဟုတ် အရမ်းအားရ ကျေနပ်ပြီး ထပ်လုပ်ချင်တာမျိုးပေါ့။ ၂ ပုဒ်ပေါ့။ အဲဒီ ၂ ပုဒ်က အခုနက အစ်မ ပြောသွားသလိုပဲ ဆက်မလုပ်ချင် လောက်အောင်ရော၊ အားရပါးရ အရမ်းပျော်တာရော။ ခိုးခိုးပြီးတော့နဲ့ တယ်လီဖုန်း ကိုင်ပါ။ ၂ ပုဒ်ပေါ့။ ခိုးခိုးပြီးတော့ ရိုက်တုန်း ကဆို ပါတီပုံစံ လုပ်ရိုက်တာ။ ကျွန်တော်က မိန်းကလေး သူငယ်ချင်း အဲဒီလောက် များများ မရှိဘူးဗျ။ ယောက်ျား တွေချည်းပဲဖြစ်နေတယ်။ မိန်းကလေးတွေ ဘယ်က သွားရှာရမှန်း မသိဘူး။ ရှိသမျှ မိန်းကလေး သူငယ် ချင်းတွေဆီ ဖုန်းဆက်ပြီး အခု အိမ်လာခေါ်မယ်။ နင်တို့ ဆီမှာ ရှိသမျှ မိန်းကလေးတွေ အကုန်ခေါ်ဆိုပြီး ရိုက်တော့မှ ပျာယာခတ်လုပ်ရတာ။ အဲဒါ အမှတ်တရ။ အဲဒီညက သူငယ်ချင်းတွေ အကုန်ခေါ် ပြီး မုန့်သွားဝယ်ကျွေးလိုက် တယ်။ ပျော်စရာကြီးပဲ။ တယ်လီဖုန်းကိုင်ပါ သီချင်းကျတော့ အဲဒီပုံစံမျိုး နောက် ထပ်လုံးဝ ဆက်မလုပ်ချင် လောက်အောင်ကို အရမ်း ပင်ပန်းသွားတယ်ဗျာ။ ဒါ ရိုက်တာတွေရော၊ မင်းသား တွေရော၊ မင်းသမီးတွေရော ရိုက်လည်း ရိုက်ပြီးသွားရော အားလုံးပက်လက်လန်ကုန်ကြ ရော။ စကားတောင် တစ်ယောက်နဲ့တစ်ယောက် မပြော နိုင်ကြတော့ဘူး။ မနက် ၉ နာရီကနေ စရိုက်တာ ည ၁၂ နာရီမှပြီးတယ်။ အဲဒါလေး လည်း ရိုက်ပြီးရော ခါးတွေ ညောင်းပြီး မထနိုင်ကြတော့ ဘူး။ ဒါပေမဲ့ အရမ်းကျေနပ် တယ်ဗျ။ ဘာလို့လဲဆိုတော့ အဲဒီလိုပုံစံနဲ့ Music Video မျိုး မြန်မာပြည်မှာ ကျွန်တော် ပထမဆုံး ရိုက်သလိုဖြစ်သွား တယ်ဗျာ။ ကျွန်တော်နဲ့ ကိုအောင်မြတ် အရမ်းပျော် တယ်။ ပျော်သာပျော်တာ အဲဒီနေ့က အားမရှိတော့ဘူး။ အဲဒါရိုက်ပြီး ၂ ရက်လောက် က အိမ်မှာ နားနေရတယ်။ မြန်မာနိုင်ငံမှာ စီးရီးခွေ ထွက်ဖို့ကို အဆိုရှင် တော် တော်များများက အခြေအနေနဲ့ အချိန်အခါကို စောင့်ကြရ တယ်။ ရာသီပွဲတော်ဆိုတာ မျိုးပေါ့။ ဘန်နီကရော အဲဒီလို အခြေအနေနဲ့ အချိန်အခါ စောင့်မယ့်သူလား။ ကိုယ့် စိတ်ကြိုက်တွေ့တဲ့အချိန် ထုတ်မှာပဲလား။ ပထမကတော့ ကျွန်တော်က မွေးနေ့ထွက်ချင်တာ။ ဇူလိုင် ၉ ရက်နေ့ မွေးနေ့မှာ ထုတ်ချင်တာ။ ဒါပေမဲ့ မမီတော့ဘူး။ ဇူလိုင်တော့ မထွက်ဖြစ်တော့ဘူး။ ထွက်ရင်တော့ ရာသီနဲ့ မဆိုင်ဘူး။ မိုးရာသီရှောင်မယ် ဘာညာတော့ မရှိဘူး။ ကျွန်တော်က ထူးထူးခြားခြား နေ့ပေါ့။ Audio တုန်းကဆို ကျွန်တော် ထွက်ခဲ့တာ ၂၀.၁၁.၂၀၁၁။ ၂၀,၁၁,၂၀,၁၁ ဆုံတုန်းထွက် ခဲ့တာ။ ဒီတော့ ဗီစီဒီကိုလည်း ထူးထူးခြားခြားနေ့မှာ ထွက် ချင်တယ်။ ဘယ်ရက်မှာ ထွက်ခဲ့တယ်ဆိုတာကို မှတ်မိ နေချင်တာ။ ဒီနှစ်ထဲမှာပဲ ရအောင် ထွက်မှာ။ ဘာလို့ လဲဆိုတော့ ဒီနှစ်ထဲမှာ ထူး ခြားတဲ့နေ့ကို တွက်ထားပြီး ပြီ။ ကျွန်တော့် မွေးနေ့ပြီးလို့ ရှိရင် နောက်ထပ် ၄ ရက် ကျန်သေးတယ်။ အဲဒီ ၄ ရက်မှာရအောင် ထုတ်မယ်။ Hip Hop အဖွဲ့ထဲမှာ ပါတဲ့ ဘန်နီဖြိုးတို့လို လူငယ် အဆိုရှင်တွေ အနေနဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေ ရတဲ့ အရာက ဘာဖြစ်မလဲ။ Hip Hop ဆိုပြီးတော့ ဂီတ အနေနဲ့ ခွဲခြားပြီး ပြောမယ်ဆိုရင် လူငယ်အနုပညာ ရှင်၊ ကလေးအနုပညာရှင် တစ်ယောက် အနေနဲ့ပေါ့နော်။ ကျွန်တော်တို့ကို အခုပရိသတ် ဘယ်လောက်သိသိ အသက် အရွယ်အရရော ၀ါအရရော အရမ်းငယ်တဲ့ အတွက် တကယ်တမ်း နယ်ရှိုးတွေ ထွက်ရင် လူကြီး အဆိုရှင် ပေါ့နော်။ အရှိန်အ၀ါရှိရှိနဲ့ ကျွန်တော်တို့ စီနီယာတစ် ယောက်လောက်ပါမှ ပိုအဆင် ပြေတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောဖို့ဆိုဖို့ကျတော့ ကျွန်တော် ပြောလို့ မထိ ရောက်ဘူးဗျာ။ ငယ်လည်း ငယ်နေတဲ့အတွက် လူကြီး တစ်ယောက်က ရှေ့ကကာ ပြီးပြောပေးဖို့ လိုအပ်တယ်ဗျ။ အဲဒါကတော့ ရန်ကုန်ရှိုးပဲ ဖြစ်ဖြစ် နယ်ရှိုးပဲဖြစ်ဖြစ်။ ဥပမာ စိုင်းစိုင်းပါလို့ ရှိရင် သူက ပရိုဂရမ် စီတာက အစ သူလုပ်ပေးတယ်။ ဟိုတစ်ခေါက် လားရှိုးတုန်းကဆို ကိုဇော်လုံးက အစအဆုံး စီစဉ်ပေးတယ်။ လူကြီးတစ် ယောက်ပါရင် အရမ်းအဆင် ပြေတယ်။ ကျွန်တော်တို့ အဆို တော်လုပ်နေတယ်။ သီချင်း ဆိုနေတယ်။ ပရိသတ်တွေက အားပေးတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့ ဖိတ်ခေါ်ကြတယ်ဆိုပေမဲ့ အရှိန်ကတော့ အရမ်းနည်းသေးတယ်ဗျာ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ၀ါကြီးတဲ့ တစ်ယောက်က လုပ်ပေးရင် ပိုအဆင်ပြေတယ်။ ကိုဆိုတေးနဲ့ ကျွန်တော်နဲ့ ဆိုရင် နယ်ရှိုးတွေမှာ အခုထိ ကြောင်တောင်တောင်လေးတွေ ဖြစ်နေတယ်။ ဘန်နီ့သီချင်းထဲမှာ ဆိုရင် Stay With Me လိုမျိုး၊ Because I Love You လိုမျိုး သီချင်းတွေပါတယ်။ အင်္ဂလိပ်နဲ့ မြန်မာတွဲ ဆိုတာမျိုး၊ အင်္ဂလိပ် ဘာသာနဲ့ပဲ ဆိုတာမျိုးတွေ အခုရှိလာ ကြတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ကိုယ်တိုင် ဘယ်လို ကြိုးစားဖို့ ရှိလဲ။ အခု ကျွန်တော် လုပ်နေ တဲ့ အခွေတစ်ခုရှိတယ်။ အဲဒါကို ဒီမှာအခွေအနေနဲ့ ထုတ်ဖြစ်မလား၊ မထုတ်ဖြစ် မလား မသိဘူး။ ပွင့်ပွင့် လင်းလင်း ပြောရရင် ကို J ကြီး(J မီ)တို့ ကိုဆွေဟိန်းတို့ ဆိုရင် လုံးဝ အင်္ဂလိပ်လိုတွေ ဆိုထားတယ်။ ကိကိတို့က အစ ဒါပေမဲ့ အရမ်း ၀မ်းနည်းဖို့ ကောင်းတာက ပရိသတ် တွေက အဲဒီ အပုဒ်တွေကို ကျော်ပြီးတော့မှ နားထောင် ကြတယ်။ ဒီတော့ ကျွန်တော်တို့ လုပ်ထားတယ် ဆိုတာကြီး က လုပ်ထားတာပဲ ရှိတော့တယ်။ ငါတို့လုပ်တဲ့ အလုပ် ငါတို့ လုပ်တယ်ဆိုတာပဲ ရှိတော့တယ်။ ကျွန်တော်တို့က ပရိသတ်ကို နားထောင်စေ ချင်တယ်။ တကယ်နှစ်နှစ် ကာကာ နားထောင်စေချင်တယ်။ ကျွန်တော်လည်း လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော် အဲဒါကြီးကို တွေး မိပြီး လုပ်ချင်စိတ် မရှိတော့ဘူး။ ကျွန်တော် လုပ်မှာက ဒါကို လုပ်မယ်။ အခွေကို ဒီမှာ ထုတ်ချင်မှ ထုတ်မယ်။ ပြီးရင် ယူကျူ့မှာ တင်မယ်။ အင်္ဂလိပ် သီချင်းတွေ ကိုဘန်နီ ကိုယ်တိုင် အားလုံး ရေးတာလား။ တခြား ဘယ် သူတွေ ရေးပေးဦးမလဲ။ ကျွန်တော်ရယ်၊ ကိဲုမီ ရယ်၊ ကိုဆွေဟိန်းရယ်။ နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက်လို့ ရည်ရွယ် ထားတာလား။ အဲဒါက ဘာလဲဆိုတော့ အခုက ဘယ်လိုဖြစ်နေလဲဆို တာ့ဗျာ။ ဟိုမှာပေါက်တဲ့ အင်္ဂလိပ် သီချင်းကိုမှ ဒီမှာ နားထောင်ကြတာဗျ။ ဒီက လုပ်တာကျ နားမထောင်ဘဲနဲ့။ ဟိုမှာပေါက်မှ နားထောင်တာ ဆိုတော့ ဟိုကိုပဲ အရင်ပေါက်အောင် ဖောက်ရ မလို ဖြစ်နေပြီ။ ဒါကို လုပ်ချင်တဲ့ အရာ တစ်ခုကို ကျွန်တော် လုပ်တာပဲပေါ့။ ရှေ့ဆက်ပြီး ဘယ်လို ပုံစံနဲ့ ဆက်သွားမလဲ။ ပရိသတ် အကြိုက်လိုက်မယ့် သူလား။ ကိုယ့်စိတ်ကြိုက် အနုပညာ တွေပဲ ပုံဖော်နေယ့် သူလား။ ဒီအလုပ်စလုပ်ဖြစ်တာ ကလည်း သီချင်းဆိုတာ ၀ါသနာပါလို့ သီချင်းဆိုနေရ ရင် ပျော်လို့ပါ။ နာမည်ကြီး အဆိုရှင်ဖြစ်ချင်လို့ ဆိုခဲ့တာ မဟုတ်ဘူး။ ပျော်လို့ဆိုခဲ့တာ ဖြစ်တဲ့အတွက် သီချင်းဆို နေရရင် ပျော်တယ်။ အဲဒါကို ပရိသတ်ကလည်း အားပေး တဲ့အတွက် ပိုပြီး ပျော်တယ် ဗျာ။ ပရိသတ်ရဲ့ လက်ခံမှု ကတော့ ကျွန်တော်တို့တွေမှာ အမြဲတမ်း လိုအပ်တယ်ဗျာ။ ကျွန်တော်ကတော့ ကျွန်တော် လုပ်ချင်တဲ့ Music ကို လုပ်မှာပဲ။ ကျွန်တော် ယုံကြည်ရာ တစ်ခုပေါ့နော်။ ကိုယ်က ဂီတကို သစ္စာရှိရှိလုပ်တဲ့ အတွက် ပရိသတ်နဲ့ အကြိုက် မတူမှာကို မစိုးရိမ်ဘူး။ ရိုးရိုးသားသား လုပ်တဲ့ အတွက် ပရိသတ်နဲ့ ထပ်တူရှိနေမယ်လို့ ယုံကြည်တယ်။ ဘန်နီဖြိုးနဲ့ ဓာတ်ပုံရိုက် ဖို့ ကိုလင်း (Studio-K) က ယုဇနဂါးဒင်း ဟိုတယ်ကို ရွေး ချယ်ပါတယ်။ ဘန်နီဖြိုးက ဓာတ်ပုံအတွက် ၀တ်စုံပုံစံ မေးတော့ စိတ်ကြိုက်ဝတ်လို့ ရတယ်လို့ ဆိုလိုက်တော့ “ကျွန်တော်က လူမိုက်ပုံစံဝတ် ဖို့ရွေးထားလို့ လမ်းမမှာ ရိုက်ချင်တာတဲ့။ ဓာတ်ပုံ တကယ်ရိုက်မယ့် အချိန်မှာ တော့ ယုဇနဂါးဒင်းဟိုတယ် အရှေ့က အ.ထ.က ကျောင်း လွှတ်တဲ့ အချိန်ဖြစ်နေတာ ကြောင့် ပထမတစ်စုံကို ဟို တယ်ဝင်းအတွင်းမှာပဲ ရိုက် ဖြစ်ခဲ့ပါတယ်။ ဘန်နီဖြိုးကို အစ်မစပြီး ကြည့်ဖူးတဲ့ ရှိုးပွဲ က အခု ဓာတ်ပုံရိုက်မယ့် နေရာ စင်မြင့်မှာပေါ့လို့ ဆိုတော့ အဲဒါ ကျွန်တော်ရဲ့ ပထမဆုံးရှိုး၊ သီတင်းကျွတ် လ ပြည့်နေ့ရှိုးပေါ့တဲ့။ အမှတ် တရတွေ ထပ်ရပြန်ပါတယ်။ နောက်တစ်စုံကိုတော့ ဘန်နီဖြိုး ရိုက်ချင်တဲ့ လမ်းမကို ထွက်ပြီး ရိုက်ခွင့်ရပါတယ်။ ဖြူဖြူနွဲ့နွဲ့ကလေး မျက်နှာနဲ့ လူမိုက်ဂိုက်ပေးနေတဲ့ ဘန်နီဖြိုးရဲ့ပုံတွေကို ဓာတ်ပုံ ကိုလင်းကလည်း အမိအရ မှတ်တမ်းတင်ပေးခဲ့ပါတယ်။ ရွှေအမြုတေရဲ့မွေးနေ့ လက်ဆောင်ကို ဘန်နီဖြိုးရော သူ့ရဲ့ ပရိသတ်ပါ ကျေနပ်နိုင် ကြပါစေလို့။
သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင် ၂၀၁၂)
Current Shwe Magazine
Current Teen Magazine
Academy Special Edition
This Week's Ray of Lights