ဇာတ်သိမ်းခန်း PDF Print E-mail
Written by ချောအိမာန် ( မန္တလေး)   
Thursday, 21 June 2012 12:37
Share |

၁။
အိပ်ခန်းထဲက စာရေး စားပွဲပေါ်ကနေ နာရီတစ်ချက် လှမ်းကြည့်လိုက်တယ်။ ဆယ်နာရီထိုးဖို့ စက္ကန့်ပိုင်းပဲ လိုတော့တယ်။

cialis cialistadalafil best price click here buy brand cialis
argaiv1110

စာရေးခြင်းကို ခေတ္တမဟုတ် ဒီနေ့အတွက် အပြီးရပ်နားလိုက်တော့တယ်။ ကျွန်မအဖို့ မအိပ်ချင်ပေမဲ့ ဆက်ရေးနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ ဖုန်း အနီလေးဆီ အကြည့် ရောက်သွားတယ်။ တကယ်တမ်းဆို ဒီကြိုးဖုန်း ပလပ်ကို ဖြုတ်ပစ်နိုင်တာပဲ။ ဟန်းဖုန်းလေးကတော့ စားပွဲပေါ်မှာ...

အပြင်က လေအေးတစ်ချက် ဝေ့တိုက်ခိုက် လာမှုကြောင့် မှန်ပြတင်း ပေါက်တံခါးပါ ပိတ်ပြီး လိုက်ကာကို ဆွဲစေ့လိုက်တယ်။ အမှန်ဆို ဒီကနေ့ ရေးလက်စ ၀တ္ထုဟာ ပြီးကို ပြီးသင့်နေပြီ။ ဒါပေမဲ့ ဆက်ပြီး ရေးလို့မရ၊ ဇာတ်ကောင်နဲ့ ကျွန်မ ကိုယ်တိုင်လည်း တစ်သားတည်း မဖြစ်နဲ့။ အနုပညာကို ဖန်တီးသူနဲ့ ပရိသတ် အကြား တူညီတဲ့ ခံစားမှု မရှိဘဲ ကွာဟ နေခဲ့ရင် ဒီဝတ္ထု တစ်ပုဒ်ဟာ အကျိုး ထိရောက်တော့မှာ မဟုတ်တော့။ ဒါကြောင့် စာအုပ်ကို အပြီးအပိုင် ပိတ်ပစ်လိုက်တော့တယ်။

ရေခဲသေတ္တာထဲက ရေအေး တစ်ခွက်ကို ထုတ်သောက်စဉ်မှာ ကြိုးဖုန်း အနီလေးကနေ အသံမြည်လာပါတယ်။
တီ...တီ... ကျွန်မ အိပ်ရာပေါ် ထိုင်ပြီး ဖုန်းကို အသာကောက်ကိုင်လိုက်တယ်။
“ဘယ်လိုလဲ ဆရာမ”

တစ်ဖက်လူရဲ့ အသံကာ ပြတ်သားစွာ ပေါ်လာတယ်။
“ကျွန်တော် ပြောခဲ့တာတွေ စဉ်းစားပြီးပြီလား”

သူ့အသံက သြဇာသံလိုလိုနဲ့...
“စဉ်းစားပါတယ်။ ဒါပေမဲ့  ရှင်ကတိ တစ်ခုတော့ ပေးရလိမ့်မယ်”

“ဆိုပါဦး”

“ရှင် အဲဒီ အလုပ်တစ်ခုကို မလုပ်ပါဘူးလို့”

“အိုး...အိုး ဆရာမကို ပြောကတည်းက ကျွန်တော့်ရဲ့ဦးတည်ချက်၊ ရည်ရွယ်ချက်က ဒါပဲလေ”

“အဲဒီ ကတိကို မပေးနိုင်ဘူးဆိုတဲ့ သဘောလား”

“ဟုတ်တယ်၊ ဆရာမ ရေးထားတဲ့ အမှား တွေကိုပဲ လူတွေက သိနေကြတာ။ တကယ်တမ်း အမှန်တရားကို ဘယ်သူကမှ မသိတာ။ အဲဒီအမှန် တရားကို ပြန်ဖော်ထုတ်နိုင်ဖို့က ဆရာမမှာ တာဝန်ရှိတယ်

“ကျွန်မက အမှားတွေ၊ အမှန်တွေ သိခဲ့တာမှ မဟုတ်တာ။ ကျွန်မ မွေးထားတဲ့ ဇာတ်ကောင်ကို ကျွန်မကိုယ်တိုင် ကြိုက်ရာ လုပ်ပိုင်ခွင့် ရှိတာပဲ”

“အဲဒီ ဇာတ်ကောင်က အခြားသူမှ မဟုတ်တာ။ ကျွန်တော်လေ။ ကျွန်တော့်ကို ဆရာမ ၀တ္ထုထဲမှာ စုတ်ပြတ်သတ် နေအောင် မွေးဖွားခဲ့တာ။ ကျွန်တော်ဟာ တကယ့်ကို ရွံစရာသတ္ထ၀ါ...”

“တော်ပါတော့ရှင်...”

“အဲဒီအတွက် ဆရာမမှာ ကျွန်တော့်ရဲ့ အမှန်တရားကို ပြန်ရေးပေးဖို့ တာဝန် မရှိဘူးလား”

“ကျွန်မ ရှင်မှန်းလည်း မသိဘူး။ ကျွန်မဟာ ကိုယ့်တည်နေရာ အနေအထားကနေ ဖန်တီးခဲ့တာ ပါ။ ရှင်နဲ့ မဆိုင်ဘူးလို့ ထင်တယ်”

“ကျွန်တော် ဟိုးရှေ့က ပြောခဲ့သလိုပဲ။ ဒီအကြောင်းကို ဆရာမ တစ်နေရာကနေ ကြား သိရပါလိမ့်မယ်။ အဲဒါကတော့ သေချာပေါက်ပဲ။ ဆရာမတို့လို စာရေးဆရာတွေဟာ နားတွေ၊ မျက်လုံးတွေကို အမြဲ ဖွင့်ထားတယ်ဆိုတာ  ကျွန်တော် သိပါတယ်။ ဆရာမ ၀န်မခံပေမဲ့ ကျွန်တော်သိတယ်။ တကယ်တမ်း စဉ်းစားကြည့် ပါ။ အမှန်တကယ် ဆုံးရှုံးခဲ့ရတာ ဘယ်ဘက်ကလဲ ဆိုတာ၊ကျွန်တော့်ညီကို သိပ်ချစ်တယ်။ ကျွန်တော် မရှိခိုက်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ အံ့သြစရာ တွေပဲ။ အဲဒီမိန်းမ အဲဒီလောက်အထိ ရက်စက် လိမ့်မယ်လို့ လုံးဝ မထင်မိခဲ့ဘူး။ အကွက်အကွင်း ကျကျနဲ့ ညီ့ ကိုသတ်ပစ်ခဲ့တာ။ ဒါကို သူမသိဘူး မဟုတ်လား။ အခုတော့ တစ်နေရာမှာ ခြေရာ ဖျောက်နေပြီး သူက ကျွန်တော်အထင်နဲ့ ပျော်နေမှာ ပဲ။ ညီ့ကို ဆုံးရှုံးရသလို သူလည်း ဆုံးရှုံး ရစေမယ်။ သူဟာ တကယ့်မြွေဟောက်မပဲ။ ကျွန်တော့်ကို သူအရင် သစ္စာဖောက်ခဲ့တာ။ ဒါကို သူ့ပတ်ဝန်း ကျင်ကရော သူ့ဆရာမကရော မသိဘူး မဟုတ် လား။ အမေဆို သူ့သားစိတ်နဲ့ အိပ်ရာထဲ လဲခဲ့တာ အခုချိန်အထိပဲ။ ဒါကြောင့်တစ်ယောက် တည်း ကျန်ခဲ့တဲ့ ကျွန်တော့်ကို နိုင်ငံခြားကနေ ပြန်ခေါ်ခဲ့တာ။ တကယ်တမ်း သူရခဲ့တဲ့ ကိုယ်ဝန်ဟာ ကျွန်တော်နဲ့ ရတာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော် အသေအချာပြောရဲတယ်။

“ခုတော့ သူမြွေတစ်ကောင်ကို ဖမ်းလိုက် ပြန်ပြီ။ ပါးစပ်က လွှတ်မယ့်ပုံမပေါ်ဘူး။ အဲဒီ အတွက်ပွဲက ပိုလှသွားပြီဆရာမ။ ဆရာမ စောင့် ကြည့်ပါ။ ဆရာမ တောင်းတဲ့ကတိ မပေးနိုင်တဲ့ အတွက် စောင့်ကြည့်ပါ။ ဆရာမ ကျွန်တော့်ကို အပြင်မှာ တွေ့ချင်စိတ် ရှိလာပြီဆိုရင်တော့ အချိန် မရွေးပေးထားတဲ့ဖုန်းကိုဆက်လိုက်ပါ။ ဒီလောက် ဆိုရင် ကျွန်တော်ညာတာမဟုတ်မှန်း ဆရာမ သိ လောက်ပါပြီ။ ကဲ၊ ဒါပဲလေ”

“အဲ... နေပါဦး။ ရှင်အဲဒီလို လုပ်တော့ရော သံသရာတွေ လည်မနေဘူးလား။ ကျွန်မကတော့ ဘာမှမဖြစ်စေချင်ဘူး”

“ဆရာမ ၀န်ခံပြီ မဟုတ်လား။ ဒါက အပြင် မှာ တကယ်ရှိနေတယ်ဆိုတာ။ အဲဒီလိုဆို တရား ပါ့မလား။ ကျွန်တော်ဟာ တိုင်းသိပြည်သိ မဂ္ဂဇင်း စာမျက်နှာပေါ်လည်း တင်ခံရသေးတယ်။ သူ သိဖို့ လိုအပ်တယ်။ နောက်ပြီး ဆရာမမှာ တာဝန် ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ကဲ...ဘိုင့် ဘိုင် Have A Nice Dream”

ဖုန်းချသွားပြီ။ ကျွန်မက သူ ဆုတောင်းသလို ဘယ်လိုလုပ် အိပ်မက်လှလှ မက်နိုင်မှာလဲ။ သက်ပြင်းတွေ ရှည်လျားစွာ မှုတ်ထုတ်လိုက်တယ်။ စာရေးနေတဲ့ သက်တမ်းတစ်လျှောက် အထူးခြားဆုံး ဖြစ်ရပ် တစ်ခုလို ခံစားရတယ်။ သူနဲ့ ပတ်သက်ပြီး တကယ်တမ်း ကျွန်မမှာ တာဝန် ရှိနေသလားလို့ တွေးမိနေတယ်။

ဒီဖြစ်ရပ်ကို ကြားသိရစဉ်မှာ အဲဒီအမျိုးသမီး ရဲ့ စရိုက်ကို ကြက်သီးထလောက်အောင် အံ့သြ ခဲ့တယ်။ သူ့ရဲ့လုပ်ရပ်တွေက ၀တ္ထုတောင် ဆန် နေခဲ့တယ်။ သူ့ရဲ့ နာကြည်းမှုကို သူ့လုပ်ရပ်တွေ နဲ့ တစ်ဖက်လူကို ချောက်ချားသွေးပျက်စေခဲ့တာ။ အစီအစဉ်တွေကို သေချာဆွဲပြီး ကလဲ့စားချေခဲ့ တာကရုပ်ရှင်ကားတစ်ကားကို ကြည့်ရသလိုမျက် စိထဲမှာ မြင်ယောင်လာတယ်။ ဒီဇာတ်လမ်းကို ကြားခဲ့ရတာက တစ်ဆင့်မဟုတ်ဘဲ နှစ်ဆင့်လောက် သိခဲ့ရတာ။ ဒါကြောင့် သမားရိုးကျ မဟုတ်တဲ့ ဇာတ်လမ်းလေးမို့ ရေးခဲ့တာ။

အဲဒီ ၀တ္ထုပါတော့ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ ဆက်မဖတ်နိုင်အောင် ကြောက်မိတယ်။ ရင်တွေလည်း တုန်လာတယ်တဲ့။ အဲဒီအမျိုးသမီး တကယ် ရှိသလား မေးတော့ ကျွန်မက ရှိတယ်လို့ ပြောလိုက်သေးတယ်။

တချို့က ခပ်ကြမ်းကြမ်း ဇာတ်လမ်းလေးကို ကြိုက်ပေမဲ့ တချို့က အဲဒီလို မရေးပါနဲ့လို့ ပြောကြတယ်။ ဇာတ်ကောင် အမျိုးသားဟာ ဒီဇာတ်လမ်းမှာ ကောင်မလေးကို ဗိုက်နဲ့ ပစ်သွားခဲ့တယ်။ တစ် နေရာမှာ သွားမွေးပေမဲ့ ကလေးက ဆုံးသွားတယ်။ သုံးနှစ်လောက် နေတော့မှ အသွင် ပြောင်းလဲပြီး သူ့ချစ်သူကို ပြန်တွေ့ခဲ့တယ်။ သူ့ချစ်သူက အဲဒီ အချိန် မင်္ဂလာဆောင်တော့မှာမို့ စီစဉ်နေပြီ။ သူတို့ မင်္ဂလာပွဲ ပျက်အောင် စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ဖုန်းတွေဆက် စာတွေရေး ခြိမ်းခြောက်ခဲ့တယ်။ သတို့သမီး ၀တ်စုံချုပ်ပြီးသားကို ကတ်ကြေးနဲ့ ကိုက်ဖျက်ဆီး၊ မှာထားတဲ့ သစ်ခွတွေကို ယူခိုင်းတာ ဆိုပြီး တစ်ခြံလုံး ၀ယ်ပစ်လိုက်တယ်။ သွေးပုလင်းရည်တွေနဲ့ ကားအဖြူလေးပေါ် လောင်းချ။ တစ်စက်စက် ကျနေတဲ့ သွေးရည်တွေ ဟာ ကားအဖြူလေးပေါ်မှာ ချက်ချင်းရုပ်ပျက် သွားစေခဲ့တယ်။ သတို့သမီးဆီ ဖုန်းအကြိမ်ကြိမ် ဆက်နဲ့ နောက်ဆုံးသူတို့ ဖိတ်စာတွေ ယူပြီး အပြန်နောက်ကနေ လိုက်ပြီး ဖုန်းဆက်ခြိမ်း ခြောက်မှုတွေ မျိုးစုံလုပ်တော့ ကားတိုက်မှုဖြစ်ပြီး ကောင်လေး ဆုံးပါးသွားတယ်။ ကောင်မလေး ကတော့ ဆေးရုံမှာ လချီပြီးတော်တော် ကုလိုက် ရတယ်။

ကျွန်မလည်း အဲဒီဇာတ်လမ်းကို ကြားရ သလောက် အတိအကျပဲ ရေးခဲ့တယ်။ အဲဒီဝတ္ထုဟာ စက်တင်ဘာ ၂၀၀၈ က ပါခဲ့တာ။ ခုဆိုရင် လေးနှစ်ရှိခဲ့ပြီ။ ဒီလိုနဲ့ မထင်မှတ်တဲ့ ဖုန်းမြည်သံ တစ်ခုကြောင့် ကျွန်မအတွေးတွေ ရှုပ်ထွေးသွား စေတယ်။

ကျွန်မဆီကို ဖုန်းဆက်ခဲ့တာ ၀တ္ထုထဲက ဇာတ်ကောင်။
တကယ်တမ်း သေဆုံးသွားတာက သူ့ညီ ဖြစ်ပြီး သူတို့က ခွဲမရအောင်တူနေတဲ့ အဆိုတာ ကျွန်တော် သိပါတယ်”

“ရှင့်အသက် ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ့်ရှစ်”

“ကျွန်မက သုံးဆယ်ကျော်ပြီဆိုတော့ ရှင့်ထက်တော့ အသက်ကြီးတယ်။ အဲဒီတော့ ကျွန်မပြောတာကို နားထောင်စေချင်တယ်။

“ကျွန်တော့်ဆန္ဒကိုရော ဆရာမ ပြန်လုပ်မပေးနိုင်ဘူးလား”

“၀တ္ထုအသစ် ထပ်ရေးပေးဖို့လား”

“ဟုတ်တယ်။ ကျွန်တော့်အကြောင်းကို အမှန်ဖြစ်ဖို့လေ”

“ကောင်းပြီလေ။ ဇာတ်သိမ်းကတော့ ကျွန်မ ကြိုက်တဲ့ဇာတ်သိမ်း ဖြစ်မှ ရေးနိုင်မယ်။ နောက်ပြီး ရှင့်ရဲ့ Plan တွေကို ပြောပြပါဦး”

“ကျွန်တော် မနေ့က ပြောခဲ့သလိုပဲ သူလည်းဆုံးရှုံးစေရမယ်။ ခုသူတို့ဝယ် ဖို့ သေချာပေါက် ဈေးဆိုင်ထားတဲ့ တိုက်ခန်းက ကျွန်တော့် သူငယ်ချင်း တိုက်ခန်း ဖြစ်နေတယ်။ အဲဒီ တိုက်ခန်းကို သူတို့လက်ထဲ မရောက်ခင် ကျွန်တော် ၀ယ်ဖြစ်မယ်။ နောက်ပြီး သူ ကျွန်တော် အထင်နဲ့ လိုက်နှောင့်ယှက် ခဲ့သလို သူတို့နှစ်ယောက် သွားတဲ့ နေရာတိုင်းမှာ သူလုပ်တာတွေထက် သာအောင် သွေးပျက်အောင် ဆယ်ဆလောက် သာအောင် ခြိမ်းခြောက်ပစ်မယ်။ ကျွန်တော်ဟာ တစ်နေ့ကျ ဘွားခနဲ သူ့ရှေ့ပေါ်လာပြီး ကျွန်တော်မှန်း သိသွားရင် သူ့ပုံစံဘယ် လိုဖြစ်သွားမလဲ။ ဆရာမ စဉ်းစားကြည့်လေ”

“အဲဒီလို လုပ်ပြီးရင် ရှင်ကျေနပ် သွားနိုင်ပြီပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“အဲဒီတော့ ဇာတ်သိမ်းက”

“သူ့ကို ပြန်သေပေးလိုက်ပေါ့ ဆရာမ”

“အို မဟုတ်သေးပါဘူး။ ရှင့်ဟာက ၀တ္ထုဆန်လိုက်တာ။ သူသေသွားရင် ဇာတ်လမ်းက ပြီးသွားမှာပေါ့။ ဒါကျွန်မ လိုချင်တဲ့ ဇာတ်သိမ်းလည်း မဟုတ်ဘူး။ ရှင့်ရဲ့ကလဲ့စား ချေမယ်ဆိုတဲ့ စကားလုံးကြီးက မကောင်းပါဘူး။ ပညာ ပေးရုံလောက်နဲ့ ရှင်ဖြစ်စေချင်သလို ဖြစ်နိုင်တာတွေ ရှိပါတယ်။ ရှင့်အတွက် ပိုက်ဆံ ကုန်ကျစရာလည်း မလိုဘူး။ သူ လုပ်လို့ ကိုယ် ပြန်လုပ်တယ်ဆိုတာ  မကောင်းပါဘူး။ နောက်ပြီး သူလုပ်ခဲ့တဲ့ အတိုင်းအတာ အတွက် ရှင်သူ့ရှေ့မှာ အရှင်လတ်လတ်တွေ့လိုက်ရတာနဲ့တင် ပွဲသိမ်းသွားပါပြီ။ သူသိသွားရင် တစ်သက်လုံး ခံစားပေတော့ပဲလေ။ မဟုတ်ဘူးလား။ ကျွန်မက အဲဒီလိုပဲ ဇာတ်သိမ်းချင်တယ်။ အဲဒီလို ဇာတ်သိမ်းခွင့်ရမယ်ဆိုရင် ရှင့်အတွက် ၀တ္ထုတစ်ပုဒ် ရေးပေးမယ်”

“ဆရာမ ဇာတ်သိမ်းက ဘယ်လိုလဲ”

“ကျွန်မ ဇာတ်သိမ်းကို လှချင်တယ်”

“တိုက်ဆိုင်မှု တစ်ခုပဲ အဲဒီ မင်္ဂလာပွဲ ကျွန်မကို ဖိတ်ဖြစ်အောင် ဖိတ်လာလိမ့် မယ်။ ကျွန်မက သတို့သားဘက်ကနေ ဖိတ်မှာ။ ကျွန်မလည်း မနေ့ကမှသိ တာ။ မနေ့က ကျွန်မသူငယ်ချင်းကို မေးကြည့်တော့ ပိုသေချာ သွားတယ်။အဲဒီမင်္ဂလာဆောင်ကို ရှင်ကျွန်မနဲ့ အတူလိုက်ခဲ့ပါ။ ကျွန်မရဲ့ ကာစင်အနေနဲ့ မိတ်ဆက်ပေးမယ်။ နောက်ပိုင်း အနေအထားကို ရှင်ပဲ ဆက်တွေးကြည့်တော့။ ညင်သာနူးညံ့တဲ့ ပညာပေးနည်းက ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ ပိုက်ဆံလည်း မကုန်ဘူး။ ရှင်လည်း ပင်ပန်းစရာ မလိုပါဘူး။ ၀တ္ထုထဲမှာ ရှင်ဖြစ်ချင်သလို သေပေးလို့ ရတယ်။ အပြင်မှာတော့ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး။ သူ အရာ အားလုံးကို သိသွားတဲ့ တစ်နေ့မှာ နောင်တရသွားလိမ့် မယ်။ ရှင်လည်း အမှား မကင်းတဲ့သူ မဟုတ်တော့ ဘူး။ လိပ်ပြာလုံစွာ နေနိုင်တယ်။ ရှင့်ရဲ့ရက်စက်မယ့် ပထမ အစီအစဉ်ကို လုံးဝ ပယ်ဖျက်လိုက်တော့ အဲဒီလို ရုပ်ဆိုးအကျည်းတန်စေမယ့် ၀တ္ထုမျိုး ကျွန်မ မရေးနိုင်ဘူး။ ဒီလို ဇာတ်သိမ်းမယ် ဆိုရင်တော့ ကျွန်မ ရေးဖို့ စဉ်းစားပေးမယ်။ ပြီးတော့ ရှင့်ဘက်ကလည်း တကယ် ဇာတ်သိမ်းရလိမ့်မယ်”

သူက အအေးခွက်ထဲက Juice တွေကို  အကုန်မော့သောက်ပြီး စဉ်းစားနေပုံရတယ်။ အတန်ကြာတော့-
“ကောင်းပြီလေ ဆရာမ၊ ကျွန်တော် ဆရာမ ဇာတ်သိမ်းအတိုင်း လုပ်ဖို့ ကတိပေးတယ်။ ဆရာမက စာရေးသူလို့မပြောရဘူး။ သူမင်္ဂလာ ဆောင်မယ့်နေ့ကို ကျွန်တော် သိတယ်ဆရာမ။ ကျွန်တော်လိုက်ခဲ့မယ်”

“အိုကေ၊ကောင်းပြီ” ကျွန်မ သက်ပြင်းကို  မသိမသာချလိုက်တယ်။

၃။
ဒီဇာတ်လမ်းမှာ ကျွန်မကိုယ်တိုင် ကြားက ပါဝင်ရပြီမို့ စိတ်ထဲမှာ တစ်မျိုးတော့ ခံစားရတယ်။ ကောင်လေးက မဆိုးပါဘူး။ ပြောရင်တော့ နားထောင်သားပဲ။ ဟုတ်တယ်လေ။ အပြင်ရော အထဲရော ရက်စက်၊ အကျည်းတန်မှုတွေနဲ့ ဇာတ်သိမ်းရမှာကို လုံးဝ မနှစ်သက်တော့ဘူး။ ကျွန်မရဲ့ ပရိသတ်လည်း ကြိုက်မယ်မထင်ဘူး။

မင်္ဂလာဆောင်မယ့်နေ့မတိုင်မီ ကျွန်မဆီ သူ ဖုန်းဆက်လာတယ်။ အဓိကက ကျွန်မ မေ့မှာစိုး လို့တဲ့။ မင်္ဂလာဆောင်က ဆီဒိုးနားမှာ။ နောက်တစ်နေ့ နံနက်စောစော သူက ကျွန်မ အိမ်ရောက် လာတယ်။ ရှပ်အင်္ကျီအဖြူ၊ နက်တိုင်၊ စတိုင်ပန်နဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ် ဖြီးထားတယ်။ တကယ့်ကို စိတ်ပါလက်ပါ လာပုံပဲ။ ကောင်မလေး သူ့ကိုမြင်ရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာ တွေးရင် ကျွန်မ ရင်တောင်တုန်တယ်။

မင်္ဂလာဆောင်က စည်ကားပါတယ်။ သူ ပြောသလို မြွေဆိုတော့လည်း ငွေလည်း ရှိမှာပေါ့။  ခပ်ဝေးဝေးက လှမ်းမြင်ရတဲ့ ငွေရောင်ဝတ်စုံနဲ့ သတို့သမီးလေးက လှတယ်။ သတို့သားကတော့ အတော်ဝပြီး၊ အသားမည်းတယ်။

“ဆရာမ ယုံပြီမဟုတ်လား၊ ငွေမျက်နှာနဲ့  မင်္ဂလာဆောင်တာ။ သူက အင်မတန် အလှအပ ကြိုက်တဲ့ မိန်းမ” ကိုယ်တော်က ချီးမွမ်းခန်းတွေ စဖွင့်နေပြီ။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ မလိုက်ဖက်ဘူး။ ကျွန်မတောင် စိတ်ထဲ အံသြနေတာ။

သူတို့က တစ်ဝိုင်းပြီးတစ်ဝိုင်း လိုက်နှုတ်ဆက်တယ်။
“ကဲ၊ ရှင် အသင့်ပြင်ထားနော်။ ကျွန်မတို့ စားပွဲဝိုင်းနားကို လာနေပြီ”

“စိတ်ချပါ”

သတို့သား၊ သတို့သမီးက လိုက်နှုတ်ဆက် ရင်း ကျွန်မတို့ ၀ိုင်းကိုရောက်လာတယ်။ ဗီဒီယို တွေကလည်း ရိုက်နေကြတယ်။ ဓာတ်ပုံတွေကလည်း တဖျတ်ဖျတ်။ ကျွန်မဘေးရောက်လာ တော့ ထလိုက်ပြီး နှုတ်ဆက်လိုက်တယ်။
“ကျွန်မ...သမီးပါ”

“သြော် ဟုတ်ကဲ့ခင်ဗျ။ တွေ့ရတာ ၀မ်းသာပါတယ်။ အဖေပြောဖူးတယ်။ စာရေးတယ်လို့ လည်း ပြောတယ်”

“ဟုတ်ကဲ့၊ မိတ်ဆက် ပေးရဦးမယ်။ ဒါ ကျွန်မမောင် ၀မ်းကွဲပါ။ ဘုန်းနေလတဲ့။ နိုင်ငံခြား က ပြန်ရောက်တာ မကြာသေးဘူး။ သူ့လိုက်ပို့ ခိုင်းရတာ”

“ဟုတ်ကဲ့ ခင်ဗျ၊ တွေ့ရတာ ၀မ်းသာပါ တယ်”

သတို့သားက လက်ဆွဲနှုတ်ဆက်တယ်။ နောက်ကျော ပေးနေရာကနေ လှည့်အထ သတို့သမီးနဲ့ မျက်နှာချင်းဆိုင် အနီးကပ် ဖြစ်သွားတာမို့ သတို့သမီး မျက်နှာဖြူဖျော့သွားပြီး ရုတ်ခြည်းဒူး ခေါင်းကွေးညွတ် ကျသွားတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ပန်းကလည်း အောက်ကိုပြုတ်ကျ သွားတယ်။ သတို့သားကလည်း လန့်ပြီး ချိတ်ထားတဲ့ သတို့သမီးလက်မောင်းကို ပြန်ဆွဲလိုက်တယ်။ အားလုံးလည်း လန့်သွားကြတယ်။

“မိုး ဘာဖြစ်တာလဲ။ ဘာဖြစ်သွားလို့လဲ နေမကောင်းဘူးလား၊ ခေါင်းမူးလို့လား၊ ကင်မရာ မီးတွေ ငြှိမ်းထားပေးပါ”

“မနက်အစောကြီး ထရလို့ ထင်တယ်”

“လာ...လာ ၊ထိုင်ခုံဆီ ပြန်သွားရအောင်။ လမ်းလျှောက်လို့ရော ရလား”

“ဒုက္ခပါပဲ မျက်နှာကလည်း ဖြူဖတ်လို့ လာလာ”

သတို့သမီး မျက်လွှာကို အောက်ကိုပဲ ချထားတယ်။ ဘယ်ကိုမှ မကြည့်တော့ဘူး။ နှုတ်ခမ်း တွေတောင် တုန်နေတယ်။ သူ ဘယ်လောက်တုန် လှုပ်သွားမလဲ။ ဘုန်းနေလကို လှမ်းကြည့်တော့ သူကရှုတည်တည် မျက်နှာပေးနဲ့ လှမ်းကြည့်နေတယ်။ သတို့သမီးကို အောက်က လူနည်းရာခုံ တစ်ခုမှာ ထိုင်ပြီး ယပ်ခတ်ပေးနေကြတယ်။ တော်တော် လန့်သွားပုံပဲ။ အခြေအနေကတော့ ရုတ်ရုတ်သဲသဲနဲ့ တော်တော် ဆိုးသွားတယ်။ အားလုံး သက်ဆိုင်သူများကလည်း သတို့သမီးနား ၀ိုင်းအုံသွား ကြတယ်။

“သွားကြစို့လား”

“ဟုတ်ကဲ့”
အခန်းပြင်ရောက်တော့
“ကဲ၊ ဘယ်လိုလဲ ကျေနပ်သွားပြီလား”

“ဆရာမကို ကျေးဇူးတင်ပါတယ်။ ဒီလောက်နဲ့တင် လုံလောက်သွား ပါပြီ။ သူ့ ကျွန်တော့်ကို ရုတ်တရက် မြင်လိုက်ရတော့ နှုတ်ခမ်းတောင်ဟသွား တယ်။ ရုပ်ပျက်ဆင်းပျက်ပဲ။ သူက ကျွန်တော့်ကို စိန်ခေါ်ခဲ့တာကိုး။ ဆရာမ မရိုမသေစကားပြောရရင် သူ့ကိုယ်ဝန် ကျွန်တော်နဲ့မဟုတ်ဘူး။ ကျွန်တော်သူနဲ့ မငြိစွန်းဘူး။ သူက ကျွန်တော့်ကို ဘာကြောင့် အသည်းအသန် ယူခိုင်းမှန်း  နောက်မှ သဘောပေါက်တယ်။ သူနဲ့ ကျွန်တော် အပြင်းအထန် စကားများ ခဲ့ကြတယ်။ ကျွန်တော့် စကားတွေကို သူက ဒီတစ်သက် မကျေဘူးတဲ့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ ကျွန်တော်နဲ့ပဲ ပေါ်ပေါ်တင်တင် တွဲခဲ့တော့ ကျွန်တော်လို့ ထင်တာပေါ့။ ကဲ၊ဆရာမ စိတ်ကြိုက် ဇာတ်သိမ်းခဲ့တာနော်။ ကျွန်တော့်ဘ၀မှာ သူနဲ့ပတ်သက်ပြီး ပြည်ဖုံးကား ချလိုက်ပြီ။ တကယ်လည်း ဇာတ်သိမ်းလိုက်ပြီ။  ဆရာမဘက်ကပဲ လိုတော့တယ်”

“ဟုတ်ပါပြီ။ ကျွန်မကလည်း ရှင့်ကိုပြန်ကျေးဇူးတင်တယ် ပြောပါရစေ။ ကျွန်မရဲ့ ဇာတ်သိမ်းခန်း ၀တ္ထုကို မဂ္ဂဇင်းမှာ စောင့်ဖတ်တော့”

“အိုကေ ဆရာမ။ ဆရာမကို ကျွန်တော် လေးစားပါတယ်”

“အရင်က ရှင် ကျွန်မကို တော်တော်လေး အမြင်ကတ်ခဲ့တာ မဟုတ်လား”

“အဲဒီလိုကြီးတော့ မဟုတ်ပါဘူး။ နားလည်ပါတယ်။ ဆရာမကြောင့် ကျွန်တော့်ရဲ့ဇာတ်သိမ်းခန်းဟာ ပိုလှသွားပါပြီ”

“ဟုတ်တယ်လေ၊ ကျွန်မက အဲဒီလို ၀တ္ထုထဲကလို ရူးကြောင်ကြောင် အစွန်းရောက်လုပ်ရပ်တွေကို သဘောမကျဘူး”

သူက ခေတ်ပေါ်ဝတ္ထုတွေကို အတော်ဖတ်ပုံရတယ်။ သူ့ရဲ့လုပ်ကြံမှုတွေ က အပြင်မှာ သိပ်ဖြစ်လေ့မရှိတဲ့ စရိုက်မျိုးပဲ။
“ရှင်အဲဒီလိုများ ပြန်လုပ်ခဲ့ရင် ရှင်က လူသတ်မှုတစ်ခု ကျူးလွန်ပြန်ဦး မယ်။  အလကားနေရင်း ဘ၀တွေဆုံးရှုံးတယ်။ တစ်ဦးတည်းသာ ရှိတော့တဲ့ ရှင့်အမေကိုလည်း ပြန်ကြည့်ရဦးမယ်။ စိတ်ထင်တိုင်းလုပ်လို့ မရဘူး။ နောက်ဆုံးကျ ကိုယ်လုပ်ခဲ့တဲ့အမှုက ကိုယ်ပဲ တာဝန်ပြန်ယူရတယ်။ ရှင့်ကို အဲဒီလို မဖြစ်စေချင်ဘူး”

သူက ခေါင်းညိတ်လိုက်ပြီး ကားကက်ဆက်ထဲက သီချင်းသံနဲ့အတူ စည်းချက်လိုက်နေတယ်။ သူ့ကြည့်ရတာပေါ့ပါးသွားသလိုပဲ။ ကျွန်မလည်း ကတိပေးထားတဲ့အတိုင်း ၀တ္ထုတစ်ပုဒ် ရေးရတော့မယ်။ ဒီဝတ္ထုအတွက် ခေါင်းစဉ်ကိုလည်း ဇာတ်သိမ်းခန်း လို့ပဲ အမည်ပေးဖို့ဆုံးဖြတ်လိုက်တော့ တယ်။

ချောအိမာန်၊မန္တလေး၊
(Teen မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၂)