နှုတ်ဆက်လိုက်ပါတယ်၊ အာရှတိုက်ရဲ့ တစ်နေရာ PDF Print E-mail
Written by ရာဇာမျိုး၊အင်းကုန်း၊   
Wednesday, 20 June 2012 16:40
Share |

အချိန် တန်တော့လည်း အိမ်ပြန်ရပြီ။
ဧရာဝတီနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ ဟောဒီ အဝေးကွင်းမှာ
ပြောင်းရွှေ့ကြေးအလွတ်

canadian pharmacy cialiscialis 20mg without prescription buy viagra professional online 50mg tadalafil
argaiv1442

သံယောဇဉ် အလွတ်
ခံစားချက် အလွတ် ချုပ်နှောင်မှု အလွတ်
ယုံကြည်မျှော်လင့်ချက် အလွတ်အကျွတ်တွေနဲ့
ကစားခဲ့တာ ဆယ်စုနှစ်တစ်ဝက်ကျော်
“ဖန်နေချာ
ဝယ်ရိန်
စိုက်ပျိုးရေး
နိုက်ကလပ်
ပန်းခြံ”
များပြားခဲ့တဲ့ ငါ့ပုံရိပ်တွေ
လက်တို့ပြောပြချင်စရာ တစ်ကွက်မှမရှိ
မရှိလည်း ဒါတွေကိုတော့
တစ်ဘ၀စာလက်ဆောင်အဖြစ် ယူသွားရလိမ့်မယ်
ငါ့ရပ် ငါ့ရွာ ငါ့နိုင်ငံမှာ ငါ့လို
လွတ်ချင်နေတဲ့ငါးတွေ
အများကြီး ရှိလိမ့်မယ်ဆိုတာ
ငါ သိတယ်
ငှက်တွေဟာ အတောင်စုံတာနဲ့
ကောင်းကင်ကို မျက်စပစ်နေမယ်ဆိုတာ
ငါ သိတယ်
ကျားတွေဟာ ခွန်အားပြည့်စုံတာနဲ့
အမဲလိုက်ဖို့ ချောင်းမြောင်းနေလိမ့်မယ်ဆိုတာ
တကယ်တော့ ငါတို့ဟာ
ဆရာကြည်မောင်သန်းရေးခဲ့သလို
အာရှကျားတွေရဲ့ ပါးစပ်ထဲ
သွားကြားညပ်ခဲ့ကြတဲ့ အမဲသားဖတ်တွေပါ
အာရှတိုက်ရဲ့ တစ်နေရာတဲ့လား
မေတ္တာတရားနဲ့ ဝေးခဲ့လို့
ဘ၀တွေ ခါးခဲ့ပါတယ်
ခေါင်းငုံ့လိုက်ရတဲ့ညတွေ
အလင်းရောင်မလုံလောက်တဲ့နေ့တွေ
ဘာသာမပြန်ချင်တဲ့ သီချင်းတွေ
ရစ်မကြည့်ရဲတဲ့ မိသားစုရုပ်ရှင်တွေ
ငြိမ်းချမ်းရေးဆိုတာ ငါတို့နဲ့ မတော်တဲ့
အဆောင်အယောင်လား
အလွမ်းမောတွေ
မွစာကြဲရ
ဒီခံစားချက်တွေဟာ
ငါတစ်ယောက်တည်းလို့တော့
(ဘယ်တုန်းကမှ)မတွေးခဲ့ပါဘူး
ငါ့လိပ်ပြာက ကိုယ်ချင်းစာတရားကိုတော့ ၀တ်မှုန်ကူးဆဲ
ငါ့ဘေးမှာ(ငါ့နည်းတူ)
အမြင့်တက်လို့ အကျနာတဲ့သူတွေ
အရိပ်လိုလို့ ကိုင်းချိုးစိုက်လည်း ကိုင်းကျိုးတာပဲ အဖတ်တင်တဲ့သူတွေ
ခြေထောက်နှစ်ချောင်းချင်းအတူတူ အတတ်ပညာနဲ့ အနိုင်ကျင့်သူတွေ
နေစရာမရှိလို့ ကိုယ့်မြေကိုယ်စွန့်
ခေါင်းချစရာတစ်နေရာရှာမယ့်သူတွေ
ကဲ
ဆြာ ကိုလံဘတ်ရေ
သေခြင်းတရားကလွဲလို့
ဘာကိုမျှော်လင့်ရမှန်းမသိတဲ့
၂၁ ရာစုပြောင်းရွှေ့ကျွန်တွေအတွက်
ပိုက်ဆံမကုန်တဲ့
ကမ္ဘာသစ်တစ်ခုလောက်များ
ရှာဖွေမပေးနိုင်တော့ဘူးလား...
နွမ်းလျတဲ့မေတ္တာနဲ့ အားတင်းခေါ်နေတဲ့
မိသားစုရဲ့အသံတွေကိုရော
နတ်ကောင်းနတ်မြတ်တွေက
မကြားနိုင်တော့ဘူးလား...
ဒီလို ငါတို့ဟာ
ချစ်ခြင်းမေတ္တာရဲ့ဧရိယာပြင်ပမှာ
ကိုယ့်ဒုက္ခနဲ့ကိုယ်ပူ
မိသားစုအတွက်ပူ
ငွေကြေးအတွက်ပူ
အိမ်ခြံအတွက်ပူ
လယ်ယာကျွဲနွားအတွက်ပူ
တိုင်းပြည်အတွက်ပူ
ကမ္ဘာကြီးအတွက်ပူ
ပူကုဋေကုဋာနဲ့ပူ
အိမ်ဘေးက ကောင်မလေးအတွက်ပူ
........................
........................
အခု
အပူတွေကို
တကျိုက်ကျိုက်မော့သောက်ခဲ့တဲ့ကောင်
မျှော်လင့်ချက်တွေ ပြန်မော့သောက်
မိသားစုတံခါးကို အသံမမြည်အောင်
ခေါက်ရမယ့်လှေတစ်စင်း
ကွာလာလမ်ပူကမ်းမှ
စတင်ထွက်ခွာနေပါပြီ
ကျေးဇူးတင်ပါတယ်
အာရှတိုက်ရဲ့တစ်နေရာ
ကျွန်တော် အိမ်ပြန်သွားပါပြီ။ ။

ရာဇာမျိုး၊အင်းကုန်း၊
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)