|
Written by ရဲစွမ်းနေ
|
|
Wednesday, 20 June 2012 15:56 |
ဆယ်တန်း အောင်ပြီးစ လူငယ် တစ်ယောက်ကို ဘာဝါသနာ ပါလဲ၊ ဘာအလုပ် လုပ်ချင် သလဲလို့ မေးခဲ့ရင် အများစု အနေနဲ့ တွေဝေ ထုံ့ဆိုင်း သွားမှာ သေချာပါတယ်။
argaiv1205
ကိုယ်ပိုင်ရ ည်ရွယ်ချက် ချမှတ်ပြီး သူအချို့နဲ့ မိဘက ပုံသွင်း ထားသူ အချို့ကတော့ ဆရာဝန် လုပ်မယ်၊ အင်ဂျင်နီယာ လုပ်မယ်၊ သင်္ဘောသား လုပ်မယ်၊ စီးပွားရေး လုပ်ငန်းရှင် လုပ်မယ်၊ ကျောင်းဆရာ လုပ်မယ်၊ ကျောင်းဆရာမ လုပ်မယ်လို့ ပြောချင် ပြောမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ ရည်မှန်းချက် ချထားပြီး ဖြစ်တဲ့ လူတစ်ယောက်ကို အလိုက်သင့် ပြုစု ပျိုးထောင်ပေးရမှာ ဖြစ်သလို၊ ရည်မှန်းချက် မရှိသေးတဲ့ လူငယ် တစ်ယောက်ကိုလည်း သူ့ရဲ့တိမ်မြုပ်နေတဲ့ ရည်မှန်းချက်များ ခဲခြစ်ကောက်ကြောင်း အဆင့်မှ ပီပြင်စွာ ရုပ်လုံး ပေါ်လာအောင် နည်းလမ်းတကျ ကူညီပံ့ပိုးပေးသင့်ပါတယ်။
လူငယ် တစ်ယောက်ရဲ့ ရည်မှန်းချက် ဆိုတာမျိုးက သူ့ရဲ့ဝါသနာ မျိုးစေ့မှ ပေါက်ဖွားလာခြင်း ဖြစ်တယ်။ လူငယ်တိုင်းတွင် သူတို့နှစ်သက်တဲ့ ၀ါသနာ တစ်ခုတစ်လေတော့ ရှိမှာပါ။ တချို့က ဘောလုံး ကန်ရတာ ၀ါသနာ ပါကြတယ်။ တချို့က တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းငြိမ်းချမ်းစွာ စာထိုင် ဖတ်ရတာကို ၀ါသနာ ပါကြတယ်။ တချို့က ဓာတ်ပုံ အရိုက်ခံရ တာကို ၀ါသနာ ပါကြတယ်။ အမျိုးမျိုး ရှိနိုင်ပါ တယ်။ ဒါပေမဲ့ ငယ်ငယ်က ဘောလုံး ကန်ရတာ ၀ါသနာပါတဲ့ လူငယ်လေးဟာ ပရော်ဖက်ရှင်နယ် (Professional) ဘောလုံးသမား ဖြစ်ချင်မှ ဖြစ်လာမယ်။ စာဖတ် ၀ါသနာပါခဲ့တဲ့ လူငယ်လေးက ပရော်ဖက်ရှင်နယ် စာရေးဆရာ ဖြစ်ချင်မှဖြစ်မယ်။ ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါခဲ့တဲ့ လူငယ် လေးက မော်ဒယ်လ်ဖြစ်ချင်မှ ဖြစ်လာမယ်။
တကယ်လို့ ဒီလူငယ်လေးတွေရဲ့ ဘ၀လမ်း ကြောင်းဟာ ကောက်ကွေ့မှု မရှိခဲ့ဘူးဆိုရင် သူတို့ လေးတွေဟာ အခြား အောင်မြင်ကျော်ကြားတဲ့ ပရော် ဖက်ရှင်နယ်တွေလည်း ဖြစ်လာနိုင်သေး တယ်။ ဒါမှ မဟုတ်ရင်တော့ လမ်းဘေးလည်း ရောက်သွားနိုင်တာပဲ။
အဲဒါဆိုရင် ပရော်ဖက်ရှင်နယ်နဲ့ ၀ါသနာ ကြားမှာ နံရံတစ်ခု ခြားနေပြီလားလို့ တွေးစရာ ရှိတယ်။ သေချာတာကတော့ လူငယ်ရဲ့ ၀ါသနာ အိပ်မက်ကို ဘ၀ ရည်မှန်းချက် လမ်းကြောင်းပေါ် ဆွဲခေါ် ယူနိုင်မှသာ အောင်မြင်တဲ့ ပရော် ဖက်ရှင်နယ် ဘ၀မှာ ရပ်တည် နိုင်မှာပါ။ ပရော်ဖက်ရှင်နယ်တိုင်းက ၀ါသနာ ပါရာ အလုပ်တစ်ခုကို လုပ်နေကြတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ၀ါသနာ ပါရာ အလုပ်တစ်ခုကို ပရော်ဖက်ရှင်နယ် အဖြစ် ပြောင်းလဲယူဖို့ ဆိုတာ တကယ်တမ်း မလွယ်ကူ ပါ။ ကြိုးစားမကြည့်ဖူးဘဲ စကတည်းက လက် လျှော့လိုက်မယ် ဆိုရင်တော့ မိမိအရည်အချင်းကို မိမိ မယုံကြည်ရာကျသွားပါလိမ့်မယ်။
ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်းက အင်ဂျင်နီယာ အလုပ်ဖြစ်ပါတယ်။ ငယ်စဉ်က တည်းက လုပ်ငန်းခွင်မှာ အင်ဂျင်နီယာ တစ်ယောက်ရဲ့ သွက်လက်ဖျတ်လတ်စွာ စီစဉ်ညွှန် ကြားမှုနှင့်အတူ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အခက်အခဲများ ဖြေရှင်းပုံကို အားကျ နှစ်သက်ခဲ့ ရတဲ့ ကျွန်တော် အတွက် ပရော်ဖက်ရှင်နယ်နှင့် ၀ါသနာ နီးစပ်မှု ရှိတယ်လို့ ပြောရမယ် ထင်တယ်။ ကျွန်တော့် ရင်ထဲမှာ အားကောင်း တဲ့အရှိန်အဟုန်နဲ့အတူ နောက်ထပ် ကိန်းဝပ် တည်နေတဲ့ ၀ါသနာ တစ်ခုက စာရေးခြင်း အလုပ်ပဲဖြစ် တယ်။
ဘယ်အချိန်ကလဲ ဆိုရင် ၅ တန်း အရွယ်ကတည်းက ဖြစ်တယ်။ ကျွန်တော်တို့ အိမ်က စာအုပ် ဖြန့်ချိရေးနှင့် စာအုပ် အငှားဆိုင် လုပ်ငန်းလုပ်တယ်။ ဒီတော့ ကျွန်တော်ရဲ့ဝါသနာ ဒီရေဟာ တစ်နေ့ တစ်ခြား ပိုတိုးလာတော့တယ်။ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္ထု စုံနေအောင်လည်း ဖတ်ဖြစ်တယ်။ ကျွန်တော် စိတ်အဆင်း ရဲဆုံး အချိန်က စာမေးပွဲ နားနီးချိန်နှင့် စာမေးပွဲ ဖြေရချိန်ပဲ။ အဲဒီ အချိန်တွေမှာ စာအုပ် မဖတ်ရဘူးလေ။ စာမေးပွဲပြီး ချိန်မှာတော့ ကျွန်တော် အားရ ၀မ်းသာစွာပဲ စာအုပ် ပင်လယ်ထဲ ကူးခတ်နေတော့တယ်။
အဲဒီအချိန်တုန်းက တစ်နေ့တာ ပင်ပန်းမှုမှ အပန်းဖြေစရာ ရုပ်မြင်သံကြား စက်ဆိုတာကလည်း အိမ်တိုင်း ရှိကြတာ မဟုတ်တော့ ကျွန်တော်တို့ တစ်မြို့လုံး စာဖတ်အား ကောင်းကြပါတယ်။ အခုတော့ မြို့မှာရှိတဲ့ စာအုပ် အငှားဆိုင် အရေအတွက်ပင် တော်တော်လေး နည်းပါးသွားခဲ့ပြီ။ ရသ စာပေကို တရှိုက် မက်မက် ဖတ်သူ အရေအတွက် သိသာစွာကျန်ရှိနေသေးလို့ စာဖတ် ၀ါသနာ ပျောက်ဆုံး သွားတာတော့ မဟုတ်ပါ။ ဒါပေမဲ့ ယနေ့ခေတ် လူငယ် အများစု လူကြီးတွေဆီက စာဖတ် ၀ါသနာ အမွေ ဆက်ခံခြင်း မရှိတာတော့ ၀မ်းနည်းစရာ ကောင်းပါတယ်။
တစ်နေ့တခြား ရင့်သန်လာတဲ့ ကျွန်တော့်ရဲ့စာရေးခြင်းဝါသနာကို ကျွန်တော့်နဲ့ အနီးကပ်ဆုံး သူငယ်ချင်းတစ်ယောက်ဆီ ရောက်သွားအောင် လည်း ကြိုးစားခဲ့ဖူးတယ်။ အောင်မြင်ခဲ့တယ်လို့ ပြောမရပါ။ အဲဒီတုန်းက အားလပ်ချိန်များမှာ သူနဲ့ကျွန်တော် ၀တ္ထုအရေး ပြိုင်ကြတယ်။ ကျွန်တော်က ရသ၀တ္ထုတိုဖြစ်အောင် ကြိုးစားပြီးရေးတယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး ကောင်းတယ်လို့ မထင်ပါ။ သူကတော့ သိုင်းဝတ္ထုတိုတွေရေးတယ်။ ကျွန်တော်က သိုင်းဝတ္ထု တစ်ပုဒ်တောင် ဆုံးအောင် မဖတ်ဖူးပေမဲ့ သူကသိုင်း ၀တ္ထုတွေစွာ ဖတ်ဖူးသလို သိုင်းဇာတ်ကားများလည်း အကြည့် များတယ်လေ။ ဒါပေမဲ့ အဲဒီသူငယ်ချင်းဟာ စာရေးသူတစ်ယောက်ဖြစ် မလာခဲ့ပါ။
ကျွန်တော့် အနေနဲ့ နားလည်သွားတာ တစ်ခုက လူတစ်ယောက်ဝါသနာ မပါတဲ့အရာတစ်ခုကို အတင်းအကျပ် စေခိုင်းလို့ မရဘူး ဆိုတာပဲ။ မဖြစ်သာလို့ သူ့အနေနဲ့ လုပ်ခဲ့ရရင်တောင် တစ်ခဏပဲ ခံမှာပါ။ အဲဒီတုန်းက ကျွန်တော်နဲ့ ၀တ္ထုအကြောင်း၊ ရုပ်ရှင်ဇာတ်ကား အကြောင်း မကြာခဏ ဆွေးနွေးဖြစ်ပေမဲ့ တစ်ခါမှ ၀တ္ထုရေးမပြိုင်ဖူးတဲ့ သူငယ်ချင်းတစ် ယောက်တော့ ယခုစာပေနယ်ထဲ ရောက်နေပါပြီ။ သူကတော့ ထန်ဖြစ်ပါ တယ်။
လူငယ်များအနေနဲ့ မိမိရဲ့သေးငယ်လှတဲ့ ၀ါသနာအစက်အပြောလေးကို မိုးကောင်းကင်တစ်ခုလို အနှိုင်းမဲ့ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်ရင်တော့ အိပ် မက်တွေဟာ လက်တွေ့ဘ၀ထဲကို ခုန်ဆင်း လာမှာပါ။ ဥပမာ-Facebook ကို တီတွင်ခဲ့တဲ့ မက်ခ်ဇက်ကာဘာ့ခ်ျ (Mark Zackerberg) ဟာ ငယ်ငယ်ကတည်းက ကွန်ပျူတာနှင့် ပတ်သက်ရင် အထူး စိတ်ဝင်စားသူ ဖြစ်ခဲ့တယ်။ မိဘများက သူ့ရဲ့ဝါသနာကို သိမြင်တော့သင် တန်းကျောင်းများမှာ စနစ်တကျ သင်ယူခွင့်ရ အောင် ပံ့ပိုးပေးတယ်။ သူငယ်ချင်းများ ဂိမ်း (Game)ကစားနေချိန်မှာ မက်ခ်ဟာ သူတို့အတွက် ဂိမ်းပရိုဂရမ် (Game Program) အသစ်များ တီ တွင်ခဲ့သူဖြစ် လာခဲ့တယ်။ ဟားဗတ်တက္ကသိုလ် ဒုတိယနှစ်တက်တဲ့ အချိန်မှာတော့ ဓာတ်ပုံတွေ တင်လို့ရပြီ ကိုယ်တိုင် မှတ်ချက် ၀င်ရေးလို့ ရတဲ့ Facebook လို့ ခေါ်တဲ့ လူမှုရေး ကွန်ယက် (Social Network) ကို အောင်မြင်စွာ တီထွင် နိုင် ခဲ့ပါတယ်။ Facebook မူပိုင်ခွင့်နှင့် ပတ်သက်လို့ လည်း အခြားကျောင်းသားများနှင့် တော်တော် လေး အငြင်းပွားခဲ့ရပါတယ်။
မက်ခ်ဟာ ဘာသာစကား ၅ မျိုးအထက် ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်ပြီး အားကစား ကိုလည်း လေ့လာ လိုက်စားပါတယ်။ သူကိုငယ် ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာတစ်ယောက်ဖြစ်အောင် တွန်းပို့လိုက်တဲ့ အချက်တွေကတော့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ထူးကဲတဲ့ပါရမီအပြင် ၀ါသနာအရ လုပ်တဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှု ကောင်းခြင်းနှင့် အမြဲစူးစမ်းလေ့လာနေခြင်းတို့ ကြောင့်ဖြစ်ပါတယ်။ သူ့အကြောင်းကို ပြည့်စုံစွာ သိချင်ရင် ဒါရိုက်တာ David Fincher ရိုက်ကူးပြီး အော်စကာဆုများစွာ တစ်ပြေးခဲ့တဲ့ Social Network ဇာတ်ကားမှာ လေ့လာနိုင်ပါတယ်။
ဝါသနာနှင့် ပရော်ဖက်ရှင်နယ် ကွဲပြားပုံနှင့် ပတ်သက်ပြီး ကျွန်တော့် စိတ်ထဲမှာ မှတ်မိနေတဲ့ အဖြစ်အပျက်လေး တစ်ခုရှိတယ်။ တစ်ခါကရူဟင်ဟာ စပိန်နိုင်ငံဆိုင်ရာ ဟော် လန်သံအမတ်ကြီးအဖြစ် အမှုထမ်းနေတဲ့အချိန် နေ့လည်နေ့ခင်းအားလပ်ရင် ဘုရင့်ပန်း ပုဥယျာဉ် တွေထဲမှာ ပန်းချီဆွဲလေ့ရှိတယ်။ တစ်နေ့မှာ စပိန်ဘုရင်ရဲ့ နန်းတွင်းအရာထမ်းတစ်ယောက်က မြင်တော့ “တစ်ခါတလေ သံတမန်တစ် ယောက် ဟာ ပန်းချီဆွဲတဲ့အလုပ်နဲ့ အပျင်းဖြေ တတ်တယ် နော်”လို့ပြောတယ်။ အဲဒီမှာ ရူဘင်က “မဟုတ်ပါ ဘူး၊ ပန်းချီဆရာတစ်ယောက်က တစ်ခါတလေ သံတမန်ရေးရာ အလုပ်နဲ့ အပျင်းဖြေတက်တာ ပါ”လို့ ပြန်ပြောသတဲ့။
ပရော်ဖက်ရှင်နယ်နဲ့ ၀ါသနာကို သိမ့်မွေ့စွာ ပေါင်းစပ်လို့ရပါတယ်။ ဘ၀မှာ က္ကနြေ္ဒရှိရှိ တည်နိုင်တဲ့ ပရော်ဖက်ရှင်နယ် အလုပ်တစ်ခု ရှိပေမဲ့ ၀ါသနာပါတဲ့စာရေးခြင်းအလုပ်ကို အောင် မြင်အောင်ပြုလုပ်ခဲ့ကြသူများ ရှိပါတယ်။ နိုင်ငံရပ် ခြားမှာဆိုရင် ချက်ကော့၊ ဆမ်းမား ဆက်မွမ်၊ အေဂျေကရိုနင် စသည်ဖြင့်ရှိမယ် သူတို့ဟာဆရာ ၀န်တွေလည်း ဖြစ်ကြပါတယ်။ ချက်ကော့ ပြော ဖူးတဲ့စကားလေး တစ်ခွန်းလည်းရှိတယ်။
“သူ့အတွက် ဆရာဝန် အလုပ်က မယားကြီး ဆိုရင် စာရေးခြင်း အလုပ်က မယားငယ်ပါ”တဲ့။ မြန်မာနိုင်ငံမှာလည်း ဂျူး၊ ဖေမြင့်၊ ၀င်းဝင်း လတ်၊ မသီတာ(စမ်းချောင်း)၊ လင်္ကာရည်ကျော်၊ ယဉ်မင်းဦး(ဆေးတက္ကသိုလ်)၊ မင်းခိုက်စိုးစန် စတဲ့ ဆရာဝန် စာရေးဆရာ၊ စာရေး ဆရာမများ ရှိပါတယ်။
သူတို့အားလုံးဟာ တစ်ချိန်တုန်းက လူငယ် များဖြစ်ခဲ့ကြတယ်။ သူတို့ဟာ သူတို့ဝါသနာကို လုပ်ခွင့်မရသေးလို့ဖြစ်စေ၊ လုပ်ချိန်မတန်သေး ဘူး ဆုံးဖြတ်ထားလို့ဖြစ်စေ၊ ပရော်ဖက်ရှင်နယ် အလုပ်ကို သင်ယူနေဆဲကာလမှာပဲ ကြိုးကြား ကြိုးကြား သူတို့ရဲ့ဝါသနာကို အကောင်အထည် ဖော်ခဲ့ကြတာတွေလည်း ရှိမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အားလုံးဟာ ၀ါသနာနှင့် ပရော်ဖက် ရှင်နယ် နှစ်ခုလုံးမှာ အောင်မြင်အောင် ကြိုးစားခဲ့ ကြသူများသာ ဖြစ်ပါတယ်။ သားရွှေအိုးထမ်း လာတာကို မြင်ရတဲ့ အဖြစ်က ကြည်နူးစရာ ကောင်းတယ် မဟုတ်လား။
ကိုယ် ၀ါသနာမပါတဲ့ အလုပ်ကို လုပ်နေ ရပြီး အဲဒီအလုပ်က ကိုယ့်ကို ပရော်ဖက်ရှင်နယ် အဖြစ်ကို ရောက်ရှိစေရင်တော့ ကိုယ့်ဝါသနာပါ ရာ အလုပ်ကို အားလပ်ချိန်မှာ ပြုလုပ်သွားနိုင်ပါ တယ်။ ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေ ရပြီး အဲဒီအလုပ်က ကိုယ့်ကိုအောင်မြင် မှုလည်း မပေး၊ ပျော်ရွှင်မှုလည်း မစွန့်ကြဲဆိုရင်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ဆီ ခြေလှမ်းသစ်စ လှမ်းဖို့ လိုအပ်နေပါပြီ။ အဲဒီအချိန်မှာ ဖြစ်သင့် တာက မလိုချင်တာကို ရဲဝံ့စွာငြင်းပယ်ခြင်းနှင့် နောက်ဆံမတင်းတဲ့ပြတ်သားမှု တစ်ခုသာ ဖြစ်ပါ တယ်။
ရဲစွမ်းနေ (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|