|
နှုတ်ဆက်ပါတယ် သီချင်းကို ဖန်တီးခဲ့ကြသူများ |
|
|
|
|
Written by လွင်မေသော်၊ မေစုလှိုင်
|
|
Friday, 15 June 2012 16:59 |
ဒီတစ်ပတ်မှာတော့ ဖူးငုံ ပရိသတ်တွေ အတွက် အဆိုတော် လုပ်နေတဲ့ သရုပ်ဆောင်မလေး၊ သရုပ်ဆောင် လုပ်နေတဲ့ အဆိုတော် မလေး ၀ိုင်းစုခိုင်သိန်းရဲ့ နှုတ်ဆက် ပါတယ် ဆိုတဲ့ သီချင်း အေးအေးလေးတွေကို ရွေးချယ် ထားပါတယ်။
argaiv1321
ဒီသီချင်းလေးက အသည်းကွဲ သီချင်း ဆိုပေမဲ့ အဓိပ္ပာယ် ရှိတဲ့ စာသားတွေနဲ့ ၀ိုင်းစုရဲ့ ၀မ်းနည်းစရာ သံစဉ်လေးတွေကြောင့် သီချင်း ချစ်သူ တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ သီချင်းလေးပါ။
ဒီသီချင်းကို ဖန်တီးထားတဲ့ ဖန်ဆင်းရှင်ကတော့ မှားတာရှိရင် တောင်းပန်တတ်တဲ့ တေးရေးဆရာ လုပ်နေတဲ့ အဆိုတော်လေး၊ အဆိုတော် လုပ်နေတဲ့ တေးရေး ဆရာလေး အောင်လ ဖြစ်ပါတယ်။ နှုတ်ဆက်ပါတယ် သီချင်းရေး ဖြစ်ခဲ့တာ ဖန်တီးဖြစ်ခဲ့ပုံကို တေးရေး အောင်လနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ပါတယ်။ သီချင်းလေးရဲ့ Story အကြောင်းအရာကို ဘယ်လို ရှာဖြစ်ခဲ့တာလဲ ဆိုတော့-
“အကြောင်းအရာကတော့ ကျွန်တော်က နဂိုကတည်းက အလွမ်းဓာတ်ခံ ပါတယ်။ အဆွေးဘက်က ပိုရေးဖြစ်တာ များတယ်”လို့ ပြောပြပါတယ်။ နှုတ်ဆက်ပါတယ် သီချင်းကို စရေးဖြစ်တဲ့ အချိန်မှာ သံစဉ်တွေ အရင်ဖန်တီး ပြီးတော့မှ ယောက်ျားလေး တစ်ယောက် အနေနဲ့ ခံစား ရေထားပါတယ်လို့ အောင်လက ဆိုပါတယ်။ သီချင်းရေးတာ ကြာလာလို့ စာသားတွေ ရှားလာခဲ့ရင် စာအုပ်တွေ ဖတ်တယ်။၊ အင်္ဂလိပ် သီချင်းတွေ၊ မြန်မာ သီချင်းတွေ၊ ရှေးခေတ်က သီချင်းတွေ ပြန်နားထောင်တယ်။ တစ်ခါတလေ ရုပ်ရှင်ထဲက၊ သူငယ်ချင်းတွေဆီကနဲ့ ကိုယ်တွေ့တွေက အကြောင်းအရာတွေ ရတယ်။ သီချင်းတွေ ပြန်နားထောင်ဖို့ ကွန်ပျူတာထဲမှာ သီချင်း အပုဒ်ရေ ခြောက်သောင်းလောက် ထည့်ထားတယ်လို့ အောင်လက ပြောပြပါတယ်။

နှုတ်ဆက်ပါတယ် သီချင်းနဲ့ အမှတ်တရထူးခြားတာ ရှိခဲ့လားလို့ မေးကြည့်တော့“ အမှတ် တရရယ်လို့တော့ မရှိဘူး။ ဒါပေမဲ့ အဲဒီ သီချင်းက ကျွန်တော် ညဘက်ရေးတာ၊ ညဘက်တွေ သီချင်း ရေးဖြစ်တာများတယ်။ ညဘက်ကျတော့ တိတ်ဆိတ်တော့ အဆွေးသီချင်း ပိုထွက်တယ်။ (ရယ်လျက်)၊ အကြိုက်ဆုံးစာသားဆိုရင် တော့ လွမ်းရုံ ကျေနပ်တယ်xxx ဆိုတဲ့ စာသားလေးကို ကြိုက်တယ်။ ဒီသီချင်းလေး သီဆိုပေးတဲ့ ၀ိုင်းစုနဲ့ နှုတ်ဆက်ပါတယ် သီချင်းကို ဖွင့်ထားရင်းနဲ့ပဲ မေးမြန်း ဖြစ်ခဲ့ပါတယ်။ ၀ိုင်းစုက ဒီသီချင်းထဲက ဘယ်စာသား ရယ်လို့ ရွေးကြိုက်တာမရှိဘဲ သီချင်းတစ်ပုဒ်လုံးကို ကြိုက်ပါတယ်လို့ ဆိုပါတယ်။ သီချင်းဆိုဖို့ Mode သွင်းတဲ့ အချိန်မှာ“ဘယ်သီချင်းကို မဆို စာသားသေချာ ဖတ်ကြည့်တယ်၊ ပြီးရင်း Mode သွင်းပြီး သေချာဆိုတယ်”လို့ ၀ိုင်းစုက ပြောပါတယ်။
ဒီသီချင်းနဲ့ တိုက်ဆိုင်တဲ့ ပရိသတ်တွေ အတွက် ၀ိုင်းစုက“ဒီသီချင်းထဲက ပုံစံလေးက စတွေ့ကြကတည်းက ကောင်းကောင်းမွန်မွန် တွေ့တဲ့ ပုံစံမျိုး မဟုတ်ဘူး။ နောက်ပိုင်းကျရင်လည်း အဆင် မပြေလောက်ဘူး ဆိုတော့ သူ့ဘက်က အနစ်နာခံရင်းနဲ့ နှုတ်ဆက်တဲ့ သဘောမျိုးဆိုတော့ တိုက်ဆိုင်တဲ့ သူတွေကို ဒီလိုပုံစံမျိုး မဖြစ်စေချင်ပါဘူး။ ကိုယ့်ပရိသတ် အားလုံးကို ဒီလိုခံစား သူတွေ မဖြစ်စေချင်ဘူး”လို့ ဆုတောင်း ပေးပါတယ်။
နှုတ်ဆက်ပါတယ် သီချင်းနဲ့ အမှတ်တရအဖြစ် တေးရေးအောင်လ ဆိုပြထားတုန်းက ယောက်ျားလေးဘက်က ဆိုထားတဲ့ အတွက်(ကိုဇ၀ါ)က မိန်းကလေးမျိုးလေး ဖြစ်အောင် အသေးစိပ် သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ၀ိုင်းစုက ဖူးငုံနဲ့ နှုတ်ဆက်ပါတယ် သီချင်း ပရိတ်သတ်တွေကို “သီချင်း လေးကိုတော့ အားပေးပါ၊ သီချင်းစာသား ပုံစံမျိုး ၀ိုင်းစု ဆိုချင်လို့ ဆိုဖြစ်ပေမဲ့ နှုတ်ဆက်တယ်ဆိုတာတော့ မကောင်းဘူးပေါ့နော်။ ဖြစ်နိုင်မယ် ဆိုရင်တော့ မနှုတ်ဆက်တာပဲ ကောင်းပါတယ်”လို့ ပြောပါတယ်။ အခု လတ်တလောမှာတော့ ၀ိုင်းစုခိုင်သိန်းက ဗီဒီယိုကားတွေ ရိုက်ကူးနေပြီး မျက်လှည့် ဗီစီဒီ အခွေထွက် ရှိအောင် ကြိုးပမ်းနေပါတယ်။ တေးရေး အဆိုတော် အောင်လက ပင်လယ်ထဲက မြစ်များလို့ အမည် ပေးထားတဲ့ ဒုတိယ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိရန်ရှိပြီး ကြော်ငြာ သီချင်းများ ရေးပေးရန် ရှိတယ်ဆိုတာ ပရိသတ်ကို အသိပေး ပြောပြလိုက်ပါတယ်။

လွင်မေသော် (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
|
Last Updated on Monday, 18 June 2012 09:58 |