အနုပညာသမား တစ်ယောက်ဖြစ်လို့ အလှအပဟာ ငါးဆယ် ရာခိုင်းနှုန်း အရေးပါတယ် ဆိုတဲ့ ယုသန္တာတင် PDF Print E-mail
Written by လွင်မေသော်   
Wednesday, 13 June 2012 15:40
Share |

အနုပညာ ပျိုးခင်းရဲ့ စင်တင် မင်းသမီး မဖြစ်ခင် ကတည်းက လှပတဲ့ မျက်နှာလေးနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစားတွေကြောင့် ဆယ်ကျော်သက်တွေကြား ခေတ်စားခဲ့တဲ့ မင်းသမီးလေးက ယုသန္တာတင်ပါ။

click hereside effects order viagra online generic cialis online
argaiv1733


ယုသန္တာတင်က မျက်လုံး ပြင်ရတာကို အကြိုက်ဆုံး ဖြစ်ပြီး သူမရဲ့ လတ်တလော အကြိုက်ဆုံး ပြင်ဆင်မှုက မိတ်ကပ် လျှော့လိမ်းပြီး မျက်နှာပြောင်မှာ အိုင်းလိုင်နာ ထူထူဆွဲကာ နှုတ်ခမ်း အတွင်းသားလေး နီနေတဲ့ ပုံစံမျိုးလေးလို့ ဆိုပါတယ်။ မင်းသမီးလေးဟာ သနပ်ခါး အလိမ်းနည်းပြီး Skin Care ပုံမှန်သုံးကာ Toner နှင့် Moisture တစ်ခုခုသာ လိမ်းဖြစ်ပါတယ်လို့ ပြောပါတယ်။ အလှအပဟာ မိမိ ဘ၀ရဲ့ဘယ်နေရာ၊ ဘယ်အဆင့်မှာ ပါဝင်သလဲ ဆိုတော့“သာမန်လူတစ် ယောက်ဖြစ်ခဲ့ရင်တော့ အလှအပက သိပ်အရေး မပါဘူးပေါ့။အနုပညာ အလုပ်ကို လုပ်နေတဲ့သူဖြစ်တဲ့အတွက် အလှအပက ရာနှုန်းပြည့် မဟုတ်ပေမဲ့
၅၀ ရာခိုင်နှုန်းတော့ အရေးပါပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ပရိသတ် မိန်းကလေးတွေ အတွက် အလှအပနဲ့ ပတ်သက်တဲ့ အကြံပေးချက်လေးကတော့ အရမ်းကြီး လှနေဖို့ဆိုတာထက် အဓိက အနေနဲ့ သပ်သပ်ရပ်ရပ် နေတတ် စေချင်ပါတယ်တဲ့။ ဘယ်လောက်ဈေးကြီးတဲ့ အလှပြင် ပစ္စည်းတွေ အသုံးပြုထားပါစေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမယ်ဆိုရင် အဆင် မပြေနိုင်ပါဘူးတဲ့။ ဒါကြောင့် ပြင်ပမှာရော အတွင်း အရည်အချင်းပါ ရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

အ၀တ်အစားကို ခုံမင်သူ ယုသန္တာတင်က ကျောင်းတက်တဲ့ အချိန်ကတည်းက မုန့်ဖိုးတွေ စုပြီး အ၀တ်အစားတွေ ၀ယ်ဝတ်ခဲ့တဲ့ သူပါ။ ယခု အနုပညာ အလုပ်ကို လုပ်ဖြစ်တဲ့ အချိန်မှာ အ၀တ်အစားတွေ ပိုဝယ်ဖြစ်ပြီး အ၀တ်အစား Brand မရွေး ၀ယ်စုဖြစ်တယ်လို့ သိရတော့ ဘယ် Style ကို အကြိုက်ဆုံးလဲလို့ မေးဖြစ်ပါတယ်။

“Style က အရမ်းကြီး ဟော့ရှော့ ခေတ်မီနေတယ် ဆိုတာထက် ခပ်ရိုးရိုး ဒီဇိုင်းလေးတွေကို ပိုသဘော ကျပါတယ်။ ထသွားထလာ ဘယ်လိုပဲ သွားသွား သွားရတာ အဆင်ပြေတဲ့  ပုံစံတွေကို သဘော ကျပါတယ်”လို့ ဖြေပေးခဲ့ပါတယ်။ ယုသန္တာတင်ရဲ့အလှအပ ပြင်ဆင်မှုဟာ ကျောင်းတက်ခဲ့တဲ့ အရွယ်နဲ့ အနုပညာ လောကထဲ ၀င်ရောက်တဲ့ အချိန် သိသိသာသာ ကွာခြားမှု မရှိဘူးလို့ သိရပါတယ်။  ကျောင်းတက်တဲ့ အချိန်တုန်းက မိတ်ကပ် မလိမ်းခြယ်ခဲ့ဘဲ အနုပညာ အလုပ်လုပ်တဲ့ အချိန်မှာတော့ သွားသွားလာလာ သတိထား အစစ အရာရာ ဖြီးလိမ်း ပြင်ဆင်မှုတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

အ၀တ်အစား ဟော့ဟော့ရမ်းရမ်း ၀တ်ဆင်သူတို့ အပေါ် ယုသန္တာတင်ရဲ့ အမြင်လေး မေးကြည့်မိတော့  “ခေတ်မီမီ ၀တ်မှ လှတယ်ဆိုတာ တချို့တွေက ၀တ်ရင် တကယ်လှတယ်။ အဲဒီတော့ ကိုယ်နဲ့ လိုက် ဖက်တဲ့  အ၀တ်အစားကို ရွေးပြီးဝတ်ပေါ့။ အရမ်း ခေတ်မီတဲ့ အ၀တ်အစားတွေကို သွားမယ့်နေရာနဲ့ ကြည့် ပြီးဝတ်ပေါ့။ ကြည့်ပြီးဝတ်မယ် ဆိုရင်တော့ ဘာပဲ ၀တ်ဝတ် အဆင်ပြေမှာပါ”လို့ ဆိုပါတယ်။ သင်္ကြန် အတွင်း အ၀တ်အစား ပြဿနာများ အပေါ် ယုသန္တာတင်ရဲ့ ခံယူမှုလေး မေးကြည်တော့ လူငယ် တစ်ယောက် ဖြစ်တာကြောင့် ခေတ်မီမီဟော့ ရှော့များ ၀တ်စားရတာကို ကြိုက်နှစ်သက်ပေမဲ့ သူများ အမြင်မရိုင်းအောင် ၀တ်ဖြစ်ကြောင်း ပြောပါတယ်။   

ယုသန္တာတင်က အနုပညာပျိုးခင်း မင်း သား ၅ ယောက်စလုံးနှင့် ၅ ကားရိုက်ကူးပြီး နောက်တစ်ကျော့ ပြန်လည် ရိုက်ကူးဖို့ စောင့် ဆိုင်းနေချိန် ကြော်ငြာများ လက်ခံရိုက်ကူးနေ တယ်လို့ ပြောပြခဲ့ပါတယ်။

လွင်မေသော်
(Teen Magazine၊ June 2012)