မိုးပန်းပွင့်ရဲ့ သင်္ကေတကို ရုပ်ရှင်အဖြစ် ရိုက်မယ့် ကိုပေါက် PDF Print E-mail
Written by ခင်လေးမြင့်   
Thursday, 07 June 2012 12:47
Share |

ကိုပေါက်က သရုပ်ဆောင် အလုပ်တွေ လုပ်ရာကနေ ဒါရိုက်တာ အဖြစ် ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးလာတာ ဖြစ်ပါတယ်။

argaiv1606

ကိုပေါက်က ကိုယ်တိုင်ရေး ဇာတ်လမ်းတွေ ရိုက်ရတာ သဘော ကျတဲ့သူ ဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကား တော်တော် များများကို ဖန်တီးထားတဲ့ ကိုပေါက်က ၂၀၁၂ ထဲမှာ ရုပ်ရှင်ကားကြီး တစ်ကား ဖန်တီးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ရုပ်ရှင်ကားကြီး ရိုက်ဖို့ စီစဉ်ထားတာ ဆိုတော့ ဘယ်သူ့ ၀တ္ထုကို ရိုက်ဖို့ စီစဉ် ထားတာလဲ။

စာရေးဆရာမ နှင်းဝေငြိမ်းရဲ့မိုးပန်းပွင့်ရဲ့ သင်္ကေတကို ၀ယ်ထားပြီး ကျွန်တော် ဇာတ်ညွှန်း ရေးထားတယ်။ မပြေလည်တဲ့ မိဘ နှစ်ယောက်ကြားမှာ ရှင်သန်ရတဲ့ ကောင်မလေး တစ်ယောက်ရဲ့ စိတ်ဒုက္ခ၊ သူ့အမေ၊ အဖေတွေဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုး မဖြစ်စေချင်တဲ့ ကောင်မလေး အကြောင်း ရိုက်ကူးမှာပါ။ ဆိုက်ကို ဇာတ်ကား လေးပါ။ ကျွန်တော် ကိုယ်တိုင် ဇာတ်ညွှန်းကို သုံးကြိမ်လောက် သေသေချာချာ ရေးထားပြီးပြီ။ အဲဒါကို အပြင်က ပရိုဂျူဆာ တစ်ဦးနဲ့ ညှိနှိုင်းနေတယ်။

သရုပ်ဆောင်တွေကရော ဘယ်သူတွေ ဖြစ်မလဲ။

သရုပ်ဆောင် အနေနဲ့ ဖွေးဖွေးကို မိုးပန်းပွင့်ဆိုတဲ့  ကောင်မလေး နေရာက သရုပ်ဆောင်ဖို့ ရွေးထားတယ်။ မင်းသား နေရာက အောင်ရဲလင်းကို စဉ်းစားထားတယ်။ နောက်ထပ် မင်းသမီး တစ်လက်ကိုလည်း စဉ်းစား နေတုန်းပဲ။ ဒါပေမဲ့ ဖွေးဖွေးကတော့ ကျိန်းသေတယ်။

ဖွေးဖွေးကို ဘာ့ကြောင့် ရွေးဖြစ်တာလဲ။

သူနဲ့ ဇာတ်ကားတွေ ရိုက်ကြည့်တဲ့ အချိန်မှာ အဲဒီ ဇာတ်ကောင် စရိုက်နဲ့ သူနဲ့က အရမ်းလိုက်နေတယ်။ သူ့ကို ခိုင်းလို့ရမယ့် ကဏ္ဍလေးတွေရော၊ အသက် ၂၅ ဘွဲ့ရ အရွယ်မှာ အသက် ၁၆ နှစ် အရွယ်လေးလို ပြန်လုပ်ဖို့ အဖြူ အစိမ်းလေး ၀တ်ပြီး ကလေးတစ်ယောက်လို ပြန်လုပ်ဖို့ အတွက်က သူ့ခန္ဓာ ကိုယ်၊ သူ့ပုံစံလေးနဲ့လည်း သွားပြီး အဆင်ပြေတယ်။ နောက်ဆုံး စိတ်ရောဂါ ဆေးရုံ ရောက်သွားတဲ့ အချိန်မှာ အဖြူ အစိမ်းလေးနဲ့ပဲ နေတော့တာ။ အဲဒီလိုမျိုးလေးတွေ တွက်သလို အဲဒီ အထဲမှာ စိတ်ကနှစ်ခု လုပ်ရမှာ။ နည်းနည်း ဆိုးတယ်၊ အတ္တကြီးတဲ့သူ၊ လှတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်၊ ပိုက်ဆံ ချမ်းသာတယ် ဆိုတာတွေနဲ့ ချိန်ကြည့်တော့ ဒီဝတ္ထု ဖတ်ပြီးချိန်မှာ ဖွေးဖွေးကို ရွေးမိတယ်။ ဆရာမ နှင်းဝေငြိမ်းကလည်း ဒီဇာတ်ကို ကိုပေါက် ရိုက်ဖြစ်ရင် ဖွေးဖွေးကို စဉ်းစားကြည့်ပါဦး ဆိုပြီး ပြောတယ်။

ဒီဇာတ်လမ်းကို ရုပ်ရှင်ကားကြီး အဖြစ် ရိုက်ချင်တဲ့ စိတ်ကူးကရော။

ကျွန်တော် ပထမတုန်းက စဉ်းစားတယ်။ သူများတွေ ရိုက်သလို ဟာသကားပဲ ရိုက်ဖို့ ကြိုးစားဖူးတယ်။ ဒီကားကို ဖန်တီးမယ်ဆိုတဲ့ အချိန်မှာ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားမှာ ဖြစ်တဲ့အတွက် ပရိုဂျူဆာလည်း အဆင်ပြေအောင် ကြိုးစားပြီး လုပ်မယ်။ ငွေရေးကြေးရေး ကိစ္စကို အာရုံ အရမ်းထားမယ့် ပရိုဂျူဆာမျိုးနဲ့ ဆိုရင် ဒီကားကို ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်မယ်။ ကျွန်တော့်ကို ပံ့ပိုးပေးမယ့် အပြင်က လုပ်ငန်းရှင်တွေ ရှိတယ်။ သူတို့တွေနဲ့ လုပ်ဖြစ်ဖို့ စီစဉ်ထားပါ တယ်။

ကိုပေါက်က ဒီဇာတ်လမ်းကို ဇွန်၊ ဇူလိုင်မှာ ရိုက်ကူးဖို့ စီစဉ်ပေမဲ့ မိုးလေကင်းလွတ် ရာသီဥတု ကောင်းတဲ့ နိုဝင်ဘာ လမှပဲ ရိုက်ကူးမှာ ဖြစ်ပါတယ်။

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: