ကိုယ်တိုင် တည်ဆောက် ဖန်တီးပြီး ရလာတဲ့ အသီးအပွင့်ကိုပဲ နှစ်သက်တယ် PDF Print E-mail
Written by သင်းပပ   
Tuesday, 05 June 2012 15:20
Share |

ကိုယ့်ဘ၀ရဲ့ အောင်မြင်မှု အတွက် နေရာတိုင်းမှာ ကိုယ့်ပုံစံနဲ့ ကိုယ်ကြိုးစား နေကြပါတယ်။

discount cialisdiscount generic cialis buy cheap viagra without a prescription drugstore online
argaiv1666

အောင်မြင်တဲ့ အနုပညာရှင်တွေထဲမှာ ချစ်သုဝေ ဆိုတဲ့ သရုပ်ဆောင် အဆိုတော်မလေးကိုတော့ ရိုးသားဖြူစင်တဲ့ ပုံစံလေးနဲ့ ရိုးရှင်းပွင့်လင်းစွာ ကြိုးစားနေသူလို့ ပရိသတ်တွေက လက်ခံ ထားကြတာပါ။ ချစ်သုဝေက တေးသံရှင် အနေနဲ့ အနုပညာ လောကထဲကို ၀င်ရောက် လာခဲ့ပေမဲ့ ငယ်သူမို့ မသိပါ ရုပ်ရှင် ကားကြီး အပါအ၀င် ဗီဒီယို၊ ဒီဗီဒီဇာတ်ကား တော်တော်များများမှာ သရုပ်ဆောင် ကောင်းတာကြောင့် သရုပ်ဆောင် ချစ်သု ဝေဖြစ်ခဲ့ပြီး တေးစီးရီးဘက်ကို မလှည့်နိုင်ခဲ့ဘူး။

ကိုယ့်ရဲ့ ၀ါသနာကို မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်တတ် တဲ့ ချစ်သုဝေက အခုဆိုရင် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး တိမ်တွေနေတဲ့ အရပ် ကို စီဒီကော၊ ဗီစီဒီပါ ထွက်နိုင်ခဲ့ပါပြီ။ ကိုယ့်ရဲ့ပထမဆုံး တစ်ကိုယ်တော်မှာ ချစ်သုဝေက အဆိုတော် အနေနဲ့တင် မကဘဲ သရုပ်ဆောင်၊ ဒါရိုက် တာအဖြစ်ပါ စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ ချစ်သုဝေက ဒီတေးစီးရီး ဗီစီဒီထွက်တဲ့ အချိန်က မန္တလေးနဲ့ ဘားအံ (ကရင်ပြည်နယ်) ပရိသတ် တွေနဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်။ ခိုးကူးကြောင့် ဂီတသမားတွေ စိုးရိမ်နေရတဲ့အချိန်မှာ ချစ်သု ဝေရဲ့ တိမ်တွေနေတဲ့ အရပ် ဗီစီဒီက ဘန်ကောက်မှာ ကူးခဲ့တဲ့ အချပ် ၄၅၀၀ လုံး မန္တလေးနဲ့ ဘားအံ ၂ ပွဲ မှာ ကုန်သွားခဲ့ပြီး ထပ်မှာနေရတယ် ဆိုတာ အံ့သြ၀မ်းသာ စရာပါပဲ။ ကိုယ့်ရဲ့ အောင် မြင်မှု အတွက် ပူပူနွေးနွေး အပျော်ပိုင်ရှင် ချစ်သုဝေနဲ့ တွေ့ပြီး သူမဆီက အပျော် တွေ ကူးစက် ရယူခဲ့ပါတယ်။

တိမ်တွေနေတဲ့ အရပ် လေးက စီဒီထွက်ပြီးက တည်းက ပရိသတ်တွေ နှုတ်ဖျားမှာ စွဲခဲ့တဲ့ သီချင်းလေး ဖြစ်ခဲ့တယ်။ အခု ဗီစီဒီလည်း စထွက်နိုင်ပြီ။ ဘာပဲပြောပြော ကိုယ့်ပရိသတ် တချို့တစ်ဝက်နဲ့လည်း တွေ့ပြီးပြီဆိုတော့ ကိုယ့်ကြိုးစားမှုနဲ့ အခုပြန်ရ တဲ့ ရလဒ် အပေါ်ပြောချင်တာ ရှိပြီလား။

သမီးပျော်တယ်။ ဒီ အခွေလေး စထွက်ကတည်းက ပျော်နေတဲ့သူ ဆိုတော့ တိမ်တွေနေတဲ့ အရပ်က သမီး အရမ်း ကြိုးစားထားတဲ့ အခွေလေး ဖြစ်တယ်။ သမီး တတ်သလောက်၊ သိသလောက် ပညာလေးနဲ့ သမီး လုပ်ထားတဲ့ အခွေပေါ့နော်။ သမီး ကြိုးစားထားတယ်။ ဟာမိုနီ လိုက်ထားတာလေးက အစ။ ပြီးတော့ သမီး သတ္တိရှိရှိနဲ့ ဒီခေတ်ဒီ အခါထဲမှာ Owntune ခွေလေး လုပ်ခဲ့တယ်။ သမီး အခွေလေးကို နားထောင် ကြည့်မယ်ဆိုရင် Theme တစ်မျိုးတည်းနဲ့ သွားတယ် မမရယ်။ ဟို အစုံရောပြွမ်းပြီး ပါမနေဘူး။ ပရိသတ်တွေ နားစွဲလွယ်မယ့် သီချင်းတွေ၊ ပုံစံအစုံ သီချင်းတေ ပါမနေဘူး။ ပုံစံ တစ်မျိုးတည်း နဲ့ British Rock, Country Rock, Pop ပုံစံလေးတွေပဲ တစ်ခွေလုံး သွားထားတာ ဆိုတော့ ပရိသတ် လက်ခံပါ့မလားလို့ စိုးရိမ် စိတ်တော့ ရှိခဲ့တယ်။ ဒါပေမဲ့ သမီး လုပ်ချင်တာတွေ လုပ်ပြီးတော့ ပရိသတ်ကို ချပြခဲ့ တယ်။ အဲဒီအပေါ်မှာ ပရိ သတ်က အသိအမှတ် ပြုတော့ သမီး ဘာနဲ့မှ မတူတဲ့ ပီတိကို ရတယ်။ ဘာနဲ့မှ မတူအောင်ကို ပျော်တယ်။ ဗီစီဒီလေး ထွက်တဲ့ အခါမှာလည်း ဒီအတိုင်းပဲ ပေါ့နော်။ သမီး အရမ်း ပင်ပန်း တယ် မမရယ်။ ဖေဖေနေ မကောင်း ဖြစ်သွားတဲ့ အချိန်နဲ့ ကိုယ်ထွက်ဖို့ မှန်းထားတဲ့  အချိန်နဲ့က တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတော့ ဘာနဲ့မှ မတူအောင်ကို ရှုပ်လှစွာသော အလုပ်တွေကို သမီး ဖြတ်သန်း ခဲ့ရတယ်။

ဒီမေလ တစ်ရက်နေ့ ပရိသတ်လက် ထဲ ထည့်နိုင်ဖို့ကို CD ၄၅၀၀ သွားကူးတာက အစပေါ့။ တကယ်တမ်း ပြောကြည့်ရင် CD ၄၅၀၀ ချပ်ဆိုတာ နည်းတာ မဟုတ်ပါဘူး။ ဒါကို သွားသယ်တာက အစပေါ့။ သမီးတို့ အခက်အခဲပေါင်း များစွာနဲ့ မေလ ၁ ရက်နေ့ ရောက်တော့မှပဲ ဟင်း ချနိုင် ခဲ့တယ်ပေါ့နော်။ အခွေထဲက  ပရိသတ်ကို လက်ဆောင်ပေး တဲ့ စာအုပ်လေးမှာ ဖဲကြိုး တပ်တာကအစ အိမ်က မမ တို့ သမီးသူငယ်ချင်း မိုမိုတို့ ကနေ အကုန်ဝိုင်းလုပ်ပေးကြ ရတာ ဆိုတော့လေ။ ဒီအခွေ လေးမှာက တကယ်တော့ တစ်ချပ် ၂၀၀၀ ကျပ် ဆိုလို့ ရှိရင် အဲဒီငွေကြေးတန်ဖိုး အပြင် သမီးက ဗီစီဒီတစ်ပုဒ် ရိုက်ကူးတာ ဘယ်လောက် ကုန်ကျတယ် ဆိုတဲ့ တန်ဖိုးနဲ့ သမီး သီချင်း တန်ဖိုးကို မပြချင်ဘူး။ သမီးတို့ရဲ့ စေတ နာ၊ မေတ္တာတွေ အများကြီး ပါတာကို ခံစားစေချင်တယ်။ အဲဒါလေးကို ခံစားမိပါစေ လို့။ သမီး အခွေထွက်သွား ပြီးတော့ ပရိသတ်တွေက အပုဒ်တိုင်းကို ဒီအပုဒ်လေး က ဘယ်လို၊ ဟိုသီချင်းလေး က ဘယ်လိုဆိုပြီး အသိ အမှတ်ပြုကြတော့ ပင်ပန်းရ ကျိုးနပ်တာပေါ့နော် တိမ်တွေ နေတဲ့အရပ် စီးရီး Title သီ ချင်း ရိုက်ထားတာကိုလည်း သူတို့ ကြိုက်ကြတယ် မမ။ အဲဒီအတွက် ကျေနပ်တယ်။

သမီး အနေနဲ့ ဒီအခွေက ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ဖြစ်တယ်။ အခု ဒါလေးကို ပရိသတ် အားပေး တာဟာ သရုပ်ဆောင်နဲ့ ဂီတမှာ နာမည်ရပြီးသား ချစ်သုဝေ ဆိုတာကြောင့်လား။ ဒီအထဲမှာပါတဲ့ သီချင်းတွေ ကြောင့်ပဲ ချစ်သုဝေ ဆိုတာကို လက်ခံ လိုက်တာလား။

အဲဒါတော့ မပြောတတ် ဘူး။ သမီး ပြောတတ်သလို   ပြောရမယ်ဆိုရင် တိမ်တွေနေ တဲ့ အရပ် က သမီးရဲ့ ပရိ သတ်တွေ ချစ်သုဝေ အနေနဲ့ လက်ခံထားတဲ့ ပရိသတ်တွေ ကဆိုရင် အမြင်လေးပြောင်း လာကြတယ်။ ပိုလက်ခံ လာ ကြတယ်။ ဒီအခွေနဲ့ ပတ်သက်ပြီး ရတဲ့ ရလဒ်က သမီး ပရိသတ် အသစ်တွေ ရတယ်။ ဥပမာ Music အသိုင်းအ၀ိုင်းက သမီး လေးစားရတဲ့ သူတွေ၊ သမီး အားကျရတဲ့ သူတွေက သမီးကို အသိအမှတ်ပြုတဲ့ Certificate လေး ရလိုက်သလိုပဲ ပေါ့နော်။ သမီးဒီထက် အများကြီး ကြိုးစားရမယ်။ လေ့ လာရမယ် ဆိုတာတွေလည်း အများကြီး ရှိခဲ့တယ်။ ဒီအခွေ လေးက သမီးအတွက် အားလေးတစ်ခု ဖြစ်ခဲ့တယ်။ ကြိုးစားရကျိုးလည်း နပ်တယ် မမ ရယ်။ ဟာမိုနီဆို သမီး မလိုက်တတ်ဘူး။ ဒါပေမဲ့ ကြိုးစားကြည့်မယ် ဆိုပြီး တစ်ခွေလုံး ဟာမိုနီ လိုက်ထားတယ်။ ဒီအခွေလေး လုပ်နေ တဲ့အချိန်မှာ သမီးပညာ အရမ်း တိုးတယ်။ ပရိသတ်အသစ် တွေရတယ်။ ပညာတွေ ရတယ်။ အားကျရတဲ့ သူတွေ ဆီကလည်း အားပေးမှု ရတယ်။

ဒီခေတ်က ဂီတဘက်မှာ အားလုံး သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ လှုပ်ရှားကြတယ်။ Featuring တွေ၊ စုံတွဲအဆို တွေနဲ့ ပရိသတ်သိပြီးသား အဆိုရှင်တွေနဲ့ ပေါက်အောင် လုပ်ကြတယ်။ သမီးကတော့ တစ်ခွေလုံး တစ်ကိုယ်တော် လုပ်ထားတယ်။ တစ်ကိုယ် တော်ကို မျက်ဝါးထင်ထင် လှုပ်ရှားလုပ်ကိုင်ခဲ့ရတဲ့ ချစ်သုဝေရဲ့ တစ်ကိုယ်တော် ခွေအပေါ် အယူအဆကရော။

နိုင်ငံတကာမှာ တစ်ကိုယ်တော်ဆိုရင် ဒီလိုပါပဲ မမ။ Featuring ဆိုရင် ကိုယ့်သူငယ်ချင်း ၀င်ဆိုရင်ဆို ပေါ့။ ကိုယ့်အသိုင်းအ၀ိုင်းထဲက တစ်ယောက်ယောက်က တစ်ပုဒ်လောက်ပဲ ပါတတ်တာ။ တစ်ကိုယ်တော် ဆိုတဲ့အတွက် လုံးဝ Single ဖြစ်နေသင့်တယ်။ သမီးက ဒီခေတ် ဒီအခါ အနေနဲ့ ဆိုရင် မိုက်ရူးရဲ ဆန်တယ်ပဲ ပြောရ မလား မသိဘူး။ သမီး မြင်တာကတော့ ကိုယ့်အားလေးနဲ့ ကိုယ်ကိုယ်တိုင် တည်ဆောက်တဲ့ အရာလေးပဲ ဖြစ် ချင်တယ်။ ကိုယ်ရလာတဲ့ နေရာလေးကိုလည်း ဘယ် သူ့အားမှ ယူသုံးပြီး လုပ်တာမျိုးကြီး မကြိုက်ဘူးပေါ့နော်။ အဲဒီအတွက် တစ်ကိုယ်တော် ခွေလေးမှာ သမီးဘာသာ သမီးပဲ ဆိုခဲ့တာ။ စုံတွဲဆိုလို့ မမ (ချစ်ဆုဝေ)နဲ့ တစ်ပုဒ်ရယ်။ ကိုလင်း (လင်းလင်း)နဲ့ တစ်ပုဒ်ရယ်ပဲပါတာပေါ့နော်။

ဒီမှာကတော့ ခေတ်ကာလ အရ ပရိုမိုးရှင်းပွဲက အစ အနုပညာရှင် အားလုံးကို ဖိတ်ပြီး လုပ်ကြတာမျိုးပေါ့။ စိတ်ဝင် စားစရာ အကုန်ယူတာပေါ့။ အားကြတဲ့အခါ ရှိတယ်။ သူတို့ မအားလပ်တဲ့ အခါရှိ တယ်လေ။ သမီးကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားပြီး ကိုယ်တိုင် ရပ်တည်တတ်တဲ့ အတွက် သမီးရလာတဲ့ နေရာ လေးကိုလည်း ကိုယ်တိုင် တည်ဆောက်၊ ကိုယ်တိုင် ဖန်တီးပြီး ရလာတဲ့ အသီး အပွင့်ကိုပဲ ကြိုက်တယ်။ သမီးအခွေ ဘယ်နှခွေပဲ ရောင်းရ ရောင်းရ သမီး မကြောက်ဘူး။ Event တစ် ယောက်တည်းလာရင်တောင် မကြောက်ဘူး မမရယ်။ တစ် ကိုယ်တော်ဖြစ်တဲ့အတွက် သမီးတစ်ယောက်တည်း လုပ်ထားတဲ့ ကြိုးစားမှုကို သမီး ကိုယ်တိုင်ပဲ ခံစားချင် တယ်။ သမီး ကိုယ်တိုင်ပဲ မျက်ဝါးထင်ထင် တွေ့ချင် တယ်။ ဒါကြောင့်ပါ မမ။

တိမ်တွေနေတဲ့ အရပ် မထွက်ခင် ကိုယ့်ရဲ့ပထမဆုံး တစ်ကိုယ်တော် အတွက် မျှော်လင့် ခံစား ရတာနဲ့ အခု စီဒီ၊ ဗီစီဒီတွေ ထွက်အပြီး ဖြစ်သွားတဲ့ ခံစားမှုကြား ကွာခြားမှုကိုလည်း ပြောပြ ပေးပါဦး။

အခုကတော့ ကိုယ်လုပ်ချင်တာတွေ လုပ်ထားတာကို ပရိသတ် အသိအမှတ် ပြုတော့ ပျော်တာပေါ့။ အရင်တုန်းကလည်း သမီး ဘာမျှော်လင့် ချက်မှတော့ မထား ထား ဘူး။ ကိုယ်တိုင် လုပ်နေတော့ သိတာပေါ့နော်။ သီချင်း တစ်ပုဒ်ကို ညည်းကြည့်လိုက်ရင် ချက်ချင်း ရလွယ်သွားမလား။ နားထဲချက်ချင်းဝင် သွားမလားပေါ့။ သမီး အခွေထဲမှာ တစ်ပုဒ်မှ နားထဲ ချက်ချင်း ၀င်သွားတာ မရှိတော့။ သိတယ်။ တန်ပြန်မှုက ရချင် ရမယ်။ မရချင်မရဘူး။ ရရင်လည်း ကြာရင်ကြာမယ် ဆိုပြီး အဲလိုတော့ မျှော်လင့် ထားတာပေါ့နော်။ အဲဒီမှာ သမီးရဲ့ ကျေးဇူးရှင်လို့ ပြောရမှာပေါ့နော်။ ဒက်ဒီရယ်၊ ကိုလင်း ရယ်က ဒီအခွေနဲ့ ပတ်သက် ပြီး စပြီး ဂိုက်လိုင်းတည် ကတည်းက လုပ်ပေးတဲ့ သူတွေ ဆိုတော့လေ။ ဖေဖေရော၊ ကိုလင်းရော ပြောတဲ့ စကား လေး ရှိတယ်။ ကိုယ် အကောင်းဆုံး လုပ်ပေးဖို့ပဲ အရေးကြီးတယ်တဲ့။ ကိုယ့် စေတနာ အစစ်အမှန် ထားဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကြိုး စားဖို့ပဲ အရေးကြီးတယ်။ ကျန်တာတွေက အဲဒီ နောက်ကမှ သူ့ဟာသူ လိုက်လာ မယ်။ အဓိကက ကိုယ်ပေး နေဖို့ပဲတဲ့။ အခုတော့ အဲဒီ စကားလေး မှန်ပါလား ဆိုတာ သမီး မျက်ဝါးထင်ထင် တွေ့ခဲ့ရတယ်ပေါ့နော်။ သမီး ကြိုးစားသလောက် ရောင် ပြန်ဟပ်ခဲ့တဲ့ အတွက် ပျော်တယ် မမရယ်။

ရှေ့လျှောက် ပြီးတော့ ဒီအတိုင်းပဲ ဆက်လျှောက်မှာပဲ။  ဒီအခွေထွက် ပြီးတော့ သမီးကို ၀ိုင်းပြောကြတယ်။ ပုံစံ အစုံလေးတွေနဲ့ ထည့်ပြီး လုပ်ပါလားပေါ့ နော်။ R & B တို့၊ Rap တို့၊ Hip Hop နဲ့ တွဲပြီး လုပ်တဲ့ပုံစံ တွေပေါ့နော်။ ဒါပေမဲ့ မမရယ် သမီးက အရင်ကတည်းက အဲဒီလိုင်းမှ မဟုတ်တာနော်။ သမီး သွားချင်တဲ့လမ်း၊ လျှောက်ချင်တဲ့လမ်းက ဒါမျိုး ဖြစ်နေတာကိုး။ ဒါနဲ့ စခဲ့ပြီးမှတော့ ရှေ့လျှောက် Theme တစ်မျိုးတည်းနဲ့ သွား မယ်။ နိုင်ငံတကာမှာလည်း ဒီပုံစံပဲလေ။ သမီးတို့ ဒီမှာက ပရိသတ်ကို ဆွဲခေါ်နေရတဲ့ ပုံစံဖြစ်နေတော့ အစုံထည့်ကြ ရတာပေါ့။ သမီးကတော့ ဒီပုံစံနဲ့ ခိုင်ခိုင်မာမာပဲ သွား မယ်။ အခုတော့ ရှေ့ဆက်ဖို့ အားပိုရှိ သွားပြီပေါ့။

အနုပညာ ၂ ခုစလုံး သရုပ်ဆောင်နဲ့ ဂီတ ၂ မျိုးစ လုံးမှာ အောင်မြင်နေတာ ဘာကြောင့်လို့ ကိုယ့်ကိုယ်ကို ဆန်းစစ်မိလဲ။

သမီးကလေ ကိုယ့် ကိုယ်ကို သိပ်မချစ်တတ်ဘူး ပေါ့နော်။ လူတွေအတွက် အားလုံးအတွက် အလုပ် အတွက် စဉ်းစားတာ များနေတယ်။ ဥပမာ ပရိသတ် အတွက် Music အတွက် အရိုးသားဆုံး ငါဘာလုပ်ပေးရရင် ကောင်းမလဲပေါ့။ မိသားစုလည်း မိသားစု အလျောက် ပေါ့နော်။ အဲဒီလို အရိုးသားဆုံး၊ အရှင်းသန့်ဆုံးထားလို့ ဖြစ်မယ်။ ပြီးတော့ သမီးက အမြဲတမ်း ပေးနေတဲ့သူဖြစ်လို့ ဖြစ်မယ်။ တစ်ခါတလေ သမီး ပြန်ရတဲ့ သဘော၊ အဲဒီ သဘောလေးလို့တော့ သမီး ကတော့ ထင်တာပဲ မမရယ်။

အဲဒီ ချစ်သုဝေကို လူမှု ရေး၊ နိုင်ငံရေးတွေမှာလည်း တွေ့ရ များနေတယ်။ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ဆိုပြီး ဘာတွေ ထပ်လုပ်ဦးမလဲ။


သမီးက လူမှုရေး အတွက်ဆိုရင် အမြဲတမ်း Welcome ပါပဲ။ အသက်ကြီး လာလေလေ လူမှုရေးပိုင်း၊ နိုင်ငံရေးပိုင်းမှာ ပိုပြီး လှုပ်ရှား လေလေဖြစ်မှာပဲ။ နိုင်ငံရေး ဆိုလို့ရှိရင် လူတွေအားလုံးက တစ်မျိုးမြင်ကြတယ် မမ ရယ်။ တကယ်တော့ ဒီနိုင်ငံ မှာနေနေတဲ့ နိုင်ငံသားအားလုံး က နိုင်ငံရေးလုပ်ကိုလုပ်ရမှာ ပဲလေ။ ကိုယ့်နိုင်ငံရဲ့ အရေး အရာကို ကိုယ်စိတ်ဝင်စားပြီး ကိုယ်လုပ်ရမယ်။ လိုအပ်တဲ့ အရေးအရာတွေမှာ ပါဝင်နေရ မှာပဲ။  ဖြည့်စွက် နေရမှာပဲ။ ဒီတော့ သမီးကလည်း နိုင်ငံရေး လုပ်တယ်ဆိုတာ ဒီနိုင်ငံရေးရဲ့အောက်မှာ မြညေခ့Meanchတွေ အများကြီး ရှိနေတယ်။ ဒီနိုင်ငံ မှာနေထိုင်တဲ့ လူမှုရေးဆိုတာ ပါမယ်။ ကျန်းမာရေး ပါမယ်။ ဖျော်ဖြေရေး ဆိုတာပါမယ်၊ အဲဒီ အရာအားလုံးမှာ သမီး နားလည်တတ်ကျွမ်းတဲ့ အနု ပညာအားနဲ့ဆိုရင် အမြဲ Welcome ပါ။ ဒီထက် ဒီထက်ပိုပြီး လုပ်ပေးဖို့ စိတ် ကူးလေးတွေလည်း ရှိတယ်။ အကောင်အထည်ဖော်မယ့် ဟာလေးတွေလည်း ရှိတယ်။ ခုလောလောဆယ်ဆိုရင် စိန့် သြဂတ်စတင်းကျောင်း မီးလောင်သွားတဲ့ ကျောင်း ဆောင်ရန်ပုံငွေ ပွဲဆိုပေးမယ်။ သမီးတို့ ဆရာဝန်အသင်း သက်ကြီး ပူဇော်ပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ သမီး ပါမယ်ပေါ့။

ဘယ်အတွက်ဆို ပိုလုပ် ပေးမယ်ဆိုတဲ့ ခေါင်းစဉ်သတ် မှတ်ထားတာရော ရှိလား။

မရှိဘူး မမ။ မိဘမဲ့ ဖြစ်ဖြစ်ဘာဖြစ်ဖြစ် လူမှုရေးနဲ့ ပတ်သက်ရင် သမီးက Sharing ဆိုတဲ့ စကားလေးကို မှတ် ထားတယ်။ ဥပမာ သမီးမှာ ရှိနေတဲ့ အရာ၊ သမီးမှာ ရှိနေတဲ့ ပျော်ရွှင်မှုလေးကို တစ်ယောက် ယောက်ကိုပေးရမယ်ဆိုရင် တောင် စိတ်ညစ် ခံပြီး ပေးဖို့ ၀န်မလေးဘူး။ ဒါက သမီး တန်ဖိုးအထားရဆုံးဟာနဲ့ ဥပမာပြပြီး ပြောလိုက်တာ ပေါ့နော်။ ငွေကြေးလိုအရာ မျိုးသာဆိုရင်တော့ ပြောစရာ မလိုတော့ဘူးပေါ့နော်။ ကိုယ့် မှာရှိတဲ့ အရာကို Share လုပ် လိုက်ရတာက ဘာနဲ့မှ မတူ တဲ့ ခံစားမှုပဲ။ ဘယ်လို လို အပ်ချက်မျိုးမဆို ဖြည့်စွက်ဖို့ အတွက် အဆင်သင့်ပဲ။ လုပ်ပေးဖို့ အဆင်သင့်ပဲ။ Sharing ဆိုတဲ့ စကားလေးကို ကြိုက် တယ်။ ပြီးတော့ ကမ္ဘာမြေမှာ တစ်ခုခု ချွန်ထက်နေတာမျိုးကို သမီး မကြိုက်ဘူး။ ဥပမာ အရမ်း ဆင်းရဲလွန်းတာ၊ အရမ်း ချမ်းသာ လွန်းတာမျိုး၊ အရမ်း ကွာဟနေတာကို မကြိုက်ဘူး။ အားလုံး Level တူလေးမှာ အားလုံး ရှင်သန် လှုပ်ရှားပြီး နိစ္စဓူဝ အဓိပ္ပာယ် ရှိရှိလေးနဲ့ ပျော်ရွှင်နေကြတဲ့ ကမ္ဘာမြေ ကြီးပဲ ဖြစ်စေချင်တယ်။ ဒီ အတွက် သမီးကတော့ Sharing လုပ်နေမှာပဲ။ ချမ်းသာနေတဲ့ သူတွေကိုလည်း ဒီစကားလုံးလေးကို တန်ဖိုး ထားပြီး ဝေမျှ ပေးစေချင်ပါတယ်။

ကိုယ့်ရဲ့ နှလုံးသားကို တောင်းလာခဲ့ရင်ရော ပေးမှာလား။

(ချစ်သုဝေက မေးခွန်းကို ကြားပြီး ရယ်နေတာကြောင့် ချက်ချင်း မဖြေနိုင်ပါဘူး)ဒါက ပေးစရာလား မမ ရယ်။ သမီးပေးနိုင်တဲ့ အရာ၊ ရုပ်ဝတ္ထု အနေနဲ့ ပေးနိုင်တဲ့ အရာမျိုးကို ပေးမှာ။ ဒီလို စိတ်ခံစားမှုတို့၊ နှလုံးသား ရေး ရာတို့ကျတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ ဆိုင်သေးတယ်လေနော်။ ပေးသင့်တဲ့ လူဆိုမှပေါ့နော်။ ပြီးတော့ ပေးစရာ မရှိတော့ ပေးပြီးသွားပြီ။ ကိုယ် ပေးချင်တဲ့ သူကို ပေးပြီးသွားပြီ။

အနုပညာရှင်နဲ့ လူမှုရေး ကြားထဲက ဆက်သွယ်မှုကိုလည်း ထရီဇာ နားလည် သလောက် ပြောပြ ပေးပါဦး။

လူမှုရေးကတော့ လူ အားလုံးနဲ့ ဆက်စပ်မှု ရှိတယ်။ Celebrility နဲ့ ပတ်သက်လို့က တော့ သူတို့မှာ အားသာမှုရှိ တယ်။ သူတို့လုပ်ရင် ပိုနွေး ထွေးမှုရတယ်။ လိုအပ်နေတဲ့ သူ၊ အနုပညာရှင်၊ ဘေးအမြင် အဲဒီ ၃ ဖက်မှာ ဘေးအမြင် တွင် မကဘူးပေါ့နော်။ ရိုးရိုး သာမန်လူ နှစ်သိမ့်တာနဲ့ အနု ပညာရှင် ဖေးမလိုက်တာနဲ့ သူတို့ခံစားမှု သူတို့စိတ်မှာ တင်းတိမ်ပြည့်ဝမှုက မတူ ဘူး မမရဲ့။ အဲဒါကို သမီးက နာဂစ်မှာ လက်တွေ့ တွေ့လိုက် ရတာပေါ့။ ရိုးရိုးဆရာဝန် ပေးတဲ့ဆေးနဲ့ သမီးပေးလိုက် တဲ့ ဆေးနဲ့ မတူဘူးလို့ ဆိုကြ တယ်။ သမီး ပြောချင်တာ လေးက အနုပညာရှင်ကို ချစ် တဲ့ စိတ်ပေါ့။ ကိုယ်က ပြည် သူတွေရဲ့ မေတ္တာကိုရထားတဲ့ အတွက် ကိုယ်က မေတ္တာပြန် ပေးတဲ့အခါမှာ ဆပွား တိုးတက်သော မေတ္တာများကို ရတယ်။

အမြဲတမ်း ရိုးသားပွင့် လင်းစွာ နေတတ်တဲ့ ထရီဇာ ရဲ့ နှလုံးသား ရေးရာကရော ဘယ်တော့ ပွင့်လင်းမလဲ။

ထရီဇာကတော့ အမြဲ ပွင့်လင်းပါတယ် မမရယ်။  အရာအားလုံးကို ပွင့်ပွင့်လင်း လင်း အမြဲပြောဖို့ အဆင်သင့် ပါ။ ဒါပေမဲ့ Life က တစ် ယောက်နဲ့တစ်ယောက် ရှင်သန် ရပုံမတူဘူးပေါ့နော်။ ထရီဇာ ကလည်း ထရီဇာ့ မိဘက အရမ်း ချစ်ပြီးတော့ Very Protective Life မှာ နေနေရ တယ်။ အဲဒီအတွက် ထရီဇာ လက်ရှိအခု ပြောနိုင်တဲ့ စကား ကတော့ ထရီဇာရဲ့ လူမှုရေး ကိစ္စတွေကို စာမျက်နှာထက် မှာ ဖော်ပြလေ့ မရှိပါဘူးလို့။ ထရီဇာက လက်ထပ်တဲ့အခါ မှာ ထရီဇာ လက်ထပ်မယ့် သတို့သားကို လက်ဆွဲပြီး ပရိသတ်တွေ အားလုံးအတွက် စာနယ်ဇင်း ရှင်းလင်းပွဲတောင် လုပ်ပေးပါ့မယ်လို့....။

ချစ်သုဝေက ဒီလထဲမှာ လည်း ဒါရိုက်တာ မင်းထင် ကိုကိုကြီး ရိုက်ကူးမယ့် Documentary မှာ ရိုက်ကူး ရေး၊ ရှိုးပွဲတွေ၊ ဓာတ်ပုံ ရိုက် ကူးမှုတွေနဲ့ အလုပ်တွေ ရှုပ် နေခဲ့ပါတယ်။ ဒီအထဲမှာ ရွှေ အမြုတေကလည်း အလုပ်တွေ ထပ်ရှုပ်ခဲ့တာပါ။ ဒီလ အတွက် ဓာတ်ပုံဆရာကတော့ ချစ်သုဝေ စိတ်ကြိုက်ရွေးခဲ့ တဲ့သူပါ။ တိမ်တွေနေတဲ့အရပ် စီဒီ၊ ဗီစီဒီ Cover ပုံတွေနဲ့ ကြော်ငြာဆိုင်းဘုတ် အတွက် အလှဓာတ်ပုံတွေ ရိုက်ကူး ပေးခဲ့တဲ့ Photo hak ကပဲ ရိုက်ကူးပေးခဲ့တာပါ။ ချစ်သု ဝေ ၀တ်ဆင်မယ့် ၀တ်စုံဒီဇိုင်း တွေကိုကြည့်ပြီး Outdoor ရှုခင်းတွေ စိတ်ကြိုက် ရိုက်ကူးပေးခဲ့တဲ့ Photo hak နဲ့ ချစ်သုဝေကို လည်းကျေးဇူး တင်ပါတယ်။   

သင်းပပ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


Last Updated on Tuesday, 05 June 2012 16:11