|
Written by မင်္ဂလာရွှေမောင်း
|
|
Thursday, 31 May 2012 16:09 |
???????? ?????????? ???????? ???????? ???????? ?????? ??????? ?????????? ????? ??????(The Fourth Estate) ???? ?????????????? ??????? ??????????
argaiv1824
တိုင်းပြည် တစ်ပြည်မှာ ဥပဒေပြု လွှတ်တော်ဟာ ပထမမဏ္ဍိုင်၊ အစိုးရ အဖွဲ့ဟာ ဒုတိယ မဏ္ဍိုင်၊ တရား လွှတ်တော်ချုပ်ဟာ တတိယ မဏ္ဍိုင်ဖြစ်ပြီး သတင်းစာဟာ စတုတ္ထ မဏ္ဍိုင်ပါ။ ၀ါရင့် သတင်းစာ ဆရာကြီး ဂါဒီယန်း ဦးစိန်ဝင်းက သူ့ရဲ့အခြေပြု သတင်းစာမှာ “စာနယ်ဇင်းတို့သည် ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများတွင် ဥပဒေပြုရေး၊ တရားစီ ရင်ရေးနှင့် အုပ်ချုပ်ရေး ဟူသော မဏ္ဍိုင်သုံးခုကို မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့်၍ မှန်ကန်မှု မရှိသောအခါ ဟောင်ပေးရသော အိမ်စောင့်ခွေး(Watch Dog) သို့မဟုတ် ပြည်စောင့်ခွေး ဟုလည်း ခေါ်ကြသည်”လို့ ပြောခဲ့ဖူးပါတယ်။
စတုတ္ထ မဏ္ဍိုင် ဆိုတာက ပထမ၊ ဒုတိယနဲ့ တတိယ မဏ္ဍိုင်တွေ မယိမ်းမယိုင် ရအောင် တည့်မတ် ပေးရတဲ့ အလုပ်ကို လုပ်ပေး ရတဲ့ မဏ္ဍိုင်ပါ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် မရသေးတဲ့ အတွက် စတုတ္ထမဏ္ဍိုင် ကိစ္စဟာ ပီပီပြင်ပြင် မရှိလှသေးပါဘူး။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံမှာ လွတ်လပ်တဲ့ သတင်းစာတွေ ရှိဖို့လိုပါတယ်။ အမေရိကန် သမ္မတနဲ့ သတင်းစာ ဆရာ Thomas Jefferson (၁၇၄၃-၁၈၂၆)က “တိုင်းပြည် တစ်ပြည်ရဲ့သတင်းစာသာ ထုတ်ခွင့်ပြုပါ။ ဥပဒေတွေ ဘာတွေကို ကျုပ် မမှုပါဘူး”လို့ စိန်ခေါ် ပြောဆိုဖူးပါတယ်။
ဒီလ ပိတောက်ပွင့်သစ်မှာ ပါတဲ့ မန္တလာ မောင်မှတ်ကြီးရဲ့ မီဒီယာ တက္ကသိုလ် ဒီးဒုတ်ချို ဟာ ဒီးဒုတ်ဦးဘချိုရဲ့ မီဒီယာ အစွမ်းကို ဖော်ထုတ် ရေးသားထားတဲ့ ဆောင်းပါးပါ။ ပြည်သူ့ သတင်းစာ ဆရာတစ်ယောက် ဖြစ်ဖို့ အခြေခံ လိုအပ်ချက် နှစ်ရပ်ရှိပါတယ်။ အဲဒါတွေကတော့ မီဒီယာပညာ ကောင်းစွာ တတ်ကျွမ်းခြင်းနဲ့ ရပ်တည်ချက် မှန်ကန်ခြင်းပါပဲ။ ဆောင်းပါးရှင်က မီဒီယာကို ပုံနှိပ် မီဒီယာနဲ့ အသံလွှင့် မီဒီယာရယ်လို့ နှစ်ပိုင်းခွဲခြား တင်ပြပြီး ရပ်တည်ချက် မှန်ကန်ခြင်း ကဏ္ဍမှာတော့ ဒီးဒုတ် ဦးဘချိုရဲ့ အရည်အချင်းတွေကို သိန်းဖေမြင့်၊ ဦးသန့်၊ ဗိုလ်ချုပ် အောင်ဆန်းတို့ရဲ့ ဖော်ပြချက်တွေနဲ့ ရေးပြထားပါတယ်။ ဆရာချိုနဲ့ ပတ်သက်ပြီး စာရေးဆရာကြီး မဟာဆွေက အခုလို ချီးကျူး စကားဆိုခဲ့ပါတယ်။
“လောကတွင် ဂျီးနီးယပ်စ်ခေါ် ပါရမီရှင် ပုဂ္ဂိုလ်ထူးမျိုးကား ရှာမှ ရှားလှသည်။ ကျွန်ုပ် အနေအားဖြင့် ဦးဘချိုကို ထိုပုဂ္ဂိုလ်ထူး စာရင်းတွင် သွင်းခဲ့၏။ ဆရာချိုကား သဘာဝ လည်သည်။ မာနပယ်သည်။ ဟာသကြွယ်သည်။ ဤအရည်အချင်း သုံးမျိုးနှင့် ပြည်စုံသူကား ရှားလှဘိ တောင်း”တဲ့။ ပညာချွန်ပြီး မွန်မြတ်တဲ့ ဆိုသင့် ဆိုထိုက်တာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ဆိုရဲဆိုဝံ့တဲ့ မီဒီယာ ပညာရှင်တွေ လိုအပ် နေပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ နိုင်ငံသစ် တည်ဆောက်ချိန်မှာ အမှန်တကယ် လိုအပ်နေတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့အခန်း ကဏ္ဍကို ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။
ထွန်းဇော်ဌေးရဲ့ အစိုးရ နိုင်ငံတော်နှင့် ဒီမိုကရေစီ အကြောင်းဟာ အများသူငါ ရောထွေး နေတတ်တဲ့ State, Country နဲ့ Government ကို ခွဲခြမ်း စိတ်ဖြာပြပြီး ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံနဲ့ ဆက်စပ် တင်ပြထားတဲ့ ဆောင်းပါးပါ။ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံမှာ အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြည်သူလူထုက ထိန်းချုပ် ကန့်သတ်မှု မရှိရင် အဲဒါ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အာဏာဟာ ပြည်သူ့ထံက ဆင်းသက်လာတာမို့ အစိုးရဆိုတာ ပြည်သူ့ အစေအပါး၊ ပြည်သူ့ခိုင်းဖတ်ပဲ ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ဖခင်လည်း မဟုတ်ဘူး။ မိခင်လည်း မဟုတ်ဘူး။ ရှိခိုးစရာ မလိုဘူး။ ဒီဆောင်းပါးဟာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံပေါ်လစီ တွေကို ဖော်ပြပြီး ဒီမိုကရေစီ ရေရှည် တည်တံ့ ခိုင်မြဲလာအောင် နိုင်ငံတော်ရဲ့ လွတ်လပ်မှုကို ကာကွယ် ထိန်းသိမ်းကြဖို့ တိုက်တွန်း ရေးသားထားတဲ့ ဆောင်းပါးပါ။
ညွန့်လွင်ရဲ့ ဒီမိုကရေစီ ခရီးသည် ကို ညွှန်းချင်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးသူက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံက ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ရေးပြပါတယ်။ ဒီမိုကရေစီ နိုင်ငံသစ် တစ်ခုကို ကူးပြောင်းရာမှာ မူလ ကူးပြောင်းခဲ့ရစဉ်က ရှိခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အားလုံး သိရှိပြီးသားမို့ မပြောလိုပေမဲ့ အဲဒီ အခြေအနေမျိုး ထပ်ဖြစ်မလာစေဖို့ ပြည်သူတွေက အပ်နှင်းထားတဲ့ အာဏာကို သုံးစွဲပြီး ပြုလုပ် ကျင့်သုံးဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဆရာညွန့်လွင်ရဲ့ ဆောင်းပါးဟာ ဒီနေ့ ရွှေ မောင်းတို့နိုင်ငံမှာ လူတိုင်းသိ ထားရမယ့် ဆောင်းပါး တစ်ပုဒ်ပါ။ အပြောတစ်မျိုး အလုပ် တခြား မဖြစ်ပွားအောင် အစိုးရ အဖွဲ့ကို တည့်မတ်ထိန်းကျောင်း ပေးဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး။ ၂၀၁၂ မတ်လ ပိတောက်ပွင့်သစ်
ဒီလ ရုပ်ရှင်တေးကဗျာမှာ ပါတဲ့ စန္ဒရား သိမ်းမောင် ရဲ့ နုပျိုသည်မှ အိုမင်းရင့် ရော်တဲ့အထိ စောင့်မျှော်နေသူ ဆရာပါသို့ ဟာ ဆရာပါရဂူ မကွယ်လွန်မီလေးက သူ့အိမ်မှာ သီချင်း ဆိုခဲ့ပုံကို ပြန် ပြောင်း ရေးပြထားတဲ့ အမှတ် တရစာစုပါ။ အမှတ်တရ စာစု ဆိုပေမဲ့လည်း အဲဒီစာစုထဲမှာ ဆရာသိမ်းက ဆရာပါရဲ့ အကြောင်း (သီချင်းသိပ်ဆို ချင်နေတဲ့ ပြင်းပြတဲ့ဆန္ဒ) အပြင် ဂီတသဘောတရား များကိုပါ ထည့်သွင်းရေး သားထားပါတယ်။
နိုင်ရဲ့ နွံဟာ အိမ်အကူ မိန်းကလေး တစ်ဦးရဲ့ဘ၀ ဖြတ်သန်းမှုကို စိတ်ဝင်တစား ဖြစ်အောင် ရေးဖွဲ့ပြထားတဲ့ ၀တ္ထုတစ်ပုဒ်ပါ။ အဲဒီလို ရေး ဖွဲ့ရာမှာ စာရေးဆရာ နိုင်ဟာ လှလှဖြူဆိုတဲ့ အိမ်အကူ မိန်း ကလေးရဲ့ ရင်ဘတ်ကို ဖွင့်ပြ နိုင်ခဲ့ပါတယ်။ ၀တ္ထုရဲ့ဖွဲ့စည်း မှုကလည်း စိတ်ဝင်စားစရာ ပါ။ ဖတ်ကြည့်ပါဦး။ ၂၀၁၂ ဧပြီ ရုပ်ရှင်တေးကဗျာ
ဒီလ ပိတောက်နွယ်မှာ ပါတဲ့ နန္ဒာစိုး(ဆင်ဖြူကျွန်း)ရဲ့ နှစ်နံစပ် ဗြောဟာ ကိုယ့်ကို ထမ်းတင် ပေးလိုက်ကြတဲ့ ဆရာတွေရဲ့ ပခုံးသားတွေကို သူ့အခြေ မြင့်သထက် မြင့်လာအောင် ခြေနဲ့ နင်းတက် စရာ လှေကားထစ်တွေ လောက်ပဲ သဘောထားတဲ့ ရွှေတံဆိပ်ဆုရ ရွာစားကျော် စိန်ဒုံးပျံ(ဖိုးကူး)ရဲ့ အနုပညာ ဘ၀ ဖြတ်သန်းမှုကို ရေးဖွဲ့ထားတဲ့ မဂ္ဂဇင်း ၀တ္ထုရှည်ပါ။ နန္ဒာစိုးဟာ သူ့ဝတ္ထုထဲမှာ သီ ပေါမင်းရဲ့အလှူပွဲမှာ နိုင်ငံခြား ဘင်အဖွဲ့ကို ရှေ့က တီးခိုင်း ပြီး သူတို့ တီးသွားတဲ့ သံစဉ်အတိုင်း ဆရာ စိန်ဗေဒါတို့ အဖွဲ့က နားစောင့်တီးပြလိုက် ပုံကို နေသားတကျ ထည့်သွင်း ဖော်ပြ သွားပါတယ်။ အနုပညာသမား တစ်ယောက်အဖို့ အောင်မြင်မှု ရအောင် ကြိုးပမ်း နိုင်ပေမဲ့ အနုပညာဆိုင်ရာ စိတ်ယဉ်ကျေးမှု ရှိဖို့ ဆိုတာ မလွယ်လှကြောင်း စာဖတ်သူ ကိုပြောပြထားတဲ့ ၀တ္ထု တစ်ပုဒ်ပါ။
မောင်သစ်ဦး(မြစ်ခြေ) ရဲ့ ယုန်လိုက်ခွေး ဟာ ချောင် ပိတ်မိပြီး ထွက်ပေါက် မရှိလို့ ပြန်လှည့် ပြေးလာတဲ့ ယုန် တွေ၊ အဲဒီယုန်ကို လိုက်နေတဲ့ ခွေးက ကြောက်အားပိုပြီး အမြီးတန်းအောင် ပြန်ပြေးတတ်တဲ့ ယုန်လိုက်ခွေး အကြောင်း ရေးဖွဲ့ပြထားတဲ့ အက်ဆေး တစ်ပုဒ်ပါ။ အက်ဆေးဆရာက ဟောစရာ စင်မြင့်ပေါ်မှာ နိုင်ငံရေးအကြောင်း လက်သီးလက်မောင်း တန်းပြီး စင်အောက် ရောက်တဲ့အခါ ကျွန်တော်က ဘယ်တုန်းကမှ နိုင်ငံရေး မလုပ်ခဲ့တော့ အခု ကျွန်တော် ဘာပြောပြော ကိစ္စ မရှိဘူး။ ကျွန်တော့်နောက် စောင့်ကြည့်မယ့် သူ မရှိဘူး လေ”လို့ ပြောတတ်တဲ့ စာဟောဆရာပဲ ယုန်လိုက်ခွေး ဖြစ်နေမလား။ အဲဒီ အက်ဆေးလေးကို ဖတ်ကြည့်ပါဦး။
ဦးတင်ဦး (ကျူရှင်) ရဲ့ တစ်ဆင့်ချင်း ရှေ့သို့ လှမ်းပါ ဟာ လူငယ်တွေ ဖတ်သင့်တဲ့ အားမာန်ပေး ဆောင်းပါး တစ်ပုဒ်ပါ။ ဆရာက သူ့ ဆောင်းပါးမှာ DONNY OSMOND ရဲ့ ဘ၀ရဲ့လှေ ကားကို တက်မယ်ဆိုရင် တစ် ကြိမ်တစ်ကြိမ်မှာ လှေကား တစ်ထစ်တစ်ထစ်ချင်းကိုသာ တက်သွားပါ။ အဝေးကြီးကို လှမ်းကြည့်မနေပါနဲ့။ ရည် မှန်းချက်များကို မြင့်မြင့်ထားရမှာ ဖြစ်ပေမဲ့ တစ်ကြိမ်မှာ တော့ တစ်ထစ်ချင်းသာ တက် သွားပါလေ။ တစ်ခါတစ်ရံ ကိုယ်တိုးတက် နေတယ်လို့ တောင် မထင်မိဘူး။ နောက် ပြန်ဆင်းကြည့်မိတော့မှ ကိုယ် တက်ခဲ့တာ အမြင့်ကြီးပါလား ဆိုတာသိရပါတယ်”ဆိုတဲ့ စကားကို ကိုးကားထားပါ တယ်။ ၂၀၁၂ ဧပြီ ပိတောက်နွယ်
ဒီလ Look မဂ္ဂဇင်းမှာ ပါတဲ့ ဦးဘုန်း(ဓာတု)ရဲ့ After You ဟာ ဘယ်အရာ မျိုးမှာမဆို သူများဘက်ကို အရင်စဉ်းစားပြီး ဦးစားပေး တတ်တဲ့ အလေ့အကျင့် ရှိလာ ဖို့ကို နှိုးဆော် ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ After You ဆိုတဲ့ စိတ်ရှိနေသူဟာ လူကြီး မဖြစ်သေးဘူး။ လူကြီး မဖြစ်သေးဘူး ဆိုတာက ဇာတာ သက်ကြီးတာကို ပြောတာ မဟုတ်ပါဘူး။ စိတ်သက်အရွယ် မရောက်တာကို ဆိုလိုတာပါ။ After You ဆိုတဲ့စိတ်ကတော့ စိတ်ယဉ်ကျေး သူ၊ လူကြီးလူကောင်း စိတ်ရှိ သူတွေပါလို့ ဦးဘုန်းက ဆိုပါ တယ်။ ၂၀၁၂ ဧပြီ Look
ဒီလ ရွှေအမြုတေ မဂ္ဂဇင်း ၀တ္ထုရှည်က ဒေါင်းနေမင်းရဲ့ သေတတ်သည်ပါ။ ဒေါင်းနေမင်းဟာ ၀တ္ထု အရေးကောင်းတဲ့ စာရေးဆရာ တစ်ဦးပါ။ သူရေးရင် ဇာတ်လမ်းကို ဇာတ်ကောင်စရိုက် ထက်ပိုပြီး အလေးပေး ရေးတတ်ပါတယ်။ ဒီဝတ္ထုမှာ တော့ ဒေါင်းနေမင်းဟာ သူ့ ရဲ့ပဓာနဇာတ်ကောင် ကိုညို သင်းရဲ့ဘ၀ဖြတ်သန်းမှုနဲ့ စရိုက်ကို ပီပီပြင်ပြင် ပုံဖော် ရေးဖွဲ့ထားပါတယ်။ သူပေး တဲ့ Message က “အသိဉာဏ် မဲ့သူတွေကြောင့် လူတစ်ယောက် ဒါမှမဟုတ် လူအများစုဟာလည်း သေတတ် တယ်” ဆိုတာပါပဲ။
မောင်နှင်းပန်းရဲ့ မသာ ကိုယ်စားလှယ် ဟာ ရပ်ကွက် အတွင်းမှာ လူသေတိုင်း အစ အဆုံး အိမ်မပြန်ဘဲ မေတ္တာနဲ့ ကူညီတဲ့ ဦးဘိုးသီးရဲ့ အကြောင်းကို မြေးဖြစ်သူက ပြန်လည် ပြောပြဟန်နဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ မောင်နှင်းပန်း ဟာ ၀တ္ထုတစ်ပုဒ် ရေးပြီဆို ရင်စူးရှတဲ့ ရသအပြင် သူ့ ၀တ္ထုကို လေးနက်တဲ့ လော ကအမြင်နဲ့ ဘောင်ကွပ်ပေး တတ်ပါတယ်။ ဒီဝတ္ထုမှာ သူ့ အဘိုးဦးဘိုးသီးရဲ့ ရင်ကို စာဖတ်သူ ဖောက်မြင်လာနိုင် အောင် ရေးဖွဲ့ပြပါတယ်။ ငယ်ရွယ်စဉ်က သူ့အနေနဲ့ ဦးဘိုးသီးရဲ့ မြေးလို့ ပြော လိုက်ရင် သိမ်ငယ်စိတ်၊ ရှက် စိတ်တွေ ၀င်ခဲ့ပေမဲ့ အဘိုးဦး ဘိုးသီးဆုံးလို့ အသုဘချတဲ့ အခါမှာမှ ဦးဘိုးသီး အပေါ် ထားတဲ့ ရပ်ကွက်သူ ရပ်ကွက် သားတွေရဲ့သဘောထားကို ထိတွေ့ခံစားရပြီး မရှက်တဲ့ အပြင် ဂုဏ်ယူဖွယ်ရာ အဖြစ် သိရှိ နားလည်လာခဲ့တယ်။ ရွှေမောင်း သဘောကျတာက မောင်နှင်းပန်းရဲ့ နိဂုံးလေးပါ။ “သူ့ဆီမှာ ဘာများပါသွား ပါလိမ့်။ ဒါမှမဟုတ် သူဘာ တွေများ ထားခဲ့ပါလိမ့်”ဆိုတဲ့ အဆုံးသတ်လေးပါ။ ၀တ္ထုရဲ့ ပဓာနဇာတ်ကောင် ဦးဘိုးသီး နဲ့ပတ်သက်ပြီး မောင်နှင်းပန်း ရေးပြတာက ဒီလိုပါ။ “သေ ချာသည်က လူတစ်ယောက်၏ ထင်ကျန်ရစ်ခဲ့သော နာမည် တစ်လုံးမှာ နှစ်ပေါင်းများ စွာကြာသည်အထိ လတ် ဆတ်စွာ ကျန်နေရစ်ခဲ့သည်မှာ အံ့သြစရာ ကောင်းလွန်းလှ သည်”တဲ့။ အာဏာ၊ ရာထူး အရှိန်အ၀ါ တောက်ပလင်း လက်နေစဉ်က စိတ်ထင်တိုင်း ကြဲနိုင်ခဲ့ပေမဲ့ သေတော့လည်း အကောင်းမကျန်၊ မကောင်း မှုသာ စွန်းထင်း ကျန်ခဲ့သူတွေ အတွက် မောင်နှင်းပန်းက ဒီဝတ္ထုလေးနဲ့ ပါးနပ်စွာ တင် ပြထားပါတယ်။ ၀တ္ထု ကောင်းလေး တစ်ပုဒ်ပါ။ ဖတ် ကြည့်ပါဦး။
ရဲသျှမ်းရဲ့ လမ်းဆုံ ဘူတာဟာ ရထား သုံးစင်းလမ်းဆုံ ဘူတာကြီးမှာ ဆုံလာတဲ့ နေ့တစ်နေ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုပါ။ ရဲသျှမ်းဟာ ဘာမဟုတ်တဲ့ အကြောင်း အရာလေးကို အားပြိုင်မှုတွေ ပေးပြီး စာဖတ်သူကို သူနဲ့ အတူ လိုက်ပါနေအောင် ဆွဲခေါ် ရေးသားနိုင်တဲ့ ၀တ္ထုရေး ဆရာပါ။ ဒီဝတ္ထုမှာ ရှမ်း ရထား၊ မြင်းခြံရထား၊ ရန် ကုန်-မန္တလေး အမြန်ရထား သုံးစီး လမ်းဆုံဘူတာမှာ ဟိုတုန်းက ဆုံခဲ့ပေမဲ့ ခု မဆုံ ဖြစ်တာ တော်တော့်ကို ကြာနေပါပြီ။ မီးရထား ၀န်ထမ်း ဘ၀နဲ့ သူဟာ အဲဒီဆုံမယ့် ရက်ကို ရင်ခုန်စွာ မျှော်လင့် စောင့်စားခဲ့ပါတယ်။ ဟော သူ အဲဒီမှာ တာဝန်ကျစဉ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အဲဒီရထားသုံးစင်းလမ်းဆုံ ဘူတာမှာ ဆုံကြပါတယ်။ ကဲ သူ့အကြောင်းအရာက ဘာများ ထူးခြားလို့လဲ။ မထူး ခြားပါဘူး။ ဒါပေမဲ့ ရဲသျှမ်း က လာရာလားရာ မတူတဲ့ ရထားသုံးစီး။ လမ်းဆုံ ဘူတာကြီး။ ဖေဖော်ဝါရီ ၁၂ ရက်။ အဲဒါတွေကို သူ့ ၀တ္ထုမှာ သုံးပြီး ရေးဖွဲ့ပြတယ်။ နောက်ပြီး ရဲသျှမ်းက ပြောသေးတယ်။ “ကျွန်တော်တို့ လုပ်ငန်း တာဝန်ချိန်နဲ့ လုပ် သက်အတွင်း တစ်ကြိမ် တစ်ခါမှ မရနိုင်တော့ဟု ထင်ရသော်လည်း အမြဲတမ်း မျှော် လင့်သောရက်ကလေး တစ် ရက်ကို ခက်ခက်ခဲခဲ ရလိုက်ပါပြီ”တဲ့။ ဖတ်ကြည့်ပါဦး။
စာမျက်နှာပေါ် နှစ် ပေါင်းများစွာ ပျောက်ဆုံး နေရတဲ့ ဆရာမောင်သာရရဲ့ ဆောင်းပါးတစ်ပုဒ် ဒီလ ရွှေ အမြုတေ မဂ္ဂဇင်းမှာ ဖတ်ရပါတယ်။ Pennsylvania ပြည်နယ်က University of Pennsylvania တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ Justin Me. Damel ရဲ့ ဘာသာရေးတရား အားထုတ်မှုများ လေ့လာရေး ဌာနတစ်ခု ဖွင့်လှစ်ထားပုံကို ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ အဲဒီ ဘာသာရေး လေ့ကျင့်ရေး တက္ကသိုလ် ဆိုတဲ့ ဆောင်းပါးဟာ ဗုဒ္ဓဘာသာနဲ့ ဃအေ့သူငန Catholic ဘာသာက စည်းကမ်းတွေကို ပေါင်းစပ်ထားတဲ့ သင်တန်း တစ်ခုကို သတင်းပေး ရေးသားထားတဲ့ ဆောင်းပါးပါ။ သင်တန်းသူ တစ်ဦးက သူများကို ကူညီနိုင်ဖို့ အတွက် ပထမဦးဆုံး မိမိကိုယ်ကို မိမိသိဖို့ လိုရာမှာ သည်သင်တန်းတွေက တကယ် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဧပြီလ ရွှေအမြုတေ
ဒီလဖူးငုံမှာ ပါတဲ့ မြအေးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်ရှည် ခံစားမှုများဟာ နှစ်ကြီးအကျဉ်း သမားတွေရဲ့ ရင်တွင်း ခံစားမှုကို ထုတ်ဖော် ပြောပြထား တဲ့ ထောင်အတွေ့အကြုံ ဆောင်းပါးပါ။ အတွေ့ အကြုံက သီးပွင့်လာတဲ့ အတွက်ကြောင့်လား မသိ ဖတ်ရတာ ရင်ကို တိုးထိမိ ပါတယ်။ စာရေးသူက လွတ် ငြိမ်းချမ်းသာခွင့်ပေးမယ်ဆို တဲ့ သတင်းကြောင့် ထောင် သားများ ပျော်ရွှင်ကြရပုံ၊ တကယ်အမိန့်လာတဲ့အခါ နှစ်ကြီးသမားများမပါပုံတို့ကို အောင်အောင်၊ တင့်လွင်ဦး၊ အိုက်လွန်၊ အိုက်စိုင်းတို့ရဲ့ ခံစားမှုတွေနဲ့ ရေးသားတင်ပြ ပါတယ်။ ဒီဆောင်းပါးမှာ ဆောင်းပါးရှင်က မြန်မာနိုင်ငံ အကျဉ်းထောင် အနေနဲ့ ပြောင်း လဲသင့်ပြီ ဖြစ်ကြောင်းကိုလည်း ဆွေးနွေး တင်ပြထားပါတယ်။
ဝင်းနိုင်ထွန်းရဲ့ ကလေးများ၏ အခွင့်အရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုဟာ ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးလာမှု ကြောင့် အသက် ၁၈ နှစ် အောက် ကလေးငယ်များနဲ့ လိင်ဆက်ဆံဖို့ လာရောက် လည်ပတ်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ပေါ်ပေါက်လာပြီး၊ သူတို့ကြောင့် ကလေးငယ်တွေရဲ့ ဘ၀ ပျက်စီးရပုံကို နားလည် သိရှိပြီး ၀ိုင်းဝန်း ဟန့်တားဖို့ တိုက်တွန်း ရေးသားထားတဲ့ ဆောင်းပါးပါ။ အနာဂတ်ကို ဖန်တီး တည်ဆောက်ရမယ့် လူသားတွေ မကျဆုံး မပျက် စီးရလေအောင် တားဆီးကြ ဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါး တစ်ပုဒ်မို့ လူ့ အဖွဲ့အစည်း ဖွံ့ဖြိုးရေး အတွက် အရေးကြီးတဲ့ ဆောင်းပါး တစ်ပုဒ်လို့ ဆိုချင်ပါတယ်။
ပန်းသန္တာ (မနောမြေ)ရဲ့ ရင်ရိပ်စွန့်တဲ့ လိပ်ပြာ ကို ညွှန်းချင်ပါတယ်။ ဒီဝတ္ထု လေးဟာ မိခင်ကြီး ဖြစ်နေတဲ့ ကင်ဆာရောဂါကို ဆေးကုသ ခံယူနိုင်ဖို့ သူ့ ဘ၀ကို ရင်းပြီး စတေးခဲ့တဲ့ အေမီကျော်ဆိုတဲ့ မိန်းမပျိုလေးရဲ့ ဘ၀ဖြတ် သန်းမှုကို အဆောင် အတူနေ မိန်းကလေး တစ်ယောက် ရှုထောင့်က ရေးဖွဲ့ထားတဲ့ ၀တ္ထုလေးပါ။ မြို့ပြလူမှုဘ၀ ထဲမှာ မိသားစု လိုအပ်ချက် ကြောင့် မနှစ်မြို့ဘဲ ဘ၀ တစ်ခုထဲမှာ ကူးခတ်နေကြရ တဲ့ မိန်းမပျိုလေးတွေကို စာရေးသူက ကိုယ်ချင်းစာ နာစိတ်နဲ့ ရေးဖွဲ့ ထားပါတယ်။
ကွန်းခိုရာရဲ့ တစ်ရေးနိုး အိပ်မက် ဟာ ရွာကလေး တစ်ရွာက ကိုယ့်အားကိုယ် ကိုးပြီး တခုတ်တရ ကြိုး ပမ်းလာခဲ့လို့ မဟာဝိဇ္ဇာ သင်တန်း ၀င်ခွင့်ရခဲ့တဲ့ ထွေးညို ရဲ့ ဘ၀ဖြတ်သန်းကို ရေးဖွဲ့ ထားတဲ့ ၀တ္ထုပါ။ ကွန်းခိုရာဟာ သူ့ရဲ့ ပဓာနဇာတ်ကောင် ထွေးညိုကို ရေးဖွဲ့ရာမှာ စာ ဖတ်သူ အားကျအတုယူနိုင် ဖွယ်ဖြစ်အောင် ရေးဖွဲ့ပြနိုင် ခဲ့ပါတယ်။ နယ်တက္ကသိုလ် က အောင်တဲ့ ကျောင်းသား ဟာ ရန်ကုန်တက္ကသိုလ်မှာ မဟာဝိဇ္ဇာ သင်တန်းတက် ခွင့်ရဖို့အတွက် နယ်ကပုံစံ ၁၀ ယူပြီး ရန်ကုန်မြို့နေ မိသားစု တစ်စုရဲ့သန်းခေါင်စာရင်းမှာ သွင်းပေးရပါတယ်။ ဘယ် ပညာရှိကြီးတွေက တီထွင် လိုက်တဲ့ ပညာသင်ကြားရေး စနစ်ဆိုတာကိုတော့ မသိပါဘူး။ ထွေးညိုက အဲဒီအတိုင်း သန်းခေါင် စာရင်းဝင်ပြန်တော့ မော်ကွန်းထိန်းကြီးက မောင် နှမသားချင်း အရင်းအချာ မဟုတ်လို့ဆိုပြီး ခွင့်မပြုပြန်ဘူး။ ဒါကြောင့် ထွေးညိုက လိမ်လိုက်တယ်။ ဒီဝတ္ထုလေး မှာ ကွန်းခိုရာဟာ ဒီနေ့ တက္ကသိုလ် ပညာရေးစနစ်က လို အပ်ချက် တစ်ခုနဲ့ မော်ကွန်း ထိန်းရဲ့ အကျင့်ပျက်မှုကို ဖွင့် ပြနိုင်ခဲ့ပါတယ်။ ဖတ်ကြည့်ပါဦး။ ၂၀၁၂ ဧပြီ ဖူးငုံ
ဒီလရတီမှာ ပါတဲ့ တင်မိခိုင်ရဲ့ ခြင်းထဲက လူ ဟာ နှစ်ပေါင်း ၂၀ အတွင်း ပြောင်းလဲသွားတဲ့ သူငယ် ချင်း မေရဲ့ အပြောင်းအလဲကို ရေးပြထားတဲ့ ၀တ္ထုပါ။ ၀တ္ထု ရေးဆရာက မေ ကို ပြရာမှာ မြို့ပြလူမှုဘ၀ထဲမှာ ၀န်ထမ်း မိသားစု တစ်ခုရဲ့ လှုပ်ရှား မှုနဲ့ မေရဲ့ စိတ်ကို စာဖတ် သူ မြင်နိုင်အောင် ဏူသအ ကလေးတွေနဲ့ ရေးပြနိုင်ခဲ့ပါတယ်။ အရေးအဖွဲ့ သိပ် သည်းကျစ်လျစ်တဲ့အပြင် စာရေးဆရာက တစ်ခွန်းတစ် ပါဒမှ မပြောဘဲ မေရဲ့ လှုပ်ရှားမှုလေးတွေနဲ့ မေ ဘာကောင်ဆိုတာ ပေါ်လွင်သွား အောင် ရေးဖွဲ့ပြခဲ့ပါတယ်။ ဖတ်ကြည့်ပါဦး။
ဒီလရတီမှာ ရွှေမောင်း သိပ်ကြိုက်တဲ့ ကလေးသူငယ်ပြုစု ပျိုးထောင်ရေး ဆိုင်ရာ ၀တ္ထုတိုလေး တစ်ပုဒ် ဖတ်ရတယ်။ အနာဂတ်ကို မျက်နှာ မူထားရုံမျှမက အနာဂတ် ဖွံ့ဖြိုးရေးကို အထောက် အကူပြုနေတဲ့ ၀တ္ထုတိုလေးပါ။ အဲဒီဝတ္ထုကတော့ ညိုရင့် ရဲ့ အဖေနဲ့ ကျွန်တော် ကျွန်တော့်သားပါ။ စိတ်ပညာ ဘာသာရပ်မှာ ကလေး တစ်ယောက် အသက် ၆ နှစ် ကို ရောက်လာတဲ့ အချိန်က စပြီး ဦးစီး ပဲ့ကိုင်ဖြစ်တဲ့ ဖခင် တစ်ဦးရဲ့ အခန်းကဏ္ဍက အတော့်ကို အရေး ပါလာတယ်လို့ ဆိုကြပါတယ်။ ဒီ ၀တ္ထုလေးမှာ ဇနီးသည်ရဲ့ ကိုယ်ဝန်ကို အက်ထရာ ဆောင်းရိုက်ကြည့်လို့ သား ယောက်ျားလေးလို့ သိရတဲ့ အခါ အဲဒီအဖြေကို မိခင်ကြီး ဆီ သွားပြောရင်း လမ်းမှာ ဖခင်ကြီးက သူ့ သားကို ပြုစု ပျိုးထောင်ခဲ့ပုံကို ပြန်လည် တွေးတောမိပုံနဲ့ ဖခင်ရဲ့ ကလေးပြုစု ပျိုးထောင်ပုံကို ရေးဖွဲ့ တင်ပြထားပါတယ်။ ၀တ္ထုရေးဆရာဟာ သူ့ ၀တ္ထု ကို တင်ပြရာမှာ စဉ်ဆက် ညီညွတ်မှုကို အထူး ဂရုစိုက် ပါတယ်။
ပြီးမှ သင်္ကေတ ပစ္စည်းလေးတွေကိုလည်း နေသားတကျ ထည့်သွင်း ထားတယ်။ သံချောင်း၊ စာအုပ်စင်၊ လက်ပတ်နာရီ၊ စာတန်းတစ်ကြောင်း။ အဲဒါ တွေဟာ ၀တ္ထုထဲက အဖေက သားကို ပြုစုပျိုးထောင်တဲ့ သင်္ကေတပစ္စည်းဖြစ်သလို ရွှေမောင်းတို့ စာဖတ်သူ မိဘ အုပ်ထိန်းသူတိုင်းလည်း လိုက်နာလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်သင့်တဲ့ သင်္ကေတ ပစ္စည်းတွေပါပဲ။ ကလေးသူ ငယ်ပြုစု ပျိုးထောင်ရေးဆိုင်ရာ စိတ်ပညာဆောင်းပါး တစ်ပုဒ်ကို ရေးသားဖို့ ကိစ္စ ဟာ သိပ်မခက်ပါဘူး။ လေ့ လာပြီးရေးသားလို့ ရပါတယ်။ ဒါပေမဲ့ အလွန်နက်ရှိုင်း သိမ်မွေ့တဲ့ အဲဒီ ကိစ္စကို စာဖတ်သူရဲ့ ရင်ထဲရောက်သွား အောင် ၀တ္ထုတိုတစ်ပုဒ်နဲ့ ပို့ ဆောင်ပေးရတဲ့ အလုပ်ကတော့ အလွန် ခက်ခဲပါတယ်။ ၀တ္ထု အတတ်ပညာရော၊ အနု ပညာရော ရှိဖို့ လိုအပ်ပါ တယ်။ ဒီဝတ္ထုတိုလေးကို ဖတ်ကြည့်ပါ။ စာဖတ်သူဟာ မိဘ အုပ်ထိန်းသူ တစ်ယောက် ဖြစ်နေရင် ကိုယ့်ကလေးကို ဘယ်လိုပြုစု ပျိုးထောင်ရမယ် ဆိုတဲ့ အလွန့်ကို တန်ဖိုး ကြီးမားလှတဲ့ သတင်းလေးတွေ ကို ဒီဝတ္ထုဖတ်ပြီး အလွယ်တကူ ရရှိသွားမှာပါ။ ငွေ ကြေးတန်ဖိုးထက် ကြီးမြတ် လေးနက်တဲ့ အသုံးချ တန်ဖိုး တစ်ခုကို ရနိုင်တဲ့ ၀တ္ထုတိုဆို တာ ဒီနေ့စာမျက်နှာတွေပေါ် မှာ တော်တော်ရှားပါတယ်။ ဒါကြောင့် ဒီဝတ္ထုကို မဖြစ် ဖြစ်အောင် ဖတ်ကြည့်ပါလို့ ညွှန်းလိုက်ပါရစေ။ ၂၀၁၂ ဧပြီ ရတီ
ဒီလရနံ့သစ်မှာ ပါတဲ့ မင်းယွန်း(ခေတ္တရာ)ရဲ့ နွံထဲ၌ လှည်းဘီး ကျွံနေသည် ဟာ မိခင်မေတ္တာဖွဲ့ ၀တ္ထုတစ်ပုဒ်ပါ။ မင်းယွန်းဟာ သူ့ဝတ္ထုမှာ အစား မစားဘဲ ပါးစပ်ထဲမှာ ငုံပြီး သားမွေးတဲ့ တီလားပီးယား ငါးမကို သင်္ကေတ အဖြစ် ဖွဲ့ပြပြီးမှ အသက် ၇၀ အရွယ် မိခင်ကြီး နေမကောင်းတာကို သိလျက်နဲ့ မသွားဖြစ်တဲ့ သား ရဲ့ ဘ၀ ဖြတ်သန်းမှုကို ပုံဖော် ရေးဖွဲ့ပြပါတယ်။ တာဝန် ယူတတ်မှု၊ မိခင်စိတ် ပီသမှုကို ရေးဖွဲ့ထားတဲ့ ၀တ္ထုပါ။
နီနီနိုင်(သထုံ)ရဲ့ သိမ်းငှက် အလွမ်းဟာ လောက စိမ်းကလေး တစ်ခုကို ရေးဖွဲ့ ပြထားတဲ့ ၀တ္ထုတိုပါ။ ငှက်ရောင်းတဲ့ ၀ိုင်းစိန်ရဲ့ ဘ၀ ဖြတ်သန်းမှုကို ရေးဖွဲ့ရာမှာ ၀တ္ထုရေးသူဟာ တကယ့် ဘ၀ထဲက ငှက်ရောင်းသူတွေ ရဲ့ ပတ်ဝန်းကျင် ဓလေ့စရိုက် ကို သူ့ဝတ္ထုထဲမှာ ထည့်သွင်း ရေးသားနိုင်ခဲ့ပါတယ်။ ဖတ် ကြည့်ပါဦး။
မောင်ရင့်မာ (ကျောင်းကုန်း)ရဲ့ သူလိုကွိ၊ ရှာလီဝေလင်နဲ့ ဂျာနယ်ကျော်မမလေး ဟာ ဦးဝင်းတင် ဘာသာပြန်တဲ့ ကွိကို သုံးသပ် ရေးသား ထားတဲ့ စာပေဆောင်းပါး တစ်ပုဒ်ပါ။ စာရေးသူက ဂျာ နယ်ကျော်မမလေးရဲ့ သူလို လူထဲက ဦးချစ်မောင်၊ သူရေးခဲ့တဲ့ သူ ၀တ္ထုထဲက ကိုမြင့် မောင်၊ သတင်းစာသမားရဲ့ ဘ၀ကို ရယူဖို့ ကြိုးပမ်းခဲ့တဲ့ ကွိ၊ အဲဒါတွေကို စပ်ဟပ်ပြီး သူ့ဆောင်းပါးကို လှလှပပ ရေးဖွဲ့သွားခဲ့ပါတယ်။ “ပါမောက္ခ ဂိုက်ဖမ်းနေတဲ့ ကွိ ဆိုတဲ့ လူငယ်လေးရဲ့ ဘ၀ကို မဏ္ဍိုင်ပြုရေးတဲ့ ၀တ္ထုဆိုပေမဲ့ လည်း အဲဒီဝတ္ထုမှာ ကွိနဲ့ အတူ ပြောင်လက်တောက်ပ နေတာက ရှာလီဝေလင်ပါ။ ရှာလီဝေလင် မရှိရင် ကွိမရှိ သလို၊ ဂျာနယ်ကျော်မမလေး မရှိရင် ဦးချစ်မောင် ရှိနိုင်ပါ့ မလား”လို့ နှိုင်းယှဉ်ပြပါတယ်။ ဆောင်းပါးရဲ့ နိဂုံး မှာ ဆရာမောင်ရင့်မာက “ပိုမို ပွင့်လန်းလာတဲ့ အခြေအနေ တစ်ရပ်မှာ ကွိ ကိုဖတ်ပြီး ပြည်သူ့အကျိုးနဲ့ အညီ အညွတ်ဖြစ်တဲ့ သတင်းစာ ဆရာကောင်း တော်ဖြောင့် ထူးချွန်တဲ့ (Journalist) ကောင်းတွေ ပေါ်ထွန်းပါစေ လို့ ဆန္ဒပြုပါတယ်”လို့ သူ့ ဆန္ဒကို ဖွင့်ဟ ထားပါတယ်။
စတုတ္ထမဏ္ဍိုင် ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ကြားနေရတဲ့ အခုလို အချိန်မှာ တစ်၊ နှစ်၊ သုံး မဏ္ဍိုင်တွေ ကို ထိန်းကျောင်းတည့်မတ် ပေးရတဲ့ အဲဒီ လေးမဏ္ဍိုင်ကို မောင်းနှင်ကြမယ့်သူတွေ ဟာ ဦးချစ်မောင်လို လူမျိုး ဖြစ်ကြပါစေလို့ ဆရာ မောင် ရင့်မာနဲ့အတူ ရွှေမောင်းလည်း ဆန္ဒပြုလိုက်ပါရစေ။ ၂၀၁၂ ဧပြီ ရနံ့သစ်
မင်္ဂလာရွှေမောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
|
Last Updated on Tuesday, 05 June 2012 12:54 |