|
Written by အယ်ဒီတာ
|
|
Monday, 14 May 2012 21:07 |
မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီနေ့ကို မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမား နေ့လို လူသိပ် မသိကြပါဘူး။
argaiv1126
argaiv1017
တကယ်တော့ စာနယ်ဇင်းလွတ် လပ်မှုလို့ ဆိုရာမှာ အပိုင်းသုံးပိုင်း ခွဲပြီးတွေးကြဖို့ လိုပါမယ်။ ပထမဆုံးကတော့ စာပေ စိစစ်ရေးဆိုတဲ့ ဆင်ဆာ ဖြတ်တောက်မှု မရှိရေး ဖြစ်ပေမဲ့ ဆင်ဆာ မဖြတ်တော့ရုံနဲ့ စာပေ လွတ်လပ်ခွင့် ရပြီလို့ မဆိုနိုင်ပါဘူး။
ဒုတိယ အပိုင်းဖြစ်တဲ့ နိုင်ငံတော် အဆင့် စာပေဆုများ ရွေးချယ်ရာမှာ ဘက်လိုက်မှုအပါအ၀င် အဂတိတွေ ကင်းစင်ရေးဟာလည်း အလွန် အရေးကြီးပါတယ်။ နောက်ဆုံး အနေနဲ့ စာပေဆိုင်ရာ လက်ဝါးကြီးအုပ်မှု သဘောမျိုး သက်ရောက်နေတဲ့ တိုင်းမြို့ကြီး နှစ်မြို့မှာပဲ ပုံနှိပ်မီဒီယာ လုပ်ငန်းလုပ်ကိုင်ဖို့ အခွင့်အလမ်း ရှိနေတဲ့ ကိစ္စကို အသွင်ပြောင်းရေး ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာပါ မြန်မာဘာသာနဲ့ဖြစ်ဖြစ်၊ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ဘာသာ စကားနဲ့ဖြစ်ဖြစ် ထုတ်ဝေတဲ့ ပုံနှိပ်မီဒီယာ (အထူးသဖြင့် သတင်းမီဒီ ယာ)ရယ်လို့ ဖြစ်ထွန်း ပေါ်ပေါက်လာမှပဲ စာပေ လွတ်လပ်ခွင့် အစစ်အမှန်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလို အပိုင်း သုံးပိုင်းလုံးမှာ လွတ်လပ်မှုနဲ့ ပြည့်စုံမှပဲ နိုင်ငံတော် အဆင့် စာနယ်ဇင်းလွတ်လပ်မှု ရှိနေပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ စာနယ်ဇင်းသမားတွေရဲ့ လုပ်ငန်းခွင် ဘ၀လုံခြုံရေး၊ အာမခံချက်ရှိရေး ဆိုတာတွေကိုလည်း ထည့်သွင်း တွက်ချက်ရမှာ ဖြစ်ပေမဲ့ ဒီအပိုင်းသုံးပိုင်းကို တော့ အဓိကကျတဲ့ အခြေခံလိုအပ်ချက်အဖြစ် ဂရုပြုကြရမှာပါ။
ဆင်ဆာ ဖြတ်တောက်မှု ဆိုတာမျိုး ဘာကြောင့် မလိုအပ်တာပါလဲ။ ဘာသာရေးအရ ဖြစ် ဖြစ်၊ လူမျိုးရေး အရဖြစ်ဖြစ် စည်းလုံးမှု ပျက်ပြား နိုင်မယ့် အရေးအသားမျိုးဆိုတာကို တာဝန်သိတဲ့ စာနယ်ဇင်း သမားတွေက လုပ်မှာ မဟုတ်ပါဘူး။ ကျန်တဲ့ကိစ္စ တွေမှာတော့ လွတ်လပ်စွာ သဘော ထားကွဲလွဲခွင့်ဆိုတဲ့ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်း အရ တွက်ချက်ရမှာမို့ ဆင်ဆာဖြတ် တောက်မှုဆိုတာ မလိုပါဘူး။
ဒီမိုကရေစီရဲ့ စံတွေကို လိုလားတဲ့၊ သဘောပေါက်တဲ့ စာနယ်ဇင်း သမားတွေ အနေနဲ့ တာဝန်သိမှု၊ တာဝန်ယူမှုတွေလည်း မလွဲမသွေ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် စာနယ်ဇင်းလောက အတွက် ဆင်ဆာဆိုတာ မလိုအပ်တာပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် နိုင်ငံတော် အဆင့်စာပေဆုနဲ့ သတင်းဆုတွေ ရွေးချယ်ရေးဟာ ဘာကြောင့် အရေးကြီးလဲ ဆိုရင် နိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ် ခွင့်ကို တစ်နည်းတစ်ဖုံ ထင်ဟပ်တဲ့အတွက်ပါ။ ဆုရွေးချယ်ရာမှာ အဂတိမကင်း၊ ဘက်လိုက်တာ မျိုးတွေရှိရင် ရှေးခေတ်က ဘုန်းတော်ဘွဲ့တွေပဲ စာမျက်နှာပေါ် ရောက်လာသလိုမျိုး စာပေဖန်တီး မှုအရာမှာ အနှောင်အဖွဲ့နဲ့ မကင်းတာတွေ ဖြစ်လာ မှာပါ။ ပဒေသရာဇ် ခေတ်မှာ စာပေစိစစ်ရေး ရယ်လို့ မရှိခဲ့ပေမဲ့ ဘုန်းတော်ဘွဲ့တွေပဲများခဲ့ ကာ တကယ့် မိဘပြည်သူတွေရဲ့အကြောင်း၊ နိုင်ငံတော် တစ်ခုလုံးရဲ့ ခံစားချက် အကြောင်းတွေ လုံလုံလောက်လောက်၊ ပီပီပြင်ပြင် မပေါ်ထွက်ခဲ့ ပါဘူး။ ဒါဟာ နိုင်ငံ့ဦးသျှောင်များအနေနဲ့ သူ့ ကောင်းကြောင်းရေးပါမှ သူကောင်းပြု၊ အသိ အမှတ်ပြုတာမျိုးဆိုတဲ့ ဆုရွေးချယ်ရေး အဂတိ များကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ဆင်ဆာဆိုတဲ့ ဒဏ်ပေးစနစ် ရှိတာ မကောင်းသလို အကြိုက်ဆောင်မှ အသိအမှတ်ပြုဆိုတဲ့ ဆုပေး စနစ်ဟာလည်း မကောင်းပါဘူး။
ဒါ့အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာနိုင်ငံတစ်ခုဖြစ်သလို တိုင်းဒေသကြီး တစ်ခုနဲ့တစ်ခုကြား၊ တိုင်းဒေသကြီးများနဲ့ ပြည် နယ်များကြား ကွာဟမှုတွေ ရှိနေ၊ ကြီးမားနေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ တိုင်းဒေသ ကြီးတစ်ခုနဲ့ မြို့တော်ဟောင်း တစ်ခုမှာပဲ ပုံနှိပ် မီဒီယာနဲ့ စာနယ်ဇင်း လုပ်ငန်းထွန်းကားနေတာ ဟာ အခွင့်အရေး တန်းတူညီမျှမှုကို မျက်ကွယ် ပြုရာကျလှပါတယ်။ အခွင့်အရေး တန်းတူညီမျှမှု မရှိရင် ထာဝရငြိမ်းချမ်းရေး မရနိုင်သလို ဒီမို ကရေစီကျမှာလည်း မဟုတ်တော့ပါဘူး။ အများ စုဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ စာနယ် ဇင်းပညာ မထွန်းကားနိုင်တဲ့ အတွက် နိုင်ငံသား အားလုံးအနေနဲ့ စာမျက်နှာတွေပေါ် ရောက်မလာ တဲ့ ကျန်တိုင်းနိုင်ငံ အစိတ်အပိုင်းနဲ့ တကွ အဲဒီက လူထုတွေကို ကျန်နိုင်ငံသားတွေက မစာနာ၊ နားမလည်နိုင်ဖြစ်မှုဟာ ကြီးထွားလာပါတယ်။
နိုင်ငံ တစ်နိုင်ငံလုံး အကြောင်း ခြုံငုံတွေးခေါ် နိုင်စွမ်းတွေ ကျဆင်းပြီး ကိုယ့်ကိုယ်စားပြုတဲ့ ဒေသက စာမျက်နှာပေါ်မှာ အမြဲ ရှိနေရင် အဲဒီလူ တွေအနေနဲ့ နိုင်ငံသားစိတ်ကို မွေးမြူထားဖို့ လွယ် ကူပေမဲ့ ကိုယ်ကိုယ်စားပြုတဲ့ဒေသက စာနယ် ဇင်းထဲမှာ လျစ်လျူရှုခံထားရရင် အဲဒီလူတွေ မှာတော့ နိုင်ငံတော်နဲ့သူ့ကြားက အဆက်အစပ်ကို မေ့မေ့လျော့လျော့ ဖြစ်လာပြီး သူနဲ့နီးစပ်တဲ့ ဒေသ တွေလောက်ကိုသာ သူက ကိုယ်စားပြုနေသလို ထင်ယောင် လာတတ်ပါတယ်။
ဒါ့အပြင် ဘာသာ စကားမတူတဲ့ တိုင်းရင်းသားများစွာ မှီတင်းနေ ထိုင်ပေမဲ့ စာမျက်နှာတွေမှာ တိုင်းရင်းသား ဘာ သာစကားတစ်ခုကပဲ လွှမ်းမိုးနေရင်လည်း ကျန် ဘာသာစကားကို သုံးစွဲတဲ့တိုင်းရင်းသားတွေ အနေနဲ့ နိုင်ငံတော်နဲ့သူ့ကြားက အဆက်အစပ်ကို မေ့ပစ်ချင်လာတတ်တာ အဆန်းမဟုတ်ပါဘူး။ သူတို့ကျွမ်းကျင်တဲ့ ဘာသာစကားနဲ့ ရေးသား ထားတဲ့ ပုံနှိပ် မီဒီယာများက သူတို့ကို ပိုပြီး အကြောင်းအကျိုး၊ အကောင်းအဆိုး နားလည် အောင် ရှင်းပြနိုင်မှာမို့ လူနည်းစုဖြစ်ပါစေ၊ သူတို့ ရဲ့ ဘာသာစကားနဲ့ရေးသားထားတဲ့ စာနယ်ဇင်း များ ပေါ်ထွက်လာဖို့ အရေး ကြီးလှပါတယ်။ ကမ္ဘာပေါ်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့် အရာတွေများစွာရှိတဲ့အနက် လူနည်းစုသာသုံး စွဲတဲ့ဘာသာစကားဆိုတာကလည်း တစ်ခုအပါ အ၀င်ပဲ ဖြစ်ပါတယ်။ ဘာသာစကားတစ်ခု ပေါ်ထွန်းလာဖို့ဆိုတာ သမိုင်းကြောင်းရှည်လျား သလို နောက်ခံယဉ်ကျေးမှုလည်း အလွန်များ ပြားမှ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်ထွန်းပြီးသား ဘာသာစကားတွေ မျိုးသုဉ်း မသွားအောင် အဲဒီ ဘာသာစကား ပြောဆိုသူတွေသာမက အဲဒီလို လူတွေနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်ကြသူတွေ မှာ တာဝန် ရှိတာပါ။ ဒါကြောင့် တိုင်းဒေသ ကြီးတွေအလိုက်၊ ပြည်နယ်အလိုက်နဲ့ တိုင်းရင်း သားဘာသာစကားများ အလိုက် စာနယ်ဇင်းများ ပေါ်ထွက်လာရေးဟာ စာနယ်ဇင်းလွတ်လပ်ခွင့် အတွက် တကယ်ပဲ အရေးကြီးတာ ဖြစ်ပါတယ်။
ဖူးငုံတို့ အနေနဲ့လည်း စာနယ်ဇင်း လွတ်လပ် ခွင့် အတွက် ဘက်စုံထောင့်စုံ တွေးတောနိုင်ကြပြီး ကိုယ် စွမ်းတဲ့ တစ်ထောင့်တစ်နေရာကနေ ကူညီ တာဝန် ကျေနိုင်သူတွေ ဖြစ်ပါစေကြောင်း အသိ ပေးလိုက်ရပါတယ်။
အယ်ဒီတာ
|