ပြည်တွင်းစစ် PDF Print E-mail
Written by ထော်ဦး(ဘားအံကွန်ပျူတာ)   
Monday, 14 May 2012 20:54
Share |

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ကပါ။ လက်နက်ကိုင် အဖွဲ့အစည်း တစ်စုက ငြိမ်းချမ်းရေး ဆွေးနွေးပြီး လက်မှတ် ရေးထိုးကြတဲ့ သတင်းကို ကြားသိရပါတယ်။

buy cheap cialis onlinecialis online cheap discount viagra online buy cialis 10mg
argaiv1227

ဒါဆို ကိုယ်တို့ ဘုရားသုံးဆူ နယ်စပ်မြို့လေးလည်း ငြိမ်းချမ်းတော့မှာပေါ့။ ဒီအတွေးက ဒီမှာတင် ရပ်မသွားဘဲ ဟိုးလွန်ခဲ့တဲ့ မငြိမ်းမချမ်း ကာလဆီကို ဦးတည်မိလေတော့။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလကပါ။ ဆိုင်ကယ်သံ၊ ကားသံတညံညံနဲ့ နယ်စပ်မြို့လေးလည်း အခုကျတော့ တိတ်ဆိတ်ငြိမ်သက်လို့။ အထိတ်တလန့် လူတချို့လည်း ဟိုဘက်ကမ်း(ထိုင်းဘက်ကမ်း)ကို ကူးပြီး စစ်ခို လှုံနေကြလေရဲ့။ နောက်နေ့လည်း ရောက်ရော လူတွေ အားလုံးနီးပါးလည်း တစ်ဖက်ကမ်းမှာ စစ်ခို လှုံနေကြပေပြီလေ။ သူတစ်ပြန် ကိုယ်တစ်ပြန် ပစ်ရင်းခတ်ရင်းနဲ့ ပြည်သူ လူထုတွေလည်း တစ်ဖက်ကမ်းကူးပြီး စစ်ဘေး ရှောင်ရတာပဲလေ။

တကယ်ဆို ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဒီလို မငြိမ်းချမ်းတာမျိုး တွေ ကြုံဖူးတာပါပဲ။ အဲဒီအချိန်တုန်းက မြန်မာနဲ့ ထိုင်းစစ်ပွဲ။ အခုကျတော့ ကိုယ်တို့ လူမျိုးအချင်းချင်း ဖြစ်ကြတဲ့ စစ်ပွဲရယ်လေ။ တွေးရင်းနဲ့ ရင်ထဲမှာ နင့်ခနဲ နာကျင် လာစေပါတယ်။

ညခုနစ်နာရီ ထိုးလာတော့ ကိုယ်တို့အိမ်နားက ဓမ္မာရုံကြီးထဲမှာ ဦးပဉ္စင်း တွေ ကြွရောက်လို့ လာကြပါပြီ။ ဖြစ်လာမယ့် အခြေအနေကို တတ်နိုင်တဲ့ဘက်က ကူညီဟန့် တားပေးနိုင်ဖို့ ဦးပဉ္စင်းတွေလည်း ကင်းလှည့်ပေး ရှာပါတယ်။ အိမ်မှာ ကျန်နေကြတဲ့ ယောက်ျား သားတွေကလည်း ဦးပဉ္စင်းတွေကို အချိုရည် လေးတွေ ကပ်ပေးကြပါတယ်။ တချို့ယောက်ျား သားတွေက မြို့မဈေးကြီးကို ကင်းလှည့်ပေးကြ လို့ပေါ့။

ဒီလိုနဲ့ပဲ နောက်တစ်နေ့ ရောက်လာတော့ မြို့ လေးထဲက လူတွေအားလုံး တရားအားထုတ်နေ ကြသလား ထင်မှတ် မှားလောက်အောင် ငြိမ် သက်တိတ်ဆိတ်လို့။ ညံစီစီ အသံ ဝေဆာနေတတ်တဲ့ မြို့မ ဈေးတန်းကြီးလည်း အခုကျတော့ ခြောက်ကပ်လို့။ တစ်ခါတလေ မျက်စိလည် လမ်းမှားပြီးလာရောင်းတတ်ကြတဲ့ ဈေးသည် တွေရှိမှပဲ ဟင်းစားဖို့အတွက် ၀ယ်ချန်ထားရ တယ်။ အမေတို့တစ်တွေ ဟိုဘက်ကမ်းမှာ စစ်ခို လှုံနေကြပြီဆိုတော့ အိမ်နားက ဦးကြီးကပဲ ကိုယ် တို့သားအဖအတွက် ဟင်းချက်ပြီး ပို့ပေးရှာတယ် လေ။ ဒီလိုနဲ့ပဲ ရှိတာလေးတွေ ဝေမျှစားသောက် ကြရင်းနဲ့ စစ်ကြီးပြီးဆုံးမယ့် အချိန်ကာလတို မျှော်လင့် နေကြလေရဲ့။


ထိုင်းဘက်ကမ်းမှာတော့-
လူတစ်စုက မွန်ဘုန်းကြီး ကျောင်းထဲမှာ စစ် ခိုလှုံကြသလို တခြား လူတွေကလည်း ဘုန်းကြီး ကျောင်းရဲ့ အပြင်ဘက် မြက်ခင်းပြင်ပေါ် ဖျာခင်း ပြီး စစ်ခို လှုံနေကြရရှာတယ်လေ။ အဲဒီလို စစ် ခိုလှုံကြရတဲ့ လူဦးရေကတော့ သောင်းဂဏန်းနီး ပါးလောက် ရှိပါတယ်။

နောက်ထပ် စစ်ခိုလှုံကြတဲ့လူတွေ ကံကောင်း တာကတော့ ထိုင်းနိုင်ငံက အလှူရှင်တွေစုပြီး အမိုးအကာတွေ ပြုလုပ် ပေးကြသလို တစ်နေ့ကို ထမင်း ဟင်း သုံးနပ်စာ ကျွေးမွေး လှူဒါန်းပေးကြ တာပါ။ ဒါ့အပြင် သောက်ရေသန့် ဆိုလည်း တစ်ယောက်တစ်ဘူးစီ ပေးလှူကြပါရဲ့။ ဒီလိုဆိုတော့လည်း လူလူချင်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ ၀င် ရောက်ကူညီပေးကြရှာတဲ့ ထိုင်းလူမျိုးတွေကို ကျေးဇူးတင်ရပါတယ်။

ဒီလိုတွေးကြည့်မိတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကိုလည်း သတိရမိစေပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနဲ့ထိုင်း နယ်မြေလုရင်း စစ်ပွဲဖြစ်ရတာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အငြိုး တကြီး ပစ်ခတ်နေကြပေမဲ့ ကိုယ့်နယ်သူ မ၀င်ရဲ၊ သူ့နယ် ကိုယ် မ၀င်ရဲနဲ့ဆိုတော့ ပြည်သူတွေဘက် ကလည်း အခုလိုသိပ်ပြီး မထိမနာကြပါဘူး။ အခုတော့ ကိုယ်တို့အချင်းချင်း တန်ပြန်ပစ်ခတ်မှု ကြောင့် ကိုယ်တို့လူမျိုးတွေပဲ ပြန်ခံကြရတာကို တွေးကြည့်ရင်း စိတ်မကောင်းဖြစ်မိပါတယ်။

ဒီလိုနဲ့ပဲ သုံးလေးရက်ကြာလေတော့ ငြိမ် လာသလိုလို ဖြစ်လာပါပြီ။ ပြည်သူတွေကလည်း အသီးသီး ကိုယ့်အိမ် ကိုယ့်မြေကို ပြန်ခွင့်ရကြပါ ပြီ။ ဒါပေမဲ့ ကာလ အတန်ကြာတဲ့ အထိ ပြည်တွင်း စစ်ထပ်မံ ၀င်ရောက်လာမှာကို အထိတ်တလန့် စိုး ရိမ်နေကြဆဲပါ။

ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ကျော် အတိတ်ကာလ ဆီကို အလည်သွားကြည့်မိတော့ “စစ်”ဆိုတဲ့ ဝေါဟာရကို ပိုပြီးနားလည် သဘောပေါက်လာ သလိုပါပဲ။ ကိုယ့်အနေနဲ့ကတော့ “ပြည်တွင်းစစ်” ဆိုတာ ကိုယ်တို့အချင်းချင်း သွေးကွဲစေနိုင်တဲ့ သင်္ကေတလက်္ခဏာပါပဲ။ သွေးကွဲပြီဆိုရင် လူတွေ ဟာ အလိုလိုနေရင်း မုန်းတီးလာကြမယ်။ ကိုယ့် အချင်းချင်း သတ်ဖြတ်ချင်စိတ်တွေ ဖြစ်မိလာကြ မယ်။ ဒါဆို အဟိတ်တိရစ္ဆာန်တွေနဲ့ ဘာများကွာ ခြားသွားမှာမို့လို့လဲ။ ကိုယ့်ရဲ့ အငြိုးတကြီးနိုင်မှု တွေကြောင့် ကိုယ့်လူမျိုးတွေပဲ ထိခိုက်နစ်နာနိုင် စေပါတယ်။

တကယ်ဆို အချင်းချင်း ပစ်ခတ်ကြတယ် ဆိုတာ မှန်ကန်တဲ့ လုပ်ရပ်များလားလို့ စဉ်းစားကြ စေလိုပါတယ်။ ဒါဆိုအနုနည်းနဲ့ အသုံးပြုရင်ရော အချိန်ကြန့်ကြာ သွားမှာမို့လို့လား။ ဘာမှအကျိုး ဖြစ်ထွန်းလာမှာ မဟုတ်ဘူးလို့ ခံယူထားကြလို့ပဲ လား။ ဒီလိုသာ ယူဆနေနိုင်သေးသရွေ့ ကိုယ်တို့ တိုင်းပြည်ကြီးလည်း ဘယ်တော့များမှ ငြိမ်းချမ်း လာတော့မှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးလာကြတာကို ကြိုဆိုရမှာ ပါ။ ဒါပေမဲ့ စာရွက်လေးပေါ်က သဘော တူညီမှု လက်မှတ်လေးဟာ အချိန်မရွေး ပျောက်ပျက်သွား မှာကိုတော့ စိုးရိမ်နေရဆဲပါပဲ။

အတိတ်ကာလ တစ်ခုဆီသို့ အမှတ်တရ
ထော်ဦး၊ဘားအံကွန်ပျူတာ၊