(May-2012)Cover Story PDF Print E-mail
Written by မေစုလှိုင်၊ လွင်မေသော်   
Monday, 14 May 2012 20:47
Share |

နုနယ် ပျိုမျစ်တဲ့ အရွယ်၊ သွက်လက် တက်ကြွတဲ့ အရွယ်စတဲ့ ငယ်ရွယ်မှုနဲ့ အတူ လွတ်လပ် တက်ကြွမှု အပြည့်အ၀ရှိတဲ့ ဆယ်ကျော်သက် မိန်းမပျိုလေးတွေ  အများကြီး ရှိပါတယ်။

generic cialis no prescriptioncialis 10mg canadian pharmacy viagra cialis non generic
argaiv1816

အဲဒီ မိန်းမပျိုလေး အများအပြားထဲက အသက် ၁၆နှစ် အရွယ်သာ ရှိသေး ပြီး အနုပညာသွေး ကြွယ်ဝသူ ညီမငယ်လေး ဟန်နီညိမ်းကို ဖူးငုံရဲ့မေလ မျက်နှာဖုံးရှင် အဖြစ် တင်ပြ ပေးလိုက်ပါတယ်။

ဟန်နီညိမ်းက အထက ၂ စမ်းချောင်းမှ အထက်တန်း စာမေးပွဲ ဖြေဆိုထားသူလေးပါ။ အနုပညာ အလုပ်ကို ၀ါသနာ ပါပေမဲ့ အခု အကြိမ်ဟာ ပထမ ဆုံးမျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးတာဖြစ်ပြီး ဓာတ်ပုံရိုက်တာ ၀ါသနာပါသူ ဖြစ်သလို Fancy ပုံလေးတွေကို ရိုက်ရတာ သဘောကျတယ်လို့လည်း သိရပါတယ်။ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မျက်နှာဖုံး အတွက် ဓာတ်ပုံ ရိုက်တုန်းက ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရိုက်တာဖြစ်ပြီး ပထမဆုံး ရိုက်ဖြစ်တာက ငွေရောင် ဂါဝန်ရှည်လေးနဲ့ပါ။ ခန္ဓာကိုယ် သွယ်သွယ်လျလျနဲ့ ဂါဝန်အရှည် ၀တ်ထားတာမို့ ဓာတ်ပုံဆရာက စိတ်တိုင်းကျပုံ အတော်များများ ရိုက်ကူး ခဲ့ပါတယ်။

ဟန်နီညိမ်းက အပျော်တမ်း ဓာတ်ပုံ ရိုက်ကူးမှု ရှိပေမဲ့လည်း အခုလို မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးဖို့တော့ စိတ်ကူး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မျက်နှာဖုံး ဓာတ်ပုံ မရိုက်ကူးခင် ဧပြီလ ၁၀ ရက်မတိုင်ခင် တစ်ရက်မှာ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးဖို့ ဆက်သွယ်လာတဲ့ အခါမှာ စိတ်လှုပ်ရှား မိတယ်လို့ ဆိုပါတယ်။ အိမ်မှာ နေတဲ့အခါဖြစ်ဖြစ်၊ ကျောင်းသွားတဲ့ အခါဖြစ်ဖြစ် အထူးတလည် ပြင်ဆင်ခြယ်သလေ့ မရှိတာမို့ အလှပြင်ဖို့ အတွက် အခက်အခဲ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မျက်နှာဖုံးဓာတ်ပုံ ရိုက်မယ့်နေ့ မနက်စောစောမှာပဲ စမ်းချောင်းမြို့နယ်၊ စမ်းရေတွင်းလမ်းမှာ ရှိတဲ့ ရတနာဖြိုး အလှပြင်ဆိုင်မှ ဖြိုး(ပေါက်ပေါက်၊ စမ်းချောင်း)ကစိတ်ရှည်လက်ရှည် ပြင်ဆင် ပေးခဲ့တယ်လို့ ဆိုပါတယ်။

မိတ်ကပ် လိမ်းနေကျ မဟုတ်တဲ့ အတွက် နေရတာအနည်းငယ်အခက်အခဲရှိပေမဲ့ ကိုယ်ရုပ်ကိုယ် မှန်ထဲကြည့်ရင်း ကျေနပ်မိ တယ်လို့လည်း ဆိုပါတယ်။ အိမ်မှာနေတဲ့ အခါ ဆံပင်အလှမပြင်တတ်ပေမဲ့လည်း မျက်နှာဖုံးဓာတ်ပုံ ရိုက်မယ်ဆိုတော့ အလှပြင်ပေးတဲ့ ဖြိုးက ဆံပင်လေးပါ ပြင်ပေးတော့ ကိုယ့်ကိုယ်ကို အတော် လှတာပဲလို့ ထင်မိတယ်လို့လည်း ဆိုပါသေးတယ်။ ဒုတိယ ၀တ်စုံက စကတ်တိုလေးနဲ့ ရိုက်ဖြစ်တယ်။ ဒီပုံတွေကိုတော့ စာပေ စိစစ်ရေးက ခွင့်ပြုမယ် မထင်ဘူးလို့ ဟန်နီညိမ်းက ဆိုပါသေးတယ်။ ဓာတ်ပုံရိုက်ကူးရင်းနဲ့ နေအပူရှိန် ပြင်းလာတာကြောင့် ၀ါးရုံပင်များ အောက်မှာလည်း ရိုက်ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံဆရာ ဦးအောင်ကျော်မိုး(New Image) နဲ့အတူ ဇနီး ဒေါ်အကြည်လေးတို့ကလည်း ပုံကောင်းရနိုင်ဖို့ စိတ်ရောကိုယ်ပါ နှစ်မြုပ် ကြိုးပမ်း နေတာကို တွေ့ရတယ်။

နေပူရှိန်ပြင်းလာရင် ပုံကောင်း မရမှာ စိုးရိမ်တဲ့ ဦးအောင်ကျော်မိုးက နေ့လယ် ၁၁ နာရီ လောက်မှာတော့ စိတ်ကြိုက် ရပြီလို့ ဆိုပါတယ်။ အဲဒီနေ့က ၀တ်စုံလေးစုံနဲ့ ရိုက်ကူးခဲ့တဲ့ အထဲက အယ်ဒီတာ အဖွဲ့နဲ့အတူ ဓာတ်ပုံ အော်ကျော်မိုးတို့ စိတ်ကြိုက်ဓာတ်ပုံကို ယခုလမျက်နှာဖုံးအဖြစ် တင်ဆက်ပေး လိုက်တာပါ။ ဟန်နီညိမ်းက နွေရာသီ ကျောင်းပိတ်ရက်မှာ Hotel Management သင်တန်း တက်ရောက်ဖို့ရှိပြီး ပြောင်းလဲလာတဲ့ တိုင်းပြည်ရဲ့စီးပွားရေး အခြေအနေအရ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာမယ့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင် လိုတဲ့ ဆန္ဒရှိကြောင်း ဆိုပါတယ်။

 

အဖ ဦးဇာနည်မျိုးမြင့်ညိမ်း၊ အမိ ဒေါ်ရွှေစင်မမတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။ အထက ၂ စမ်းချောင်းမှာ မူလတန်းမှ အထက်တန်းအထိ တစ်ဆက်တည်း တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဖခင်ကွယ် လွန်သွားပြီဖြစ်တဲ့ အတွက် မိခင်နှင့် အတူ ရန်ကုန်မြို့ စမ်းချောင်းရပ် ပုသိမ်လမ်းမှာ နေထိုင်လျက်ရှိပါတယ်။ ဖူးငုံစာဖတ်သူများ အတွက် စကားလက်ဆောင်ပြောရာမှာတော့ “သမီးက ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းကို စာမဖတ် တတ်ခင်တုန်းက ဓာတ်ပုံကြည့်တယ်။ စာလုံးပေါင်း ဖတ်တတ်ပြီဆိုတော့ စာလုံး ပေါင်းဖတ်တယ်။ အခုစာဖတ်နိုင်ပြီ ဆိုတော့ မဂ္ဂဇင်း စာမျက်နှာ အစအဆုံးဖတ်တယ်။ အရင်တုန်းက Westlife တေးဂီတအဖွဲ့ အကြောင်းကို ဖူးငုံ မဂ္ဂဇင်းကပဲ စပြီးဖတ်ခဲ့ဖူး တယ်။ အခု Justin Bieber အကြောင်းကို ဖူးငုံမဂ္ဂဇင်းမှာ ဖတ်ဖြစ်နေတယ်။ လူငယ်တွေ အနေနဲ့ စာဖတ်ခြင်းကြောင့် ဗဟုသုတတိုးတက်ရတယ်။ ဒါကြောင့် စာဖတ်ပါလို့ တိုက်တွန်းလိုတယ်” လို့ ဆိုပါတယ်။

ဒီလအတွက် မျက်နှာဖုံးရှင်လေး ဟန်နီညိမ်းကို လှပအောင်ရိုက်ကူးပေးတဲ့ ဓာတ်ပုံပညာရှင် ဦးအောင်ကျော်မိုးက သူ ရိုက်ချင်တဲ့ပုံစံလေးနဲ့ အယ်ဒီတာတွေ လိုချင်တဲ့ပုံစံ ချိန်ဆရိုက်ဖြစ်ပြီး တတ်နိုင်သလောက် နောက်ခံရှုခင်းကို ဓာတ်ပုံရိုက်ခံတဲ့မော်ဒယ်နဲ့ လိုက်အောင် ရွေးချယ်ရိုက်ကူးတယ်လို့ ဆိုပါတယ်။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ ဟာမိုနီဖြစ်ဖို့နဲ့ ဆယ်ကျော်သက် မဂ်္ဂဇင်းဖြစ်နေတာမို့ ဆယ်ကျော်သက် အလှအပလေး နဂိုထက် ပိုမို ပေါ်လွင်အောင် သင်ကြားပေးပြီး အပင်ပန်းခံ ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

မျက်နှာဖုံးရှင် ဟန်နီညိမ်းက သင်ကြားပေးတဲ့ ကိုယ်နေဟန်ထား အတိုင်း လိုက်လုပ်နိုင်တဲ့ အတွက် ဓာတ်ပုံကောင်းလေးတွေ ထွက်လာတဲ့အခါ ပျော်ရွှင် ရပါတယ်လို့ ဦးအောင်ကျော်မိုးက ပြောကြားခဲ့ပါတယ်။

 

 

မေစုလှိုင်၊ လွင်မေသော်