ထာဝရ အတွက် ပထမ ခြေလှမ်း PDF Print E-mail
Written by သူမ   
Thursday, 05 April 2012 15:16
Share |

ပထမ ခြေလှမ်း အတွက် နိဒါန်းစကား
Justin Bieber ဆိုတဲ့ နာမည်ကို စာဖတ် ပရိသတ် အားလုံး တရင်းတနှီး ရှိပြီးသား ဆိုတော့ သူ့ရဲ့ အသက်အရွယ်နဲ့ မလိုက်တဲ့ အောင်မြင်မှုတွေ အကြောင်း ပြောပြ နေစရာ မလိုလောက်ပါဘူး။

buy cialis overnight deliverydiscount cialis online generic sildenafil cialis cialis
argaiv1829

သူ့အောင်မြင်မှုတွေ အကြောင်း သိရှိသူတွေ များပေမဲ့ အဲဒီ အောင်မြင်မှုခရီးရဲ့ လမ်းစကို ဘယ် လိုစပြီး လျှောက်လှမ်း ခဲ့ရတယ် ဆိုတာကိုတော့ သူကိုယ်တိုင် ရေးသား ထားတဲ့ First Step 2 Forever:My Story ကို ဖတ်ရတဲ့ အခါကျမှ ပိုမို သိမြင် လာရပါတယ်။ ဘာသာစကား ၂၅ မျိုးနဲ့ ပြန်ဆို ရေးသားကာ အုပ်ရေ တစ်သန်းကျော်ရောင်းချ ခဲ့ရပြီးဖြစ်တဲ့ ဒီစာအုပ်ဟာ သာမန်ကလေး အဆို တော်တစ်ယောက်ထက်မက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ Justin Bieber ရဲ့ဘ၀ ဇာတ်ကြောင်းကို စာဖတ်သူတွေ လက်ကမချစတမ်း ဖတ်ချင်အောင် ဆွဲခေါ်နိုင်စွမ်း ရှိခဲ့ပါတယ်။ ဆယ်ကျော်သက် မိဘနှစ်ပါး ကနေ ဖွားမြင်ခဲ့တယ်။ အခါ မလည်ခင်မှာ မိဘတွေ အိမ်ထောင်ကွဲခဲ့တယ်။

အမေဆီမှာ တစ်လှည့်၊ ဘိုးအေဘွားအေတွေ ဆီမှာ တစ်လှည့်နေခဲ့ရတယ်။ ပြင်သစ် ကျောင်းငယ်လေးတစ်ခုမှာ ကျောင်းစ တက်ခဲ့ရတယ်။ သူ့ဘ၀ရဲ့ ပထမဆုံး ပြိုင်ပွဲမှာ အရှုံးနဲ့ ကြုံခဲ့ရတယ်။ မျှော်လင့်ချက်တွေ ဖြည့်ဆည်းဖို့ လိုအပ်တဲ့ငွေကို ပလက်ဖောင်းပေါ်မှာ ဂစ်တာတီးရင်းရှာခဲ့ရတယ်။ဒါတွေက အခုနှစ် မတ်လ ၁ ရက်နေ့ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့တဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ကနေဒါသားလေး Justin Bieber ရဲ့ဘ၀နိဒါန်း စာမျက်နှာတွေပါ။

အဘိုးဖြစ်သူရဲ့ ဒဿနဆန်တဲ့ ဆုံးမစကားတွေ အောက်မှာ ကြီးပြင်း လာရတဲ့ Justin Bieber ဟာ အရှုံးကို တည်တည်ငြိမ်ငြိမ် လက်ခံတတ်သူ ဖြစ်လာသလို၊ ကိုယ့်မှာရှိတဲ့ အစွမ်းကို အားကုန်ညှစ်ထုတ် သုံးစွဲ တတ်သူလည်း ဖြစ်လာပါတယ်။ မိုးလေ အန္တရာယ် ကင်းရှင်းတဲ့ ဆိပ်ခံ တံတားက သင့်ရဲ့သင်္ဘောကြိုးတွေကို ဖြေပြီး လှိုင်းကြမ်းတဲ့ ပင်လယ် ပြင်မှာ ကုန်သည်လေနဲ့အတူ ရွက်လွှင့်လိုက်စမ်းပါ ဆိုတဲ့ ၁၉  ရာစုနှစ်ရဲ့ နာမည်ကျော် အမေရိကန် စာရေးဆရာကြီး Mark Twain ရဲ့ စကားလို၊ အောင်မြင်မှုကို ရှာဖွေဖို့ တွန့်ဆုတ်၊ ဦးလေး မနေတတ်တဲ့၊ လူငယ် တစ်ယောက်အတွက် နတ်စီတဲ့ အိပ်မက်လှလှလေးတွေ အမှန်တကယ် စောင့်ဆိုင်း နေတတ်ပါတယ် ဆိုတာကို teen မဂ္ဂဇင်းရဲ့ လူငယ်ပရိသတ် တွေအတွက် မျှဝေချင်တာကြောင့် အခုလို ဘာသာပြန်ဆို ဖော်ပြလိုက်တာပါ။

အခုနှစ်ကုန်ပိုင်း စက်တင်ဘာလလောက်မှာလည်း Justin Bieber:Justin Getting Started အမည်ရ သူ့ဘ၀ဇာတ်ကြောင်း စာအုပ် နောက်ထပ်တစ်အုပ်  ထုတ်ဝေဦးမယ်လို့ Harper Collins စာအုပ်တိုက်က ဆိုထားပါသေးတယ်။

The Beatles အဖွဲ့ရဲ့ အဆိုတော်ကြီး Paul McCartney လို ဂစ်တာ ကို ဘယ်လက်နဲ့တီးခတ်တတ်တဲ့ Justin Bieber,  ပျိုပျိုမေမေတို့ကို Bieber အဖျားတက်စေနိုင်စွမ်းတဲ့ Justin Bieber, ဘ၀တိုက်ပွဲကို ဒဿန လက်နက် စွဲကိုင်ဆင်နွှဲခဲ့တဲ့ Justin Bieber, သူ့မိသားစုဟာ ဘုရားသခင် ချီးမြှင့်ထားတဲ့ ကောင်းချီးမင်္ဂလာတစ်ပါးလို့ဆိုတဲ့ Justin Bieber, အဆွေ ခင်ပွန်းဖြစ်တည်မှုကို တန်ဖိုးထားတတ်တဲ့ Justin Bieber အစရှိတဲ့ Bieber ပုံရိပ်အမျိုးမျိုးကို  ဖူးငုံတို့တစ်တွေ အားကျစရာ၊ အတုယူစရာ၊ စံထားစရာ အဖြစ် တွေ့ရှိကြး မယ်လို့ မျှော်လင့်ရင်း သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် တင်ဆက်လိုက်ရပါတယ်။

ရာပြည့်


ကမ္ဘာတစ်လွှားက အကြီးကျယ်ဆုံး ပရိသတ်များ အတွက် အထူးကျေးဇူးစကား
ဒီခရီးစဉ် ဖြစ်မြောက်လာအောင် ၀ိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသူတွေကို ဘယ်ကနေ ဘယ်လိုစပြီး ကျေးဇူးစကား ဆိုရမယ် မတွေးတတ်နိုင်အောင် ပါပဲ။ တစ်ယောက်ချင်းစီဟာ ကွဲပြားတဲ့ အကြောင်းအချက်တွေနဲ့ ကျွန်တော် ချစ်ခင်နှစ်သက်ရတဲ့ မိန်းကလေး ဖြစ်နေလို့ပါ။ အားလုံးဟာ ကိုယ်ပိုင် ထူးခြားချက်ကိုယ်စီ ရှိနေလို့ပဲပေါ့။ ကျွန်တော် ဘယ်ကို သွားသွား၊ ဘာကိုလုပ်လုပ်၊ ပရိသတ်နဲ့ တတ်နိုင်သလောက်များများ ထိတွေ့နိုင်ဖို့ ကြိုးစားပါတယ်။

ကျွန်တော်သီချင်းဆိုတဲ့ပွဲရဲ့ ရှေ့ဆုံးတန်းမှာ ရောက်နေမယ် ဆိုရင် စင်ရှေ့ထွက်ပြီး လက်ဆွဲ နှုတ်ဆက်မှာပါ။ ပွဲအပြီး ဇာတ်ရုံအပြင်မှာ တွေ့ဖြစ်ရင်တော့ ကျွန်တော်ပက်တဲ့ ရေကြောင့် ရွဲရွဲစို သွားပါစေမယ်။ အဲဒီအခါ Justin Bieber နဲ့ ကြုံတောင့်ကြုံခဲ ဆုံတွေ့ခဲ့ရပုံကို Twitter  စာမျက်နှာ ထက်ကနေ သူငယ်ချင်းတွေကို ပြောပြနိုင်မှာဖြစ်ပြီး အခုဆိုသူက  ငါ့နောက်လိုက်နေပြီလို့လည်း ပြောနိုင်တာပေါ့ ကျွန်တော့် အိပ်မက်တွေကလည်း တကယ်ဖြစ်နိုင်ဖို့ ဖြစ်နိုင်ခြေ အပုံတစ်သန်းမှာ တစ်ပုံလောက်ပဲ ရှိတာပါ။

ဒါပေမဲ့ ကျွန်တော့် သီချင်းလေးထဲမှာ ဆိုထားသလိုပေါ့။ ဘယ်တော့မှ ဆိုတဲ့စကားကို ဘယ်တော့မှ မပြောပါနဲ့။ ဒီကနေ့ ကျွန်တော့် အောင်မြင်မှု တွေဟာ ပရိသတ်ကြီး မပါဘဲ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော့် ဘ၀ဇာတ်ကြောင်းကို ပရိသတ်ကြီးနဲ့ မျှဝေ ခံစား ချင်ခဲ့တာပါ။ ဒါဆို ပရိသတ်ကြီးလည်း ကျွန်တော်နဲ့ အတူ ခရီးစဉ်မှာ လိုက်ပါပြီး ဘ၀ အတက်အကျတွေ၊ ပျော်ရွင်ချမ်းမြေ့စရာ တွေနဲ့ ၀မ်းနည်း ကြေကွဲစရာတွေကို တွေ့ကြုံ ခံစားနိုင်ပါလိမ့်မယ်။

ပရိသတ်ကြီးက စတယ် ဆိုကတည်းက ရောက်နှင့်နေပြီး သားပါ။ ကဲ အခုကျွန်တော် မြင်တာတွေကို ပရိသတ်ကြီး မြင်တွေ့နိုင်သလို၊ ကျွန်တော် ခံစားရတာတွေကိုလည်း ပရိသတ်ကြီးခံစားနိုင်ပြီဆိုတော့ ကြီးမားတဲ့အိပ်မက်တွေ အမှန်တကယ် ရှင်သန်ပေါ်ပေါက်လာနိုင်တယ်ဆိုတာ ပရိသတ်ကြီးလည်း ယုံကြည်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကျွန်တော် ကတော့ ကျွန်တော့်ဘ၀ထဲမှာ နေ့တိုင်းရှင်သန် နေထိုင်လျက်ပါ။ အားလုံးကို ကျေးဇူး တင်ပါတယ်။

အချစ်များစွာဖြင့် Justin Bieber အခန်း (၁) ဒီပွဲကိုလမ်းမပေါ်မှာ ပြရအောင်
Hartfood မြို့၊ Connecticut ပြည်နယ် အင်္ဂါနေ့၊ ၂၀၁၀ ခု၊ဇွန်လ ၂၂ ၇က်မနက် ၉း၄၅
XL Center ရေခဲပြင်ဟော်ကီကွင်းကို ၀င် လိုက်တာနဲ့ ခြေထောက်မှာ စကိတ်တပ်ထားသလို ခံစားရပါတယ်။ အတူပါလာတဲ့ ဘိုးဘိုးကို တံတောင်နဲ့တွက်ပြီး “ဟော်ကီနံ မရဘူးလား ဘိုး ဘိုး” လို့ မေးလိုက်တော့ ဘိုးဘိုးက “ရတာပေါ့” လို့ ရယ်မောရင်း ပြန်ဖြေပါတယ်။

နောက်လာမယ့် နာရီလေးဆယ် အတွင်း XL Center တစ်ခုလုံးဟာ အော်ဟစ် အားပေးနေတဲ့ ပရိသတ် နှစ်သောင်း နီးပါးလောက်နဲ့ အမိုးဒေါက် တိုင်တွေထိအောင် ပြည့်ကျပ် သွားမှာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီနေရာဟာ Zamboni ခေါ် ရေခဲ ပြင်ချိန် ညှိစက်ကိုသာ တောင်းခံနေပါတယ်။ Zamboni ဆိုတဲ့စက်ဟာ တိုင်ကီ အကြီးစားကြီး ပုံရှိပြီး ဟော်ကီ ကစားပွဲ အားလပ်ချိန်မှာ ရေခဲမျက် နှာပြင်ကို ပြန်ပြီးညီညာ ချောမွေ့အောင် ပြုလုပ်ပေး တဲ့စက် ဖြစ်ပါတယ်။

Zamboni က အပေါ်ယံ အလွှာတွေကို အရည် ပျော်ကျစေပြီး၊ ချိန်ညှိလိုက်တဲ့ အခါ မျက်နှာပြင်ပေါ်မှာ ဖန်သားလို တစ်သားတည်းဖြစ်ပြီး ပြန်လည် အေးခဲ သွားစေခဲ့ပါတယ်။ ပြောသာနေရ တာ Zamboni က ဘာလဲဆိုတာ ပုံပေါ်အောင် ပြောနေစရာ လိုမယ် မထင်ပါဘူး။ ပရိသတ်ကြီး အနေနဲ့ မွေးကတည်းက သိနေတာ တစ်ခုကို ပုံဖော် ပြောပြနေမိသလိုပါပဲ။ ကနေဒါ နိုင်ငံသား တစ်ယောက်ဖြစ်နေတဲ့ အတွက် ဟော်ကီဟာ ကျွန်တော် တို့ရဲ့ မွေးရာပါ အရာတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ သွေးထဲမှာကို ဟော်ကီက ရှိနေတာပါ။

ဟော်ကီပွဲစီစဉ်သူတွေက တစ်ခါတလေမှာ နာမည်ကျော် ပုဂ္ဂိုလ်တချို့ကို  ဧည့်သည်တော် အဖြစ်ခေါ်ယူပြီး Zamboni မောင်းနှင်ချိန်မှာ တက်ရောက်စီးနင်းစေပါတယ်။ စစ်သူရဲကောင်း၊ အလှမယ် သရဖူရှင်၊ ပြည်တွင်းသတင်း ကြေညာ သူ စတာတွေကို ဖိတ်ခေါ်စီးနင်းစေလေ့ ရှိပါ တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိ ကျွန်တော့် အတွေးမှာတော့ နာမည်ကျော် ပုဂ္ဂိုလ်ဆိုတာ Zamboni စီးနင်းခွင့် ရသူတွေပဲ ဖြစ်ပါတယ်။ နာမည်ကျော် ရောခ့်ဂီတသမား ဆိုတာလည်း နယ် လှည့်ဖျော်ဖြေရေး ဘတ်စ်ကားကြီးတွေ စီးတဲ့လူ လို့ပဲ ကျွန်တော့်အတွေးမှာ ရှိခဲ့ပါတယ်။

သုံးနှစ်ဆိုတဲ့အချိန်ကာလ အတိုင်းအတာ အတွင်း အမြောက်အမြားပြောင်းလဲသွားစေနိုင်ပါတယ်။ ကျွန်တော်အသက် ၁၂ နှစ်အရွယ်ရောက် တော့၊ ဒေသတွင်း ပွဲတစ်ခုမှာ သီဆိုဖျော်ဖြေနေတာ ကို ကျွန်တော့် မန်နေဂျာ Scott”Scooter” Barun က You Tube ဗီဒီယိုကနေ တစ်ဆင့် စတင်မြင် တွေ့ခဲ့ပါတယ်။ အသက် ၁၄ နှစ်မှာ ကျွန်တော်တို့ ဟာ အသံဖမ်းပညာရှင် Usher နဲ့ အဆက်အသွယ် ဖြစ်ခဲ့ပါတယ်။ Usher ဟာ ကျွန်တော့်ရဲ့သူရဲ ကောင်းတွေထဲက တစ်ယောက်ဖြစ်ရုံသာမက၊ ကျွန်တော်ကို ဂီတလောကနဲ့ ကူညီမိတ်ဆက်ပေးခဲ့ သူလည်း ဖြစ်ပါတယ်။ ၁၅ နှစ်မွေးနေ့အပြီး လအနည်းငယ်လောက်မှာ ကျွန်တော့်ရဲ့ ပထမ ဆုံးဆင်ဂဲလ် ဓာတ်ပြားထွက်ပါတယ်။ အခု ကျွန်တော် အသက် ၁၆ နှစ်ရှိပြီဖြစ်ပြီး ထိပ်သီး အဆိုတော်တစ်ယောက်အဖြစ်နဲ့ ပထမဆုံးနယ် လှည့်ဂီတဖျော်ဖြေပွဲစတော့မယ့်ဆဲဆဲ ဖြစ်ပါ တယ်။

ဒါဟာ သဘာဝမကျဘူး။
ကျွန်တော့်ရဲ့ The My World Tour နယ် လှည့်ဂီတဖျော်ဖြေပွဲဟာ အမေရိကန်ပြည်ထောင် စုနဲ့ ကနေဒါနိုင်ငံတစ်လွှားက မြို့ကြီးပေါင်း ၈၅ မြို့မှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။ ခန့်မှန်း ခြေ ပရိသတ်နှစ်သန်းနီးပါးလောက်နဲ့ ထိတွေ့ ဖို့ရှိပြီး ခြောက်လအတွင်း ပွဲစဉ်အားလုံးပြီးစီးမှာ ပါ။ ကျွန်တော့်ရဲ့ နောက်ခံအဆိုတော်တွေ Legaci အကအဖွဲ့၊ တီးဝိုင်းအဖွဲ့များနဲ့ များပြားလှတဲ့ အဖွဲ့ သားတွေဟာ ကျွန်တော်နဲ့အတူ ကားစီးလာကြပါ တယ်။ အဖွဲ့သားတွေအားလုံးနဲ့ စက်ပစ္စည်းကိရိ ယာတွေကို နယ်လှည့်ပို့ဆောင်ပေးဖို့အတွက် ဘတ်စ်ကားကြီး ၈ စီးနဲ့၊ ၁၈ ဘီးကားကြီးတစ် စီးသုံးခဲ့ရပါတယ်။

ဝိုး-အံ့သြစရာပဲ။
ဘတ်စ်ကားစုရပ်ဆီကို ကျွန်တော့်ရဲ့အဘိုး နဲ့အဘွားဖြစ်တဲ့ Bruce နဲ့ Diane Dale တို့အပြင် ကျွန်တော့် ကိုယ်ရံတော် Kenny Hamilton တို့နဲ့ အတူ သွားခဲ့ပါတယ်။ Kenny ဟာ ကျွန်တော့်ရဲ့ သက်တော်စောင့် နင်ဂျာ တစ်ဦးဖြစ်သလို Xbox 360 ဂိမ်း ကစားလေ့ရှိတဲ့ ကျွန်တော့်ချေမှုန်းရေး စွမ်းပကားတွေရဲ့ သားကောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ ပါးပါးဝတ်၊ ဒေါက် မြင့်ဖိနပ် စီးထားတဲ့ ကျွန်တော့်မေမေ Pattie Mallette ကလည်း ဖ၀ါးထက်ကြပ် မခွာကပ်ပါ လာတာပေါ့။ မေမေဟာ ကျွန်တော့်အတွက် အရာရာကို အဆုံးရှုံးခံဝံ့သူ ဖြစ်ပါတယ်။

မန်နေဂျာ Scooter ကတော့ စုရပ်ကို အတော်စောစော ရောက်နှင့်နေပါ တယ်။ Scooter ဟာ လက်ကိုင်ဖုန်း တစ်လုံးနဲ့ မအားလပ်အောင် ရှိနေတဲ့ကြား က နောက်ခံ အကသမားတွေ၊ အကူ လုပ်သားတွေနဲ့ ကွင်းပစ်တမ်း ကစား နေပါတယ်။ Scooter ဟာ ကိစ္စ၀ိစ္စ အားလုံးကို စီစဉ် ဆောင်ရွက်ပေးသူပါ။ သူနဲ့ သူ့အဖွဲ့သားတွေဟာ မီဒီယာ ကိစ္စတွေဖြစ်တဲ့ တွေ့ဆုံခန်းလုပ်ဖို့တွေ၊ ဓာတ်ပုံရိုက်ခွင့်တောင်းတာတွေ ပြီးတော့ ဘယ်သူက ဘတ်စ်ကား စီးရမယ် ဆိုတဲ့ နေရာထိုင်ခင်းအစီအစဉ်တွေစတဲ့ အောက်ခြေသိမ်း၊ အသေးစိတ်အလုပ် တွေနဲ့ နပန်းလုံးနေရပါတော့တယ်။ ပြီးတော့ ပွဲဆိုရမယ့်ရက်တွေမှာ ကျွန်တော် က ဘာ Pizza မုန့်မှ မစားတာသေချာရဲ့လားဆိုတာမျိုး အရေးပါတဲ့အချက် တွေလည်း စီစဉ်ရပါတယ်။ (အဆိုတော်တွေဟာ ပွဲမတက်ခင်မှာ နို့နဲ့နို့ထွက် ပစ္စည်းတွေ စားလေ့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကတော့ စည်းကမ်းမလိုက် နာသူဆိုတာ အားလုံးအသိပါပဲ။ Pizzar က သိပ်ကိုကောင်းတာကိုး)။ Scooter က ဘာပဲလုပ်လုပ် အမြဲတမ်း ဗျူဟာကျကျ လုပ်လေ့ရှိတယ်။ ဘ၀ကို စစ်တုရင် ကစားသလိုပေါ့။ အမြဲတမ်း ရှစ်ကွက်လောက် ဦးနေတတ်တယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို မထိန်းသိမ်းတတ်တဲ့ ကောင်ပေါ့။

Scooter က ကျွန်တော်တို့နဲ့ တွေ့တယ်ဆိုရင်ပဲ Kenny ကို လက်သီး ချင်းထိ နှုတ်ဆက်ကာ ကျွန်တော်နဲ့ မေမေကို ပွေ့ဖက် နှုတ်ဆက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို သူကပဲဦးဆောင်ပြီး ဇာတ်ခုံ နောက်မြေအောက် လမ်းတွေကနေ ခေါ်သွားလိုက်တာ ပွဲလုပ်မယ့် ကွင်းပြင်ထဲရောက်ပါတယ်။ အဲဒီမှာ ငြမ်းစင်တဲ့ အဖွဲ့သားတွေက အရွယ်အစား ကြီးမားလှတဲ့ မီးပုံး ပျံခြင်းကြီးတစ်ခုကို ၀န်ချီစက်နဲ့နေရာချနေကြပါ တယ်။ Gondola လို့ခေါ်တဲ့ မီးပုံပျံခြင်းကြီးဟာ သံမဏိ ပိုက်တွေနဲ့ ပြုလုပ်ထားပြီး လူတစ်ယောက် ချောင်ချောင်လေး လိုက်ပါစီးနင်း နိုင်အောင် ကျယ်ဝန်းပါတယ်။

“ကောင်းလှချည်လား” လို့ Kenny ကဆို တော့ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်ပါ တယ်။ မီးပုံးပျံဘောလုံးဟာ Up အမည်ရသီချင်း ကို ဆိုချိန်မှာ ပရိသတ်အပေါ်က စီးနင်းပြဖို့ ပုံစံ ထုတ်တည်ဆောင်ထားတာပါ။ လေထဲမှာ အမြင့် ပေ ၃၀ လောက်ကနေ စပျံမှာဖြစ်ပြီး ပရိသတ် တွေအပေါ်ကနေ ဆူညံသံတွေနဲ့ စွမ်းအင်လှိုင်း တွေကို လေဟုန်စီးလာကာ ပရိသတ်တွေနဲ့ လွတ် ရုံလေး နိမ့်ဆင်းလာမှာ ဖြစ်ပါတယ်။  ပရိသတ် တွေနဲ့ လွတ်ရုံလေးအထိ နိမ့်ဆင်းလာမှသာ သူတို့တွေရဲ့ ချောမောလှပတဲ့ မျက်နှာလေးတွေကို ကျွန်တော် မြင်ရမှာပေါ့။ ကျွန်တော် အဲဒီလို မီးပုံးပျံစီးလာတာကို ပရိသတ်တွေမြင်ရင် အရူး အမူး နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ Steel gondola က Chevy ကား တစ်စီး လက်ရန်းတိုင်နဲ့ ပွက်တိုက်မိသလို အသံတွေ ထွက်လာပြီး ဘေးတိုက်ခါယမ်းကာ ရပ်သွား တယ်။ ဘယ်ညာယိမ်းထိုးရင်းပေါ့။

“ဟိုးဆရာ-ဒီလိုတော့ မဖြစ်ရဘူးလေ” လို့ ကျွန်တော် အော်မိမလိုပါပဲ။
ဟိုးအမြင့်ကြီးဆီက ကြောင်လျှောက်လမ်း ပေါ်မှာရှိနေတဲ့ မီးပုံးပျံအဖွဲ့သားတွေလည်း လမ်း လျှောက်စကားပြောစက်ကိုယ်စီနဲ့ အချီအချ ငြင်းခုံ နေကြတယ်။ စိတ်မအေးစရာပါပဲ။ ခပ်များများ တီးလိုက်မိခဲ့တဲ့ ဗိုက်ထဲက မနက်စာတွေက ကျွန်တော့်ကို အသံပြန်ပေးလာတာ ခံစားရခါစမှာ ပဲ ကျွန်တော့် ပခုံးပေါ်ကို အားပေးနှစ်သိမ့်ရင်း သိုင်းဖက်လိုက်တဲ့ လက်မောင်းတစ်ဖက် ရောက် လာပါတယ်။ Scooter ရဲ့ချစ်သူ Carin က ကျွန်တော့်နံဘေးမှာ ရပ်ပေး လာတာ ပါ။ Carin ဟာ နယ်လှည့်ပွဲခရီးစဉ်တစ်လျှောက် ကျွန်တော့် ကို အကူအညီပေးဖို့ လိုက်လာတာပါ။ ကျွန်တော် တို့ ဘ၀တွေအတွက် အခုလို အရူးအမူးအချိန် ကာလမှာ Scooter က ဦးဆောင်လမ်းညွှန်မှုပေး ပြီး Carin က ကျွန်တော့်ကို ကူညီပေးတာပါ။ Carin ဟာ ကျွန်တော်တို့အဖွဲ့ထောက်ပံ့ရေးစနစ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး သူ့စိတ်ထဲမှာ ကျွန်တော့်အတွက် ကောင်းရာကောင်း ကြောင်းကိုသာ အမြဲရှေ့တန်းတင်ထားသူ ဖြစ်ပါ တယ်။

“စိတ်မပူ” နဲ့လို့ Carin က ဆိုလာပါတယ်။
“အေးအေးဆေးဆေးဖြစ်သွားမှာပါ။ အထူး ပြုလုပ်ချက်တွေ မတိုင်ခင် ဘေးအန္တရာယ်ကင်း ရှင်းရေး အရင်လုပ်ရတယ်လေ”လို့လည်း သူက ဆိုပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော် သိပါတယ်” လို့ ကျွန်တော် သူ့ကို ပြန်ပြောရပါတယ်။
“ဒါပေမဲ့ ပြကွက်တွေထဲက တစ်ကွက်မှ မဖြတ်ချင်ဘူး။ ပွဲက အရမ်းကြည့်လို့ကောင်းတာ။  အားလုံးချောချောမောမော ဖြစ်စေချင်ရုံလေးပါ”

“ဖြစ်မှာပါ” လို့ မေမေက ၀င်ပြောလာပါ တယ်။ “တကယ့်ကို အံ့သြစရာ ရင်သပ်ရှုမောရ မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ” တဲ့။

“လုံးဝကို ရင်သပ်ရှုမော ဖြစ်စေရမယ်” လို့ Carin က ပြောရင်းမှာပဲ-
“ကြည့် ကြည့် သူတို့ အဆင်ပြေသွားပြီ ထင်တယ်” လို့ ဆိုပါတယ်။

Steel Gondola ကြီးဟာ ဟန်ချက်မှန်သွား ပြီးညင်ညင်သာသာနဲ့ ရွေ့လျားလာပြန်ပါတယ်။ အသံချဲ့စက် ထွက်လာတဲ့ တေးသွားလေး အလိုက်ပေါ့”

(သီချင်းသံ) ဒါဟာ ကြီးမားတဲ့ ကမ္ဘာ လောကပါ။ ဒီထဲမှာ အလွယ်တကူ ပျောက်ဆုံး သွားနိုင်တယ်xxx သီချင်းထဲက အဲဒီစာသား လေးကို ကျွန်တော် နှစ်သက်မိတယ်။ လူတွေ အားလုံးက အဲဒါကိုပဲ မျှော်လင့်နေကြတာလို့ လည်း တစ်ခါတစ်ရံမှာ ကျွန်တော်ခံစားမိပါ တယ်။ ကျွန်တော့်ကမ္ဘာဟာ အရမ်းကြီးမား မြန် ဆန်လာပါတယ်။ အတိတ်ကဆိုးရွားတဲ့ နမူနာ တွေအပေါ် အခြေပြုထားပြီး လူတော်တော် များများက ကျွန်တော့်ကို အဲဒီအထဲမှာ ပျောက် ဆုံးသွားဖို့ မျှော်လင့်ကြပါတယ်။ ကျွန်တော် မေး ခွန်းတူနှစ်ခု အမြဲတမ်းလို အမေးခံရတတ်ပါတယ်။

“မင်း ဘယ်လိုအစပြုခဲ့သလဲ” ဆိုတာနဲ့ “မင်း ဘယ်လိုခိုင်ခိုင်မြဲမြဲ ရပ်တည်နေတာလဲ” ဆိုတဲ့ မေးခွန်းနှစ်ခုပါ။

XL Center မှာ မတ်တတ်ရပ်နေရင်းပဲ မေးခွန်းနှစ်ခုလုံးအတွက် အဖြေ တွေကို ကျွန်တော် ရခဲ့ပါတယ်။ ကျွန်တော့်ကို အင်မတန်ထူးချွန် အရည် အချင်းရှိပြီး အရမ်းကို သဘောထားကောင်းတဲ့ မိတ်ဆွေတွေ ၀န်းရံပေးထား တယ်။ သူတို့ဟာ ကျွန်တော့်ကို သိပ်ချစ်တဲ့အပြင် ကျွန်တော့်ခြေလှမ်းတိုင်းကို ဂရုတစိုက်စောင့်ကြည့်ပေးနေကြတယ်။ သူတို့တွေဟာ ကျွန်တော် ဘယ်က လာလို့၊ ဘယ်ကိုသွားရမယ်ဆိုတာ မျက်ခြည်အပြတ်ခံကြသူတွေ မဟုတ်ပါ ဘူး။ မကောင်းတဲ့သူတွေနဲ့လည်း အပေါင်းအသင်း လုပ်ခွင့်မပြုပါဘူး။ ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုဟာ ဘုရားသခင်ဆီကနေ လာတာပါ။ ဘုရား သခင်က ကျွန်တော့်ကို ချစ်ခင်မြတ်နိုးသူတွေ၊ ဖေးမစောင့်ရှောက်သူတွေကနေ တစ်ဆင့် ဒီအောင်မြင်မှုကို ပေးသနားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေလည်း အဲဒီသူတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ပရိသတ်တစ် ယောက်ချင်းစီက ကျွန်တော့်ကို နည်းနည်းချင်းစီ တွန်းတင်ပေးခဲ့တာ ဖြစ် ပါတယ်။

(သီချင်းသံ) ဒီနေရာကနေ အထက်ကိုတက်ဖို့က လွဲလို့ ဘယ်နေရာမှ မရှိပါ ချစ်သူရေ။ ကလေးရေတို့တစ်တွေ အထက်ကလွဲပြီး သွားစရာမရှိ ပါဘူး။ ဘာတွေကို ကြောက်ရမှာလဲ ကိုယ့်ကိုပြောပါ။ အဲဒါတွေကို မိုးကောင်း ကင်ဆီ တို့တစ်တွေ ယူသွားကြမယ်။ စကြ၀ဠာနဲ့ လမင်းတို့ကို ဖြတ်သန်းရင်း ပေါ့။ ကိုယ့်အနား မင်းရှိနေသရွေ့ပါ”

ကောင်းလိုက်တဲ့ ခရီးစဉ် Zamboni စီးရတာထက် ကောင်းပါသေးရော့။
ဒီပွဲရဲ့ တကယ့်ခမ်းနားကြီးကျယ်မှုဟာ XL Center ကို မရောက်မချင်း မပြည့်စုံသေးပါဘူး။ နယ်လှည့်ဖျော်ဖြေပွဲရဲ့ ဒါရိုက်တာ Tom Marzullo, Scooter နဲ့ ကျွန်တော်တို့ သုံးယောက်သား အကြီး အကျယ်ကို စိတ်ကူးပုံ ထုတ်ခဲ့ကြရတယ်။ အစမ်း လေ့ကျင့်မှုတွေစတော့ ကျွန်တော်ဟာ ဒီပွဲရဲ့ရင် သပ်ရှုမောဖွယ်တွေမှာ လွင့်မျောခဲ့ရတယ်။ ကြီး မားလှတဲ့ သံငြမ်းစင်တွေဟာ လေထဲမှာ လွင့်နေတယ်။

ဇာတ်ခုံက နှစ်ထပ်ဆောက်ထားပြီး ဆင်ခြေ လျှောနဲ့လျှောက်လမ်းတွေပါတယ်။ သံငြမ်းစင်က ဓာတ်လှေကားတွေက ထုထည်ကြီးမားလှတဲ့ ဆက်တင်ပစ္စည်းတွေကို ဟိုးအမြင့်ကြီးထိရောက် အောင် သယ်ပို့ပေးတယ်။ ပြီးတော့ ဟိုးအောက် ခြေအထိ ပြန်ချပေးတယ်။ မီးခိုးမှုတ်စက်တွေ လည်း ပါတယ်။ ကျွန်တော်နဲ့ အကအဖွဲ့သားတွေ မြေပြင်ကနေ ၁၅ ပေလောက် အမြင့်မှာ ပျံဝဲနေ ကြတယ်။ ဒါဟာ တကယ့်ကို တည်ငြိမ်အေး ဆေးပြီး ကြီးမားတဲ့ ထုတ်လုပ်တင်ဆက်မှုပါပဲ။ ဒီတင်ဆက်မှုရဲ့ အလယ်ဗဟိုမှာ ကျွန်တော် ရှိနေ တာကို ယုံကြည်လို့ မရဘူးတောင် ဖြစ်နေတယ်။ ပြီးတော့ အဲဒါကို ဖျက်ဆီးပစ်ရာ မရောက်ဖို့ အင်မတန်ကြီးလေးတဲ့ တာဝန်တစ်ရပ် ကျွန်တော့် အပေါ်မှာ ကျရောက်နေတာကိုလည်း ခံစားမိပါ တယ်။

“ဒါက-တာဝန် များလှပါတယ်” လို့ ဘိုးဘိုး က ဆိုတယ်။ ကျွန်တော့် စိတ်ကိုသူသိနေသလိုပဲ။
“တာဝန်က များလွန်းတယ်။ ဒါပေမဲ့ ငါ့ မြေးလုပ်နိုင်မှာပါ။ ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ လုပ်ပါ။ အဆင်ပြေပါလိမ့်မယ်” လို့ ဘိုးဘိုးက အသာအယာ ပြောလာပါတယ်။

(သီချင်းသံ) တို့တစ်တွေ မြေအောက်မှာ နေခဲ့ပြီးပြီ။ ဒါပေမဲ့ အခုတော့ မြေပြင်ထက်မှာ ဘိုးဘိုးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ အပြည့်နဲ့ပါ။ နောက်တော့ သူ ခဏခဏ အဲဒီလို မျက်ရည်ဝဲတယ်။ ကျွန်တော့်ဘ၀ရဲ့ အပြောင်း အလဲ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါတိုင်း ဘိုးဘိုးဟာ စိတ်လှုပ်ရှား ခံစားရလေ့ရှိပါတယ်။ ရုပ်/သံ တွေ့ဆုံခန်းတွေမှာ စကားပြောရင်း မျက်ရည် ကျလာတတ်တဲ့ ဘိုးဘိုးအကြောင်း လူတွေ သိကြပါတယ်။

သူဟာ အဲဒီလို မျက်ရည်ကျ တတ်နေတုန်းပဲ။ ဘိုးဘိုးဟာ ဟော်ကီအားကစား ကို မြတ်နိုးတဲ့၊ သမင်လိုက်တော ပစ်ထွက်ရတာ ကို ခုံမင်တဲ့၊ ခေါင်းချင်းဝှေ့တတ်တဲ့ ကနေဒီယံ စစ်စစ်တစ်ယောက်ဖြစ်ပြီး ကျွန်တော် သိသမျှသူ တွေထဲမှာ အမာကျောဆုံး သူတစ်ယောက်ဖြစ်ပါ တယ်။ ကျွန်တော် ထင်တယ်လေ။ အဲဒါကြောင့် ပဲ သူ့ခံစားချက်တွေကို ဖွင့်လှစ်ပြသဖို့ သူက မစိုးရွံ့တတ်တာလို့။ ကျွန်တော်တို့အပေါ် သူ ဘယ်လောက်ချစ်ရပုံတွေ၊ ကျွန်တော်နဲ့ ကျွန်တော့် မေမေအတွက်ရော ကျန်တဲ့ သူ့သားသမီးမြေး တွေအတွက်ပါ သူဘယ်လောက် ဂုဏ်ယူပုံတွေ စတဲ့ သူ့ခံစားချက်တွေကိုပါပေါ့။ ဒါကြောင့် ကျွန်တော်လည်း ကိုယ့်ခံစားချက်တွေကို ထုတ် ပြောဖို့ ၀န်မလေးတတ်သူ ဖြစ်လာရတာနေမှာ ပါ။ (ဟုတ်ပါတယ်။ အချိန်အများစုမှာပါ။ သူ့ ဆင်ခြေနဲ့သူပေါ့။ ကျွန်တော် ဘာကိုဆိုလိုတယ် ဆိုတာ သိမှာပါ။) နောက်ဆုံးမှာ ကျွန်တော်ဟာ ဘိုးဘိုးထက် ပိုပြီးအရပ်မြင့်လာပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို အမြဲတမ်းပဲ အထင်ကြီး လေး စားစိတ်နဲ့ မော်ကြည့်နေမှာပါ။ ကျွန်တော် သိတတ်တဲ့ အရွယ်ကတည်းက စလို့၊ ဘိုးဘိုး ဟာ ကျွန်တော် လိုအပ်တဲ့ အချိန်တိုင်း အနားမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
(Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)