တတိယ အကြိမ် အကယ်ဒမီ ဆုရရှိသွားတဲ့ မာရယ်လ်စထရီ(ပ)
Written by ဇာနည်ညိမ်း
Monday, 02 April 2012 16:20
၈၄ ကြိမ်မြောက် ဟောလိဝုဒ် ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ အသက် ၆၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ရုပ်ရှင် မင်းသမီးကြီး မာရယ်လ်စထရိ(ပ)က အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို The Iron Lady ဇာတ်ကားနဲ့ ဆွတ်ခူး သွားခဲ့ပါတယ်။
argaiv1945
မင်းသမီးကြီးက ၁၉၇၉ ခုနှစ်မှာ Kramer Vs.Kramer ဇာတ် ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆွတ်ခူးခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ Sophie’s Choice ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၃၀ ကြာမှ နောက်ထပ် တစ်ဆု ရရှိခဲ့တဲ့ သူ့အနေနဲ့ တစ်သက်တာ ထူးချွန်ဆုလိုလည်း ဖြစ်ပါတယ်။ ဆုလက်ခံအပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားရာမှာ မင်းသမီးကြီးက အခု ပွဲကို တက်ရောက် လာတဲ့ မိတ်ဆွေများရော၊ ခွဲခွာသွားကြ ပြီဖြစ်တဲ့ မိတ်ဆွေများကိုပါ ကျေးဇူး တင်ပါတယ်ဆိုပြီး ကောင်းကင်ကို မော့ ကြည့်ကာ ဆိုခဲ့ပါတယ်။ အခမ်းအနား တက်ရောက်လာသူ အားလုံးကိုကြည့် ရင်း “ဒီဆုကို ရလိုက်တာဟာ ကျွန်မ အတွက်တော့ အင်မတန် ကြီးမြတ်တဲ့ ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။ ကျွန်မနဲ့အတူ ရုပ်ရှင် လုပ်ငန်း လုပ်ဖော်ကိုင်ဖက်များလည်း ချစ်ခြင်းအားဖြင့် ၀မ်းမြောက် ၀မ်းသာ ရှိကြလိမ့်မယ်လို့ ယုံကြည်ပါ တယ်”လို့ ဆိုခဲ့ပါတယ်။ မင်းသမီးကြီးနဲ့ ခေတ်ပြိုင်များ ဖြစ်တဲ့ ဆန်ဒရာဘူးလော့ခ်၊ မစ်ရှယ်ဝီလျံ တို့လည်း သူ့စကားကို ထောက်ခံ ကြမှာပါ။ မင်းသမီးကြီးရဲ့ ကျေးဇူးတင် စကားမှာ The Deer Hunter ဇာတ် ကားနဲ့ The Godfather ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပြီး သူမနဲ့ ပတ်သက်ခဲ့ဖူးကာ ၁၉၇၈ ခုနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဂျွန်ကာဇေးလ်ကိုလည်း ကျေးဇူး တင်ပါကြောင်း ထည့်သွင်းပြောကြားပါ တယ်။ အားလုံးထဲမှာ အထူးကျေးဇူး တင်တာကတော့ အိမ်ထောင်သက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် ပန်းပုဆရာ ဒွန်ဂမ္မား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ “ကျွန်မ ဒီနေရာကို ရောက်လာတာဟာ ရှင့်ကြောင့်ပါ”လို့ ပြောကြားသွား ပါတယ်။ ဆုလက်ခံအပြီး စင်နောက် ရောက်ချိန်မှာ မင်းသမီးကြီးက လုပ်ဖော် ကိုင်ဖက်များကို “လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က ရခဲ့ဖူးတာ ဆိုတော့ ငယ်ငယ်တုန်း ကလို့ပြောနိုင်တယ်”လို့ ပြက်လုံးထုတ် ပါသေးတယ်။ “ဒီကြားထဲမှာ နှစ်ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အဲဒီတော့ တို့ခေတ်ကတော့ ကုန်သွား ပြီ။ နောက်တက်တဲ့ မင်းသမီးကလေး တွေအတွက်ပဲလို့ အောက်မေ့ထားတာ။ဒီနေ့ည ဆုရလိုက်တာ အရမ်းကို ပျော် ပါတယ်”လို့လည်း ဆိုခဲ့ပါတယ်။ မာရယ်လ်စထရိ(ပ)ဟာ ဇာတ် ကောင်ပေါင်းများစွာဖြင့် ပါဝင်သရုပ် ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အသက် ၆၂ နှစ်အရွယ်ထိ ဆန်ခါတင်စာရင်း ၁၆ ကြိမ် ၀င်ခဲ့ဖူးတာကြောင့် ဆန်ခါတင် စံချိန်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်မှာတော့ ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ အဖြစ် သရုပ်ဆောင်မှု ပြောင်မြောက်တာကြောင့် တတိယ အကြိမ်မြောက် အကယ်ဒမီဆုကို ဆွတ် ခူးသွားခြင်း ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်တုန်းကKramer Vs. Kramer ဇာတ်ကားမှာ ရုပ်ရှင်မင်းသား ဒတ်စတင်းဟော့ဖ်မဲန်းနဲ့ တွဲဖက်ပြီး ဇနီးမောင်နှံနှစ်ဦးတို့လမ်းခွဲကြတဲ့အခါ ထွန်းကားခဲ့တဲ့ သားကလေး အုပ်ထိန်းလိုမှုအတွက် တရားရုံးတော်ပေါ်မှာ ရင်ဆိုင်ကြပုံကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်များထဲမှာ မဂ္ဂဇင်းအယ်ဒီတာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ The Devil Wears Prada ဇာတ်ကားက အောင်မြင်ခဲ့သလို ကိုယ့်ကလေးကို ကိုယ်သတ်တယ်လို့ အစွပ်စွဲခံရတဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ Cry in the Dark ဇာတ်ကားကလည်း အောင်မြင်ခဲ့ပါတယ်။Mamma Mial ဇာတ်ကားမှာတော့ ဟိုတယ်ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ပြခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်များနဲ့ ပတ်သက်ပြီး Daily Telegraph သတင်းစာကြီးကို ပြောကြားရာမှာ “ကျွန်မက ကျွန်မပါဝင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်တိုင်းကို ကျွန်မ ဖြစ်သွားတယ်လို့ ထင်ရအောင် စိတ်သွင်း ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကောင်များနဲ့ ပတ်သက်ပြီး ဝေဖန် တိုက်ခိုက်လာရင် ကျွန်မက ပြန်လည် တုံ့ပြန်တတ်ပါတယ်။ သူ့စကားနဲ့ ပတ်သက်ပြီး အတူတွဲဖက် သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသမီး အမ်မလီဘလန့်က ပြောကြားရာမှာ “သူနဲ့ကျွန်မ The Devil Wears Prach ဇာတ် ကားရိုက်တုန်းက ဆုံဖူးတယ်။ ရိုက်ကွင်းပေါ်မှာ တခြားသူတွေနဲ့ အပြင် အကြောင်းအရာတွေကို ပြောမနေဘဲ ဇာတ်ကောင်စရိုက် ဈာန်ဝင်အောင် ငြိမ်ငြိမ်ကလေးနေတာ တွေ့ရတယ်”လို့ ဆိုပါတယ်။ ဒုတိယ အကယ်ဒမီ ရခဲ့တဲ့ Sophie’s Choice ဇာတ်ကားကတော့ ဂျူးလူမျိုးများ မီးလောင်တိုက်သွင်း အသတ် ခံရစဉ်မှာ ကျန်ရစ်တဲ့ သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ French Lientenant’s Woman ဇာတ်ကားမှာတော့ ထူးခြား လျှို့ဝှက်တဲ့ ဇာတ်ကောင်စရိုက်နဲ့ ပါဝင် သရုပ်ဆောင ခဲ့ရပါတယ်။ Silkwood ရုပ်ရှင် ဇာတ်ကားကတော့ စက်ရုံ အလုပ်သမ ဘ၀ကနေ ၀ီစီမှုတ်သူ ဖြစ်လာတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထူးဆန်းစွာ သေဆုံးသွားတဲ့ ကာရင်းစစ်လ်ခ်ဝုဒ်ရဲ့သေဆုံးမှုမှာ ပလူတိုနီယမ် သတ္တုစက်ရုံရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တာဝန် ရှိပုံများကို ဖော်ကျူး ရိုက်ကူး ထားတာပါ။ Cry in the Dark ဇာတ်ကားကတော့ သြစတြေးလျနိုင်ငံမှ မိခင်တစ်ဦးရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ သူ့ကလေးကို သူ သတ်တယ်လို့ အစွပ်စွဲခံရတာကို အဖြစ်မှန်ပေါ်ပေါက်အောင် ရုန်းကန်ဖြေရှင်းတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အသက် ၄၀ နား နီးလာချိန်မှာ မာရယ်လ်က သူ့ခေတ်ကုန်ပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၄၀ ကျော်လာချိန်မှာ သူ့အတွက် တစ်ကျော့ပြန် အောင်ပွဲခံနိုင်မယ့် ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးခွင့်ရခဲ့ပြန်ပါတယ်။ ဖြစ်ရပ်မှန်ပေါ် မူတည်ပြီး ရိုက်ကူးတဲ့ Out of Africa ဇာတ်ကားက အောင်မြင်မှုပေးခဲ့ပြီး ဒီကားမှာ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ရောဘတ်ရက်ဒ်ဖို့ဒ်နဲ့ချစ်ခန်းတွေဟာ အသက်ဝင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ နောက်ထပ် အချစ်ဇာတ်ကားတစ် ကားရိုက်ရပြန်ပါတယ်။ ဒီတစ်ခါ တွဲရတဲ့ မင်းသားက ဇာတ်ကြမ်းတွေနဲ့ ကမ္ဘာကျော်တဲ့ ကလင့်အိစ်ဝုဒ်ပါ။ ဒီကားမှာလည်း မာရယ်လ်က အီတာလျံ အိမ်ထောင်ရှင်မ တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ငြီးငွေ့လာတဲ့ အခါ ဓာတ်ပုံ ဂျာနယ်လစ် အဖြစ် ကူးပြောင်း ခဲ့ပုံကို သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အအောင်မြင်ဆုံးလို့ သုံးသပ်ကြတဲ့ Mamma Mial ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တာကိုတော့ မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ တစ်ကားလုံး သီချင်းနဲ့ အကတွေချည်းပါပဲ။ ဒီဇာတ်ကား ရိုက်ကူးခွင့်ရတဲ့ အတွက် စက်တင်ဘာ ၁၁ နောက်ပိုင်း မရယ်နိုင်ကြတဲ့ အမေရိကန်များကို ဟဒယရွှင်ဆေးတိုက် ကျွေးနိုင်တာကြောင့်မင်းသမီးက ထုတ်လုပ်သူများကို ကျေးဇူးတင် စကား ဆိုခဲ့ပါတယ်။
၂၀၀၆ မှာ နာမည်ကျော်ခဲ့တဲ့ The Devil Wears Prada မှာ ပါဝင်သရုပ်ဆောင်ခွင့်ရပါတယ်။ ပေါ့ပေါ့ပါးပါး ဇာတ်ကားများကို ရိုက်ကူးလာခဲ့ရာ Julie and Julia ဇာတ် ကားကတော့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ပြင်သစ် စားသောက်ဆိုင် တစ်ခုရဲ့ ပိုင်ရှင်ဖြစ်တဲ့ Julia Child အကြောင်း ရိုက်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာပဲ Mamma Mialနဲ့အတူ Doubt ဆိုတဲ့ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့ပါတယ်။ ဒီကားက ကက်သလစ်ဘာသာဝင်တို့ရဲ့ ကျောင်းများမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်များကို နိုင်ထက်စီးနင်း ပြုမူမှုများကို ဖော်ထုတ်တဲ့ သူအဖြစ် သရုပ်ဆောင် ခဲ့တာပါ။ Lambs for Lions ဇာတ်ကားမှာ ထက်မြက်တဲ့ နိုင်ငံရေးသမား အဖြစ် သရုပ်ဆောင်တဲ့ တွမ်ခရုစ်နဲ့ တွဲဖက် သရုပ်ဆောင်ရပါတယ်။ မာရယ်လ်က ဂျာနယ်လစ် တစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်စစ်ပွဲမှာ အမှန်တရားကို ရှာဖွေနေတဲ့ ရောဘတ်ရက်ဒ်ဖို့ဒ်ရဲ့မိတ်ဆွေ ပါမောက္ခကို ကူညီသူအဖြစ် သရုပ်ဆောင် ခဲ့တာပါ။ အသက် ၄၀ ကျော်လာချိန်မှာ မင်းသမီး တော်တော်များများက သူတို့ကို ထုတ်လုပ်သူတွေ မေ့သွားကြပြီလို့ ညည်းကြပေမဲ့ အဲဒီ မင်းသမီးများထဲမှာ မာရယ်လ် မပါခဲ့ပါဘူး။ ၄၀ ကျော်မှ သူ့သြဇာက ရုပ်ရှင် လောကမှာ ပိုတက်လာခဲ့ပါတယ်။ The anchurian Canditate ဇာတ်ကားမှာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် သရုပ်ဆောင်ရပါတယ်။
ဇာနည်ညိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
Current Shwe Magazine
Current Teen Magazine
Academy Special Edition
This Week's Ray of Lights