သင်္ကြန်မှာ လူပြက် မလုပ်ချင်တဲ့ မိုးမိုး PDF Print E-mail
Written by သင်းပပ   
Thursday, 29 March 2012 14:35
Share |

တစ်နှစ် ကူးပြန်ပြီပေါ့ ရွှေအမြုတေ ပရိသတ်ကြီးရေ။ မကြာခင်မှာ မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ကို ဖြတ်ကျော်ကြ ရတော့မှာမို့ ပျော်ရွှင် ချမ်းမြေ့စွာ၊ ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြတ်ကျော်ပြီး မြန်မာ့ နှစ်သစ်ကို ကြိုဆို နိုင်ကြပါစေလို့ ရွှေအမြုတေ မဂ္ဂဇင်းကြီးက နှစ်သစ် ဆုမွန်တောင်း ပေးလိုက် ပါရစေ။

argaiv1556

နှစ်သစ်ကူးလို့ ချစ်ဦးကို ရှာဖွေ ဆိုတဲ့ သင်္ကြန် သီချင်းလေးက နာမည်ကျော် သင်္ကြန် သီချင်းတွေထဲက တစ်ပုဒ် ဆိုတာတော့ အားလုံး သိပြီးသားပါနော်။ ကဲ နှစ်သစ်မှာ အချစ် ရှာတတ်တဲ့ ကောင်လေးနဲ့ ပရိသတ်ကြီးကို ပေးတွေ့ချင်ပါတယ်။

သင်္ကြန်ကို  ပုံစံမျိုးစုံနဲ့ ဖြတ်ကျော်ကြတဲ့ အထဲမှာ သူ့ရဲ့သင်္ကြန် ဖြတ်ကျော်မှု ပုံစံကလည်း တစ်မျိုးလေးပါပဲနော်။ တစ်ခုတော့ သတိ ကြိုတင် ပေးလိုက်ပါရဲ့။ ဒီကောင်လေးက သူ့ကိုယ်သူလည်း ဒီလိုကြေညာထားပါသေးတယ်။ မိုးမိုး အတ္တကြီး နေသည်တဲ့။ ကဲ အတ္တကြီးနေတဲ့ မိုးမိုးနဲ့ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုလိုက်ပါတယ်။

“မြန်မာ Happy New Year”ပါ ပရိသတ်ကြီးရေ။ထုံးစံ အတိုင်းပေါ့နော်။ သင်္ကြန်မှာတော့ အဆိုတော်တွေက အလုပ်ပို လုပ်ရတယ်။ တခြား သူတွေထက်။ သေချာ ပြန်ဆန်းစစ်ကြည့် မယ်ဆိုရင် သူများတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ကို ပိုပွင့် ထွက် အပန်းဖြေနေတဲ့ အချိန်မှာ အဆိုတော်တွေက နှစ်ဆပို အလုပ် လုပ်ရပါတယ်။ သင်္ကြန်လို ပျော်ပွဲရွှင်ပွဲပဲဖြစ်စေ၊ သီတင်းကျွတ် ပွဲတော်ပဲ ဖြစ်ပစေ၊ မိုးမိုး ဘာလုပ်မလဲမေးရင် အလုပ်နှစ်ဆ ပိုလုပ်ရတယ်ပဲ ဖြေရမှာပေါ့နော်။ ဖီလင်ကတော့ ဒီတစ်ခါ အလုပ်လုပ်တဲ့ အခါမှာ မနှစ်ကနဲ့ မတူအောင် ဘယ်လို လုပ်မလဲ ဆိုတာမျိုးပဲ စဉ်းစားထားပါတယ်။ ဘယ်လို ပျော်ရင်ကောင်းမလဲ ဆိုတာကတော့ စိတ်ထဲမှာ မရှိပါဘူး။”

အဆိုတော် မိုးမိုးနဲ့ သာမန်ဘ၀က အဆိုတော် မဖြစ်ခင် မိုးမိုး ကွာခြားတာပေါ့။

ကွာတာပေါ့။ ကွာတာမှ ကျွန်တော် အဆိုတော် ဖြစ်တော့မှ စိတ်နဲ့ လူက လမိုင်းကပ်ပါသေးတယ်။ ၇ တန်း၊ ၈ တန်းလောက်က သင်္ကြန်ဆိုတာကို ပျော်စရာ အဖြစ်မြင်လာ သော်ငြား ၁၀ တန်းအောင်ပြီး ရေကြောင်း သိပ္ပံ တက်တယ်။ အဲဒီမှာ လည်ရတာလည်း မကြိုက်ဘူး။ သင်္ကြန်မှာ ဘာလုပ် ရမှန်းမသိဘူး။ ၇ တန်း၊ ၈ တန်းအရွယ်က လူကြီးတွေ လုပ်သလို လိုက်လုပ်ရတော့ ပျော်စရာတစ်ခုလို ခံစားခဲ့ရ တယ်။ တကယ်တမ်း လူငယ်ဘ၀ကို ပိုင်ဆိုင်လာတာ နည်း နည်းလေးကြာလာတဲ့အခါကျတော့ ရေလည်း မပက်ချင် ဘူး။ လည်လည်း မလည်ချင်ဘူး။ လည်တဲ့အခါ ပျော်စရာ ကြုံသလားဆိုတော့လည်း အဲဒါကို ပျော်စရာဆိုတာကို လုပ် ယူရသလို ခံစားနေရတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်အပါအ၀င် လူငယ်အများစုက သင်္ကြန်ကို ခုတုံး လုပ်ပြီး ရည်းစားရှာတာ လုပ်ကြတယ်။

အဲဒီ တစ်ခုပဲ ရှိနေသလို ဖြစ်နေတာပေါ့။ သင်္ကြန်ကို ပျော်တာမှ မဟုတ်တာ။ အဲဒီစိတ် တစ်ခုပဲ ရှိနေတယ်။ ဒီတော့ သင်္ကြန်မှာ ငါဘာလုပ် မလဲ။ သူများတွေ ပျော်ပြီး ကိုယ်မပျော်တာ ဘာကြောင့်လဲလို့ စဉ်းစားမိပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော် တို့ဟာ ကျန်တဲ့ အချိန်တွေမှာ ကျောင်းသားဘ၀မှာ စိတ်ဖိစီးမှု ဒဏ်တွေနဲ့ အလုပ်ဒဏ်တွေ ပိနေပြီးတော့ သင်္ကြန်လို ရက် လေးကျမှ ဖွင့်ထုတ်လိုက်ရတာမဟုတ်ဘဲနဲ့ ကျန်တဲ့ အချိန်တွေမှာလည်း အားအားယားယား ဖြစ်နေကြတာကိုး။ အဲဒီအတွက် သင်္ကြန်ကိုလည်း ပျော်စရာ တစ်ခုအနေနဲ့ မမြင်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ အဆိုတော် ဖြစ်လာတယ် ကောင်းသွားတယ်။ ကိုယ့်အတွက် လုပ်စရာ အလုပ်ရှိလာတယ်။

အဲဒီ အလုပ်ကလည်း ကိုယ့်အတွက် လုပ်ချင်သော အလုပ်တစ်ခု ဖြစ်နေတယ်။ ဒီတော့ အဆိုတော် ဖြစ်မှသာ ကိုယ်နဲ့စိတ်နဲ့ လမိုင်း ကပ်လာတယ်။ အရင် လူငယ် ဘ၀မှာကတော့ သင်္ကြန်ဆိုတာ ကျွန်တော့်အတွက် ဘယ်လို ကျော်ဖြတ်ရမယ် ဆိုတာကို သေချာရေရာ မသိခဲ့တဲ့ လူငယ် တစ်ယောက်ဖြစ်ခဲ့တယ်ပေါ့။

အဆိုတော် မိုးမိုးနဲ့ သင်္ကြန်ကိုကျတော့ ဘယ်လို ဆက်စပ်ကြည့်လို့ ရမလဲ။

ဆက်စပ်နိုင်ဖို့ အတွက်က ကိုယ့်မှာလည်း သင်္ကြန်သီချင်း ရှိရပါတယ်။ အဲဒီတော့ ကျွန်တော့်မှာ သင်္ကြန်သီချင်း နှစ်ပုဒ်ရှိတယ်။ ဒီအချိန် ရောက်တိုင်းနဲ့ စိတ်ရှိ လက်ရှိဂေါ် ဆိုတဲ့နှစ်ပုဒ်။ ဒါပဲ ပြောစရာ ရှိတယ်။ ဒီတော့ မိုးမိုးက သင်္ကြန်နဲ့ ပတ်သက်ရင် ဒီ နှစ်ပုဒ်ပဲ ပြောစရာ ရှိတဲ့လူလို့ ပြောလို့ ရတာပေါ့။ ဒီအချိန် ရောက်တိုင်းက သင်္ကြန်မှာ လွမ်းစရာတွေ့တဲ့ လူအကြောင်း ရေးထားတာ ဆိုတော့ အဲဒါကလည်း ဆိုရတာ သိပ်အဆင်မပြေဘူး။ အသက် ၄၀ လို သီချင်းမျိုး၊ နောက်ကျလို သီချင်းမျိုးကျတော့လည်းသင်္ကြန်နဲ့ တအား လိုက်ဖက်ပြန်ရော။ အဲဒီလို ကျတော့လည်း ကိုယ့်သီချင်းတွေက သင်္ကြန်နဲ့ ဆက်စပ်မှု ရှိနေပြန်ရော။

ပြောရရင်တော့ ခပ်မြူးမြူးသီချင်းများများ ဆိုနိုင်ရင်တော့သင်္ကြန်မှာ ဆိုစရာ သီချင်းများတာပေါ့နော်။ သင်္ကြန်သံချပ် ဆိုတာကို မိုးမိုး အသက်အရွယ် အရ မီလား။

မမီလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ သင်္ကြန်နဲ့ သံချပ် ခွဲခြားလို့ မရခဲ့တာကိုတော့ ကိုယ်တိုင် အနုပညာရှင် တစ်ယောက် အနေနဲ့ လေ့လာခဲ့ရင်းက သိထားမယ်လို့ ထင်ပါတယ်။ ဒီတော့ ပြောင်းလဲမှု အကြောင်းကြောင်းကြောင့် သံချပ် ဆိုတာကို ဒီနှစ်မှာ ပြန်ကြားရမယ်လို့ ထင်နေကြတယ်။

တစ်ခါတစ်ရံ လူရွှင်တော် အနေနဲ့ မြင်ရတဲ့ မိုးမိုး အနေနဲ့ရော လုပ်ပြချင်တဲ့ သံချပ်တွေများ ရှိနေလား။

သံချပ်ဆိုတာ ဘာလဲဆိုတာကို မိုးမိုး သေချာ မသိသေးဘူး။ ဒါပေမဲ့ သံချပ်ဆိုတာကို သေချာ လက်ညှိုး ထိုးပြလို့တော့ ရတယ်။ သံချပ်ရဲ့အဓိပ္ပာယ်ကိုတော့ မသိသေးတဲ့ အတွက် သိအောင် အရင် လုပ်ရပါဦးမယ်။ ပြီးမှ ဒီဟာကို တင်ပြရမယ့် သဘော ရှိပါတယ်။ ကျွန်တော်တို့ အငြိမ့်ထဲ မှာလည်း သံချပ်ဆိုတာ ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကြိုတိုက် ထားတာပါ။ ဒါပေမဲ့ ကျွန်တော် အရင်တုန်းကကြား ဖူးတာ ရှိတယ်။ သံချပ်ဆိုတာ ကြိုမတိုက်ဘူး။ ပါးစပ်ထဲ ရှိတာ လက်တန်းပြောချတာ။ အဲဒီလို လက်တန်းပြောဖို့ အရည်အချင်းမျိုး မိုးမိုးမှာ ခုချိန်မှာ တစ်ရာခိုင်နှုန်းတောင် မရှိသေးပါဘူး။ အဲဒီအတွက် သံချပ်ဆိုတဲ့ ကိုယ့်ထက်မြင့်မား တဲ့အရာတစ်ခုကို လေ့လာတုန်းပဲ ရှိပါသေးတယ်။ မထိရဲ သေးပါဘူး။ တကယ့် ဟာသပညာရှင်၊ အနုပညာရှင်ကြီးများ၊ တင်္ခဏုပ်္ပတိ္တဉဏ်နဲ့ စင်ပေါ်မှာ ဖြတ်ထိုးဉဏ်၊ ထိုးထွင်းဉဏ် အရမ်း ကောင်းတဲ့သူတွေသည်သာသံချပ်ကို ထိတွေ့ခွင့်ရှိမယ် လို့ထင်ပါတယ်။ အဲဒီအချိန်ထိရောက်အောင် မိုးမိုးအများကြီး ကြိုးစားရဦးမှာပါ။ သံချပ်နဲ့ မိုးမိုးဆိုတာ အရမ်းကို အလှမ်း ဝေးကွာလွန်းပါတယ်။ နှိုင်းလို့ မရသေးပါဘူး။ ဒီဟာကို သွားပြီးတော့ သွေးတိုးစမ်းလို့ မရသေးဘူးလို့ ထင်ပါတယ်။

အရင်တုန်းကရော အနုပညာရှင် တစ်ယောက် အနေနဲ့ သံချပ် ဆိုတာကို ကြည့်ရှုခဲ့ဖူးလား။ နားဆင်ခဲ့မိလား။ သံချပ် ဆိုတဲ့အပေါ် မိုးမိုးရဲ့ အမြင်ကရော။

သူက စကားလုံးပုံစံနဲ့ မဟုတ်ဘဲနဲ့ ရှေ့ကတစ်ကြောင်းကို နောက်က တစ်ကြောင်းက လိုက်အုပ်တာလို့ ပြောကြ တယ်ပေါ့။ သံချပ်မှာက များသောအားဖြင့်က ဘယ်လိုခေါ် မလဲ။ Studio မှာ ဆိုရင် Left & Right ဆိုတဲ့ သဘောမျိုးပေါ့။ တစ်ဖက်နဲ့ တစ်ဖက် စကားစစ် ထိုးကြတဲ့ ပုံစံမျိုးပေါ့။ တစ်ဖက်က တင်လိုက်တဲ့ စကားကို ဒီဘက်က ဘယ်လို ပြန်အုပ်ရမလဲ ပေါ့။ ဒါက တကယ့် အခြေခံအကြောင်းလို့ ထင်ပါတယ်။

ဆိုတဲ့ အခါကျတော့ သူက စကား အဖြစ်လည်း ပြောလို့ မရဘူး။ ကာရန်၊ နဘေ လိုက်ရတာကိုး။ ကာရန်၊ နဘေ လိုက်ရပြီ ဆိုကတည်းက စကား အနေနဲ့ စကားပြေ အနေနဲ့ ပြောရ သလောက်လိုတော့ အဓိပ္ပာယ်ထိမိမှုရှိမှာ မဟုတ်ပေမဲ့ ထိတဲ့အခါကျတော့လည်း တကယ် ထိမိသွားတယ်။ တအားခက်ပါတယ်။ Rapper တွေ Hip Hop ဆိုတဲ့Hip Hop Artist တွေလို Free Style ကျလွန်းအားကြီးပါ တယ်။ Free Style ထဲမှာမှ ကာရန်၊ နဘေနဲ့ ညီအောင်ကျ မယ်။ အပေါ်ကအပြောနဲ့ အောက်ကအအုပ်အဓိပ္ပာယ် လည်း တူရမယ်။ အဓိပ္ပာယ် ရှိရှိ ထိထိမိမိနဲ့ တာဝန်ယူရ တယ်နဲ့ တူပါတယ်။ အရမ်း ခက်တယ်။ အရင်က သံချပ် တွေကို လေ့လာခွင့် ရှိသ လောက် လေ့လာမိတဲ့အခါ အဲဒီတုန်းက စကားအယူအဆ အဲဒီတုန်းက စကားသံ၊ “ကွယ်ရို့”တို့ ဘာတို့သုံးတာ ကအစပေါ့။ အခုကခါးဆက် ပြတ်သွားတဲ့သဘောတော့ ရှိတာပေါ့။ ဒီဘက်ခေတ်မှာ သင်္ကြန်သံချပ် ဆိုတာကို ဘယ်လိုမျိုး လုပ်မလဲ ဆိုတာ ကိုတော့ စိတ်တော့ဝင်စားပါ တယ်။

အဲဒီခေတ်က ပြောခဲ့ တဲ့ စကား အပြောအဆို လေ ယူလေသိမ်းမျိုးတွေကို အတု မယူဘဲနဲ့ ဒီဘက်ခေတ်ပုံစံ ပေါ့။ သံချပ်ဆိုတာ ခေတ်ကို ထင်ဟပ်တဲ့ သဘောမျိုးလည်း ပြောကြတာကိုး။ အဲဒီ ပုံစံနဲ့ ဘယ်သူတွေက ဘယ်လို ဖန် တီးမလဲ ဆိုတာကို ကျွန်တော် တို့ကပရိသတ်တစ်ယောက် အနေနဲ့ စောင့်ကြည့်ရမှာပါ။ ပြီးတော့ တကယ်လုပ်နိုင်တဲ့ သူတွေဆိုရင် တကယ်လက် ခုပ်တီးပြီး တကယ်အားပေး မှာပါ။ လုပ်နိုင်သည် မလုပ် နိုင်သည်ဖြစ်စေ။ ဒီဟာကို လုပ်ဖို့ကြိုးစားတယ်ဆိုက တည်းကိုက ကျွန်တော်က လေးစားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် မလုပ် နိုင်သေးလို့ပါ။ ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။

မိုးမိုးက လူရွှင်တော အဖြစ်နဲ့ သူများချပေးတဲ့ ပြက်လုံးကို ပြက်တာလည်း ရှိခဲ့မယ်။ ကိုယ်တိုင် ပြက်လုံးတွေလည်း ရှိခဲ့မှာပဲ။ ကိုယ်တိုင် ဖော်စပ်တဲ့ ဟာသပြက်လုံးတွေကို မိုးမိုး ဘယ်လို ဖန်တီးခဲ့ရလဲ။

ကိုယ်တိုင် ဖန်တီးတဲ့ ဟာသဆိုရင် ခြေထောက်ကျိုးတဲ့ ဟာသမျိုးပေါ့နော်။ ခြေထောက်ကျိုးတာကို ဆေးခန်း မပြ ဘူးလားပေါ့။ ပြတယ်။ ပိုက်ဆံ ၅ သောင်း အိတ်ထဲထည့် ပြီး ဆေးခန်းသွားတယ်။ အညာသားဆိုတော့ အညာခံရမှာ လည်းကြောက်တယ်။ ဒီတော့ ဈေးအရင် မေးတယ်။ ပထမ ဆုံး ဓာတ်မှန်ရိုက်ရမယ်တဲ့။ ရှစ်ထောင်တဲ့။ ဒါနဲ့ ရိုက်လိုက် တာ။ ညာခြေထောက်တစ်ဖက်တည်းကို ရှေ့ကရှစ်ထောင်၊ နောက်က ရှစ်ထောင်၊ ဘေးနှစ်ဖက်က ရှစ်ထောင်စီ။ ပေးရ မှာပဲကွာဆိုပြီး ရိုက်ပေါ့။ ဒီမှာ သူကမဟုတ်ဘူး။ ဘယ်နဲ့ညာ ဘယ်ဘက်က ချို့ယွင်းမှု မတူတာလဲဆိုတာ သိဖို့ နောက် တစ်ဖက်လည်း ရိုက်ရမယ်။ ဒီတော့ ခြေထောက်နှစ် ဖက် ဓာတ်မှန်ရိုက်ခ လေးသောင်းရှစ်ထောင်။ ပိုက်ဆံ ငါးသောင်းက ဆေးမကုခဲ့ရဘူး။ ဓာတ်မှန်ရိုက်ပြီး ပြန်လာခဲ့ရတယ်ဆိုတာ မျိုးပေါ့။

ပရိသတ် မထင်ထားတဲ့ မစဉ်းစားထားတဲ့ အကြောင်းအရာမျိုးကို ပြောရတာ။ ဆန့်ကျင်ဘက်ကို ယူရ တာပေါ့။ ဥပမာ- မထော်မနန်း ကိစ္စတစ်ခု၊ မဖြစ်သင့် မဖြစ် အပ် တဲ့ကိစ္စတစ်ခုကို ဟာသသဘောနဲ့ တင်ကြတာပေါ့။ ကျွန်တော်တို့ Musice မှာလည်း ပြက်လုံးကိုဖြစ်စေမယ့် အရာ လေးတွေကို သေချာသတိထားလုပ်မယ်ဆိုရင် ရနိုင်တာပဲ ဆိုပြီး အရာရာတိုင်းကို အဲဒီလိုစိတ်လေးနဲ့ လုပ်ကြည့်မိတာ ပေါ့နော်။ နောက်ပိုင်းမှာတော့ အဲဒီစိတ်နဲ့ ကိုယ်တိုင် ပြက်လုံးတွေ ထုတ်ဖြစ်လာတာပေါ့။

သင်္ကြန်ပွဲတော်မှာရော လူရွှင်တော် အဖြစ်နဲ့ တင်ဆက် ခဲ့ဖူးတာရှိလား။ ဒီလိုမျိုး စင်ပေါ်တက်ဖို့ ဖြစ်လာရင်ရော တက်ချင်တဲ့ ဆန္ဒရှိမလား။


အဲဒါဆိုရင် သင်္ကြန်မှာ သီချင်းဆိုလို့ မရတော့ဘူးလေ။ ကျွန်တော်ကတော့ သင်္ကြန်မှာ သီချင်း ပိုဆိုချင်တယ်။ ဒါက အမှန်အတိုင်း ပြောတာပါ။ သီချင်းဆိုတာက ပိုပြီးပေါ့ပါး တယ်လို့ ထင်ပါတယ်။ အငြိမ့် ဆိုတာက သင်္ကြန် လိုဟာမျိုး မှာ ရေတွေ ပက်နေတဲ့ အချိန်ဆိုရင် သီချင်းဆိုရတာက မိုးမိုး အနေနဲ့ပြောရရင် ပရိသတ်ကို ပိုပြီး ဆွဲဆောင်မှု ရှိမယ်လို့ ထင်ပါတယ်။ သီချင်းဆိုတာက သင်္ကြန်မှာ ပိုပြီး ပရိသတ်ကို ပျော်ရမယ်လို့ အာမခံ နိုင်ပါတယ်ပေါ့နော်။

ဒါဆို ဒီနှစ် သင်္ကြန်မှာ မိုးမိုး အတ္တကြီးမှာပဲလား။ အတ္တကြီး နေသည်ထဲက သီချင်းတွေနဲ့ မိတ်ဆက်မှာလား။

ဟင့်အင်း မဟုတ်ပါ ဘူး။ လေးငါးပုဒ်လောက်ပါ ပဲ။ ပရိသတ်ဆိုတာကလည်း ရှင်းရှင်းပြောရရင် ဗီစီဒီကိုပဲ မျှော်တဲ့ ပရိသတ် ရှိတယ်လေ။ ဒီတော့ ဗီစီဒီ ထွက်မှ သီချင်း သိမယ့်လူတွေ ရှိတယ်။ကျွန်တော့်ရဲ့ အတ္တကြီးတယ် ဆိုတာက အနုပညာကို ပိုပြီး ပြည့်စုံသထက် ပြည့်စုံချင်တဲ့ အတ္တ ရှိတာပါ။ ပြီးတော့ ပရိ သတ်ကို ပိုပြီး ကျေနပ်စေချင်တဲ့ အနုပညာ အတ္တပဲ ရှိတာပါ။ ဒီတော့ ပရိသတ်ကျေနပ် မယ်လို့ ယူဆတဲ့ သီချင်းမျိုး ကိုပဲ ဆိုမှာပါ။ သူတို့ကျေနပ် မယ့် သီချင်းမျိုးကိုပဲ ပေးမှာပါ။

မိုးမိုးက မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ မိုးမိုး အတ်္တကြီးနေသည် တေးစီးရီး ကို ဗီစီဒီ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ “သီချင်းတွေ အားလုံးရဲ့အဓိပ္ပာယ်က ဒီ စီးရီး Title သီချင်းထဲမှာ ပါ ပါတယ်။ ဒါကြောင့်လည်း ဒီနာမည်ကို ပေးဖြစ်ခဲ့တာပါ။ ဒီသီချင်းက ဒီတစ်ခွေလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ ရပါတယ်” လို့လည်း မိုးမိုးက ဆိုပါတယ်။ မိုးမိုးက မတ်လထဲမှာ ဗီစီဒီ စတင်ရိုက် ကူးမှာဖြစ်ပြီး ဒီနှစ်ထဲမှာပဲ အပြီးရိုက်ဖို့ စီစဉ်နေတာပါ။ မိုးမိုးက သူ့ရဲ့အတ္တတွေကို အသံနဲ့သာမက ဘယ်လို ပုံရိပ်တွေ ဖော်ကျူးဦးမလဲ ဆိုတာ စောင့်ကြည့်ရအောင် ပါ။

သင်းပပ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)