|
Written by ခင်လေးမြင့်
|
|
Thursday, 15 March 2012 15:38 |
?????? ?????????? ???????? ??????????????? ??????? ????????? ??????????? ??????????? ??????????? ??????? ????? ?????????
argaiv1759
တပေါင်းပွဲတော်၊ တောင်သူ လယ်သမားနေ့၊ တပ်မတော်နေ့ စတဲ့ အမှတ်တရ နေ့ရက်များ ရှိတဲ့ မတ်လအတွက် teen မဂ္ဂဇင်း မျက်နှာဖုံးကို ဓာတ်ပုံ အောင်ကျော်မိုး(New Image)က မော်ဒယ် ပိုးသဉ္ဇာနဲ့ ပုံဖော်ရိုက် ကူးထားပါတယ်။ ပိုးသဉ္ဇာက Talents & Models သင်တန်းမှာ ၂၀၁၁ ဇူလိုင်လက စပြီး သင်တန်း တက်ခဲ့တာ ဖြစ်ပါတယ်။ သင်တန်း ဆင်းပြီး ချိန်မှာတော့ တင်မိုးလွင်ရဲ့ Talents & Models သင်တန်းနဲ့ ပွဲပေါင်း ၄၀ ကျော်မှာ ပါဝင်ခဲ့တာပါ။ အဲဒီက ဆက်ပြီး ဒိုဒိုး၊ အောင်လ၊ ချမ်းချမ်းတို့ရဲ့ သီချင်း ဗီစီဒီ ရိုက်ကူးမှုမှာ ပါဝင် သရုပ် ဆောင်ခဲ့ပါတယ်။ “ပထမဆုံး ရိုက်ရတဲ့ ဗီစီဒီမှာ မင်းသား မိုးယံဇွန်နဲ့ တွဲပြီး သရုပ်ဆောင် ရတာကြောင့် နည်းနည်း ကြောက်တယ်။ ကင်မရာကိုလည်း ကြောက်တယ်”လို့ ဗီစီဒီ ရိုက်ကူးမှု အတွေ့အကြုံကို ပိုးသဉ္ဇာက ပြောပြခဲ့ပါတယ်။ ပိုးသဉ္ဇာက ဗီစီဒီတွေ ရိုက်ပြီးမှ တင်မိုးလွင်ဆီမှာ သင်တန်း တက်တာပါ။
ပိုးသဉ္ဇာက မော်ဒယ် ပြိုင်ပွဲတွေတော့ မပြိုင်ဖြစ်သေးပါဘူး။ မော်ဒယ်အလုပ်တွေ ဖြစ်တဲ့ Photo Model, Catwalk Model အလုပ်တွေကို ပိုးသဉ္ဇာက စိတ်ဝင်စားတာပါ။ ၁၀ တန်း ဖြေပြီးကတည်းက မော်ဒယ်အလုပ်ကို လုပ်ဆောင်ဖို့ စဉ်းစားပေမဲ့ မလုပ်ဖြစ်ဘဲ ကွန်ပျူတာ သင်တန်းတွေ တက်ဖြစ်ခဲ့ပါတယ်။ကွန်ပျူတာ သင်တန်းများက အနုပညာ အလုပ်အတွက် အထောက်အကူ ပြုနိုင်အောင် တက်တာ မဟုတ်ဘဲ ပညာရပ် တစ်ခုအနေနဲ့ တတ်မြောက် ထားနိုင်ဖို့ သင်ယူ ထားတာပါ။ ပိုးသဉ္ဇာက အဝေးသင် ပထမနှစ် ဥပဒေ ပညာရပ်ကိုလည်း သင်ယူ ထားပါတယ်။ ဘ၀အတွက် ပညာရေးနဲ့ အနုပညာ တစ်ခုခု ရွေးချယ်ရမယ်ဆို ဘယ်အရာ ရွေးချယ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး“ကံတရား ရှိရင် အနုပညာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်မယ်။ အနုပညာနဲ့ မရရင် ပညာရေးနဲ့ပဲ အသက်မွေးဝမ်းကျောင်း လုပ်မယ်။ အရာအားလုံးကိုတော့ ကြိုးစားမှာပါလို့” ပိုးသဉ္ဇာက ဆိုပါတယ်။

ပိုးသဉ္ဇာက သရုပ်ဆောင် အလုပ်ကို ၀ါသနာပါတဲ့ အတွက် သရုပ်ဆောင် သင်တန်း တက်ဖို့လည်း စီစဉ် ထားပါတယ်။ သရုပ်ဆောင်မှု အတတ်ပညာကို အခြေခံလောက် တတ်ထားမှ အဆင်ပြေမယ် ဆိုတဲ့ စိတ်ကူးနဲ့ သရုပ်ဆောင် သင်တန်းတက်ဖို့ ပိုးသဉ္ဇာက စဉ်းစားထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်ကို စိတ်ဝင်စားတဲ့ ပိုးသဉ္ဇာက အဆိုရှင် စိုးမောင်မောင်ရဲ့ သမီးပါ။ ဖခင်က ဂီတ အနုပညာကို လုပ်ဖြစ်ပေမဲ့ သမီး ဖြစ်သူက ဂီတကို ၀ါသနာ မပါပါဘူး။
“သီချင်းလည်း မဆိုတတ်ဘူး။ သီချင်းဆိုရမှာ နည်းနည်းလည်း ရှက်တယ်။ အဖေက အဆိုတော် ဖြစ်စေချင်တာ။ သီချင်းတော့ မဆိုဖြစ်ဘူး”လို့ ပိုးသဉ္ဇာက ဆိုပါတယ်။ ပိုးသဉ္ဇာက မော်ဒယ်သင်တန်း မတက်ခင်မှာ ခိုင်သဉ္ဇာမောင် အမည်နဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့ဖူးပါတယ်။ ပိုးသဉ္ဇာက teen မဂ္ဂဇင်း ဓာတ်ပုံရိုက်ကူးမှုအတွက် မိတ်ကပ်ကို ကိုယ်တိုင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အ၀တ်အစားကို Pearl (East Point Ocean) က ကူညီ ပေးထားတာပါ။ ဓာတ်ပုံ ရိုက်ကူးမှု အတွက် အောင်ကျော်မိုး(New Image) က တာဝန် ယူပေးထားတာ ဖြစ်ပါတယ်။ teen မဂ္ဂဇင်းရဲ့ မတ်လအတွက် ဓာတ်ပုံ ရိုက်ကူးမှုမှာ ပါဝင် ကူညီကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

ခင်လေးမြင့် (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂) |
ခင်လေးမြင့် |
| About the author: |
| | |