ဗလာဝတ္ထု PDF Print E-mail
Written by ညီမင်းညို   
Friday, 17 February 2012 13:55
Share |

၁။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ ဦးဓန ကြွယ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲ တစ်ပွဲ လက်ခံထားသည့် အတွက် မှတ်စုမှတ်ရာ အချက် အလက်များကို အာရုံစိုက် ရေးမှတ်၍ နေသည်။

how to buy cialis onlineorder cialis online no prescription viagra without prescription buy brand cialis
argaiv1889

လေထုထဲတွင် ရှိသင့်သည့် ပမာဏထက် တစ်နေ့တခြား ပိုမိုများပြား လာသော ကာဗွန် မိုနော့ဆိုဒ် (CO)၊ ကာဗွန် ဒိုင်အောက်ဆိုဒ်(CO2) ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာများ ပျက်စီးကာ ကမာကြီး ပူနွေးလာခြင်း ဖြစ်ကြောင်း အဓိက ထား၍ ဟောပြောမည့် ပွဲလည်းဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးချင်း စီက အထူးသဖြင့် ငွေကြေး ပစ္စည်းဥစ္စာ တတ်နိုင်သူ လူကုံထံ များက ဇိမ်ခံပစ္စည်း (ကား၊အဲကွန်း စသည်) များကို လျှော့၍ သုံးစွဲဖို့ရာ ဦးဓန ကြွယ်က တိုက်တွန်းဟောပြော သွားမည် ဖြစ်သလို ကားတစ်စီး၊ အဲကွန်း တစ်လုံးက ထုတ်လွှတ်လိုက်သည့် လေထုညစ်ညမ်း စေသော ဓာတ်ငွေ့ ပမာဏ (Air Borne Pollutanta) မည်ရွေ့မည်မျှ ရှိကြောင်း ကိန်းဂဏန်း အချက် အလက်များနှင့် စနစ်တကျ တင်ပြ နိုင်ဖို့ရာ ကြိုတင်ပြင်ဆင် ထားပြီးလည်း ဖြစ်သည်။

ဦးဓနကြွယ်သည် ပညာတတ် လူကြီးလူကောင်း တစ်ဦးဖြစ်ကာ ဆိတ်ငြိမ် ရပ်ကွက်ရှိ ပေ ၁၂၀ ပတ်လည် ခြံကျယ်ကြီး ထဲတွင် အပေါ်အောက် အိပ်ခန်း ၈ ခန်းပါ နှစ်ထပ်တိုက် အကောင်းစား ကြီးနှင့် ထည်ထည်ဝါ၀ါ နေထိုင်နိုင်သူ တစ်ဦး ဖြစ်သောကြောင့် မိသားစု အတွက် အိမ်ထောင် ဦးစီးကောင်း တစ်ယောက် အနေဖြင့် အိပ်ခန်း တစ်ခန်းစီတွင် တစ်ကောင်အား အဲကွန်း တစ်လုံးစီ တပ်ဆင်၍ ပေးထားလေသည်။ ကျယ်ဝန်း လှပါသည် ဆိုသော ခြံကြီးသည်လည်း ဦးဓနကြွယ် ပိုင်ဆိုင်သော ကား ၅စီး ယှဉ်ရပ်လိုက်သော အခါ ကျဉ်းမြောင်း၍ သွားရလေသည်။

သားသမီး ၃ ယောက် အတွက် ၃ စီး၊ ဦးဓနကြွယ်က တစ်စီးစီးကာ ဇနီးသည်နှင့် အိမ်ဝေယျာ ၀စ္စအတွက် တစ်စီး၊ စုစုပေါင်း ကား ၅ စီးသည် နေရာဌာန အသီးသီးသို့ တစ်နေကုန် ဥဒဟို ပြေးလွှား သွားလာ နေကြကာ နေ၀င် မိုးချုပ်မှသာ ခြံကြီးထဲ၌ ပြန်လည် ဆုံစည်းခွင့် ရကြလေသည်။

၂။
နိုင်ငံကျော် စာရေး ဆရာကြီး ဦးပြောင်းပြန်သည် လူငယ်နှင့် ဆေးလိပ် ဆန့်ကျင်ရေး ဆောင်းပါးကို စီးကရက် တစ်လိပ်ခဲရင်း ရေးသားလျက် ရှိသည်။ ဆေးလိပ်၊ စီးကရက် ထဲတွင် ပါဝင်သော နစ်ကိုးတင်း (အဆိပ်ဓာတ်)က လူ၏ အဆုတ်ကို မည်သို့ ဒုက္ခ ပေးနိုင်ကြောင်းနှင့် ဆေးလိပ် မသောက် တတ်သူထက် ဆေးလိပ်သောက်တတ် သူက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အဆမည်မျှ ပိုများကြောင်း စသဖြင့် ဝေေ၀ဆာဆာ ရေးသား ဖော်ပြထားသော စာတစ်ပုဒ်လည်း ဖြစ်သည်။

စာရေး ဆရာကြီး ဦးပြောင်းပြန်သည် ခံတွင်း ချဉ်လာသောကြောင့် ရေးလက်စ ဆောင်းပါးကို လက်စသတ်၍ စီးကရက် ဘူးကို လက်လှမ်း လိုက်သောအခါ ဘူးထဲတွင် တစ်လိပ်မျှ မရှိတော့ သောကြောင့် အိမ်သား တစ်ဦးကို စီးကရက် တစ်ဘူး အမြန်ဝယ်ခိုင်း လိုက်ရလေသည်။ စီးကရက်ဘူး အလာစောင့်ရင်း ကုလားထိုင်တွင် ခေတ္တခဏ ခါးညောင်း အကြောဆန့်ကာ ဂျာနယ်တစ်စောင် ဆွဲယူဖတ်ရှု လိုက်သော အခါ ပြီးခဲ့သည့် အပတ်က ရေးသားခဲ့သော လူငယ်နှင့် အရက် ဆောင်းပါးကို တွေ့ရှိရ လေသည်။ ဆောင်းပါးကို ပြန်လည် ဖတ်ရှုရင်း အရက် သောက်ချင်စိတ် ပေါ်ပေါက်လာသည့် အတွက် ၀ီစကီ ၂ ပက်ခန့်ကို ရေပင် မရောဘဲ ကောက်မော့ချ လိုက်လေသည်။ အရက် သောက်ပြီးကာမှ စီးကရက် ဖွာချင်စိတ်က ပို၍ တိုးလာသည် ကိုလည်း စာရေး ဆရာကြီး ဦးပြောင်းပြန် သူ့ကိုယ်သူ ပြန်လည် သတိ ထားမိ၍ နေသည်။

၃။
ကုမ္ပဏီ ပိုင်ရှင် သူဌေးကြီး ဦးသက်ဦး ဆံပိုင်သည် ၀န်ထမ်းသစ် ခေါ်ယူမှု အတွက် အပြီးသတ် လူတွေ့ စစ်ဆေးခြင်းကို ရွင်လန်း တက်ကြွစွာဖြင့် ဆောင်ရွက်လျက် ရှိသည်။ နောက်ဆုံးအဆင့် လူတွေ့ စစ်ဆေးခြင်းကို မိန်းကလေးနှင့် ယောက်ျားလေး တစ်ရက်စီ သီးသန့်ခွဲ၍ စစ်ဆေးခြင်း ဖြစ်ကာ သူဌေးကြီး ဦးသက်ဦး ဆံပိုင်က မိန်းကလေး များထဲမှ တစ်ဦးကို ရွေးချယ်ပေးမည် ဖြစ်သည်။ စိတ်တိုင်းကျ တာဝန် ထမ်းဆောင်နိုင်မည့် အရည် အချင်းပြည့် (ပညာတတ်၊ ဥစ္စာနည်း၊ ရုပ်ချော၊ သဘောကောင်း၊ အလိုက်သိ၊ ငွေကြေးတန်ဖိုး အထူး နားလည်သည့်) မိန်းက လေးမျိုး ပါရှိလာ ပါက မနက်ဖြန် ထွက်ခွာမည့် ပြည်ပ ခရီးစဉ် တစ်ခုတွင် ချက်ချင်းလိုက်ပါ တာဝန်ထမ်းဆောင် နိုင်ရန် သူဌေးကြီး ဦးသက်ဦး ဆံပိုင်က ကြိုတင် စီစဉ်ထား ပြီးလည်းဖြစ်သည်။ မနက်ဖြန်တွင် ဆက်လက်စစ်ဆေးမည့် ယောက်ျား လေးများကိုတော့ မန်နေဂျာနှင့် လွှဲကာ သင့်သလို စီမံထားရန် ကြိုတင်ညွှန်ကြား ထားပြီးဖြစ်သည်။

သူဌေးကြီး ဦးသက်ဦး ဆံပိုင်သည် ယခု သူ့စိတ်ကြိုက် ဖြစ်သည့် မျက်နှာပုံပန်း သဏ္ဌာန်နှင့် ကိုယ်လုံးကိုယ်ပေါက် အရည် အသွေးတို့ ပြည့်စုံသော မိန်းကလေးငယ် တစ်ဦးကို စစ်မေး၍ နေလေသည်။ ကလေး မလေး၏ နာမည်မှာ မူယာမိုး ဖြစ်ကာ သူဌေးကြီး ဦးသက်ဦး ဆံပိုင်က-

“ညီမလေးရဲ့ နာမည်နဲ့တင် အလုပ်က ရသလောက် ဖြစ်နေ ပါပြီကွာ” ဟု ခပ်ညုညု ပြောလိုက် သည့်အခါ ကောင်မလေး ကလည်း မခေဘဲ လှလှပပ မျက်ဆန်နက်လေး ထောင့်ကပ်၊ လတ်တလော ဖြောင့်ထားသည် အိတုန်စင်း ဆံပင်လေးကို ယမ်းခါရင်း-

“ဟင်- အစ်ကိုကြီး ကလည်း အလုပ်ကဖြင့် ရမယ်၊ မရမယ် ဘာမှ မသေချာ သေးဘူး။ လုပ်တော့မယ်”ဟူသည့် စကားကို (လုပ်တော့မယ်” ဟူသော စကားသံ နေရာတွင် အထူး ပြုလုပ်ချက် များစွာဖြင့်) ချစ်စဖွယ် ဆို၍ နေလေသည်။

မူယာမိုး၏ အသက်မှာ ၂၄ နှစ်ခန့်ဖြစ်ကာ အစ်ကိုကြီးဟု အခေါ် ခံရသော သူဌေးကြီး ဦးသက်ဦး ဆံပိုင်၏ အရွယ်မှာ ၅၀ ကျော်၍ ၆၀ အတွင်းသို့ ချင်းနင်း ၀င်ရောက်နေပြီ ဖြစ်လေသည်။

၎။
“ပရိသတ် အတွက် ဒီလိုပဲ (ပေးဆပ်) နေရတာ ပေါ့ဗျာ/ရှင်” ဟူသော စကားကို မကြာခဏ ထပ်ခါထပ်ခါ ရေရွတ် ပြောဆိုတတ်သော နိုင်ငံကျော် မင်းသားလေးနှင့် မင်းသမီးလေး တို့မှာ ဇာတ်ကားတစ်ကား ရိုက်ကားတစ်ကား ရိုက်ကူးလျှင် မင်းသားလေးက သိန်း ၁၀၀၊ မင်းသမီး လေးက သိန်း ၆၀ ခန့် ရရှိကြကာ အလှတရား များနှင့် ပြည့်စုံ ကြွယ်ဝ၍ နေကြလေသည်။ သို့သော် ဟောလိဝုဒ်မှ ဘရက်ပစ်နှင့် ဂျိုလီတို့၏ သရုပ်ဆောင်ကြေး ဒေါ်လာ သန်း ၂၀ ခန့်နှင့် နှိုင်းယှဉ် ကြည့်သောအခါ သူတို့ ရရှိသော ငွေကြေးမှာ အလွန်တရာ နည်းပါးလွန်း လှပါသည်ဟု အရည်မရ အဖတ်မရ အင်တာဗျူး တစ်ခုတွင် မရှက်မကြောက် (မစာမနာ) ထုတ်ဖော်ဖွင့်ဟ နေချိန်တွင် (Side Pass) နေ့စား ခေါ်မည့်သူ မရှိ၍ အိမ်အပြန် လမ်းစရိတ် ၂၀၀ ပင် မရှိသော ၃၅ လမ်းမှ လူကြမ်း သရုပ်ဆောင်ကြီး တစ်ဦးမှာ လမ်းဘေး လက်ဖက်ရည် ဆိုင်တွင် ထိုင်ရင်း ဘာလုပ်ရမှန်း မသိဖြစ်၍ နေလေသည်။

ပရိသတ် ရှိနေသရွေ့၊ ပရိသတ် လက်ခံ နေသရွေ့၊  ပရိသတ်ကြီးကို စဉ်ဆက်မပြတ် ဆက်လက် (စော်ကား) နေမည့် နိုင်ငံကျော် လူငယ် အဆိုတော် တစ်ဦးသည်လည်း သင်္ကြန် ၄ ရက် ဖျော်ဖြေခ သိန်း ၂၀၀ ခန့် ရယူကာ တစ်ခဲနက် အားပေး ချီးမြှောက်နေသော ထမင်းရှင် ပရိသတ်ကြီးကို ယမကာ တန်ခိုးနှင့် နှစ်ဆတိုးပြီး “-ပဲ”ဟု ယုံယုံကြည် ကြည်ဆဲဆိုကာ ပရိသတ်၏ လက်ကို အားပါးတရ ပြန်၍ ကိုက်သွားဖူး လေသည်။

နိုင်ငံလုံး ဆိုင်ရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ၀တ်စုံ ဖက်ရှင်ဒီဇိုင်း ပြပွဲတွင် ယဉ်စစ ရင်ဖုံးအင်္ကျီ ကလေးနှင့် တင့်တယ် လှပနေသော တက်သစ်စ မော်ဒယ်လ် မလေးမှာ အင်တာနက် စာမျက်နှာ များပေါ်မှ ၀တ်လစ်စားလစ် ကိုယ်ဟန် အမူ အရာနှင့် များစွာ ကွာခြား၍ နေလေသည်။ တစ်နိုင်ငံ လုံးသို့ တိုက်ရိုက် ထုတ်လွှင့်နေသော Free to Air ရုပ်/သံလိုင်း တစ်လိုင်းမှ မော်ဒယ်လ်လေးကို အင်တာဗျူးရာ-

“မြန်မာ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ အတွက် မြန်မာ ၀တ်စုံကို မြတ်နိုးပါကြောင်း၊ မြန်မာမ ကလေးများ ကိုယ်ကျင့်သိက္ခာ ကောင်းကောင်းနှင့် မြန်မာဆန်ဆန် လှပနိုင်ကြ ပါစေကြောင်း” ပရိသတ် များသို့ (မျက်နှာပြောင်တိုက်) ဆုမွန်ကောင်း တောင်းပေး သွားလေသည်။


၅။
ကုမ္ပဏီ နှစ်ပတ်လည် ဘောနပ်စ်ကြေး ၃ သိန်း ရလာသော ယာဉ်မောင်း ၀န်ထမ်း တစ်ဦးသည် RX တစ်ခုမှ ချစ်စရာ သမီးငယ် ကလေးများနှင့် ၃၊ ၄ ရက် ဆက်တိုက် ပျော်ပွဲသဘင် ဆင်နွှဲလိုက်သော အခါ ပိုက်ဆံအားလုံး ကုန်သွားသည့် အပြင် အကြွေး ၄၊ ၅ သောင်းခန့်ပါ ထပ်၍  တင်သွားသည်ကို မသိရှာသော ထမီဖင်ပေါက် နှင့် အိမ်ရှင်မ အမျိုး သမီးမှာ မိသားစု စားဝတ်နေရေး အတွက် မုန့်ဟင်းခါး ရောင်းရန် ရပ်ကွက် အနီးရှိ ဈေးကလေး အတွင်းသို့ တရွေ့ရွေ့ တိုးဝင် ပျောက်ကွယ်သွား လေသည်။

ညီမင်းညို
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)